Bitcoin ဆိုသောအရာ

in myanmar •  7 years ago  (edited)

Bitcoin ဆိုတာဘာလဲ သေချာမသိရင်တောင်မှ
လူပြောသူပြောများနေတဲ့ bitcoin သို့မဟုတ် BTC ဆိုတဲ့စကားလုံးကို သင်ရင်းနှီးပြီးသား ဖြစ်နေမှာပါ။
မသိရင်လည်း ကိစ္စမရှိပါဘူး၊ Google မှာ ရိုက်နှိပ်ပြီး သင်ရှာဖွေကြည့်နိုင်ပါတယ်။ ဒါပေမယ့် သင်ဖတ်ရမယ့် သတင်းတွေကတော့ များသောအားဖြင့်
''Bitcoin ဟာအလားအလာမရှိတော့ဘူး''
''Bitcoin ဈေးနှုန်းဟာလက်ရှိဒေါ်လာဈေးထက် အဆမတန်များပြားနေတယ်၊ မကြာခင် ဘောလုံးကြီးပေါက်တော့မယ်''
ဘာညာသာရကာ.....
စတဲ့ အဆိုးမြင်ဝါဒဖြန့်တဲ့ သတင်းတွေဖတ်ကြည့်ပြီး
Bitcoin ဆိုတာကြီးကို ကိုင်တွယ်ဖို့ သင့်အနေနဲ့ လန့်ကောင်းလန့်နေမိမှာ အမှန်ပါ။


Image Source> Genesis Mining

Bitcoin ဆိုတာ....
ငွေကြေးတစ်မျိုးလား?
ရင်းနှီးမြှုပ်နှံမှုတစ်မျိုးလား?
စတော့ရှယ်ယာတစ်မျိုးလား?
စသဖြင့် မေးမြန်းခြင်းခံရမယ်ဆို ကျွန်တော့်အနေနဲ့
''ဟုတ်ပါတယ်ခင်ဗျာ၊
မှန်ပါတယ် ခင်ဗျာ'' လို့ပဲ ဝန်ခံရပါလိမ့်မယ်။

bitcoin ကို
"Satoshi Nakamoto'' ကတီထွင်ခဲ့တယ်၊
၂၀၀၉ခုနှစ်အစောပိုင်းမှာ Nakamoto က ပထမဆုံး 50 bitcoin ကို မိုင်းတူးပြီးသည့်နောက် စက်ရုံတစ်ခု ဖန်တီးခဲ့ပါတယ်။

နောက်ထပ်တစ်နှစ်နဲ့နှစ်ဝက်လောက်အကြာမှာ.......
''Laszlo Hanyecz'' လို့အမည်ရတဲ့သူတစ်ဦးဟာ
ပီဇာနှစ်ချပ်ကို 10,000 bitcoins ပေးပြီးဝယ်စားခဲ့ပါတယ်။
ဒါဟာ ပထမဆုံး cryptocurrency သုံးပြီး ပစ္စည်းဝယ်ယူမှုအဖြစ် သမိုင်းတွင်ခဲ့ပါတယ်၊
အဲ့ဒီတုန်းကတော့ 1btc ကို ဘယ်လောက်မှတန်ကြေးမရှိခဲ့ဘူးလေ။ ဒီနေ့ခေတ်ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင်တော့ဗျာ....
ပီဇာနှစ်ခုကို 70$ မီလီယံကျော်ကျော်ပေးပြီး ဝယ်စားလိုက်တဲ့သဘောပါပဲ။
ပီဇာရောင်းလိုက်တဲ့သူဟာ ကျွန်တော်သာလျှင်ဖြစ်လိုက်ချင်ပါရဲ့။
နောက်တာ 😁

၂၀၁၁ ခုနှစ်အရောက်မှာ bitcoin တန်ဖိုးဟာ တစ်ဒေါ်လာနဲ့အထက်ကို စတင်ရောက်ရှိလာပြီ။
နောက်ထပ်နှစ်နှစ်လောက်အကြာမှာ bitcoin ဝယ်ယူမှု ၊ ရောင်းချမှုအပေါ်မူတည်ပြီး ဈေးနှုန်းတွေက တက်လိုက် ကျလိုက်နဲ့ပေါ့ဗျာ။
၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာတော့ ဈေးနှုန်းဟာ အတက်ဈေးမှာပဲ တည်ငြိမ်စပြုလာပါတယ်။


Image Source >leaksource.wordpress.com

၂၀၁၇ ခုနှစ်အရောက်မှာတော့1 bitcoin ကို အမေရိကန်
ဒေါ်လာနှစ်သောင်းကျော်တန်ဖိုးရှိနေပါပြီ။
ဒီလိုနဲ့ bitcoin ဟာ လူသိများထင်ရှားလာပြီး အားလုံးရဲ့ အသည်းကျော် ''ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတစ်ခိုင်'' ဖြစ်လာပါတော့တယ်။
ကဲ ဒီလောက်ဆို
bitcoin ရဲ့ သမိုင်းကြောင်းလေး အနည်းငယ် တီးမိခေါက်မိရှိသွားလောက်ပါပြီ။

အားလုံးကို ကျေးဇူးပါ။
@honeysara
MSC-040

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်ကမ္ဘာလုံး မည်သည့်နေရာ၊ မည်သည့်နိုင်ငံတွင်မဆို ဗဟိုချုပ်ကိုင်မှုကင်းကင်းဖြင့် ကြားခံလူတစ်ဦးမပါဝင်ဘဲ လွယ်ကူလျှင်ပြန်စွာ သုံးစွဲနိုင်သည့် ငွေကြေးစနစ် လို့နားလယ်ထားပါတယ်ဗျာ။
ကမ္ဘာပေါ်မှာ Digital Payment စနစ်အသုံးပြုနေတဲ့နိုင်ငံပေါင်း များစွာရှိနေပါ တယ်။
ဒိန်းမတ် နိုင်ငံဟာ ငွေစက္ကူမသုံးတော့တဲ့ နိုင်ငံဖြစ်နေပါပြီ။
ဆွီဒင် နိုင်ငံလည်း ငွေစက္ကူမသုံးတော့တဲ့ နိုင်ငံဖြစ်ခါနီးပါပြီ။
နောက်ထပ် ထိပ်တန်းအကျဆုံး 3 နိုင်ငံကတော့
ဘယ်ဂျီယမ် နိုင်ငံရဲ့ 93%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 86% သော သူတွေဟာ digital payment တွေ သုံးနေကြတယ်။
ပြင်သစ် နိုင်ငံရဲ့ 92%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 69% သောသူ တွေဟာ digital payment တွေ သုံးနေကြတယ်။
ကနေဒါ နိုင်ငံရဲ့ 90%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 88% သောသူ တွေ ဟာ digital payment တွေ သုံးနေကြတယ်
Digital payment
စနစ်တွေထဲမှာအသုံးဝင်ဆုံးဟာ
Crypto currency
Crypto currency ဆိုတာ digital currency ပါ
လုံခြုံစိတ်ချရတဲ့ငွေလွှဲပြောင်းခြင်းတွေကိုလုပ်ဖို့ငွေပို့သူနဲ့လက်ခံသူသာရရှိမယ့် စကားဝှက်နည်းစနစ်ကို အသုံးပြုပြီး ငွေကြေးအရ တန်ဖိုးရှိသော ကြားခံ အရာတစ်ခု အဖြစ်ပုံဖော်ထားတဲ့ digital data တွေပါပဲ ဒေသခံငွေကြေး တစ်ခုခုနဲ့ လဲလှယ် သုံးစွဲနိုင်ပါတယ်


Wow, bitcoin အကြောင်းအသေးစိပ်ထပ်သိခွင့်ရပီ။
ကျေးဇူးပါဆရာ။

Woow . . Bitcoin ကတော့ အခု လူတွေက Negatie အမြင်တွေနဲ့ပဲပြောနေကြတာနော်

သူတို့ ရဲ့ negative အမြင်တွေကြောင့် ဈေးကျသွားတုန်း ဝယ်စုသင့်တယ်ထင်တယ် ။

Good post.

Thank you fri.

သတင်းတွေကြောင့် လန့်နေမိတာတော့အမှန်လေ cryptoတစ်ခုလုံးကို ခြိမ်းခြောက်နေတော့ကာ

အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ဈေးပြန်တက်မှာပါ မမစု၊
Btc ကိုကြောက်နဲ့ ရဲရဲကြီး
ဆက်ကိုင်ထား 😁😁

btc အကြောင်းတော့သိပြီး တခြား trade လုပ်ကြတဲ့ coin လေးတွေ ပြောပြပေးဦး

တင်ပါ့ဘုရား....တပည့်တော်လည်းလေ့လာဆဲပါ 😁
တခြား coin တွေအကြောင်းလဲရေးပါ့မယ်ဘုရား ။

ဟုတ်​ အနည်းငယ်​ တီး​မိ ​ခေါက်​မိ ရှိသွားပါပြီဗျ .. mmm မှာကတည်းက ဆိုပါ​တော့ အစ်​မ​ရေ .. 😀😀

He he...

တန် တန် တန် တန် လာတီးတာ ဘာမှဟုတ်ဘူး

ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ 😁

မန့်တော့ဖြည့်နိုင်ပါတယ် ခွယ်

ဖြည့်ပါခွယ် hee.
Thanks.

Great post!
Thanks for tasting the eden!

👍

၁​ဒေါ်လာ​လောက်​ထဲက ဝယ်​ထားတဲ့ လူ​တွေ​ထောပီ😂

ဟုတ်ပနော် 😁

ရဲနေတဲ့အချိန် ရဲရဲဝယ်ထားရမှာ...ပတ်ချံမချိလို... :P

တူတူဖဲ 😭😭

ဗဟုသုရအဖြစ်​ဖတ်​ခွင့်​ရတဲ့အတွက်​​ကျေးဇူးပါ

thank you too 😀

ဗုတ်ပေ့းနောက်ကျသွားပ

ရပါတယ်ဂျာ hee

You got a 1.65% upvote from @postpromoter courtesy of @honeysara!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!