ဒီစာလေးကို ကျွန်တော်ရေးရင်ကောင်းမလား မရေးရင်းကောင်းမလားဆိုပြီ တွေးရင်းနဲ့အချိန်တွေကြာခဲ့ပါပြီ။ မရေးချင်တာက ကိုယ့်အမှားလေးတွေ ဖော်ပြရတော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလိုဖြစ်နေမှာစိုးလို့ပါ။ ရေးချင်တာကတော့ Steemit platform ပေါ် အသစ်ဝင်ရောက်လာကြမဲ့ ညီအစ်ကိုမောင်နှမတွေတွက် စာလေးဖတ်ပြီ အမှားလေးတွေနည်းအောင် အမှန်တွေလုပ်စေချင်လို့ရေးလိုက်ခြင်းဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ Steemit platform ပေါ်ရောက်ပြီဆိုရင် မိမိတို့ရဲ့မိတ်ဆက်postကို အတတ်နိုင်ဆုံးအကောင်းဆုံးဖန်းတီးရေးသားစေချင်ပါတယ်။ ကျွန်တော့တုန်းကဆို post တွေလေးငါးခုလောက်တင်ပြီမှ steemit ကိုဝင်ရင် မိတ်ဆက် post ရေးရပါလားဆိုတာ ဆရာတွေပြာမှ သိလို့နောက်ကျမှဘဲ ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော့မသိတာက ကျွန်တော် steemit ပေါ်ရောက်လာတာကလည်း post တင်ရင် $ တွေ ရမဲ့ဆိုတဲ့အသိနဲ့ဘဲ စတင်ခဲ့ရလို့ပါ။ ကျွန်တော့ရဲ့ E- skill ကလည်း ညံ့ဖျင်းတာကြောင့် steemit ရဲ့ FAQ ကိုလည်းကောင်းကောင်းနားမလည်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့မှ steemit ပေါ်လျှောက်လှမ်းရင်း မြန်မာ FAQ ကြီးကိုတွေ့ရှိခဲ့တာပါ။ အဲ့မြန်မာFAQသူဆိုတာကတော့ ကျွန်တော့တို့ရဲ့ Leader ကြီး ကိုကချင်ဟင်နရီ(@kachin-henry) ဘဲဖြစ်ပါတယ်။ Steemit ကို စစဝင်ရောက်လာသူတိုင်းကို အစ်ကို့ရဲ post တွေကို ဖတ်ဖြစ်အောင်ဖတ်ပါလို့လည်း တိုက်တွန်းပါရစေ။
ဒုတိယအနေကတော့ copy လုံးဝမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ဖြစ်နိုင်သမျှ ကိုယ်ပိုင်လေးတွေ ရေးတင်ပါ။ ကျွန်တော်တို့ Facebook သုံးသလိုပေါ့ နေ့တိုင်း post မတင်နိုင်ဘူးလေ အဲ့လိုဘဲ steemit မှာလည်း post တင်မှ $ ရမယ်ဆိုတာမှန်ပေ့မဲ့ copy တွေကူးပြီ ကောက်မတင်ပါနဲ့။ ဒီနေရာ မေးခွန်းတွေရှိလာမှာပါ newbies တွေတွက် copy ကူးရင် ဘာဖြစ်မလဲ ခင်ဗျာရော copy မကူးခဲ့ဖူးဘူးလားဆိုတာတွေ မေးလာနိုင်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော် steemit ပေါ်စစရောက်ခြင်း copy လုပ်ဖူးပါတယ်။ ကျွန်တော်လုပ်ဖူးလို့ အသစ်တွေတွေမလုပ်ရအောင် ပြောပြပေးတာပါ။ copy လုပ်ရင်ဘာဖြစ်မလဲ ကျွန်တော်တို့ steemit ဝင်ရောက်ရင် ကျွန်တော်တို့အကောင့်နာမည်လေးဘေးမှာ စက်ဝိုင်းထဲမှာ နံပါတ်လေးတွေပါတာတွေ့ရမှာပါ။ ထိုနံပါတ်လေးတွေက post တင်သူရဲ့ လူယုံကြည်မှု့ ဂုဏ်သိက္ခာ ( reputation) နဲ့ဆိုင်ပါတယ်။
ကိုယ်ပိုင်အရေးအသား post ကောင်းကောင်းလေးတွေရေးဖြစ်ရင် အဲ့နံပါတ်လေးတွေ တိုးတိုးလာတာတွေ့ရမှာပါ။ copy လုပ်မိရင်တော့ steemit ရဲ့ cheetah bot က မိတ်ဆွေတို့ရေးလိုက်တဲ့ postတွေမှာ လိုက်မန့်လာမှာပါ။ ထို bot ထိပြီ အဲ့ Post မှ $ များဆက်မတက်တော့သလို Steemit members များကလည်း ထို post ကို vote ပေးခြင်းလာလုပ်တော့မှာမဟုတ်တော့ပါဘူး။ ထို bot ထိတာကို သတိမထားမိဘဲ copy တွေ ဆက်လုပ်နေမယ်ဆို steemit cleaner ဆိုတာ လာပါတော့မယ်။ ထိုအရာထိပြီဆို အဲ့အကောင့်က black list ထဲရောက်သွားပါပြီ။ ခင်ဗျားတို့ရဲ့နံပါတ်လေးဟာလည်း လျော့ကျလာပါပြီ။ ထိုသို့လုပ်ခြင်းအားဖြင့် မိမိ လူယုံကြည်မှု့ကို မိမိဘာသာချမိသလို မိမိပတ်ဝန်းကျင် မိတ်ဆွေသူငယ်ချင်းများကို ညှိုးနွမ်းစေပါတယ်။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် အဖြစ်မျိုးမဖြစ်ရအောင် ပြင်လို့ရအောင် ကျွန်တော်မှားခဲ့တာလေးတွေနဲ့ ပြောပြတာပါ။
Steemit platform ပေါ်ကြီးကိုရောက်လာတဲ့သူတိုင်းကို လက်ကမ်းကြိုဆိုနေတဲ့ Myanmar Steemit Community အဖွဲ့အစည်းတခုလည်းရှိပါသည်။ ထိုအဖွဲ့ရဲ့ စည်းလုံးမှု့ စည်းကမ်းရှိမှု့ ဆရာသမားတွေရဲ့ သင်ပြကောင်းမှု့နဲ့ ကျွန်တော်လည်း ဒီနေ့ဒီချိန်ထိ စာရေးပျင်းတဲ့ဘဝက ဘာရေးကောင်းမလဲလို့အမြဲတွေးနေတတ်တဲ့ဘဝကိုရောက်ရှိခဲ့ပါပြီ။ Steemit ဆိုတာ ရေရှည်လုပ်ရမဲ့အလုပ်ဖြစ်တာကြောင့် အလွယ်တကူ အလျော့ပေးမယ်စိတ်မျိုးမမွေးဘဲ ပန်းတိုင်ထိလျှောက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ လုပ်မှာသာ အောင်မြင်နိုင်နိုင်မှာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးအချင်းချင်းစည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင် လုပ်ကိုင်နေကိုင်ကြရတာ မြင်တော့ ကျွန်တော့စိတ်ထဲအရမ်းကို ပိတိဖြစ်မိပါတယ်။ အသစ်ဝင်လာတဲ့သူတွေကိုလည်း ဆရာတွေက သေချာစနစ်တကျ သင်ကြားပေးနေပါတယ်။ ကျွန်တော် ခုလို အခြေအနေရောက်လာအောင်လည်း ထိုအဖွဲ့ကဘဲကူညီပေးခဲ့တာပါ။ကျွန်တော့ရဲ့စာအရေးအသားညံ့ဖျင်းမှု့ကြောင့် ထိထိရောက်ရောက်မဖြစ်ပေ့မဲ့ ခုစာလေးဖတ်ပြီ တခုခုရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Steemit members များအားလုံး copy တွေပျောက်ပြီ own creation များဖြင့် Steemit platform ကို အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ပါစေ။
Author ; Htin Lin Aung
@htinlinaung
photo by google
good post ... keep it up... good job.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူပါ ဆရာတို့ကျေးဇူတွေကြောင့်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks for sharing bro. good post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးများကြီးတင်ပါတယ် လိုအပ်တာလေးတွေလည်း ဖြည့်စွက်ပေးပါအုံးနော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great job explaining.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိမ်း. . . ကောင်းလေစွ ကောင်းလေစွ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်နော ဟိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good support.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank! ဒါနဲ့ဆော်လေး ချောတယ်နော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလန်းကြီးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်အတွေ့အကြုံနဲ့ရင်းပြီး လူသစ်တွေအတွက်စေတနာထားရေးသားပေးလို့ ကျေးဇူတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလိုဖတ်ပြီ အားတက်အောင်ပြောပေးလို့ ကျေးဇူပါခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit