အချိန်တွေကို နောက်ပြန်လှည့်လို့ရရင် ကျွန်တော့ရဲ့ အတိတ်တချို့ဆီကို ပြန်သွားလိုက်ချင်မိတယ်။
Image source
နာကျင်ခဲ့ရချိန်တွေကို သွားပြီး ဖျက်ဆီးထားပြီး ကျွန်တော့်ရဲ့အတိတ်တွေကိုတွေးတိုင်း ပျော်ရွှင်စရာတွေကိုချည်း မှတ်မိချင်မိတယ်။
ဒါပေမယ့်လည်း မဖြစ်နိုင်တော့ဘူး မဟုတ်လား။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ စကားမှာ ခြွင်းချက်တွေလည်း ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်လေ..
ကျွန်တော်လည်း လူသားထဲက လူသားတစ်ယောက်ပဲဗျာ။ ခံစားတတ်တာပေါ့ နာကျင်တတ်တာပေါ့။တစ်ခါတလေတော့ ကိုယ့်နာကျင်ရခြင်းထက် သူတပါးရဲ့ နာကျင်ရခြင်းတွေကိုလည် ဖေးမပြီး ဖြစ်နိုင်မယ်ဆိုရင် အကုန်လုံးကို ဖြေဖျောက်ပေးလိုက်ချင်မိတယ်။
ကျွန်တော်ရဲ့ နာကျင်ရတဲ့အတိတ်က ကျွန်တော့သူငယ်ချင်းကြောင့်ပါပဲ။သူ ကျွန်တော့အိမ်ကို အလည်တောင်မလာတော့တာ ကြာပြီလေ။
ဒီကောင်ကို သူ့အမေက သိပ်ချစ်တာ။သူကတော့ ငယ်လည်း ငယ်သေးတော့ သူ့အမေရဲ့အချစ်အပေါ်မှာ ဆိုးနွဲ့ဖို့လောက်ပဲ သိသေးတာလေ။
သူက သူ့အိမ်မှာ အငယ်ဆုံးလည်း ဖြစ်တော့ အလိုလိုက်ခံရတာလည်း ဖြစ်နိုင်ပါတယ်။သိပ်ပြီး နားလည် သိတတ်နေတဲ့အရွယ်မျိုး မဟုတ်တဲ့ အချိန်မှာ သူ့အမေဆုံးတယ်။သူ့အတွက် သိပ်ခံစားရတာမျိုး မဖြစ်လိုက်ဘူး။ကလေးသဘာဝ ငိုလိုက်ဆော့လိုက်နဲ့ ပြီးပြီးပျောက်ပျောက်ပါပဲ။
အခု ဒီကောင်က ဘွဲ့လွန်တက်နေတယ်။ သူက တော်တယ်လို့ ပြောရမယ်။ ဆယ်တန်းမှာလည်း ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာလေ။
ဆယ်တန်းအောင်တော့ သူ အကြီးအကျယ်ငိုတယ်။ဘာဖြစ်လို့လဲဆိုတော့ သူ့အမေကို သူသိပ်သတိရသွားလို့တဲ့။ သူ့ဘဝအတွက် ပထမဆုံးအကြိမ် အဲ့ဒီလောက်ငိုတာကို ကျွန်တော်မြင်ဖူးလိုက်တာပဲ။
အဲ့ဒီကနေစလို့ သူ့ရဲ့ အမေခံစားချက်ဟာ အတော်လေး ပြင်းထန်လာပုံရပါတယ်။
ကျွန်တော့်အိမ်ကို လာပြီးလို့ ပြန်တိုင်း ခေါင်းငိုက်ဆိုက်ကျနေတတ်တာ တွေ့ရတယ်။ နောက်ပိုင်းမှာ သူပြောတာက ကျွန်တော့်အမေက သူ့ကို သားလို့ ခေါ်ရင် သူသိပ်ငိုချင်တယ်တဲ့။
အိမ်ပြန်ရင် အိပ်လို့မရတော့ဘူး။သူ့အမေကို သတိရပြီး ငိုမိတယ်တဲ့။
Image source
ကျွန်တော် သူ့ကို သိပ်သနားသွားမိတယ်။
ဒါပေမယ့် ကျွန်တော် ဘာမှ မလုပ်ပေးတတ်ဘူးလေ။
အခုနောက်ပိုင်းဆို သူ ကျွန်တော်တို့ အိမ်ကို မလာတော့ဘူး။စာကို အကြောင်းပြပြီးနေတော့တာပဲ။
ကျွန်တော် နားလည်ပေးလိုက်ပါတယ်။ သူက ကျွန်တော့်အမေအတွက် မကြာခဏ မုန့်တွေဝယ်ပေးလိုက်တတ်တယ်။ အမေက ကျွန်တော်ကို မေးတိုင်း သူစာကျက်နေရတဲ့အကြောင်းကိုပဲ ပြောနေဖြစ်ပေမယ့် တကယ်က ဘာကြောင့်ဆိုတာ ကျွန်တော်သိနေတာမို့ ကျွန်တော့သူငယ်ချင်းကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။
ကျွန်တော့ရဲ့ နာကျင်မှုမဟုတ်ပေမယ့် ကျွန်တော့သူငယ်ချင်းရဲ့ မျက်ရည်မကျဖြစ်တဲ့ ခံစားချက်တွေက ကျွန်တော့်ကို ပိုနာကျင်စေပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် သူ့အမေကို ပြန်ခေါ်ပေးလိုက်ချင်မိတဲ့အထိပါပဲ။ ဒါပေမယ့် မဖြစ်နိုင်တော့ဘူးမဟုတ်လား။
ကျွန်တော့ကို တွေ့တိုင်း အမေကိုချစ်တတ်ဖို့ တန်ဖိုးထားဖို့ ဂရုစိုက်ဖို့ သူအမြဲပြောလေ့ရှိတယ်။
သူရဲ့ ကြိုးစားမှုတွေတိုင်းကလည်း အခုကျန်နေတဲ့ သူ့အဖေအတွက် ဦးတည်ရည်ရွယ်ထားတယ်ဆိုတာ ကျွန်တော် သိနေပါတယ်။
Image source
ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် ချစ်ပါတယ်။
အခု သူ့ရဲ့စိတ် သူ့ရဲ့ ခံစားချက်တွေကြောင့် သူ့ကို ကျွန်တော် ပိုပြီးလေးစားပြီး ချစ်ခင်ရပါတယ်။သူ့ကြောင့် ကျွန်တော့ မိဘတွေကို ပိုချစ်တတ်လာတယ်ဆိုတာကိုလည်း က့်ျန်တော် ဝန်ခံပါတယ်။
Writter @htetnainglin
Msc 188
စိတ်မကောင်းစရာပါဘဲ အစ်ကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမေများအားလုးံကိုချစ်ကြပါတန်ဖိုးထားကြပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ

မိဘကိုတန်ဖိုထားလုပ်ကြွေးတဲ့သားသမီးဘယ်တော့မှ
မဆင်းရဲဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ

ရှိနေတဲ့ အချိန်မှာ မိဘကို တန်ဖိုးထားကြပါစို့😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

Right
မိဘကျေးဇူးကြီးမားပါတယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😀😀😀ဟုတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေ ကို ရှိတုန်း တန်ဖိုးထားတတ်ကြပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်အကို

သူငယ်ချင်းနဲ့ စိတ်တူကိုယ်တူ ခံစားချက်ရှိတာ ကောင်းပါတယ်လို့ you are best fri😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks ma ma
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမေရှိတုန်း တန်ဘိုးထားကြပါလို့ ပြောချင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့

ဝမ်းနည်းစရာ.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😌😧😢

ဟုတ်ပါတယ် မိဘမဲ့ဘဝက သနားစရာပါ
လူတိုင်းအားလုံး မိဘ ကိုတန်ဖိုးထားတက်ကြပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘကျေးဇူးကြီးမားလှပါတယ်။ဒါကြောင့် သက်ရှိထင်ရှားရှိစဉ်မှာ ဂရုတစိုက်နဲ့ ကျွေးမွေးပြုစုစောင့်ရှောက်ရမှာပါ။အစ်ကို့သူငယ်ချင်းအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။