ဘဝခါးခါး ( ၈ )

in myanmar •  6 years ago 

သပ်ရပ်လှပတဲ့ ဆိုင်လေးတစ်ဆိုင်ရှေ့မှာ ကားလေးဟာသူ့တာဝန်ပြီးဆုံးလို့ စက်ရပ်သွားခဲ့ပါပြီ။ဆိုင်လေးနာမည်က "အေးရိပ်ငြိမ်"တဲ့။နာမည်လေးအတိုင်းပဲ အေးချမ်းဆိတ်ငြိမ်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။ကျွန်မရဲ့ ရင်တွင်းအပူတွေကို ဒီဆိုင်လေးမှာပဲ ကျွန်မရဲ့ သူငယ်ချင်းကို ပြောပြအကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

နေ့လည်ထမင်းစားချိန်ဆိုတော့ ကျွန်မအတွက်ဟင်းပွဲတွေတစ်မျိုးပြီးတစ်မျိုးမှာပေးနေတဲ့ နွယ်နွယ်ကိုကြည့်ပြီး ကျွန်မကျေးဇူးလဲတင်မိသလို အားလဲကျမိတယ်။အခြေအနေတူတဲ့ဘဝကနေ လာခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ဟာ အခုတော့ အခြေအနေတွေက မိုးနဲ့မြေလို ကွာနေပါပြီ။နားနှစ်ဖက်ဆီက တလက်လက်ထနေတဲ့ စိန်နားကပ်လေးဟာ ကျွန်မကိုသရော်လှောင်ပြောနေသလို။ဒါပေမဲ့ ကျွန်မရဲ့သူငယ်ချင်းလေးကတော့ ဘယ်လိုအခြေအနေရောက်ရောက် ကျွန်မကိုမေ့မသွားတာ ကျေးဇူးတင်စရာပါ။

ဟင်းပွဲတွေ လာမချခင် ကျွန်မတို့သူုငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ရယ်မောကြပါတယ်။လူကြီးတွေပြောတဲ့စကားက အရမ်းမှန်ပါတယ်။"ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေက အသက်ကြီးလို့ အောင်မြင်နေချိန်မှာတော့ ရယ်စရာတွေ ဖြစ်သွားရော"တဲ့။ဒီစကားက နွယ်နွယ်အတွက် အလွန်မှန်နေပါတယ်။ဈေးလျှောက်ရောင်းရင်း ပိုက်ဆံထွက်ကျလို့ ထိုင်ငိုခဲ့ဖူးတဲ့ နွယ်နွယ်ဟာ အခုဆို အဲ့ဖြစ်ရပ်လေးကို ရယ်ကာမောကာပြောနေနိုင်ပြီ။ကျွန်မအတွက်ကတော့ အခုထိရယ်မောပြီးပြန်လည်ပြောဆိုရမယ့် အခြေအနေမရောက်သေးပါဘူး။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice post

thanks bro

ရယ်​​မောပီး​​ ​ပြောနိုင်​တဲ့အ​ခြေအ​နေအမြန်​ဆုံး​ရောက်​ပါ​စေလို့ ဆု​တောင်း​ပေးတယ်​ဗျာ💪

ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်😊

ကောင်းတယ်

အတွေးလေးတွေ ပါလာတယ် စာကနည်းပေမဲ့ good 👍

ကျေးဇူး brother

စာများများ ဖတ်​​စေချင်​ပါတယ်
..စာ​ရေးတာ မဆိုးဘူး​လေ

ဟုတ်ကဲ့ပါ ကျေးဇူး

အဲလိုကြီးလား နောက်ဆိုရယ်စရာ

ရယ်စရာတွေဖြစ်လာအောင်ကြိုးစားရမှာပေါ့

အပိုင်းလေးတွေ တတ်ရေးရင် ပိုကောင်းမလားလို့။ အကြံပေးတာပါ။

ဟုတ်ကဲ့ ကျေးဇူးပါ

မိုက်​ပါတယ်