Image source
မချစ်ဘူးရင် အသည်းကွဲသီချင်းတွေနားမထောင်ရဘူးလို့ ဘယ်သူပြောလဲ။
အသည်းကွဲသီချင်းတွေ အလွမ်းသီချင်းတွေကို ရည်းစားမထားဘူးတဲ့ အဆိုတော်တွေမဆိုရဘူး သတ်မှတ်ချက်ရှိလို့လား။
မချစ်ဘူးရုံနဲ့ မချစ်တတ်ရတော့ဘူးလား။မချစ်ဖူးရုံနဲ့ မခံစားရတော့ဘူးလားဗျာ။သူငယ်ချင်းတွေ အပေါင်းအသင်းတွေကြား အသည်းကွဲခြင်းတွေ အလွမ်းအဆွေးတွေအကြောင်းပြောကြရင် ကျနော်ဝင်ပြောတိုင်း အရူးတစ်ယောက်လို ဟားတိုက်ခံရတာ ကျနော်ရင်နာတယ်။
ကျွန်တော်ကိုယ်တိုင်က အချစ်သီချင်းတွေ အလွမ်းသီချင်းတွေကို နားထောင်တိုင်း လှောင်ပြုံးတွေနဲ့ ကျွန်တော်သူငယ်ချင်းတွေက ရယ်မောကြတယ်။အချစ်ဆိုတာ ဘာလဲ။ အလွမ်းဆိုတာ သတိရခြင်းလား...
အချစ်ဆိုတာ ချစ်တတ်ခြင်းတိုင်းကိုသာ ခေါ်ရင် ကျနော်လည်း ချစ်တတ်တာပေါ့ဗျာ။ကျွန်တော့မှာလည်း ချစ်သူရှိတာပေါ့။ကျွန်တော့်မှာ ချစ်ရမယ့်သူတွေရှိတာပေါ့။
ကျွန်တော့်မိဘတွေ ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော်ကိုယ်တိုင်က နှစ်နှစ်ကာကာ သတိရတတ်သူတွေ တပုံတပင်နဲ့ ကျွန်တော့်မှာ ချစ်ရမယ့်သူတွေ အများကြီးမှ အများကြီးပါ။
သူတို့တွေကို ကျွန်တော်လွမ်းလို့မရဘူးလား။ သူတို့တွေကို ကျနော်ချစ်လို့မရဘူးလားလို့ မေးလိုက်ချင်မိတယ်။
ကျနော့်ပတ်ဝန်းကျင်မှာ အတော်များများက ချစ်သူဆိုရင် ကိုယ်နဲ့မသက်ဆိုင်တဲ့ သူစိမ်းမိန်းကလေးကိုပဲ ပြေးမြင်ကြလေ့ရှိတယ်။အဲ့ဒါမျိုးကပဲ အချစ်ဖြစ်စေတယ်လို့ ကျနော် လက်မခံချင်ဘူးဗျာ..
ကိုယ်ကချစ်ရတဲ့သူက ကိုယ်က သံယောဇဉ်ကိုယ့်ချစ်သူပဲလို့ ကျနော်ကတော့ ထင်ပါတယ်။
Image source
ဒါကို လက်ခံနိုင်ကြလိမ့်မယ်လို့လည်း ကျနော်ထင်မိပါတယ်။
ဒါပေမယ့် ကျနော်တို့က အချစ်သီချင်းတွေ အလွမ်းသီချင်းတွေကို နားထောင်ရင် ဘာကြောင့် ကျနော့ကို လှောင်ချင်ကြမှန်း နားမလည်ဘူးဗျာ...
မေတ္တာတွေ သံယောဇဉ်တွေအကြောင်းပြောရင် အချစ်ကိုပဲပြေးမြင်နေကြလေ့ရှိတယ်
အချစ်ဆိုတာ ချစ်နေရုံနဲ့ပြည့်စုံတယ်လို့ ဖွဲ့နွဲ့ကြပြန်ပြီး အချစ်တွေမရှိတော့တဲ့အခါ အသည်းကွဲတယ်လို့ပြောပြီး ငိုကြပြန်တယ်။
အချို့မိန်းကလေးတွဆိုရင် အချစ် အချစ်လို့ တဖွဖွပြောပြီး အိမ်ထောင်ရေးကို စီးပွားတွက် တွက်ကြပြန်တယ်..
ကျနော်ကတော့ အချစ်ကို ယုံကြည်ရခက်ပါတယ်။ဒါပေအယ့် ကျနော် ချစ်နေရတဲ့ ကျနော့ချစ်သူတွေကိုတော့ ကျနော် ယုံကြည်မိပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော်ကချစ်တဲ့သူတွေအပေါ်ထားတဲ့ ကျနော့်ရဲ့ ချစ်ခြင်းတွေက ဖြူစင်တယ်လေ..
နာကျည်းဖို့မရှိ ဝေးကွာသွားကြတဲ့တိုင် မုန်းကြဖို့မရှိတဲ့ ချစ်ခြင်းတွေနဲ့ ကျနော်က ကျနော့်ချစ်သူတွေကို ချစ်လို့ပါပဲ..
ဒါဟာ ရူးသွပ်မှုလို့ပဲဆိုချင်ဆိုပါစေ..
ကျနော့ချစ်ခြင်းတွေက ကျနော့်ခံစားချက်တွေအတိုင်း သန့်စင်စွာနဲ့ ချစ်နေပါတယ်။
အကယ်၍ ကျနော့်ကို ကျနော့်သူငယ်ချင်းတွေက သတ်မှတ်ကြတဲ့ သူစိမ်းမိန်းကလေးတစ်ယောက်နဲ့များ ချစ်သူဖြစ်ခဲ့မယ်ဆိုရင်တောင် ကျနော်က သန့်စင်တဲ့ ချစ်ခြင်းတွေပါတဲ့ သူငယ်ချင်းတွေလိုပဲ ချစ်ချင်မိတယ်။သန့်စင်တဲ့ နားလည်မှုတွေနဲ့ အပြန်အလှန် နားလည်နိုင်ကြမယ့် အမုန်းမရှိတဲ့ ချစ်ခြင်းတွေနဲ့ပဲ ချစ်ချင်မိပါတယ်..
Image sourcs
အခုအချိန်မှာတော့ ကျနော်ကိုယ်တိုင် အချစ်သီချင်းတွေ အလွမ်းသီချင်းတွေကို ကြိုက်နေတဲ့တိုင် အဲ့ဒါဟာ အမှန်တကယ်ခံစားချက်နဲ့ တိုက်ဆိုင်လို့ ကြိုက်တာ မဟုတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုကို အောင့်သက်သက်နဲ့ ကြိတ်မှိတ်ခံရင်း ကျနော်က ချစ်ရတဲ့ ကျနော့ချစ်တဲ့ ကျနော့မိဘတွေ ကျနော့ သူငယ်ချင်းတွေ ကျနော့် ညီအစ်ကို မောင်နှမတွေကို ချစ်ရင်း ခင်ရင်း လွမ်းရင်းနဲ့ပဲ..
တစ်နေ့မှာ အချစ်သီချင်းတွေ အလွမ်းသီချင်းတွေနဲ့ တစ်ထပ်ထဲ ခံစားချက်ကျတဲ့ အချိန်မှာ ကျနော့် သူငယ်ချင်းတွေကြားမှာ ခေါင်းမော့ ဝင့်ကြွားနိုင်စေရမှာပေါ့ဗျာ..
ဘာကြောင့်လဲဆိုတော့ ကျနော်က ချစ်တတ်တဲ့ နှလုံးသားနဲ့ လူလေ...
Writter @htetnainglin
Msc 188
လှောင်တဲ့သူတွေကို ပြန်ပြောလိုက်လေ...လောကကြီးမှာ အချစ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်လို့ ၊ ချစ်သူရည်းစားရှိမှ ချစ်ရမှာလားနော့လေ.. 😉😉
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ😁

အမြဲချစ်နိုင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

သန့်စင်တဲ့ချစ်ခြင်းမေတ္တာထားနိုင်ရင်အကောင်းဆုံးပါ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ

ကျွန်တော်လည်း ချစ်တတ်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး...ဟုတ်😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်ညီကို မချစ်တတ်ဘူးလို့ ဘယ်သူေ ပြာတာလဲကွ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိ....ဟုတ်တယ် ပြောပြိုက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုမိုးတွင်းဆိုတော့ အလွမ်သီချင်းလေးတွေနားထောင်ကောင်းတဲ့အချိန်ပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Feelကြမယ်လေ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်ချင်းကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ

အချစ်ဆိုတာ တကယ်ဖြူစဉ်သန့်ရှင်းပါတယ်
လူတွေကအရောင်ဆိုးနေလို့ အချစ်က ကြောက်စရာကောင်းတယ်လို့ပြောနေကြတာပါ ဖြူစဉ် သန့်ရှင်းတဲ့အချစ်က လူတွေရှိနေသ၍
မပြက်မစီးမြဲတမ်းရှင်သန်စီးဆင်းနေမှာပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်အကို

သူစိမ်းမိန်းကလေးချစ်သူမရှိတာ မချစ်တတ်တာမှမဟုတ်တာပဲလေ။အသဲနှလုံးရှိတဲ့ လူသားတိုင်း အချစ်ကိုယ်စီရှိပြီး အဓိပ္ပါယ်မျိုးစုံ ဖွင့်နိုင်ကြတာပဲလေ။ကိုယ့်သဘာဝနဲ့ကိုယ်ပေါ့။ဒီအချက်လောက်နဲ့တော့ ပတ်ဝန်းကျင်ကို မငဲ့လိုက်ပါနဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒန့်တန်...😝😝
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၅၂၈ အချစ်ကမှ ရင်ကိုအေးမြစေတာပါ
အမြဲချစ်တတ်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နှလုံးသားရှိသူတိုင်း အချစ်ရှိကြသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်လည်းပဲ ချစ်တတ်သူကြီးပါ 😆😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်တတ်တဲ့သူတိုင်းက ချစ်ခြင်းကို အလေးအနက်ထားတတ်ကြတယ်ဗျာ။