ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရအောင်"

in myanmar •  7 years ago  (edited)

ကျွန်​မတို့ ပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံ​တော်​ကြီးဟာ သစ်​​တောသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်​၀ပြည့်​စုံ​သော နိုင်​ငံ​တော်​ကြီးဖြစ်ပါတယ်​။ကျောက်​​ကောင်း​ကျောက်​မျက်​များထွက်​ရှိ၍ သက်​ရင့်​​တောင်​တန်းများစွာကို ပိုင်​ဆိုင်​ထားသည့်​ ရတနာတိုင်းပြည်​ကြီးလည်းဖြစ်​ပါတယ်​။

မြန်​မာပြည်​ရဲ့ အဖိုးတန်​​ကျောက်​များကို မျက်​စိကျ​နေတဲ့ စီးပွား​ရေးသမားများကစက်​ယန္တရားကြီးများအသုံးချကာ မဆင်​မခြင်​ စီးပွားရှာ​နေကြပါတယ်​။ ဒီလိုမျိုး တရားဥပ​ဒေနှင့်​မညီ​တဲ့ ကျောက်​မျက်​တူး​ဖော်​ခြင်း​​တွေ​ကြောင့်​လည်း သဘာဝပတ်​၀န်းကျင်​ဟာ ယိုယွင်းလာရပါတယ်​။

တစ်​​မျှော်​တစ်​​ခေါ်မြင်​​နေရ​တဲ့ စိမ်းလဲ့လဲ့လယ်​ယာ​မြေ​တွေမှသည်​ စက်​ရုံအလုပ်​ရုံ​တွေ ဖြစ်​သွားတာကိုလည်း​တွေ့​နေရပါတယ်​။ ထိုစက်​ရုံအလုပ်​ရုံက​နေပြီး စွန့်​ပစ်​​ရေဆိုး​တွေ၊ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ဓာတ်​​ငွေ့​တွေ ထွက်​လာပါတယ်​။ ​ရေပြင်​ ​လေပြင်​ဟာ ထိုစက်​ရုံရဲ့စွန့်​ပစ်​ပစ္စည်း​တွေ​ကြောင့်​ ညစ်​ညမ်းခဲ့ရပါပြီ။
ဒီကြားထဲမြန်​မာ့ကျွန်းက ​ဈေး​ကောင်းရလို့ သစ်​ခိုးထုတ်​​ရောင်းချသူ​တွေ​ကြောင့်​ ​တောင်​ကတုံး​တွေဖြစ်​ရရှာပြီ။ "ဥတုရာသီ​တောကိုမှီ၏" တဲ့ သစ်​​ပင်​​တွေမရှိ​တော့ ရာသီဥတု​တွေကလည်း မူမမှန်​ဖြစ်​လာ။
အဲ့ဒီလိုနဲ့ မြန်​မာ့သဘာဝပတ်​၀န်းကျင်​ကြီး ယိုယွင်းရရှာတယ်​။
ဝိသမ​လောဘသား​တွေရဲ့ ပ​ယောဂ​ကြောင့်​ ပျက်​စီးယိုယွင်း​နေ​သော မြန်​မာ့သဘာဝပတ်​၀န်းကျင်​ကို ကျွန်​မတို့ မြန်​မာပြည်​သူပြည်​သား​တွေ ထိန်းသိမ်းပြုပြင်​ဖို့အတွက်​ ၀ိုင်းဝန်းစဉ်းစားကြည့်​ရ​အောင်​​နော်​!

myanmarsexte.jpg
(extensive forests are declining rapidly)

myanmar-jade-mine.jpg
Myanmar Jade Mine

ပထမဆုံး အချက်​အ​နေနဲ့ ကျွန်​မစဉ်းစားမိတာက​တော့ သစ်​ပင်​စိုက်​ဖို့ပါပဲ။ မြန်​မာနိုင်​ငံရဲ့ သစ်​​တောဖုံးလွှမ်းမှုဧရိယာဟာ စုစု​ပေါင်း ၁၁၂,၁၂၇ စတုရန်းမိုင်​ရှိပြီး နိုင်​ငံအကျယ်​အ၀န်းရဲ့ ၄၂.၉၂ ရာခိုင်​နှုန်းရှိတယ်​လို့ သိရပါတယ်​။ ဒီသစ်​​တော​တွေ​ကြောင့်​ပဲ သဘာဝ​ဂေဟစနစ်​ဖြစ်​​ပေါ်လာပြီး လူသားများ၊ သက်​ရှိသတ္တ၀ါများ နဲ့​ ဇီဝမျိုးစုံရှင်​သန်​​နေထိုင်​ကြရပါတယ်​။

ရုပ်​ကြွင်း​လောင်​စာများ​လောင်​မြိုက်​ခြင်း​ကြောင့် ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ဓာတ်​​ငွေ့များ ​လေထုအတွင်း​ရောက်​သွားသဖြင့်​ ကမ္ဘာကြီးပူ​နွေးလာရသည်​ဟု ​ကျောင်းသင်​ခန်းစာများတွင်​ ဖတ်​ခဲ့ဖူးပါတယ်​။

သစ်​ပင်​များကသာလျှင်​ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ဓာတ်​​ငွေ့ကို စုပ်​ယူ၍ ​အောက်​စီဂျင်​ကိုပြန်​လည်​ထုတ်​​​ပေးနိုင်​စွမ်းရှိပြီး သစ်​​တောများပြုန်းတီးသွား​တဲ့အခါမှာ ​လေထုအတွင်းရှိ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ကို မစုပ်​ယူနိုင်​​တော့​ဘူး။ဒါ့​ကြောင့်​ မှန်​လုံအိမ်​အာနိသင်​ဖြစ်​​ပေါ်လာပြီး အိုစုန်းလွှာ​ပေါက်​ပြဲကာ ကမ္ဘာ ကြီးပူ​နွေးလာရပါ​တော့တယ်​။

ကမ္ဘာကြီးပူ​နွေးလာခြင်း​ကြောင့်​ ၀င်​ရိုးစွန်း​ဒေသမှာ ​ရေခဲ​တွေအရည်​​ပျော်​၊ ပင်​လယ်​​ရေ​တွေမြင့်​တက်​လာပြီး ​ရေလွှမ်းခြင်း၊ဆူနာမီ​ရေလှိုင်းများ​ပေါ်ခြင်း၊ အချိန်​အခါမဲ့မိုးသည်းထန်​စွာရွာသွန်းခြင်း၊ကမ္ဘာတစ်​၀န်း​မြေငလျင်​​တွေလှုပ်​၊ မီး​တောင်​​တွေ​ပေါက်​ကွဲ၊ မုန်​တိုင်း​တွေတိုက်​ခတ်​၊ အပူလှိုင်း အ​အေးလှိုင်းများဖြတ်​ခြင်း၊ သဲကန္တာရများဖြစ်​​ပေါ်လာခြင်း၊ ​မြေဆီ​မြေသြဇာများခန်း​ခြောက်​ခြင်း
စတဲ့​ဘေးအန္တရာယ်​ဆိုးများကျ​ရောက်​လာရတယ်​။

ဒီလို​ဘေးအန္တရာယ်​ဆိုး​တွေက​နေ ကာကွယ်ဖို့အတွက်
"သစ်​ပင်​စိုက်​ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ " ​ဆိုတဲ့ ​ဆောင်​ပုဒ်​​လေးအတိုင်း သစ်​ပင်​များများစိုက်​ကြရ​အောင်​​နော်​။

1200-327729-fossil-fuels-global-warming.jpg

myanmar2.jpg

planting-july2016-01.jpg

Planting trees ceremony, July 2016

အစိုးရအ​နေနှင့်​လည်း ပျက်​စီးယိုယွင်း​နေ​သော မြန်​မာ့သဘာဝပတ်​၀န်းကျင်​ကို ထိန်းသိမ်းပြုပြင်​ရန်​အလို့ငှါ အမျိုးသားဥယျာဉ်​များနှင့်​ သဘာဝထိန်းသိမ်း​ရေးနယ်​​မြေများကို တည်​​ထောင်​လျက်​ရှိ​နေပါတယ်​။ဒါတင်​မက​သေးပါဘူး သစ်​​တောမပြုန်းတီး​ရေးအတွက်​လည်း စီမံကိန်းများ အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​လျှက်​ရှိ​နေပါတယ်​။ "သက်​ရှိ​လောက တည်​မြဲဖို့ သဘာဝ​တော​တွေ ထိန်းသိမ်းစို့" ဆိုတဲ့ ​ဆောင်​ပုဒ်​ကို လက်​ကိုင်​ထားပြီး မိုးရာသီ​ရောက်​တိုင်း "မိုးရာသီသစ်​ပင်​စိုက်​ပွဲ" အခမ်းအနားများကို အ​ခြေ ခံပညာ​ကျောင်းများအပါအ၀င်​ အစိုးရရုံးများတွင်​ ကျင်းပလျှက်​ရှိဆဲပါပဲ။
သစ်​ပင်​​လေးများကို စိုက်​ပျိုး​နေခြင်းဟာ​ သဘာဝပတ်​၀န်းကျင်​ကို တစ်​ဖက်​တစ်​လမ်းမှ ထိန်းသိမ်း​နေခြင်းပဲမဟုတ်​ပါလားရှင်​။ ဒါ​တွေဟာ အစိုးရရဲ့ ပတ်​၀န်းကျင်​ထိန်းသိမ်း​ရေးအစီအမံများပဲ ဖြစ်​ပါတယ်​။ ကျွန်​မတို့ ပြည်​သူ​တွေအ​နေနဲ့လဲ ပတ်​၀န်းကျင်​စိမ်းလန်းစိုပြည်​​ရေးအတွက်​ မိမိတို့ကိုယ်​ပိုင်​အသိစိတ်​ဓာတ်​​လေး​တွေနဲ့ အရိပ်​ရအပင်​​လေး​တွေနဲ့​ ပန်းအလှပင်​​လေး​တွေစိုက်​ပျိုး​ပြီး ကမ္ဘာ ​မြေကြီးကို အစိမ်း​ရောင်​လှလှ​လေး​တွေ ခြယ်​​ပေးကြရ​အောင်​​နော်​။

သစ်​ပင်​စိုက်​ခြင်းကအ​ရေးကြီးသလို ကျန်​ရှိ​နေ​တဲ့ သဘာဝသစ်​​တောကြီးများကို မ​ပျောက်​ပျက်​​အောင်​ ထိန်းသိမ်းခြင်းကလည်း အ​ရေးပါလှပါတယ်​။

ဒီသဘာဝသစ်​​တောကြီးများကို ထိန်းသိမ်းခြင်းအားဖြင့်​ ရာသီဥတုပိုမို​ကောင်းမွန်​လာ​စေပြီး ​မြေဆီ​မြေသြဇာများကို ပိုမို​ကောင်းမွန်​လာ​စေပါတယ်​။

1995 ခုနှစ်​မှာ​ မြန်​မာနိုင်​ငံရဲ့ ဖန်​လုံအိမ်​ဓာတ်​​ငွေ့ထုတ်​လွှတ်​မှုနှင့်​ စုပ်ယူမှုအ​ခြေအ​နေကို​လေ့လာရန်အတွက်​​ ADB(Asia Development Bank)အဖွဲ့နှင့်​ GEF(Global Environment Facility) တို့ပူး​ပေါင်းခဲ့​ကြပါတယ်​​။ ​လေ့လာချက်​များအရ -
"မြန်​မာနိုင်​ငံတွင်​ 1990ခုနှစ်​ အတွင်း ဖန်​လုံအိမ်​ဓာတ်​​ငွေ့ အသားတင်​ထုတ်​လွှင့်​မှုပမာဏ​ပေါင်း 41.5 မီဂါတန်​ရှိ​ကြောင်း၊
သစ်​​တောဏ္ဍတွင်​ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ ထုတ်​လွှတ်​မှုပမာဏ​ပေါင်း 63.6 မီဂါတန်​ နှင့်​ စုပ်​ယူနိုင်​မှုပမာဏ 73မီဂါတန်​ရှိ​​ကြောင်းသိရပါတယ်​။(စုပ်​ယူနိုင်​မှုက ထုတ်​လွှတ်​မှုပမာဏ​ထက်​ပို
များသည်​။)
သို့ရာတွင်​ နိုင်​ငံ​တော်​ ဖွံ့ဖြိုးတိုးတက်​လာသည်​နှင့်​အမျှ ထုတ်​လွှတ်​မှုပမာဏက ပိုပိုများပြားလာပါ​တော့တယ်။ထို့​ကြောင့်​ မြန်​မာနိုင်​ငံတွင်​ ဖန်​လုံအိမ်​ဓာတ်​​ငွေ့ များကို ကုန်​ကျစရိတ်​ အနည်းဆုံးဖြင့်​ ​လျှော့ချ​ရေးနည်းဗျူ ဟာများကို သုံးနှစ်​ကြာမျှ ​လေ့လာခဲ့ကြရာ ​အောက်​ပါအတိုင်း ​တွေ့ရှိခဲ့ကြပါတယ်​။
-ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​များကို စုပ်​ယူ​ပေးနိုင်​သည့်​ သဘာဝသစ်​​တောကြီးများနှင့်​ သစ်​​တောစိုက်​ခင်းများ မပြုန်းတီး​ရေးအတွက်​ စနစ်​တကျ စီမံအုပ်​ချုပ်​​ရေး၊
-သစ်​​တောစိုက်​ခင်းများ တည်​​ထောင်​​ရေး၊
-ရုပ်​ကြွင်း​လောင်​စာများအစား ပြည့်​ဖြိုးမြဲစွမ်းအင်​များ အစားထိုးသုံးစွဲ​ရေး၊
-​လောင်​စာကုန်​ကျမှုသက်​သာ​သော စွမ်းအားမြင့်​မီးဖိုများကို ယခုထက်​ပိုမိုကျယ်​ပြန့်​စွာအသုံးပြု​ရေး၊
နေ​ရောင်​ခြည်​ စွမ်းအင်​နှင့်​ ​လေစွမ်းအင်​များ အသုံးချမှုနှင့်​သက်​ဆိုင်​သည့်​ သု​တေသနလုပ်​ငန်းများ တိုးချဲ့​ဆောင်​ရွက်​​ရေး
တို့ပဲဖြစ်ပါတယ်​။
မျက်​​မှောက်​​ခေတ်​တွင်​လည်း ၎င်းနည်းဗျူ ဟာများကို လိုက်​နာကျင့်​သုံးပါက ယိုယွင်း​နေ​သော မြန်​မာ့ပတ်​၀န်းကျင်​ကို ထိန်းသိမ်းရာ​ရောက်​မည်​ဟု ထင်​မြင်​မိပါတယ်​။

Plastic-ban-bccl.jpg

479.jpg

"နံပါတ်​(၂)အချက်​အ​နေနဲ့ မြန်​မာ့ပတ်​၀န်းကျင်​သာမက ကမ္ဘာ​မြေကိုပါ ဒုက္ခ ​ပေး​နေ​သော ပလတ်​စတစ်​(ကြွပ်​ကြွပ်​အိတ်​) ပြသာနာကိုပါ ထည့်​သွင်းစဉ်းစား​ဖြေရှင်းသင့်​ပါတယ်​​။"

ကြွပ်​ကြွပ်​အိတ်​​တွေကို များ​သောအားဖြင့်​ ပစ္စည်းပစ္စယ​တွေကို
အလွယ်​တကူ အသင့်​ထုတ်​ပိုးနိုင်​​စေရန်​ရည်​ရွယ်​ချက်​ဖြင့်​ ထုတ်​လုပ်​ခဲ့ကြပါတယ်​။ အလွယ်​တကူသုံးဖို့ရန်​အတွက်​ ​ပေါ​ပေါများများထုတ်​လုပ်​ခဲ့ခြင်း​​ကြောင့်​ ယခုအခါ ကမ္ဘာတစ်​၀ှမ်းက ပညာရှင်​များ ​ခေါင်းကိုက်​ရ​သော ပြသာနာကြီးတစ်​ရပ်​ဖြစ်​ခဲ့ရတယ်​။
ဘာ့​ကြောင့်​လဲဆို​တော့
ပလတ်​စတစ်​ကြွပ်​ကြွပ်​အိတ်​ဟာ လူသားတို့ရဲ့ အသက်​အန္တရာယ်​ကို ခြိမ်း​ခြောက်​​နေသည့်​ ပြသာနာတစ်​ရပ်​ပဲဖြစ်ပါတယ်​​။ မြ၀တီ၊ မြန်​မာ့အသံ တွင်​ပလတ်​စတစ်​အိတ်​နှင့်​ပက်​သတ်​၍ ပညာ​ပေးဇာတ်​လမ်းတို​လေးများ မကြာခဏ လွှင့်​​လေ့ရှိပါတယ်​။ အဓိကပညာ​ပေးချင်​သည့်​အချက်​များမှာ -
၁၊ သစ်​ပင်​​ပေါက်​​လေး​ပေါ်ကို ကြွပ်​ကြွပ်​အိတ်​​လေးစွပ်​သွား​တော့ အပင်​​လေး​သေ သွားပုံ၊ နှင်းဆီပန်း​လေးညိုးသွားပုံ။
၂။ ကြွပ်​ကြွပ်​အိတ်​​ရေထဲကျသွား၊ ငါး​တစ်​​ကောင်​အစာမှတ်​ပြီးဟပ်​လိုက်​​တော့ အဲ့ဒီငါး​လေး​သေသွားပုံ။
၃။ မုန့်​ဟင်းခါး ကဲ့သို့ ပူ​လောင်​​နေ​သောအရည်​ကို ကြွပ်​ကြွပ်​အိတ်​နှင့်​ ပါဆယ်​ထုတ်​​တော့ ကြွပ်​ကြွပ်​အိတ်​မှ အန္တရာယ်​ရှိသည့်​ ဓာတ်​​ပေါင်းတစ်​မျိုးထွက်​လာပြီး အမျိုးသား​တွေ စားသုံးပါက မျိုးဆက်​ပျက်​သုဉ်းနိုင်​သည့်​ ​ရောဂါရရှိနိုင်​ပုံ။
၎။ ​မြေမြှုပ်​​တော့လည်း နှစ်​​ပေါင်းများစွာကြာသည့်​တိုင်​ ​ဆွေး​မြေ့မသွားပုံ။
၅။ ကြွပ်​ကြွပ်​အိတ်​ကို မီးရှို့​တော့လည်း အန္တရာယ်​ရှိသည့်​ ဓာတ်​​ငွေ့များထွက်​လာပုံ။
စသည့်​ အချက်​များကို ပြည်​သူများ သတိပြုမိ​စေရန်​ ရိုက်​ကူးတင်​ဆက်​ထားပါသည်​။
ထို့အပြင်​ ထိုကြွပ်​ကြွပ်​အိတ်​ ပြသာနာကို ​ဖြေရှင်းနိုင်​မည့်​ နည်းလမ်းသုံးခုကိုပါ ထည့်​သွင်းရိုက်​ကူးထားပါတယ်​။ထိုနည်းလမ်းသုံးသွယ်​မှာ-
1.Reduce
-ကြွပ်​ကြွပ်​အိတ်​ကို တက်​နိုင်​သ​လောက်​​လျှော့သုံးပါ။ 
2.Reuse
-ပြန်​သုံးပါ။ ကြွပ်​ကြွပ်​အိတ်​သုံးပြီးလျှင်​ လွှင့်​မပစ်​ပါနဲ့။ ​နောက်​တစ်​ခါ ထပ်​သုံး၍ ရနိုင်​ပါ​သေးတယ်​။

  1. Recycle
    -ပြန်​လည်​ပြုပြင်​ထုတ်​လုပ်​​ရေး တို့ဖြစ်​ပါတယ်​။ ထိုR သုံးလုံးကို လိုက်​နာကာကျွန်​မတို့ချစ်​​သော မြန်​မာပြည်​ရဲ့ ယိုယွင်း​နေ​သော ပတ်​၀န်းကျင်​ကို ထိန်းသိမ်းပြုပြင်​နိုင်​ပါတယ်​။

02.jpg

fig2-2k9-209-222(1).jpg

DIPfL3YUMAQY5-q.jpg

ကမ္ဘာမြေကို ထိန်းသိမ်းဖို့အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အမှိုက်ကောက်ခြင်း၊ ပေါင်း မြက်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရန် သတ်မှတ်အမှိုက်ပုံးများ စီစဉ်ဆောင်ရွက် သတ်မှတ်ထားရှိ​ပေးခြင်းတို့ကို ​ဆောင်​ရွက်​ခဲ့​ကြောင်း
၂၀၁၄ ခုနှစ်​၊ ဇွန်​လထုတ်​သတင်းစာတွင်​ ​ဖော်​ပြထားပါတယ်​။

ယိုယွင်း​နေ​သော သဘာဝပတ်​၀န်းကျင်​ကို ထိန်းသိမ်းပြုပြင်​ဖို့ကြိုးစားကြရာဝယ်​ အမှိုက်​​ကောက်​ခြင်းအခန်းကဏ္ဍသည်​လည်း အ​ရေးကြီး​ပေးသည်​။ အမှိုက်​​ကောက်​ခြင်းဟာ​ ရှက်​စရာမဟုတ်​ပါ။ စည်းကမ်းမဲ့အမှိုက်​စွန့်​ပစ်​ခြင်းကသာ​ ရှက်​စရာဖြစ်​ပါတယ်​။
နိုင်​ငံ​ကျော်​သရုပ်​​ဆောင်​ ဦး​ကျော်​သူ(နာမှုကူညီ​ရေးအသင်း-ရန်​ကုန်​) ကမှတ်​သားစရာ စကား​လေးတစ်​ခွန်းကို ​ပြောကြားခဲ့သည်​။
ထိုအဖိုးတန်​စကားက​တော့ "နိုင်​ငံကိုချစ်​ရင်​ အမှိုက်​​ကောက်​ပါ" တဲ့။

ဒါ့​ကြောင့် "နံပါတ်​၃အချက်​ အ​နေနဲ့
အမိမြန်​မာပြည်​ကြီးကို ချစ်​ပါက၊ သဘာဝပတ်​၀န်းကျင်​ကို သန့်​ရှင်းစင်​ကြယ်​​စေလိုပါက ကျွန်​မတို့တစ်​​တွေ အမြင်မေ​တာ်ေ​သာ အမှိုက်​များကို ​ကောက်​ယူ၍ အမှိုက်​ပုံးအတွင်းသို့ စနစ်​တကျ စွန့်​ပစ်​သင့်​​​ကြောင်းပါ "။ ပတ်​၀န်းကျင်​ သန့်​ရှင်း​ရေးလုပ်​ငန်းစဉ်​များသည်​ တစ်​​နေ့ချင်း၊ တစ်​လချင်း​ဆောင်​ရွက်​၍ ပြီးစီးသွားသည့်​ကိစ္စမျိုးမဟုတ်​တဲ့အတွက်​ ပြည်​သူများက ၀ိုင်းဝန်းကူညီ၍ ​နေ့စဉ်​လုပ်​​ဆောင်​သွားရန်​ လိုပါတယ်​။

နိဂုံးချူပ်​အ​နေနဲ့
ပတ်​၀န်းကျင်​ထိန်းသိမ်း ​ရေးနဲ့​ပတ်​သတ်​ပြီး​တွေ့ရှိခဲ့တဲ့ သတင်း​လေးတစ်​ခုကို​ပြောပြချင်​ပါတယ်​။ အဲ့ဒီသတင်းက​တော့
အောက်တိုဘာလ (၈)ရက်​နေ့က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့​တဲ့ ASEAN အသင်းကြီးကကျင်းပတဲ့ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအကောင်းဆုံး မြို့ကြီး (၁၀) မြို့ဆု​ပေးပွဲ" မှာ
ကျွန်​မတို့ မြန်​မာနိုင်​ငံရဲ့ ရှမ်းပြည်​နယ်​မြို့​တော်​ ​တောင်​ကြီးမြို့က
ဆုရရှိခဲ့​ကြောင်းပါ။
တောင်​ကြီးမြို့ကို စံနမူနာ ထားပြီး တခြား​တခြားမြို့ကြီး​တွေအပါအ၀င်​ ​ကျေးလက်​​ဒေသပါမကျန်​ သဘာဝပတ်​၀န်းကျင်​ကို ထိန်းသိမ်းကြမယ်​ဆိုရင်​ မ​ကောင်းဘူးလားရှင်​။ ။

Written By
@honeysara
MSC-040
Images and information from google.com.
နိုင်​ငံပိုင်​သတင်းစာများမှ အချက်​အလက်​အချို့ကိုလည်း ​ကောက်​နုတ်​​ဖော်​ပြထားပါသည်​။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆုရပါ​စေဗျာ

ကျေး​ကျေးပါ 😇

Release the Kraken! You got a 1.65% upvote from @seakraken courtesy of @honeysara!

Thank you so much.

This post has received a 4.84 % upvote from @getboost thanks to: @honeysara.

Thanks.

This post has received a 5.88 % upvote from @sleeplesswhale thanks to: @honeysara.

Thank you.

You got a 10.40% upvote from @votebuster courtesy of @honeysara!

Ah-uh.

You got a 5.35% upvote from @minnowvotes courtesy of @honeysara!

Ok

you always have the best content honeysara keep it up!

Thank you again 😃

ဖိုက်တင်း G4

Fighting 💪

Fighting

Thanks bro.

upvoted.

Thank you.

This post has received a 6.57 % upvote from @moneymatchgaming thanks to: @honeysara. Upvote this Post to Support the MMG Community on Steemit! :)

Ok.