ရလာဒ်ကောင်းဖို့ (၂)

in myanmar •  7 years ago  (edited)

အပိုင်း၁ ဖတ်ရန်

အပိုင်း၁ ပို့စ်မှာတော့ အတွေး၊ခံစားချက်၊လုပ်ဆောင်ချက်နဲ့ရလာဒ်များအစရှိတာတွေနဲ့ပတ်သတ်ပြီး
အခြေခံရှင်းလင်းချက်များကို ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။အခုပို့စ်မှာတော့
TFAR Modelsအရ အတွေးမှတစ်ဆင့် နောက်ဆုံး
ရလာဒ်ဆီသို့ရောက်ရှိတဲ့အချိန်အထိ ဖြစ်စဉ်ကို
ဖော်ပြပေးသွားပါမယ်။

TFAR Modelsရဲ့ ဖြစ်စဉ်ကို ဥပမာအနေနဲ့ ဖော်ပြရ
မယ်ဆိုရင် လူတစ်ယောက်ဟာ အိမ်ကနေထွက်တဲ့အချိန်မှာ ကားလမ်းတွေအရမ်းပိတ်နေတယ် ဆိုပါစို့။
ရာသီဥတုကလည်း အလွန် ပူနေတာကြောင့်
စိတ်ညစ်လာပြီး မကောင်းတဲ့ အတွေးတွေ
စ၀င်လာပါတော့တယ်။

"ရာသီဥတုကလည်း ပူလိုက်တာ၊
ကားကလည်းပိတ်နေတာရွေ့ကိုမရွေ့တော့ဘူး
ဟိုအရှေ့ကလူကလည်း ကားကို ဘယ်လိုမောင်းနေလဲမသိဘူး."အစရှိသဖြင့် အတွေးများတွေးမိလာမည်
ဖြစ်သည်။ရာသီဥတုနှင့်၊ပတ်ဝန်းကျင်အခြေအနေများက မိမိ၏အတွေးအပေါ်လွှမ်းမိုးသွားခြင်း
ဖြစ်သည်။

ထိုသို့အတွေးများမှတဆင့် စိတ်ညစ်လာမည်။
စိတ်တိုလာမည်။စိတ်ရှုပ်လာမည်။ပတ်ဝန်းကျင်မှ
လူများအပေါ် ဒေါသထွက်လာမည် အစရှိသဖြင့်
ခံစားချက်များဖြစ်ပေါ်လာမည် ဖြစ်သည်။
မကောင်းသော အတွေးများကို
အခြေခံရာမှ မကောင်းသော ခံစားချက်များ
ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့နောက် ထိုသူသည် မိမိပတ်ဝန်းကျင်မှ
(သို့မဟုတ်)မိမိလုပ်ငန်းခွင်မှသူများအပေါ်
ဒေါသအလျှောက် ဆူပူကြိမ်းမောင်းမိခြင်း၊
အမြင်မကြည်ခြင်း၊စကားပြောဆိုရာတွင်
အဆင်မပြေခြင်း အစရှိသော လုပ်ဆောင်ချက်များ
ပြောဆိုပြုမူ လုပ်ဆောင်လာနိုင်ပါသည်။
မကောင်းသော အတွေးနှင့်
ခံစားချက်များမှနေ၍ မကောင်းသော အပြုအမူဆီသို့ ဦးတည်လာခြင်းဖြစ်ပေသည်။

ထိုသို့ မိမိပတ်ဝန်းကျင်မှ၊လုပ်ငန်းခွင်မှ
လူများနှင့်ပြောဆိုဆက်ဆံရာတွင်
အဆင်မပြေသောကြောင့် ထိုနေ့
တနေ့တာအတွင်း လုပ်ငန်းဆောင်တာများ
လုပ်ဆောင်ရသည်မှာ အဆင်မပြေခြင်း၊
လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေခြင်း၊
တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားစရာများ
ဖြစ်ပေါ်လာနိုင်ခြင်း အစရှိသော ရလာဒ်များကို
ရရှိလာနိုင်ပေသည်။

ယခုဖော်ပြခဲ့သော ဥပမာမှာ ကျနော်တို့
ပတ်ဝန်းကျင်တွင် နေ့စဉ် ကြုံတွေ့နေကြ
ဖြစ်သော ဖြစ်ရပ်များထဲမှ တစ်ခုပင်ဖြစ်သည်။
အလားတူပင် လူမှုရေး၊အိမ်ထောင်ရေး၊
စီးပွားရေး အစရှိသည့် ကျင်လည်ရာ
နယ်ပယ်များတွင် နေ့စဉ်နှင့်အမျှ အခြေအနေမျိုးစုံနှင့် တွေ့ကြုံနေကြရမည်ဖြစ်ပါသည်။ထိုသို့
တွေ့ကြုံလာရသော အခြေအနေများပေါ်တွင်
စတင်ပေါက်ဖွားလာသော မိမိတို့၏ အတွေးမှာ
အလွန်ပင်အရေးကြီးပါသည်။ရာသီဥတု
အခြေအနေကြောင့်သော်လည်းကောင်း၊
အခြားသော ပြင်ပအခြေအနေတစ်ခုခုကြောင့်
သော်လည်းကောင်း မကောင်းသောအတွေးများ
တွေးမိလာတတ်ကြသည်။ထိုအချိန်တွင်
သတိထားကာ ဆင်ခြင်ခြင်းအားဖြင့်
နောက်ဆက်တွဲဖြစ်လာမည့် ခံစားချက်များ၊
လုပ်ဆောင်ချက်များနှင့်ရလာဒ်များအား
ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
သို့မှသာ သာယာလှပသောနေ့ရက်များနှင့်
ပျော်ရွှင်ဖွယ်ရာ လူ့ဘောင်ဘ၀ကို ပိုင်ဆိုင်နိုင်မည်
ဖြစ်ပါသည်။

15-39-32-how-to-help-people-achieve-great-results-the-tfar-model-2-638.jpg
image source credit

@htetwaihin

MSC - 039

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

TFAR
👍👍👍

Thanks for upvoting @cornholio.

အိုး post တစ်ခုစာလောက်တောင်ရနေပါလား မိုက်ချက်ပဲမက်မက်ကိုရီးယားရေ

😄
အဲ့တစ်ယောက်ကလည်း မမှန်ဘူး။ အကြာကြီးနေမှ တစ်ခါလာ လာ ဘုတ်တာ။
နေ့တိုင်း ဘုတ်ရရင် ရှယ်ပဲ he he.

Thanks for your support...

ဟုတ်​ကဲ့ပါ အစ်​ကိုခင်​ဗျ ..ကိုယ့်​စိတ်​​တွေ ခံစားမှု​တွေ ကို ထိန်းသိမ်းနိုင်​ပြီး ရလဒ်​​ကောင်းဖို့ကြိုးစားပါ့မယ်​ဗျာ ..

အကောင်းဆုံးပါပဲအကိုရေ...ကိုယ့်ရဲ့အတွေးတွေကို မကောင်းတဲ့ဘက်ကို မယိမ်းအောင်ထိန်းနိုင်ရင်ပဲ
တော်တော်အလုပ်ဖြစ်နေပါပီဗျာ...

TFAR
😁😁😁

TFAR IS TFAR... :P

ရာသီဥတု ကလည်းပူလိုက်တာ ဒီရက်ပိုင်း 5sbd ရထားတာလေး
wallet ထဲရောက်ခါနီး မှသျေးကျသွားရင် ဒုက္ခ
အဲ့လို မတွေးမိစေနဲ့ လို့ ဘာ

ဈေးအတက်အကျက ကိုယ်ထိန်းချုပ်လို့မရဘူးလေ။အာ့ပေါ်မှာ feelingတေဖြစ်နေရင် ကိုယ်ပဲခံစားရမှာပေါ့.. :P

T +F+A=R
very meaningfull word

Thank you bro..

ဟုတ်ပါ့ စိတ်လေး ကသိကအောင့်ဖြစ်သွားပြီဆို တစ်နေ့တာ ဘာလုပ်လုပ်အဆင်မပြေတော့ဘူး

ပထမဆုံးဖြစ်လာတဲ့ အတွေးကို သေချာလေးသတိထားပီး ပြင်ကြည့်ပါ။

အာ့လိုအဖြစ်​မျိုး ခနခနကြဖုးတယ်​ဗျ
စိတ်​ကမကြည်​ သူငယ်​ချင်း​တွေနဲ့စကား​ပြောလည်းအဆင်​မ​ပြေ အလုပ်​ထည်းလည်းအဆင်​မ​ချော နဲ့

ပထမဆုံးဖြစ်လာတဲ့ အတွေးကို သေချာလေးသတိထားပီး ပြင်ကြည့်ပါ။

တီဖာကြီးကတစ်မျိုးပဲဗျာခေါ်ရတာ။ဒီလိုဆိုရင်ကောအာစိ T လေးဖြုတ်လိုက်။

ငမ်း..အာ့ဆို ပိုဆိုးသွားမှာပေါ့.. :D

ရာသီဥတုနဲ့ စိတ်နဲ့ အများကြီး ဆက်နွယ်ပတ်သက်နေတယ် slရေ ရာသီဥတုပူရင် အလိုလိုနေရင်း စိတ်တိုတယ်

အာ့ပြောတာ...အဲ့လို ထိန်းချုပ်လို့မရတာတေပေါ်မှာလိုက်ပီး ခံစားလို့မရပုဆို။

စိတ်ရှင်းမှ ကိုယ်ရှင်းတာ
စိတ်ရှုပ်တော့ အကုန်ရှုပ်ကုန်ရောပေါ့ဗျာ

အမှန်ပဲ ဦးထွေးရေ...

စိတ်ကိုထိန်းနိုင်တာ အကောင်ဆုံး ပေါ့

ဟုတ်ပါတယ် Bro...

အဲ့ဒီအချိန်ခါမျိုး ကျရင် အာရုံလွဲနိုင်ဖို့ လိုတာပေါ့နော်

ဟုတ်...အာရုံလွှဲလို့လည်းရပါတယ်။တခြားကောင်းတဲ့အရာတခုကိုပြောင်းတွေးဖို့ပေါ့။ရာသီဥတုပူတာမျိုးလို သဘာဝကျတော့ ကိုယ်ထိန်းချုပ်လို့မရဘူးလေ။အာ့ကိုလက်ခံနိုင်အောင်ပဲ ကြိုးစားရမှာပေါ့။

Emotional Manangement လိုအပ်တယ် ပြောရမလား leader

Good ကောင်းတယ်ဗျာ ရေးသားချက်လေးတွေ ဥပမာပေးလေးတွေ