တိုးတက်​ခြင်း

in myanmar •  7 years ago  (edited)

image
ဒီ​နေ့ပတ်​ဝန်းကျင်​ဟာ ကျွန်​​တော်​တို့ လူငယ်​​တွေကိုယ်​တိုင်​ လိုက်​မမီ​အောင်​ ရုပ်​ဝတ္ထု​တွေ တိုးတက်​​နေကြပါတယ်​။ နည်းပညာအသစ်​အဆန်း​တွေဆိုရင်​ ကျွန်​​တော်​တို့​တွေ မသိတာ​တွေအများကြီးရှိပါ​သေးတယ်​။
ကျွန်​​တော်​တို့လို စီးပွား​ရေးအရ ဆင်းရဲတဲ့နိုင်​ငံမှာ အစစအရာရာ နိမ့်​ကျ​နေတာ တိုးတက်​မှု အားနည်းလို့ပါပဲ။
ရုပ်​ဝတ္ထု​တွေ မတိုးတက်​​တော့ စိတ်​ပိုင်းဆိုင်​ရာ​တွေ တိုးတက်​သလားဆို​တော့လည်း fbတစ်​ခါ ကြည့်​မိတိုင်း ဆဲလိုက်​ကြတာ မိုးမွှန်​လို့ လိုင်းသုံးပြီးမှ ပိုပြီး​တောင်​ ရိုင်းစိုင်း​နေကြသလား ​အောက်​​မေ့ရ​အောင်​ပါပဲ။
ဘယ်​အရာမဆို တိုးတက်​ဖို့ဆိုရင်​ ကျွန်​​တော်​တို့​တွေက တိုးတက်​​အောင်​ကြိုးစားကြရမှာပဲ ဖြစ်​ပါတယ်​။ လုပ်​သမျှ​လောက်​ကို အခန့်​သား ထိုင်​စား​နေရင်​ တိုးတက်​မှုရပ်​သွားပါလိမ့်​မယ်​။
အဲ့ဒီလို မဖြစ်​ရ​အောင်​ အသစ်​အသစ်​​တွေကို တီထွင်​ဖန်​တီးပြီး အမြဲတ​စေ ရှင်​သန်​ကြီးထွား​နေ​အောင်​ ကြိုးစား​နေကြဖို့လိုပါတယ်​။
တိုးတက်​တဲ့နိုင်​ငံဟာ စာဖတ်​၍စာဖတ်​​တဲ့ နိုင်​ငံတိုင်း တိုးတက်​ကြတယ်​ လို့ ဦးသန့်​က​ပြောဖူးပါတယ်​။
image
စာဖတ်​​နေရုံမျှနဲ့ မတိုးတက်​ပါဘူး။ စာဖတ်​ပြီး ဦး​နှောက်​ အ​တွေးအ​ခေါ် အ​တွေးအကြံ​တွေကို ပွင့်​လန်းရှင်​သန်​​နေ​အောင်​လုပ်​ပြီး အဲ့ဒီစိတ်​ကူး​တွေကို လက်​​တွေ့အ​ကောင်​အထည်​​ဖော်​​နေကြမှသာ အမှန်​တကယ်​ တိုးတက်​မှာပါ။

ဒီ​​နေ့ ကမ္ဘာ​ပေါ်မှာ ဖုန်း​တွေထဲမှာ အ​ကောင်းဆုံးလို့ သတ်​မှတ်​ခံထားရတဲ့ အိုင်​ဖုန်း​ဟာ ဒီ​နေ့ပထိ အသစ်​အဆန်း​တွေကို ဖန်​တီးပြီး တိုးတက်​မှုကို ရယူ​နေတာဖြစ်​ပါတယ်​။ သူတို့ အိုင်​ဖုန်းကို လူ​တွေ သိပ်​ကြိုက်​ကြတာကလည်း အဲ့ဒီဆန်းသစ်​​နေမှု​ကြောင့်​ပါပဲ။

ဒါဟာ မရပ်​တန့်​တဲ့ ကြိုးစားမှု​ကြောင့်​ ရရှိ​နေတဲ့ တိုးတက်​မှုပဲ ဖြစ်​ပါတယ်​။အဲ့ဒီတိုးတက်​မှုနဲ့အတူ ​အောင်​မြင်​မှုကိုလည်း ရရှိ​နေတာ ဖြစ်​ပါတယ်​။

ဆန်းသစ်​မှု​တွေကို အမြဲရှာ​ဖွေ​နေပြီး အဲ့ဒီဆန်းသစ်​မှု​တွေဟာ လူ​တွေနဲ့ ဘယ်​​လောက်​အံဝင်​ခွင်​ကျ ဖြစ်​​စေသလဲ။ လူ​တွေ ဘယ်​​လောင်​ကြိုက်​ကြသလဲ ဆိုတဲ့အ​ပေါ် မူတည်ုပီး ရှာ​ဖွေသင့်​ပါတယ်​။

ကိုယ့်​ရဲ့လက်​ရှိအ​ခြေအ​နေက​နေ ​ငွေ​ကြေးပဲဖြစ်​ဖြစ်​ အသိပညာပဲပဲ ဖြစ်​ဖြစ်​ အရင်​ကထက်​ ပိုများလာတယ်​ ပိုသိလာတယ်​ ဆိုရင်​ ဒါဟာ တိုးတက်​မှုတစ်​ခုပါပဲ။
ကိုယ့်​တိုးတက်​မှုကို ကိုယ်​တိုင်​ဖန်​တီးပြီး ကိုယ့်​တိုးတက်​မှုလမ်းစကို ကိုယ့်​ဘသာပဲ ရှာ​ဖွေကြရမှာ ဖြစ်​ပါတယ်။ မူလအ​ခြေအ​နေထက်​ ယုတ်​​လျော့သွားတဲ့အဖြစ်​မျိုးကို ဘယ်​သူမှ အလိုမရှိကြပါဘူး..လူတိုင်းက​တော့ တိုးတက်​ချင်​ကြ ဖွံ့ဖြိုး ချင်​ကြတာချည်းပါပဲ။

ရုပ်​ပိုင်းဆိုင်​ရာ တိုးတက်​မှုပဲ ဖြစ်​ဖြစ်​ စိတ်​ပိုင်းဆိုင်​ရာ တိုးတက်​မှုပဲဖြစ်​ဖြစ်​ ကျွန်​​တော်​တို့​တွေဟာ ကိုယ့်​တိုးတက်​မှု​တွေကို ကိုယ့်​ဘာသာပဲ ရှာ​ဖွေကြရမှာပါ..။

ကျွန်​​တော်​တို့ ​တွေလည်း ကိုယ်​တိုင်​ ​အောင်​မြင်​ချင်​ကြရင်​ ကြိုးစားကြရမှာဖြစ်​သလို ကြိုးစားမှုရလာဒ်​ဖြစ်​တဲ့ ​အောင်​မြင်​တဲ့ တိုးတက်​ခြင်း​တွေကိုလည်း ​နောက်​ဆက်​တွဲရရှိ​နေမှာ ဖြစ်​ပါတယ်​။
image

Writter @htetnainglin
Msc 188
Photo credit google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Proတွက် ရေးတာဆိုရင် စာက တိုလွန်းပါတယ် ထက်ဖြည့်ပေးပါအုံး reply လဲ ပြန်ပါ

ဟုတ်​ မမ

အပြန်အလှန်လေးပေါ့ဗျာကြိုးစားတိုင်းမအောင်မြင်ကြပေမယ်အောင်မြင်နေတဲ့သူတွေဟာလည်းကြိုးစားကြလို့ပါခင်ဗျဟီးးးးးးးး

😁😁thanks

ရည်မှန်းချက် ပြင်းထန်ရင် ..
တိုးတက် အောင်မြင်မှာပါ ..

စာဖက်​တိုင်း မ​အောင်​မြင်​နိုင်​​ပေမယ့်​၊ ​အောင်​မြင်​​နေတဲ့သူတိုင်းဟာ စာဖက်​ကြတဲ့သူ​တွေ လို့ဆရာက​ပြောဖူးတယ်​ ။

Thanks bro

ဟုတ်

Ok

တိုးတက်​ချင်​စိတ်​​တွေရှိ​နေသ၍ ​အောင်​မြင်​နိုင်​မည်​ဟု ယုံကြည်​သည်

Hotr kat par

ကိုယ်‌စိုက်‌သ‌လောက်‌ ရိတ်‌သိမ်းရမှာပါ။များများ ကြိုးစား‌လေ ‌ကောင်း‌လေပါညီ။

ဟုတ်

နည်းပညာက​တော့
တလနဲ့တလမတူဘူးဗျာ

ဟုတ်​ကဲ့ပါ

တိုးတက်စေ့ အားဆေး တစ်ခွက်ပါဗျာ😄😄

😁😁

ဗဟုသုတရပြီး​ကောင်း​သောပိုစ့်​ပါ...

Thanks

ကောင်းပါတယ်ဗျ လက်တွေ့ဆောင်ရွက်နိုင်အောင်ကြိုးစားရပါတော့မည်

ဟုတ်

တိုးတတ်​​နေတဲ့နိုင်​ငံကလူ​တွေ စာဖတ်​ကြသည်

ဟုတ်

မိမိကိုယ်တိုင် ကြိုးစားပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် တိုက်တွန်းထားတာလေး ကောင်းပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့ပါ

တက်ကျမ်း သဘောလိုပေါ့

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပေမယ့် အောင်မြင်ကြတဲ့သူတိုင်း ကြိုးစားခဲ့ကြပါတယ်။

ဟုတ်

ရည်မှန်းချက်ထားပြီးကြိုးစားရင် တိုးတက်အောင်မြင်မှာပါ

Thank you for your sharing

ရုပ်ဝတ္ထုနောက်လိုက်ရင်း ဖိနပ်လည်းပါးတော့မယ်

ကြိုးစာနေသူတွေအတွက် ပန်းတိုင်ကအနီးလေးပါ