အားလုံးပဲမင်္ဂလာ ညချမ်းလေးပါရှင်........ဒီကနေ့မှာ ကျွန်မ စာရေးနေရင်း သတင်းတစ်ခုကို သိလိုက်ရတော့ ကျွန်မရေးလက်စ အကြောင်းအရာကို ခန ထားပြီး တခြားအကြောင်းအရာတစ်ခုကို ရေးသားဖြစ်ခဲ့ပါတယ် ဒီစာကစိုရေးတဲ့အချိန်က ည ကိုးနာရီခွဲနေပါပီ။ကျွန်မရဲ့ ရင်တွင်းဖြစ်ခံစားချက်ကလေးကို အားပေးကြပါဦးရှင့်။ "သံယောဇဉ်" စကားလုံးလေးက သုံးလုံးထဲ ဖြစ်နေသည်။အဓိပ္ပာယ်ဖွင့်ဆိုရလျှင်တော့ လူသားတွေမှာ ဖြစ်ဖို့အလွယ်ကူဆုံး၊ ဖြတ်ဖို့အခဲယဉ်းဆုံး ဖြစ်သသည်။ကျွန်မတို့လူသားတွေသည် မွေးကတည်းကပင် သံယောဇဉ်အမြစ်တွယ်ခဲ့ကြသည်။ ပထမဦးစွာ မိခင်နှင့် ဖခင်အား သံယောဇဉ်တွယ်မည်။နောက်တွင် အစ်ကို၊အစ်မ မောင်လေး၊ညီမလေး တို့ကို သံယောဇဉ်တွယ်မည်။ ဦးလေး၊အဒေါ် အဘိုးအဘွား စသဖြင့် သံယောဇဉ် အမြစ် ခိုင်မာလာမည်။ အရွယ်ရောက်သည့်အချိန်တွင် သူငယ်ချင်း အပေါင်းသင်းအပေါ် တွယ်တာသည့်စိတ် ပို၍တိုးလာမည်။မူကြို အရွယ်တွင်မူကြိုမှသူငယ်ချင်း ၊မူလတန်းတွင် မူလတန်မှသူငယ်ချင်း၊ ထိုနည်းတူအလယ်တန်း အထက်တန်းတွင် ခင်ခဲ့ရသည့် သူငယ်ချင်းပေါင်း များစွာ ရှိကြသည်။ အထက်တန်းအောင်ပြီး university ရောက်ပြန်သောအခါတွင်လည်း uni friend အလျှောက် သံယောဇဉ်ခိုင်မာခဲ့ကြသည်။ ကျောင်းပြီးသည့် အချိန် လုပ်ငန်ခွင်ထဲ ဝင်တော့ အလုပ်ခွင်မှ ညီကိုမောင်နှမများကို သံယောဇဉ်တွယ်မိခဲ့ပြန်သည်။ သံယောဇဉ်နှင့် ပတ်သတ်၍ ယခုလောလောလတ်လတ် ကျွန်မ၏ စိတ်ထဲတွင် လေးနက်စွာ ခံစားနေရသောကြောင့် ဤ စာကိုရေးသားရခြင်းဖစ်ပါသည်။ ကျွန်မ အလုပ်မှ အစ်မတစ်ယောက် Trasfer အခြာနယ်ကို ကျပါတယ်၊ သူ့ဆီကို ဖုန်းလာလို့ဖုန်းပြောအပြီး ကျွန်မကိုသူချက်ချင်းပြောပါတယ်..အစ်မ transfer ကျပြီတဲ့ ညီမလေးရေတဲ့.....ကျမ သူ့အတွက် ၀မ်းသာဝမ်းနည်းဖြစ်ပြီး နောက်တော့ ခွဲရမယ်ဆိုတဲ့စိတ်က ရောက်လာကာ ၀မ်းနည်းပက်လက် ငိုကြွေးမိလိုက်ပါတယ်။ အဲ့ဒီ အစ်မ နှင့် အလုပ်စဝင်သည့်အချိန်ကတည်းကပင် တရင်းတနှီးရှိခဲ့ကြသည်ဖြစ်ပြီး လွန်ခဲ့သည့် တစ်လခန့်ပင် ရန်ကုန်သင်တန်းလေးဆယ့်ငါးရက်ကို နှစ်ယောက်အတူ သွားခဲ့ရပါသည်။ သံယောဇဉ် မဖြစ်ပဲ ဘယ်လိုမှကို မနေနိုင်ခဲ့တာပါ.... ယခုလို သူမ အပြောင်းကျတော့ ကျွန်မနှလုံးသားထဲ က ဝေးရတော့မည့်အသိကို ခံစားရမိတိုင်း တဆစ်ဆစ်နာကျင်ရပါသည်။ ကျွန်မ နှင့်သူမ သည် အံဆွဲ တစ်လုံးအားအတူသုံးကြသည်။ ကျွန်မကြောင့်ရှုပ်ပွနေလျှင်လည်း ပါးစပ်မှ ပွစိပွစိသာ ပြော၍ ရှင်းလင်းပေးသွားတက်သည်။ သူမသည် ဓာတ်ပုံရိုက်လျှင်လည်း ပိုစ့်တစ်မျိုးတည်းကိုသာ အပုံရေများများထွက်အောင်ရိုက်တက်ပြီး ဘယ်ပုံက လှလဲ ဟု အမြဲမေးတက်သည့်သူဖြစ်သည်။ စကားပြောသည့်အခါတွင်လဲ ငါးခွန်းပြောလျှင် တစ်ခွန်းမပီသပေမယ့် မပီသည့်စကားလုံးကပင် ချစ်စရာကောင်းနေတက်သည်။ လူတစိယောက်၏ တန်ဖိုးဟာ အဲ့ဒီလူက အနါးမရှိတေါ့သည့်အချိန်မှပင် တန်ဖိုးကို ငိရကောင်းမှန်းသိသည်ဟူသေါ ရှေးလူကြီးတွေဆိုရိုးစကါးသည် သွေးထွက်အေါင်မှန်လှပါပေသည်။တကယ်ပဲ...အမှတ်တရတွေ မရေတွက်နိုင်လောက်အောင် များပြားခဲ့တယ်။ သံယောဇဉ်ဆိုသည့် ဆူးချွန်ကြီးကို ကျွန်မ ရင်ထဲကို သူမ က တစ်သက်လုံး ဆွဲထုတ်လို့မရအောင် ပိုင်ပိုင်နိုင်နိုင်စိုက်သွားခဲ့တယ်.....................
ဒီစာလေးကို ကျွန်မ Zin Wai Hmu နှလုံးသားဖြင့် ခံစား၍ ရေးသားပါသည်။-Copy from Facebook
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!