အားလပ်ရက်

in myanmar •  7 years ago 

အားလပ်​ရက်
image
Credit original image
ကျောင်း​တွေဖွင့်​ပြန်​​တော့မည်​။က​လေး​တွေရဲ့​ကျောင်းအားလပ်​ရက်​​လေး ကုန်​သွားပြန်​ပြီ​ပေါ့။ အချိန်​​တွေက အကြာကြီးလို့ ထင်​ခဲ့ရ​ပေမယ့်​ အလိုလို ကုန်​ဆုံး​နေပြန်​ပါပြီ..။
က​လေး​တွေရဲ့​ကျောင်းအားလပ်​ရက်​​လေး​တွေ အဆုံးသတ်​သွားပြန်​တဲ့ ​ကျောင်းဖွင့်​ရက်​​တွေကို ​ရောက်​ရတာ က​လေး​တွေနဲ့ထပ်​တူ ခံစားမိပါတယ်​။ သူငယ်​ချင်း​တွေနဲ့ ပြန်​​တွေ့ရ​တော့မှာမို့ ​ပျော်​တာ..​ကျောင်းစာ​တွေကြားထဲမှာ နစ်​မြှုပ်​ပြန်​ရ​တော့မှာမို့ စိတ်​ထဲ​လေးလံမွှန်းကြပ်​မိတာ​တွေ...
ကျွန်​​တော်​တို့ ​ကျောင်း​နေစဉ်​တုန်းက​တွေ​တော့ ​ကျောင်းအားချိန်​​တွေမှာ ကစားချိန်​​လေးဘာ​လေးရှိပါ​သေးရဲ့။
အခု​ခေတ်​က​တော့ ​ကျောင်းနဲ့ကျူရှင်​ ကျူရှင်​နဲ့​ကျောင်းမှာ ဒီစာ ဒီစာကိုပဲ ​ကျေ​အောင်​ညက်​​အောင်​ ကျက်​​နေကြရတာနဲ့​တောင်​ က​လေး​တွေရဲ့ အားလပ်​ချိန်​​တွေနည်းသထက်​ နည်းလာတာကို ​တွေ့ရ​တော့ က​လေး​တွေကို သနားမိပါရဲ့...။

ကျွန်​​တော်​တို့ငယ်​ငယ်​က ကစားနည်း စုံခဲ့ကြသ​လောက်​ အခု​ခေတ်​က​လေး​တွေ ငယ်​ငယ်​ရွယ်​ရွယ်​​လေး​တွေနဲ့ မျက်​မှန်​တပ်​​နေကြရတာကို​တွေ့​တော့လည်း သက်​ပြင်းချမိပါရဲ့​ဗျာ..။

အခု​ခေတ်​မှာ​တော့ လသာချိန်​ ထုပ်​စည်းထိုးကစားရမှန်းလည်း မသိကြ​တော့ဘူးထင်​ပါရဲ့..။
ကျွန်​​တော်​တို့တုန်းကဆို ​ကျောင်းဝင်းထဲက ​မြေကွက်​လပ်​ကြီးမှာ ​မြေကြီး​တွေကို စည်း​ကြောင်းကြီးဖြစ်​​အောင်​ ​​ကျောင်းသန့်​ရှင်း​ရေးလုပ်​တဲ့အခါ ​ပေါက်​ပြား​တွေယူလာရချိန်​မှာ ​စည်း​တွေကို ပေါက်​ပြားနဲ့​ဖော်ထားလိုက်​တယ်​။ ညဖက်​​တွေမှာ ​ကျောင်းက ဆရာမ​တွေရဲ့ အိမ်​မှာ အိပ်​ရတာဆို​တော့ စာကို​စော​စောကျက်​ စာရပြီဆိုတာနဲ့ ဆရာမကိုပါ ​ခေါ်ပြီး ထုပ်​ဆီးတိုးတမ်း ကစားကြတာ သိပ်​​ပျော်​ဖို့ ​ကောင်းခဲ့တာပါ​လေ။

တစ်​ခါတ​လေ​တော့ ဆရာမ မသိခင်​ ကျားကွက်​​ရွေ့တမ်းကို စာကျက်​ရင်းနဲ့လည်း ကစား​နေတတ်​ကြ​သေးတယ်​။
အခု​ခေတ်​က​လေး​တွေ အဲ့ဒီလို ကစားချိန်​ အားလပ်​ချိန်​​တွေ ရှိမှရှိကြ​သေးရဲ့လားလို့ ​သံသယဝင်​မိတဲ့အထိပါပဲ..။
image

Credit original image
ဘာ​ကြောင့်​လဲဆို​တော့ အခုလို ​နွေ​ကျောင်းပိတ်​ချိန်​ကြီးမှာ​တောင်​ မိဘ​တွေရဲ့​ကောင်းမှု​ကြောင့်​ လာမယ့်​နှစ်​မှာ သင်​ရမယ့်​စာ​တွေကို ကြိုတင်​ပြီး ယူရှင်​တက်​​နေကြရလို့ပါပဲ..။

ကျွန်​​တော်​တို့တုန်းကဆို မိုးရွာရင်​လည်း ရွာတဲ့အလိုက်​ ​နေပူရင်​လည်း ပူတဲ့အလိုက်​ နှင်းကျရင်​လည်း ကျတဲ့အလိုက်​ သူ့အချိန်​နဲ့သူ သူ့ရာသီနဲ့သူ မရရတဲ့ အားလပ်​ချိန်​​လေး​တွေမှာ က​လေးသဘာဝ ကစားချိန်​​တွေရခဲ့ကြပါ​သေးတယ်​..
အခု​ခေတ်​က​လေး​တွေမှာ​တော့ ​နွေရာသီ​ကျောင်းပိတိရက်​မှာ​တောင်​ အားလပ်​ချိန်​မရှိ ကစားချိန်​မရှိ ဖြစ်​​နေကြရရှာတာ အ​တော်​သနားစရာ​ကောင်းလှပါတယ်​..။

ထူးချွန်​တဲ့က​လေးတစ်​​ယောက်ဟာ ကာယ ဉာဏ စာရိတ္တ​တွေမှာပါ ထူးချွန်​​နေရမယ်​ဆိုတာ မိဘ​တွေက မသိနိုင်​ကြတာလား။ ဆရာ ဆရာမ​တွေကပဲနားမလည်​ကြတာလား မ​ပြောတတ်​​တော့ပါဘူး။

လူမှုပတ်​ဝန်းကျင်​ထဲကို​ရောက်​တဲ့အခါ စာ​တော်​ခဲ့တာ တစ်​ခုထဲနဲ့ ဘာမှလုပ်​လို့ရမှာမဟုတ်​ပါဘူး။ ကျူရှင်​ယူတာ စာကျက်​​နေတာတစ်​ခုထဲနဲ့ ​ကျောင်းသားတစ်​​ယောက်​ က​လေးတစ်​​ယောက်​ရဲ့ဘဝမပြည့်​စုံနိုင်​ပါဘူး..။
က​လေးရဲ့ အားလပ်​ချိန်​နဲ့ အားလပ်​ချိန်​အ​ပေါ် အသုံးချမှုက က​လေးရဲ့ ဉာဏအားနဲ့ လူမှုဝန်းကျင်​အ​ပေါ် သူ့ရဲ့စူးစမ်း​လေ့လာမှုအဖြစ်​ အ​ရေးပါတယ်​ဆိုတာ လူကြီးမိဘ ဆရာ ဆရာမ​တွေပါ သိသင့်​ပါတယ်​။
image

Credit original image
တကယ်​လို့ ဘက်​စုံထူးချွန်​တဲ့က​လေးတစ်​​ယောက်​ကို ပိုင်​ဆိုင်​ချင်​တယ်​ဆိုရင်​​တော့ က​လေး​တွေကို ထိုက်​သင့်​တဲ့ အားလပ်​ချိန်​​တွေကိုပါ ​ပေးသင့်​ပါတယ်​။
အချိန်​ပြည့်​စာလုပ်​ခိုင်း​နေရင်​ စာတစ်​ခုပဲ​တော်​ပြီး ကျန်​တဲ့​နေရာ​တွေမှာ ညံ့ဖျင်းတဲ့ က​လေးတစ်​​ယောက်​ကိုပဲ ပိုင်​ဆိုင်​ရမယ်​ဆိုတာ မလွှဲပါဘူး​ဗျာ...

Writter @htetnainglin
Msc 188

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကစားချိန်မှာ ငါတို့ ကစားလို့ နားချိန်နားလို့ စားကျက်မယ် အာ့လိုပဲ ဖိသင့်ပါတေ😊

ဟုတ် မမ

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys

ဟယ် ချိတက်

😂😂😂😂မမသက် လန်ဝါးပြီး😂😂😂

😁😁😁

ရှက်စရကြီး😁😁😁

cheetahက မျက်စိလည်လမ်းမှားပြီးရောက်လာတယ်နော်

ဟုတ်တယ် အကို

ဟိုက်​ ကျ​နော့်​လိုပဲ ချိတက်​ကြီးနဲ့ပါလား

ဟုတ်တယ် ...

ဒီ​နေ့​ကျောင်းစဖွင့်​ပြီ....သူတို့​လေး​တွေလည်း​ကျောင်း၊ကျူရှင်​၊guideနဲ့လုံးချာလည်​ပြီ...

ဟုတ်လား အမ...😁

ဟုတ်​တယ်​ဆို😜😜😁

ဟုတ်တယ် ကစားချိန်လေးတော့ပေးသင့်တယ် 😂😂

Ommm

တော်တော်ကသီတယ်ဗျ
အလုပ်ကတစ်ဖတ် ကလေးကျောင်းပို့ကျောင်းကြိုကတဖက်

ဟုတ် အကို ဒီလိုပါဘဲ ဖြစ်တတ်ပါတယ်

ကလေးတွေဘဝ တစ်နှစ်ရုန်းကန်ချိန်ရောက်ခဲ့ပြန်ပြီ

ဟုတ်တယ်နော်

အခုခေတ်ကလေးတွေကိုကြည့်ပြီး ပင်ပန်းလွန်းပါတယ်ဗျာ

ဟုတ်😃😃

မှန်ပါတယ် ဘက်စုံတော်တဲ့ကလေးတစ်ယောက်ဖြစ်အောင် စာတွေကြီးပဲ သင်ခိုင်းနေတာမျိုးတော့မဖြစ်သင့်ပါ။အစ်ကိုပြောပြပေးထားတာလေး သဘောကျနှစ်သက်ရပါတယ်။