ဘွဲ့ရအလုပ်​လက်​မဲ့(အပိုင်း-၄)

in myanmar •  7 years ago  (edited)

ကော်​ဖီဆိုင်​​လေးထဲတွင်​ နှစ်​​ယောက်​သား အတူထိုင်​ကြပြီး
စကားစမြည်​​ပြောဖြစ်​ကြသည်​။
နာရီဝက်​ဆိုသည့်​အချိန်​က မြန်​လွန်းလှသည်​၊ စကား​ပြောလို့ပင်​ မ၀​သေး နာရီဝက်​ပြည့်​သွားသည်​။
"ကဲ...၆နာရီလဲ ထိုး​တော့မယ်​၊ ကျွန်​မပြန်​​တော့မယ်​​နော်​"
"ကျွန်​​တော်​ အိမ်​ကိုလိုက်​ပို့​ပေးရမလားဗျ"
"ရပါတယ်​ ၊ ကျွန်​မမှာ ဆိုင်​ကယ်​ပါတယ်​"

winter-engagement-photos-missouri-02.jpg
Image Source

ည ကိုးနာရီထိုး​တော့ သတိရသည့်​စိတ်​ဖြင့်​ ပန်းနုမိုးဆီ ဖုန်းလှမ်းဆက်​လိုက်​သည်​။
"ဟယ်​လို၊ မပန်းနုမိုး အိပ်​​နေပြီလားဗျ"
"မအိပ်​​သေးပါဘူးရှင်​၊ အ​စောကြီးရှိ​သေးတာ၊ အိပ်​လို့လဲမဖြစ်​​သေးဘူး စာ​တွေလုပ်​ရဦးမယ်​"
"​ဟင်.....​မပန်းနုမိုးက​​ကျောင်းပြီးပြီ မဟုတ်​ဘူးလား"
"​ကျောင်းပြီးတာမှန်​တယ်​​လေ...အခုက ACCA part(1) ဆက်​တတ်​​နေတာ"
"​Aww"
"ဘာ​ပြောစရာရှိလို့လဲဟင်​"
" ကျွန်​​တော်​ မပန်းနုမိုးကို ချစ်​​နေမိပြီ"
"ရှင်​"
"ဟုတ်​တယ်​၊ ကျွန်​​တော်​ဘယ်​မိန်းက​လေးကိုမှ ချစ်​တယ်​လို့မ​ပြောဖူးဘူး"
"ရည်းစားစကား ​ပြောတာ မ​စောလွန်းဘူးလား၊ မ​နေ့တစ်​​နေ့ကမှ ​တွေ့တာကို"
" ကျွန်​​တော်​ဖွင့်​​ပြောတာ​နောက်​ကျရင်​ တစ်​ခြားသူတစ်​​ယောက်​​နောက်​ကို ပါသွားမှာစိုးလို့ပါဗျာ၊ တစ်​မျိုးမထင်​ပါနဲ့"
"..............."
"ကျွန်​​တော့်​အချစ်​ကို ယုံပါဗျာ၊ ကျွန်​​တော့်​အချစ်​က DC လို ဘယ်​​တော့မှ မ​ပြောင်းလဲ​တော့မယ့်​ အချစ်​မျိုးပါ။"
"ဘယ်​လို၊ ဘယ်​လို၊ DC ဟုတ်​လား"
"ဟုတ်​ပါတယ်​၊ လျှပ်​စစ်​မှာ AC နဲ့ DC ဆိုပြီး နှစ်​မျိုးရှိတယ်​။
AC က Alternating Current သူက ဗို့အားအတက်​အကျ ရှိတယ်​၊ မငြိမ်​ဘူး။
DC ဆိုတာက​တော့ Direct Current သူက ဗို့အား အတတ်​အကျ မရှိဘူး ငြိမ်​တယ်​။ ကျွန်​​တော့်​ အချစ်​က DC လိုမျိုးပဲမို့
ဘ၀​ရဲ့ ​ရေလှိုင်း​တွေဘယ်​လိုပဲကြမ်းကြမ်း DCလိုပဲ အတက်​အကျ မရှိ​တစ်​သက်​လုံးချစ်​သွားမှာပါ။ "

"Aww,ဟုတ်​ပါပြီ ၊ အင်​ဂျင်​နီယာ ​ကျောင်းသားကြီးရယ်​၊ စကား​တွေတတ်​လိုက်​တာ၊ ဒါပဲ​နော်​ ၊ စာကြည့်​ရ​တော့မယ်​"

2926142_orig(1).png
Image Source

3 လကြာ​သော်​.........
"​တကယ်​​နော်​.....မပန်းနုမိုး ကျွန်​​တော့်​ကို ချစ်​တယ်​​ပေါ့​နော်​၊ ​ပျော်​လိုက်​တာ"
အ​ဖြေရသည့်​​နေ့က မိုးမမြင်​ ​လေမမြင်​​ပျော်​ခဲ့ရပါသည်​။
အချစ်​ရှိ​တော့ ​လောကကြီးက သာယာလှပ​နေသည်​​။
ဆိုင်​ကယ်​​လေးဖြင့်​ မန္တ​လေး မြိ့အနှံ့​လျှောက်​လည်​ကြသည်​။

ထိုင်​​နေရကျ ​ကော်​ဖီဆိုင်​​လေးတွင်​ ထိုင်​ရင်း စကား​တွေ​ပြောကြသည်​။
"ကို...မနက်​ဖြန်​ ချစ်​တို့ဦး​လေးစင်​ကာပူက​နေ ပြန်​လာမယ်​တဲ့၊ ကိုနဲ့မိတ်​ဆက်​​ပေးမယ်​​နော်​၊ မနက်​ဖြန်​ဒီဆိုင်​​လေးကိုပဲ ည​နေ ၅နာရီ​လောက်​လာခဲ့....အ၀တ်​အစားကိုလဲ သပ်​သပ်​ရပ်​ရပ်​၀တ်​ခဲ့​နော်​"
"​ကောင်းပါပြီဗျာ"

images(1)(1).png
Image Source

"ဦး​လေး.....ဒါ သမီး​သူငယ်​ချင်း ဂျူ လိုင်​မိုးပါ"
"​တွေ့ရတာဝမ်းသာပါတယ်​ အန်​ကယ်​"
"ငါ့တူမက​တော့ မင်းအ​ကြောင်းကို​ပြောပြတာ ​ကောင်း​ကြောင်း​တွေချည်းပဲ​ဟေ့၊ မင်းက civil နဲ့​ကျောင်းပြီးထားတာ​နော်​ ဟုတ်​လား"
"ဟုတ်​ပါတယ်​ ခင်​ဗျ"
"​အေး...ငါလဲ civil နဲ့​ကျောင်းပြီးထားတာ၊ ​​ကျောင်းပြီးတာနဲ့ စင်​ကာပူထွက်​လိုက်​တာကွ၊ မင်းက စာ​တော်​တာပဲကွာ၊ နိုင်​ငံခြားပညာသင်​ဆု​တွေ မရဘူးလားကွ"
"ကျွန်​​တော်​တို့ ပညာသင်​နှစ်​တုန်းက ပညာသင်​ဆု​တွေဘာ​တွေ မရှိခဲ့ဘူးဗျ၊ ကျွန်​​တော်​ဘွဲ့ရပြီးတဲ့နှစ်​ကစပြီး​တော့မှ အစိုးရအ​ပြောင်းအလဲနဲ့ ပညာသင်​ဆု​တွေ စ​ပေးတာဗျ၊ ခု​ခေတ်​​ကျောင်းသား​တွေ ကံ​ကောင်းတာ​ပေါ့ဗျာ"
"အိမ်း...စိတ်​မပျက်​ပါနဲ့ကွာ...ကြိုးစားဖို့သာအဓိကပါ။

"​အေး....ငါလဲ စင်​ကာပူကို ပြန်​မသွားချင်​​တော့ဘူး၊ ကိုယ့်​မြန်​မာပြည်​မှာပဲ​နေချင်​​တော့တယ်​​။ ဒီတစ်​​ခေါက်​ မြန်​မာပြည်​ပြန်​လာတာ အပြီးပြန်​လာတာကွ၊ ငါစုထားတဲ့ ​ငွေ​တွေနဲ့ အရင်းအနှီးလုပ်​ပြီးကုမ္ပဏီ အ​သေးစား​လေးတစ်​ခု​လောက်​​ထောင်​ချင်​လို့ "
"ဘယ်လို လုပ်​ငန်းမျိုးလုပ်​မှာလဲ အန်​ကယ်​"
"construction လုပ်​ငန်းမျိုးပဲ လုပ်​ရ​တော့မှာ​ပေါ့ကွာ၊ မင်းက​တော့ အလုပ်​သင်​အင်​ဂျင်​နီယာ သ​ဘောမျိုးနဲ့ ငါ့ ကုမ္ပဏီမှာ ၀င်​လုပ်​​ပေါ့ကွာ "
"၀မ်းသာလိုက်​တာ အန်​ကယ်​၊ ကျွန်​​တော်​အစွမ်းကုန်​ကြိုးစားပါ့မယ်​"
"ဒါနဲ့ အန်​ကယ်​၊ ကုမ္ပဏီကို နာမည်​ဘယ်​လို​ပေးဖို့စဉ်းစားထားလဲဗျ"
"Global Red Construction လို့ နာမည်​​ပေးဖို့ ဆုံးဖြတ်​ထားတယ်​ကွ"
ကော်​ဖီဆိုင်​​လေးထဲတွင်​ လုပ်​ငန်းနှင့်​ပတ်​သတ်​သည့်​စကားများ ဆက်​လက်​​ဆွေး​နွေးကြပြီး....အိမ်​သို့ပြန်​လာခဲ့သည်​။
5730455c72851stryimg.png
Image Source

"သား...ပြန်​လာပြီလား"
"ဟုတ်​ကဲ့အ​ဖေ"
"ဒီ​နေ့ အိမ်​ပြန်​တာ နည်းနည်း​နောက်​ကျတယ်​​နော်​၊ အ​ဖေက စိတ်​ပူ​နေတာ ငါ့သား​လေးကို "
" စိတ်​မပူပါနဲ့  အ​ဖေရ၊ သားဒီ​နေ့ အလုပ်​ရလာတယ်​၊
သူ​ဋ္ဌေးနဲ့ အလုပ်​ကိစ္စ​ဆွေး​နွေး​နေလို့ ​နောက်​ကျသွားတာပါ"
"ဟုတ်​လား၊ ဘာအလုပ်​ရလာတာလဲ "
"အလုပ်​သင်​ အင်​ဂျင်​နီယာ ​လေ၊ တစ်​​နေ့မှာ အ​မေဖြစ်​​စေချင်​တဲ့ အင်​ဂျင်​နီယာကြီးတစ်​​ယောက်​ဖြစ်​​အောင်​ ကျွန်​​တော်​ကြိုးစားပြမှာ"
"​အေး ​အေး၊ အ​ဖေ ၀မ်းသာတယ်​ သားရယ်​၊ ကဲ ကဲ ခနနား၊ ​ရေမိုးချိုးပြီး ထမင်းစားလိုက်​​တော့​နော်​၊ ​အ​ဖေထမင်းခူးထားတယ်​၊ အ​ဖေ ဘုရားရှိခိုးပြီး အိပ်​​တော့မယ်​"
"ဟုတ်​ကဲ့ပါ အ​ဖေ"

အပိုင်း-၅ ဆက်​ရန်​.......
(ယခု​ရေးသားထား​သော ဇာတ်​လမ်း မှာ စိတ်​ကူးယဉ်​ဇာတ်​လမ်းမျှသာဖြစ်​ပါသည်​။ )
Written By
@honeysara
MSC-040

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သားရေးလိုက်တာတွေကတော့အမှားကင်းပါတယ်၊ ဝတ္ထုတိုလိုင်းကိုရေးမယ်ဆိုရင် တိုလွန်းတယ်၊ ဝတ္ထုတိုဆိုတာက ကိုယ်ပေးတဲ့ခေါင်းစဉ်ကို ငုံမိအောင်ရေးရတယ်။ ပြချက်ပေါ့နော်၊ ပြချက်ပေါ်လွင်အောင်ရေးရမှာ၊ တစ်မျက်နှာဝတ္ထုတိုဆိုတာက တင်ပြရတာအတော်ခက်တယ်၊ ရောလဲမရေးနိုင်ဘူး၊ မိမိပြောချင်တဲ့အကြောင်းအရာကိုခေါင်းစဉ်တပ်ပြီး စာဖတ်သူကို အတွေးစချန်လို့ အသုံးသတ်ရတာ၊ စကားလုံးကျစ်လစ်မှုအားကောင်းအောင်ရေးရလို့ စကားပြော ထည့်လို့မရဘူး။ MICCမှာကျင်းပတဲ့ မြန်မာစာပေတိုးတက်ရေးဆွေးနွေးပွဲမှတ်တမ်း စာအုပ်ထုတ်ထားတာရှိတယ်၊ ဆိုင်ပေါ်မှာရှိဦးမှာ၊ ဝယ်ဖတ်သင့်တယ်၊သိမ်းထားသင့်တယ်။

ဟုတ်​ကဲ့ပါ ဆရာ၊ ကျွန်​​တော်​ ပြင်​ပါ့မယ်​ ။

ကိုယ်တွေepကဘယ်လိုလာဦးမလဲမသိ

အဆင်​​ပြေမှာပါ၊ အခုက စိတ်​ကူးယဉ်​ ဇာတ်​လမ်း​ရေးထားလို့ပါ 😃

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

👍👍👍

☺☺😊

:-) 😊😊

😁😉😊

👍👍👍👍

☺☺☺☺

ဝတ္တုတွေမဖတ်ဖြစ်တာတောင် အတော်ကြာပီဘဲ MSC နံပါတ်လေးထည့်ပေးစေချင်ပါတယ်ခင်ဗျာ

ဟုတ်​ကဲ့...edit လုပ်​လိုက်​ပါမည်​။

ကောင်တယ်လို့သာပြောခဲ့ပါရစေ

ကျေးဇူးပါ ☺

Very nice completion of post! @honeysara

Thanks .

အလုပ်ရသေးဘူးလားဗျိုးး

အလုပ်​ရ​သေးဘူး၊ ကူရှာ​ပေးဦး 😜

ဆက်၍ဖတ်အုန်းမည်

ကျေးဇူးပါ sis

မြန်လှပါလား ကျွှန်တော်မ ပန်းနုကို ချစ်နေမိပြီ Dc လိုအချစ်မျိုးး ဆိုတာနဲ့ ဟိုက သုံးလရှိပြီတဲ့ တော်လိုက်ထှာနော်

😂😂😂 သုံးလကြာ​တဲ့​နေ့မှ အ​ဖြေ​ပေးလိုက်​တာပါ၊ သုံးလ ရှိတာဟုတ်​ဘူး 😂😂

great post!!

@mrainp420 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

nice

Thanks

Good .

Thanks.

အရေးအသားညက်တယ်ဗျာ