Image source
မြစ်ဆုံကို ရောက်ဖူးချင်တယ်။ ကျနော်တို့မြန်မာနိုင်ငံအတွက် အဓိက အသက်သွေးကြော ဧရာဝတီမြစ် စတင်ဖြစ်တည်ရာ နေရာ အဖြစ် မေခနဲ့ မလိမြစ်ကို လူသိများကြပါတယ်။ အဲ့ဒီမေခ မလိခ ပေါင်းဆုံပြီး ဧရာဝတီဖြစ်ရာ နေရာလေး ဖြစ်တယ်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နာမည်ကြီးပဲပေါ့ဗျာ။ ကျနော် အဲ့နေရာကို ရောက်ဖူးချင်တယ်ဗျာ..
မြစ်ကြီးနားမြို့ရဲ့မြောက်ဖက် ၂၈မိုင်အကွာမှာ ရှိတယ်ဆိုတဲ့ နေရာ
တန်ဖဲရွာမှာ ဆုံတယ်ဆိုတဲ့ နေရာ
တောတောင်သဘာဝနဲ့ လှပတယ်ဆိုတဲ့ အရာ
ရေခဲတောင်ကနေ အရည်ပျော်စီးကျလာတဲ့ ရေခဲရေအေးအေးတွေနဲ့ သဘာဝကျောက်တုံး ချော်ချော်လေးတွေစီထားသလို ဖြစ်နေတဲ့ ဒေသမှာ သူများတွေ ဓာတ်ပုံရိုက်လို့တင်ကြတိုင်း ကျနော် သိပ်သဘောကျတာပဲဗျာ
တိုင်းရင်သူ ဖြူဖြူချောချောလေးတွေကလည်း ရိုးရာ ဝတ်စုံလေးတွေနဲ့ လှည့်ပတ်ကနေကြတဲ့ သီချင်းတွေမြင်တိုင်း ကျနော် အဲ့ဒီကို သိပ်သွားချင်တာပဲ.။
ရောက်ဖူးတဲ့ သူငယ်ချင်းတွေက အဲ့ဒီဒေသက လတ်ဆတ်တဲ့လေတွေအကြောင်း ရိုးသားတဲ့ တိုင်းရင်သူ တိုင်းရင်းသားတွေအကြောင်း ပြောကြရင်း အဲ့ဒီမြစ်ဆုံက ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ်ငါးကင်နဲ့ ခေါင်ရည်ရတယ်ဆိုတော့ ကျနော့်မှာ သွားရည်တောင် မျိုချလိုက်ရပါသေးတယ်။
Image source
ဒေသခံတွေရဲ့ အစားအစာ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေနဲ့ သဘာဝအလှတရားတွေ ထုံမွှန်းနေတယ်ဆိုတဲ့ အကြောင်းတွေ ပြောတော့ ကျနော့်စိတ်ထဲ ရိုးတရွနဲ့ နေမထိ ထိုင်မသာပေါ့ဗျာ..
ပြီးတော့ အခုက နယ်မြေမအေးချမ်းတဲ့အကြောင်းတွေ မြစ်ဆုံ စီမံကိန်းအကြောင်းတွေ တွေးမိပြန်တော့ ကျနော် ရင်ဆို့မိပြန်ရော..
သဘာဝရဲ့အလှတရားတွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေ များလိုက်တာလို့ တွေးမိရင်း ကျနော် သူု့ကိုပဲ သနားမိသလိုလို ဧရာဝတီအတွက်ပဲ ရင်နာမိသလိုလိုနဲ့ပါ မေခဆိုတဲ့ မြစ်နဲ့ မလိခဆိုတဲ့ မြစ်တွေက ဟိုး တောအထပ်ထပ်ကနေ ရစ်ခွေစီးဆင်းလာပြီး ဧရာဝတီဆိုတဲ့ ကျနော်တို့နိုင်ငံအတွက် နတ်မိမယ်တစ်ပါးကို မွေးဖွားပေးခဲ့ပေမယ့် အဲ့ဒီဒေသမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ နတ်မိမယ်လေးကို မမွေးဖွားနိုင်သေးတာက တွေးတွေးရင်းရင်နာမိတယ်။
ဧရာဝတီမြစ်ကိုမြင်တိုင်း ကျနော် မြစ်ဆုံသွားချင်စိတ်ကို ထိန်းသိမ်းနေကျ ဖြစ်နေပြီ..
အဲ့နေရာမှာ စေတီတစ်ဆူလည်း ရှိတယ်။ ဘီယာဆိုင်တွေ စပ်ဖီဆိုင်တွေ ခေါင်ရ်ာဆိုင်တွေလည်း ရှိတယ်။ အသားကင် ငါးကင် ကချင်ရိုးရာ အစားအသောက်တွေလည်း ရတယ် ဆိုတော့ ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတယ်။
အဲ့ဒီကို သွားမယ်ဆိုတာနဲ့ လမ်းမှာလည်း ဂျော်ဘွန်တို့ ရေပြာချောင်းတို့ကို ဝင်လည်လို့ရတယ်ဆိုပြီး သူငယ်ချင်းတွေက ပုံတွေပို့တော့ ကျနော့ စိတ်ထဲမှာ ကျလိ ကျလိနဲ့ စိတ်ယားလိုက်သည့်ုဖစ်ချင်း..။
ကျနော်တို့ဆီမှာ မရှိတဲ့ အလှတရားတွေလေ..
မြစ်ဆုံက ကျောက်ခဲဖြူဖြူလေးတွေ ရေအေးအေးလေးတွေ မြစ်အလယ် ကျောက်ဆောင်တွေပေါ်က လူတွေကို တောတောင်တွေ စက်လှေလေးကလည်း ရှိနေသေးတဲ့ ပုံလေးတွေမှာ ကျနော်ကိုယ်တိုင်ပဲ မြစ်ဆုံကို ရောက်နေမိသလိုလို ကျောက်ခဲချောချောကိုပဲ ကောက်ကိုင်မိနေသလိုလို လေနုအေးလေးကိုပဲ ရှူမိနေသလိုလို တိုင်းရင်သူလေးတွေရဲ့ ချစ်စရာစကားသံနဲ့ ရိုးရာအကလေးတွေကို ကျနော်က ခေါင်ရည်သောက်ရင်း ကြည့်နေမိသလိုလိုနဲ့ မြစ်ဆုံဟာ ကျနော့် အပေါ် လွှမ်းမိုးမှု အရှိန်အဝါ သိပ်ကြီးလွန်းတယ်ဗျာ..
တစ်နေ့နေ့မှာ အဲ့ဒီကို သွားဖြစ်အောင်သွားမယ်လို့ စိတ်ထဲ ထည့်လိုက်ပေမယ့် ကျနော်ရှိနေချိန် အဲ့ဒီဒေသ ငြိမ်းချမ်းရေး အပြည့်အဝ ရရှိနေပါစေလို့ ဆုတောင်းနေမိတယ်။
Image source
ကျနော့်ကို လွှမ်းမိုးနိုင်လွန်းတဲ့ နေရာကို ကျနော် သိစိတ်ကနေရော မသိစိတ်ကနေပါ ချစ်တယ်ဗျာ.
အဲ့ဒီကျနော်ချစ်တဲ့ ဒေသ ကျနော်ချစ်တဲ့ သဘာဝအလှတရားတွေ ဒီလိုအကျည်းတန်လွန်းတဲ့ စစ်တွေ လူတွေရဲ့ အကျိုးအမြတ်အတွက် ပျက်စီးစေမှုတွေအောက်မှာ ပျောက်ရှသွားမှာ စိုးရိမ်တာတော့ အမှန်ပါပဲဗျာ
အဲ့ဒါကြောင့် ကျနော်ချစ်တဲ့ နေရာကို တစ်နေ့ အရောက်သွားမယ်၊
ကျနော်ချစ်တဲ့ မြစ်ဆုံဒေသ အမြဲတစေ သဘာဝအလှအပတွေနဲ့ ကျနော်ကို ကြိုလင့်နိုင်ပါစေလို့လည်း အမြဲ ဆုတောင်းတယ်ဗျာ..
Writter @htetnainglin
Msc 188
စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ဆုတောင်းယုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်😁

သွားချင်သောနေရာကလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အတူသွာကြမယ်လေ😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူတူပါပဲ ကျနော်လည်းသွားချင်နေတဲ့နေရာလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

သွားချင်နေတဲ့ဆန္ဒပြည့်ဝပါစေလို့....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks ပါ

သွားနိုင်ပါစေ ဆုတောင်းပေးမယ်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် မတ်မတ်ကြည်😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
me too

တကယ်လား

မြစ်ဆုံကို ရောက်အောင်သွားပါ ဘဒို
အဆင်ပြေရင် လိုက်ခဲ့ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူတွူားရအောင်လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်နေ့နေ့တော့ ရောက်ဖူးချင်မိတယ် မရောက်ဘူးသေးဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွားကြမယ်နော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြစ်ဆုံကို မြန် မြန်ရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks

ကျွန်တော်တို့လည်း မြစ်ဆုံကို မရောက်ဖူးသေးပါဘူးအစ်ကို။ဟုတ်တယ် တော်တော်လေးလှပသာယာပြီး သွားချင်စရာကောင်းတဲ့ နေရာကောင်းလေးတစ်ခုပါ။ရောက်အောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steem တွေနဲ့သွားနိုင်တဲ့ အချိန်အမြန်ရောက်ပါစေဗျာ ခုတော့ စိတ်ကူးလေးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမတော့ ရောက်ပြီးပြီ မောင်လေးရေ
မင်းညွှန်းသလိုပဲ တကယ်လှပတဲ့ ဒေသပါ။
သွားဖြစ်အောင်သွားပါနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်နေ့ သွားမယ် ဗျာ