အကျိုးမရှိသော စိတ်လေခြင်း

in myanmar •  7 years ago  (edited)

Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ။

image

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာတာ ဘာလိုလိုနဲ့ ကျွန်တော်တို့ Gp4 လေး pro တင်ရမယ့်နေ့တောင် ရောက်လို့ပါရောလား။ pro ရက်က ရောက်ပြန်လာပေမဲ့လည်း ဆောင်းပါးတွေ ရေးဖို့ စိတ်တွေက အဝေးကို ရောက်နှင့်လေတယ်။ ဘယ်လိုမှကို စိတ်တွေ စုစည်းမရဘဲ အရမ်းကို စိတ်တွေ ရှုပ်နေမိတယ်ဗျာ။ ဒါနဲ့ဘဲ ဒီတခေါက်တော့ မရေးတော့ဘဲ နေလိုက်တော့မယ်လို့ စိတ်ထဲ တွေးနေမိတယ်။ တွေးရင်းတွေးရင်းနဲ့ဘဲ အတွေးလေးတစ်ခု ခေါင်းထဲရောက်လာတာနဲ့ ဒီစာလေးကို ရေးလိုက်မိတယ်။ ကျွန်တော် တွေးမိတဲ့ အကြောင်းအရာလေး မရေးခင် ဘာကြောင့် စိတ်တွေလေနေတဲ့ အကြောင်းလေးကို အရင်ပြောပြချင်တယ်။ ဘာကြောင့် စိတ်လေတယ်ဆိုတော့ပေါ့နော။ ဘာကြောင့်မှန်း သေသေချာချာမသိဘဲနဲ့ကို စိတ်လေနေတာ။

image

ကျွန်တော် အမြဲတမ်း pro ရက်အတွက် ဆောင်းပါးရေးဖို့ကို တပုဒ်ပြီးတိုင်း နောက်တပုဒ်အတွက် တွေးလို့ နေတတ်တယ်။ pro ရက်ရောက်ရင် ဟိုအကြောင်းရေးမယ် ဒီအကြောင်းရေးမယ်ပေါ့ ဆိုပြီး ရပ်ကွက်ထဲ လူတွေ လိုက်ကြည့်ပြီး ခေါင်းစဉ်ရပြီး ဘာပြီးနဲ့ အမြဲလိုလို pro တွက် ဆောင်းပါးရေးဖို့ တက်ကြွနေခဲ့တယ်။ ဒီအပတ်လေးမှာတော့ အရင်က တွေးထားတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေလည်း ပျောက်ပြီး ဘာလုပ်လုပ် စိတ်ထဲမပါ ကိုယ်သွားတိုင်း စိတ်မပါသလို အလုပ်ကလုပ်မြဲ စိတ်ကတော့ လေနှင်ရာ လွင့်နေမိတယ်။ စိတ်လွင့်ရာကို လိုက်ရင်း ကိုယ်ဘာကြောင့် စိတ်တွေ အဲ့လို လွင့်နေရတာလဲ ဆိုတာ ပြန်တွေးမိတယ်။ ငါ့စိတ်တွေ လေနေတာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ဘဲ မဖြစ်ချင်တာတွေဘဲ ဖြစ်နေလို့ ဆိုတာကို တွေးမိတယ်။ လူမှု့ရေး စီးပွါးရေး အချစ်ရေး စသည်း အရေးတွေမှာ ကိုယ်မျှော်မှန်းထားသလို ဘာတခုမှလည်း မဖြစ်ပါလားဆိုပြီ တွေးရင်းတွေးရင်းနဲ့ စိတ်လေသွားတာကိုး သွားတွေ့မိတယ်။

image

အဲ့အတွေးလေးအပေါ် ပြန်ပြီ သုံးသပ်မိလို့ ဒီဆောင်းပါးလေးဖြစ်လာရခြင်း ဖြစ်တယ်။ ငါ့စိတ်တွေ လေနေလို့ရော ဘာထူးလာမှာလဲပေါ့ ဆိုပြီ ပြန်တွေးမိတယ်။ ကျွန်တော်တို့ လူသားအားလုံး လောကအလယ် လူဖြစ်လာပြီဆို လောကဓံကို ရင်ဆိုင်ကြုံတွေ့ရမှာ အမှန်ပါဘဲ။ ထိုကြုံတွေ့ရတဲ့ လောကဓံကို ဖြေရှင်းဖို့ ကျွန်တော်တို့အတွက် နှစ်နည်းဘဲရှိတယ်။ ရင်ဆိုင်မလား အရှုံးပေးမလား ဒါပါဘဲ။ လူသားတိုင်း လူမှု့ရေး စီးပွါးရေး အချစ်ရေး စသောအရေးတွေနဲ့ ပတ်သတ်ပြီ အမျိုးမျိုးသော ဒုက္ခတွေကို ကြုံတွေ့နေရတာ အမှန်ပါဘဲ။ ကျွန်တော်လည်း လူသားထဲလူသားမို့ ထိုအရေးတွေ ကြုံပြီ pro ရက်တောင် စာမရေးချင်ဖြစ်ပြီ စိတ်တွေလေနေပါတယ်။ ပြန်တွေးကြည့်လိုက်တော့ ငါ့စိတ်တွေ လေနေလို့ရော ငါ့အတွက် အကျိုးရှိမှာလား သူတပါးအတွက်ရော အကျိုးရှိမှာလား ဘာကို အကျိုးရှိမှာလဲပေါ့။ စိတ်လေနေလို့ ဘာမှအကျိုးမရှိပါဘူး။ အမှန်ပါဘဲ။

အခုကျွန်တော် စိတ်လေလို့ pro မတင်ဘူးဆိုပြီ စာမရေးတော့ဘူးဆို ဘယ်သူနစ်နာမလဲ။ ကျွန်တော်ကိုယ်တိုင်ပါဘဲ။ နောက်ပြီ ကျွန်တော်မတင်လို့ ဘယ်သူအကျိုးရှိမှာလဲ။ အကျိုးမရှိတဲ့အပြင် ကိုယ့်အဖွဲ့လေးက လူအပြည့်မတင်နိုင်ပါလားဆိုပြီ သူများတွေအတွက် ထိခိုက်နိုင်သလို myanmar tag အတွက်လည်း post တစ် post နစ်နာစေပါတယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်လာနိုင်သလို ကိုယ်ဖြစ်ချင်တာတွေလည်း သူ့အလိုလို ဖြစ်လာမှာ မဟုတ်ပါဘူး။ လမိုက်ညမှာ လမင်းမတွေ့လို့ ငိုင်နေရင် တောက်ပစွာ ထွက်ပေါ်လာမဲ့ နေမင်းကြီးနှင့်လည်း လွဲသွားရုံဘဲ ရှိမှာပါ။ စိတ်လေနေလို့ ငါ့အတွက် ဆုံးရှုံးမှု့ဘဲ ရှိမှာကို သိသိကြီးနဲ့ ဆက်ပြီ စိတ်လေနေရင်တော့ ကိုယ့်ဘဝ ကိုယ့်မျှော်လင့်ထားတဲ့ ပန်းတိုင်ကို ရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ဘာမှအကျိုးမရှိတဲ့ စိတ်လေကို ဖျောက်ပြီ ကိုယ့်ဘဝ ကိုယ်မျှော်လင့်ထားတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ စွမ်းအားကြီးမားလှတဲ့စိတ်တွေကို စုစည်းပြီ အရာရာလုပ်ဆောင်လိုက်ပါ။ တနေ့ဧကန်မုချ အောင်မြင်လာပါလိမ့်မည်။ ဥပမာအနေဖြစ် ဒီဆောင်းပါလေးကို ကြည့်ပါ ဘာလိုလိုနှင့် ဆောင်းပါးလေးတပုဒ် ဖြစ်သွားပါပြီ။ စာဖတ်သူအားလုံး ကျန်းမားရွှင်လန်းကြပါစေ။

Myanmar Steemit Community မှ အဖွဲ့ဝင်များ စိတ်သောကကင်းပြီ အပူအပင်မရှိသော ဘဝမျိုးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စိတ်လေနေရင် အိမ်သန့်ရှင်းရေး ထလုပ်ပလိုက်
နာလည်းbtc ဈေးတေကျလို့ စိတ်လေနာ
အခု အိမ်ကို သန့်ရှင်းရေးလုပ်နာ နားချိန်မရှိတော့ စိတ်လေချိန်
လည်း မရှိ အေးရော

ကောင်းသားနော အိမ်လည်းပြောင်ရောပေါ့

စိတ်​​လေမ​နေပါနဲ့bro

ကျေးဇူပါbro

အချိန်တန်ရင်တော့ ငြိမ်သွားတာပါဘဲ
တစ်သက်လုံးလဲ လေလို့မရပါဘူးလေ

မှန်တာပေါ့ဗျာ စိတ်လေတာကနေ စိတ်ကျတဲ့အထိမရောက်အောင် ပြန်လည် ထိန်းသိမ်းဖို့ လိုသေးတယ်မလား

အဲ့လိုပဲ​အ​တွေးဆိုတာကြုံရက​နေလာတတ်​တယ်

ဟုတ်တာပေါ့ဗျာ

မြောက်ပြန်လေ တိုက်လာလို့နေမယ်

အဲ့လေမျိုး ကြားဖူးသေးဘူး

အချိန်​တစ်​ခု​စောင့်​လိုက်​ရင်​ okသွားမှာပါ

စောင့်တော့ဘူးလေ အကျိုးမှမရှိတာနော

fighting bro ထင်

ဟုတ်ကဲ့ပါ bro ကျေးဇူပါ

ဘာဘဲရေးရေး ကော်ပီမဟုတ်တော့ good

ကျေးဇူပါ

ရေးတတ်တော့လည်း စိတ်လေတာကို ပို့စ်တခုဖြစ်အောင်ရေးလို့ရတာပဲ...good bro.

လေရင်ူတွေးရင်းဆိုတော့ steemit ဘဲရောက်ရောက်သွားတာကိုး

Fighting အားတင်းပါ

ကျေးဇူပါ

ကောင်းတယ်အစ်ကိုကြီးထင်လင်းအောင်ရေစိတ်လေကိုဖျောက်လိုက်တာ။

ကျေးဇူပါအစ်ကိုရေ

nice post

thank

တီချယ်​ကလည်း ​နွေ​ရောက်​ပြီ ​တောင်​​လေတိုက်​တာပါဗျာ

ဟုတ်တာဘဲကို

စိတ်​​လေရင်​ စာ​ရေးလို့မရတာအမှန်​ပဲ။
ဒါ​ပေမယ့် စိတ်​​လေလို့ စာမ​ရေးနိုင်​​ကြောင်း​ရေး​တော့ တစ်​ပုဒ်​ရသွားတာပ 😂

ဟုတ်ပါ့နော မရေးဘူးဆုံးဖြတ်ထားတာ မရေးလို့လည်း ကိုယ့်အတွက် အကျိုးမရှိဘဲ နစ်နာမှာများနေတာတွေးမိပြီ လေတာဖျောက်ပြစ်လိုက်တာ

သိသိနဲ့ ကိုလေနေတော့ခက်တယ်

ဟုတ်ပါ့

အခုတောင်ရေးဖြစ်သွားတာပဲကို

လေတာဖျောက်လိုက်တယ်လေ

Good

thank

Fighting bro

fighting Bro

လေ နေရင် လောနေရမယ်