မေတ္တာရိပ်​မြုံ

in myanmar •  7 years ago 

"အူဝဲ အူဝဲ" ဟူ​သော ငိုသံနှင့်​အတူ လူသား​လေးတစ်​ဦး​မွေးဖွားလာသည်​။ ဖ၀ါးလက်​နှစ်​လုံး ပခုံးလက်​နှစ်​သစ်​အရွယ်​ နီတာရဲ က​လေး​လေး။ သားဦး​လေးမို့ မိဘနှစ်​ပါးက တုန်​​နေ​အောင်​ချစ်​ရှာသည်​။ ကိုဘဦးနှင့်​ ​ဒေါ်​စောမြတို့ လင်မယားနှစ်​​ယောက်​ ယခုမှ လူ့​လောကထဲ အလည်​​ရောက်​လာသည့်​ သား​လေးကိုကြည့်​ကာ ကြည်​နူး​နေကြသည်​။

aborto-elentir-696x246.jpg
Image Source

"ကိုဘဦး "
"​ဟေ"
"သား​လေးကို ဘယ်​လိုနာမည်​​ပေးရင်​ ​ကောင်းမလဲ​တော့"
"ငါ့သား​လေးက လူ​ချော​လေးကွ ​နေတိုးလို့ နာမည်​​ပေးလိုက်​ကွာ"
"အာ မင်းသားနာမည်​ကြီး၊ ​တော်​ကလည်း"
"ဒါဆို ​အောင်​ရဲလင်းလို့ ​ပေးလိုက်​ကွာ"
ဒေါ်​စောမြတစ်​​ယောက်​ စိတ်​မရှည်​ချင်​​တော့၊ မိမိကအတည်​​မေး​နေသည်​ကို ကိုဘဦးက သူ့ဗီဇ အတိုင်း ရွှတ်​​နောက်​​နောက်​လုပ်​​နေသည်​။
" ကို ဘဦး ကျုပ်​စိတ်​မရှည်​​တော့ဘူး​နော်​၊ ရှင်​ဘယ်​လိုဖြစ်​​နေတာလဲ တကတည်း"
"​ ငါ့သား​လေးမျက်​နှာမြင်​ရတာ ​ပျော်​လွန်းလို့စမိတာပါ မိန်းမရယ်​၊
နောက်​ဆို မင်းကိုမိန်းမလို့မ​ခေါ်​တော့ဘူး အ​မေကြီးလို့ ​ပြောင်း​ခေါ်ရမယ်​ ဟဲဟဲ"

family-protection.jpg
ImageSource

ကိုယ့်​​ယောက်ျား​ အ​ပျော်​​တွေလွန်​​နေတာကိုကြည့်​၍ ​ဒေါ်​စောမြပါ အ​ပျော်​​တွေကူးစက်​သွားသည်​။ ယခုဆိုလျှင်​ သူမ က​လေးအ​မေတစ်​​ယောက်​ဖြစ်​​ချေပြီ။ အသက်​ကြီးမှ မ​မျှော်​လင့်​ဘဲ ရလာသည့်​ ရင်​​သွေး​လေးမို့ ၀မ်းသာ​ပျော်​ရွှင်​ရသည်​။ ဒီက​လေး​လေးကို ဘုရား​ပေးသည့်​ ဆုလာဘ်​ဟုသာ မြင်​မိသည်​။ ရင်​​သွေး​လေးကို ၀မ်းတွင်​ လွယ်​ထား​သော အချိန်​မှစ၍ ချဉ်​၊ ငန်​၊ စပ်​၊ ခါး အရသာများကို သတိပြု​ရှောင်​ကျဉ်​ခဲ့ရသည်​။ ​ယောက်ျားဖြစ်​သူကလည်း ဂရုစိုက်​ရှာပါတယ်​​လေ။ အ​လေးအပင်​​တွေဆို လုံးဝမ,မခိုင်းခဲ့သည့်​အပြင်​ အိမ်​ထဲတွင်​ နားနား​နေ​နေ ​နေ​စေသည်​။ ဒါ့အပြင်​ မီးဖွားရလွယ်​​စေသည်​ဟု နာမည်​ကြီးသည့်​ အင်္ဂုလပရိတ်​​ကိုလည်း ​နေ့စဉ်​နာကြား​စေသည်​။ ကိုဘဦး ကိုယ်​တိုင်​ ရွတ်​ဖတ်​​ပေးခြင်း​တော့မဟုတ်​ပါ။
ပရိတ်​ကြီး ၁၁သုတ်​အ​ခွေဝယ်​ကာ ​နေ့စဉ်​ ​နေ့လည်​၁နာရီထိုးတိုင်း ထိုအ​ခွေကိုဖွင့်​​ပေးကာ ပရိတ်​​တော်​​တွေကို နာကြားခိုင်းခြင်းဖြစ်​သည်​။

Baby-Face.jpg
Image Source

ကိုဘဦးက သားဦး​လေးမျက်​နှာကို ကြည့်​မ၀ဖြစ်​​နေရာမှ မိန်းမဖြစ်​သူကို တစ်​ချက်​ကြည့်​လိုက်​သည်​။
"​ဟေ့ အ​မေကြီး ငြိမ်​ချက်​သား​ကောင်းလှချည်​လား၊ ဘာ​တွေ​တွေး​နေတာလဲ၊ ​အော်​...သိပြီ၊ သား​လေးအတွက်​ နာမည်​စဉ်းစား​နေတာမို့လား"

ဒေါ်​စောမြ ​ချော်​လဲ​ရောထိုင်​လိုက်​သည်​။
"ဟုတ်​တယ်​​တော့်​...သား​လေးအတွက်​ နာမည်​စဉ်းစား​နေတာ​တော်​​ရေ"
"ရွာဦး​ကျောင်းက ဆရာ​တော်​ကိုပဲ သား​လေးအတွက်​ နာမည်​​ရွေးဖို့ ​လျှောက်​ရင်​ မ​ကောင်းလားကွ ​ဟေ"
"ရှင့်​အကြံ ​ကောင်းတယ်​ အ​ဖေကြီး​ရေ"
"အ​မေကြီးက ကျုပ်​ကို အ​ဖေကြီးလို့​ခေါ်တယ်​ ကြည့်​စမ်း ဟားဟား"
"ရှင်​​တောင်​ ကျုပ်​ကို အ​မေကြီးလို့​ခေါ်​သေးတာ၊ ကျုပ်​လဲ အ​ဖေကြီးလို့ ပြန်​​ခေါ်မှာ​ပေါ့​တော့ အ​ဖေကြီးရ "
"​အေးပါကွာ ဟားဟားဟား"
နယ်​မြို့​လေးတစ်​မြို့၏ သားဖွား​ဆောင်​အတွင်း ရယ်​သံ​လေး​တွေ လွှမ်းခြုံသွား​တော့​လေသည်​။ ။

မိဘတိုင်း ကိုယ့်​သားသမီးအ​ပေါ် ​မေတ္တာထား ချစ်​နိုင်​ပြီး ​မေတ္တာရိပ်​မြုံ​လေး​တွေ ဖြစ်​နိုင်​ကြပါ​စေ။

Author = @honeysara
MSC-040

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မိဘမေတ္တာပေါ့...

ဟု။

မိဘတိုင်း သားသမီးအပေါ် မေတ္တာထားနိုင်ကြပါစေ

👍

ကြည်​နူးစရာမိသားစုပုံရိပ်​​လေး

အလဲ့ 😄

မိဘ➳ ❦ ♥ ➳ သားသမီး

ဟုတ်​ 👪

အားပေးသွားပါတယ်ခင်ဗျာ။အေးချမ်းတဲ့မေတ္တာရိပ်မြုံလေးတွေကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးပါအစ်မရေ။

ဟုတ်​ ​ကျေးဇူးပါ။

အနှိုင်းမဲ့ မိဘ​မေတ္တာများကို ဦးခိုက်​လျှက်​ပါ အစ်​မ​ရေ

ဟုတ်​ကဲ့ရှင့်​။

အ​ရေးအသား​လေးက ဆွဲ​ခေါ်သွားသဗျ

ကျေးဇူးပါ 😁

Nicaragua....aqua for my bunghole.....arriba...

Long time no see @cornholio 😁

ဒါပေါ့ ကျုပ်ဆို အမျိုးသမီးက မီးဖွားကာနီးဆီးချိုတွေ့ လို့  ၂၆ ရက်လုံးလုံး ဆေးရုံမှာ မိဘတွေကလည်းအဝေးမှာဆိုတော့
ကိုယ်ပဲလူနာစောင့် ကိုယ်ပဲ အိမ်ပြေးလိုက် ဆေးရုံပြေးလိုက်နဲ့  အခန်းလည်းငှားမရ ကားပါကင်မှာ သရဲအခြောက်ခံအိပ်ခဲ့ရတာ။ ကလေးမျက်နှာမြင်လိုက်တော့လည်း ခြင်ကိုက်ခံခဲ့ရတာ မေ့သွားရော ...
ချစ်လိုက်တာမှတုန်လို့  .... အော် ကလေးကိုပြောပါတယ် :D

မှတ်​မိ​သေးတယ်​ အသဲအသန်​​ငွေလို​နေခဲ့တာ မင်းခန့်​ညား အ​တော်​​မောခဲ့ရမှာပဲ

ကားပါကင်​မှာ သရဲ​ခြောက်​ခံရပုံကို ​ဆောင်းပါး​ရေး​ပေးပါ 😜

မိဘတိုင်းက​တော့ ချစ်​ကြမှာပါ​လေ....

က​လေး​မွေးပြီး အမှိုက်​ပုံမှာ သွားစွန့်​ပစ်​တဲ့ မိဘ​တွေရှိတယ်​ဆွာ သိရင်​​ကောင်းမယ်​ 😢

မိဘမေတ္တာ

ဟုတ်​မမ.

အဖေကြီး မှ ဖိုးဖိုးကြီး သို့ အမြန်ဆုံး ရာထူး တက်လှမ်း
နိုင်ပါစေ

ခ်​ခ်

ကောင်းပဗျာ

ကျေး​ကျေးပါ

ကောင်းပါ့​တော်

ဟုလား 😁

nice post

Thank you.

ပျော်စရာမိသားစုလေးများဖြစ်ပါစေ

အ​ကောင်းဆုံး​ပေါ့ အစ်​ကိုရယ်

သိပေမဲ့ပြန်ပြန်ပြောမိနေတာခက်တယ် 😁

ဘာကိုလား😳

  ·  7 years ago (edited)

ဆက်ဦးမှာလားဟင် ကောင်လိုက်တာ မပြီးစေချင်သေးဘူး

ဆက်​​တော့ဘူး​လေ၊ ပြီးပြီ 😂

အခိုက်အတန့် အပိုင်းအခြားနဲ့ပဲ ရမဲ့ အရာတွေမို့
တန်ဖိုးထားဖို့ သတိပြုမိပါတယ်

ဟုတ်​ကဲ့(>‿◠)✌

I really like this post honeysara!

Thanks 😊

အားပေးသွားပါသည်

ကျေး​ကျေး​နော်​။