ကျနော်တို့လူသားတွေဟာ အမြဲတမ်း သူများထက်သာချင်ကြ၊အကောင်းဆုံး
ဆိုတာတွေကို လိုချင်ကြလေ့ရှိပါတယ်။
ဒါဟာလည်း လူ့သဘာဝမို့ အပြစ်ပြောလို့တော့
မရပါဘူး။သို့သော် အကောင်းဆုံးဆိုတဲ့ အရာတွေတိုင်းဟာ မိမိနဲ့ သင့်တော်မှု ရှိ မရှိ
ဆိုတာကိုတော့ မျက်ကွယ်ပြုထားလို့မရပါဘူး။
နေ့စဉ်နဲ့အမျှ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
တွေ့ဖူးကြမှာပါ။ငါဝတ်ထားတာ
အကောင်းဆုံး အ၀တ်အစား၊ငါသုံးနေတာက အကောင်းဆုံးနဲ့ဈေးအကြီးဆုံး အသုံးအဆောင်၊
ငါ့သား၊သမီးတွေကိုတော့ ဒီမြို့ရဲ့ အကောင်းဆုံး
ကျောင်းမှာထားတယ်လေ။အစရှိသဖြင့် ပြောကြဆိုကြတာတွေ ကြုံတွေ့ဖူးကြမှာပါ။
ဒါတွေအပြင် လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေး
အစရှိတဲ့ နယ်ပယ်များမှာလည်း အကောင်းဆုံးဆိုတာတွေကိုသာ လိုချင်တောင့်တလေ့ရှိကြပါတယ်။အဆိုပါ အကောင်းဆုံးဆိုတဲ့ အရာတွေဟာ တကယ်ရော မိမိနှင့်သင့်လျှော်မှုရှိရဲ့လားဆိုတာ
ကို လျစ်လျူ ရှုနေတတ်ကြပြီး သူများထက်သာရင် ပြီးရော ဆိုတဲ့ အတ္တစိတ်နဲ့သာ အကောင်းဆုံးဆိုတဲ့အရာတွေကို သူ့ထက်ငါ အလုအယက် ရွေးချယ်နေကြတာလည်း တွေ့မြင်ဖူးကြမှာပါ။
အဲဒီလို အကောင်းဆုံးအရာများကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားကြတဲ့အခါမှာ
တချို့ကလည်း အစွမ်းအစရှိသမျှနဲ့ ကြိုးစားပြီး
ရယူလေ့ရှိကြသလို၊တချို့ကလည်း မသမာတဲ့နည်းလမ်းများနဲ့ ရယူလေ့ရှိကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ အကောင်းဆုံးသော အရာများကို ရရှိတဲ့အခါမှာ
မိမိနဲ့သင့်တော်မှု မရှိတဲ့အခါ အများအမြင်မှာ
ကဲ့ရဲ့စရာ၊သူများပြောစရာ တခုသာ ဖြစ်လာမှာပါ။
အထက်မှာဖော်ပြခဲ့သလို မိမိအနေနဲ့ အကောင်းဆုံး၊ဈေးအကြီးဆုံး အ၀တ်အစားကို
ဝတ်ဆင်လိုက်တဲ့အခါမှာ ထိုအ၀တ်အစားရဲ့ အရောင်အသွေးဟာ မိမိရဲ့ အသားအရောင်နဲ့ မလိုက်ဖက်တဲ့အခါ၊ထိုအ၀တ်အစားရဲ့ ချုပ်ရိုးချုပ်သားဟာ မိမိရဲ့ ခန္တာကိုယ် အချိုးအစားနဲ့ မကိုက်ညီတဲ့အခါ၊ထိုအ၀တ်အစားဟာယမိမိအတွက် အကောင်းဆုံးဖြစ်နိုင်ပါအုံးမလားဆိုတာ စဉ်းစားသင့်တဲ့အရာတစ်ခုပါ။ချုပ်ထားတဲ့ ဒီဇိုင်း၊
သုံးထားတဲ့ ပိတ်စရဲ့ တန်ဖိုးကြီးမားမှု၊ချုပ်လုပ်သူ ဒီဇိုင်နာရဲ့ အောင်မြင်ကျော်ကြားမှု၊အသုံးပြုတဲ့ ကုန်ကြမ်းများရဲ့ တန်ဖိုးကြီးမားမှု၊ရှားပါးမှုတို့အပေါ်မူတည်ပြီး
ဈေးနှုန်းတန်ဖိုးအရ၊အမြင့်မားဆုံးနဲ့အကောင်းဆုံးဖြစ်နိုင်ပါတယ်။သို့သော်အချက်အလက်များအရသာ အကောင်းဆုံးဖြစ်နေတာပါ။မိမိနဲ့ မလိုက်ဖက်တဲ့အခါ ဘယ်လိုမှ အကောင်းဆုံးမဖြစ်နိုင်ပါဘူး။
အလားတူပဲ မိမိရဲ့ သားသမီးများကို အကောင်းဆုံး၊စည်းကမ်းအရှိဆုံးကျောင်းမှာ ထားကြပေမဲ့ စည်းကမ်းရဲ့တန်ဖိုးကိုနားမလည်တဲ့၊စည်းကမ်းမရှိတဲ့ ကလေးများဖြစ်နေပါက မိမိရဲ့ကလေးများဟာ စည်းကမ်းကြောင့်ပဲ
စိတ်ညစ်ကြရမှာပါ။အလားတူပဲ မိမိကလေးရဲ့ ဉာဏ်ရည်အဆင့်အတန်းဟာလည်း အခြားကလေးများနဲ့ တန်းတူထက်မြက်မှု မရှိပါက တကယ်တမ်းနစ်နာရမှာ မိမိရဲ့သားသမီးများပဲဖြစ်ပါတယ်။စည်းကမ်းကောင်းခြင်း၊အသင်အပြကောင်းခြင်း၊ဘက်စုံထူးချွန်အောင်သင်ကြားနိုင်ခြင်း အစရှိသော အချက်အလက်များကြောင့် အကောင်းဆုံးဖြစ်နိုင်သော်လည်း မိမိ၏သားသမီးများနှင့် သင့်လျှော်၊ကိုက်ညီမှု မရှိသောအခါ အကောင်းဆုံးဟု သတ်မှတ်၍ မရတော့ချေ။
မိမိရဲ့ အခြေအနေ၊အနေအထားများနှင့် ကိုက်ညီ၍ အံဝင်ခွင်ကျ ဖြစ်မည့်အရာများသာ
မိမိအတွက် အကောင်းဆုံးဖြစ်ပေမည်။
တခါက အင်တာနက်တွင် ဖတ်ခဲ့ဖူးသော ပုံပြင်လေးတစ်ပုဒ်ကို မှတ်မိသလောက်
ပြန်လည်ဖော်ပြပါအုံးမည်။
"တစ်ခါက စိုက်ပျိုးရေးဆရာတစ်ဦးက ကျေးရွာတစ်ရွာသို့သွားရောက်ပြီး စိုက်ပျိုးရေးနှင့်ပတ်သတ်သော အကြောင်းအရာများကို ရွာသူရွာသားများသိရှိစေရန် ပြောဆိုဝေမျှပေးလေသည်။ရွာသူရွာသားများကလည်း သိလိုသောအကြောင်းအရာများကို မေးမြန်းကြလေသည်။
စိုက်ပျိုးရေးအတွက် မည်သည့် သဘာဝမြေသြဇာကို သုံးလျှင် အကောင်းဆုံးလဲဟုမေးကြလေသည်။စိုက်ပျိုးရေးဆရာလေးကလည်း သစ်ရွက်ဆွေးမြေသြဇာက ကောင်းပါသည်ဟုဖြေလေရာ သစ်ရွက်ဆွေးထက်ကောင်းတဲ့ မြေသြဇာမရှိဘူးလားဟုမေးရာ ဆရာလေးမှ
နွားချေး၊ကျွဲချေးများက ပိုကောင်းသည်ဟု ပြောသည်။ရွာသားများက ထို့ထက်ကောင်းတာရော မရှိဘူးလားမေးကြပြန်သည်။ထိုအခါ ဘဲချေး၊ကြက်ချေးက ပိုကောင်းသည်ဟုပြောလေရာ သူ့ထက်ကောင်းတဲ့ အရာရှိလျှင် ပြောပါအုံးဆိုတော့ လင်းနို့ချေးက ပိုကောင်းသည်ဟု ပြောလေရာ ရွာသားများက
လင်းနို့ချေးနဲ့ စိုက်ပျိုးရေးလုပ်ချင်သည်ဟု ပြောကြလေသည်။ထိုအခါ စိုက်ပျိုးရေးဆရာလေးက လင်းနိ့ချေးက အကောင်းဆုံးဖြစ်သော်လည်း လင်းနို့ချေးဖြင့် စိုက်ပျိုး၍ မရနိုင်ကြောင်း၊ ရှားပါး၍အကန့်အသတ်ဖြင့်သာ
ရရှိနိုင်သောကြောင့် အလေအလွင့်ဖြစ်လို့ မရကြောင်း ရှင်းပြတဲ့အခါကျတော့ ရွာသားတစ်ဦးက
"အဲဒါဆို အလေအလွင့်နည်းအောင် လင်းနို့ဖင်ထဲဝင်ပြီး စိုက်ပျိုးရေးလုပ်ရင် မကောင်းဘူးလား" ဟုမေးမြန်းလိုက်လေရာ တရွာလုံး ပွဲကျသွားလေသည်။ပုံပြင်လေးကတော့ဒါပါပဲ...
အကောင်းဆုံးအရာဖြစ်နေသည့်တိုင်အောင်
မိမိအတွက်အလုပ်မဖြစ်ရင် အံဝင်ခွင်ကျ မဖြစ်နိုင်ကြောင်း ပုံပြင်လေးက ဖော်ပြနေသည်။
ကျနော်တို့အားလုံးသည် အကောင်းဆုံးများနှင့်
ထိုက်တန်ပါသည်။မိမိနှင့် အံဝင်ခွင်ကျဖြစ်သော အကောင်းဆုံးများကို ပိုင်ဆိုင်နိုင်ကြပါစေဟု
ဆန္ဒပြုလျှက်...
ကောင်းတယ် အစ်ကိုရေ .. အကောင်းဆုံးဆိုတာထက် မိမိနဲ့ အသင့်တော်ဆုံးသော အရာတွေနဲ့ ကျေနပ်နိုင်တာ အကောင်းဆုံးပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါပဲအကိုရေ။ကိုယ်နဲ့ကိုက်ညီဆုံးသောအရာပဲ အကောင်းဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးကိုတော့ လိုချင်ကြတာပဲလေ။ ထိုက်တန်သည်မတန်သည်နောက်မှာထား တကယ်ကို အကောင်းဆုံးကို လိုချင်ပါတယ်ဗျ။ အံဝင်ဂွင်ကျ အကောင်းဆုံးလေးအားမျှော်လင့်ပါ၏။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူတူပါပဲ ဦးညီရေ။အကောင်းဆုံးတွေပဲ ရရှိဖို့ မျှော်လင့်ပါတယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
the best pop 😇
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Yess..Ma theingi is the best .. :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှတ်ကောင်းလို့ ဆေးလိုင်းတက်ရပေမဲ့ သူဝါသနာပါတာက အင်ဂျင်နီယာ အကောင်းဆုံးရလာဒ်ပေမဲ့ ဝါသနာနဲ့ ယူရတဲ့လိုင်းက မတူညီသောအခါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အမရေ...စံသတ်မှတ်ချက်တွေအရ အကောင်းဆုံးဖြစ်နေရင်တောင် ကိုယ်နဲ့မကိုက်ညီတဲ့ဟာမျိုးကျတော့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေးလည်းတွေးတတ်ပါပေ့ ရွာသားများရယ်😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုပါ့...ကွောင်ကြီးအတိုင်းပဲ။ :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကာင်းဆုံးတွေ လူတိုင်းပိုင်ဆိုင်
ချင်ကြတာသဘာဝပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါပဲ ဦးထွေးရေ။ဦးထွေးလည်း အကောင်းဆုံး
ဆေးပေးမီးယူလေးနဲ့ အမြန်ဆုံးနီးစပ်ပါစေလို့.. :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သက်သက်လွတ် ကြိုက်မဲ့ပုံပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငိ..လင်းနို့ချေးက သက်သက်လွတ်လား..ကိုညီ.. :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူချေးတော့ပေါတယ်။ထောင်သားတွေပန်းဂေါ်ဖီကိုလူချေးနဲ့စိုက်တယ်ဆိုပဲ။ဝေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
များများစား မဇာ။ အသားအရေ လှတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟားဟားဟား … လင်းနို့ဖင် ပေါက်ထဲ ဘယ်လိုအပင်စိုက်ပ
စမ်းကြည့်ချင်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စမ်းကြည့်..အောင်မြင်ရင် ပြန်ပြောနော် မမ။
လင်းနို့ကိုတော့ သုပ်မစားလိုက်နဲ့အူး.. :P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိုက်လို့ ရတယ် ဒါပေမဲ့ ဘယ်တော့မှ မစိုက်ဘူး @mamamyanmar လက်ချက်မိသွားမှာကြောက်လို့  စတာဘာ စတာဘာ. . . .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မလုပ်ပါနဲ့...လင်းနို့ချေး သုပ်ကျွေးနေအုံးမယ်.. :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်ုပ်တို့သည် အကောင်းဆုံးကို ပိုင်ဆိုင်နိုင်ရမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံး ကြိုးစားပါ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရောက်ရှိရာနေရာမှာအကောင်းဆုံးလုပ်ရင်
အကောင်းဆုံးဆိုတာရှနေမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဗျာ...အကောင်းဆုံးလုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိဘူး SL က အကောင်းဆုံးပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါတဖက်လှည့်နဲ့ ငါ့ကို လင်းနို့ချေးလို့ ပြောလိုက်တာဘဲ။ :(
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဆိုးဘူး အဲ့ရွာသားအတွေးအခေါ်ကောင်းတယ် SLကျနေတာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
dumax သောက်တာများသွားလို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးကိုလိုခြင်၊ရခြင်သူတွေအတွက်..ကိုယ့်ဖက်ကလည်း..ဘာတွေကိုအကောင်းဆုံးပြင်ဆင်ရမှာလဲ..ပေးဆပ်ရမှာလဲ..ဆိုတာတွေကိုဆက်ရေးပါဦးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit