Money ( ပိုက်ဆံ )

in myanmar •  7 years ago  (edited)

Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံးမင်္ဂလာပါ။

ကျွန်တော်စာလည်းမရေးဖြစ်တာကြာခဲ့ပြီ။ ခုမှပြန်ပြီရေးဖြစ်တာပါ ဘာရေးရမှန်းလည်းတွေးမထိတော့ဘူး။ အဲ့လိုတွေးမရအောင်လည်း အကြောင်းအရာများက ကျွန်တော်ခေါင်းထဲ ရှုပ်ထွေးနေမိတယ်။ တခါတလေ လူတွေက ခင်မင်မှု့နှင့် အခွင့်အရေးပေးမှု့တွေကို အသုံးချပြီ တဦးအပေါ်တဦး လိမ်လည်လှည့်ဖျားမှု့တွေလုပ်တတ်ကြတယ်။ လူတိုင်းက ခင်မင်လာပြီဆို အလိုလို ခင်မင်လာတဲ့သူတွေအပေါ်မှာ အားနာတတ်တဲ့စိတ်တွေက ဖြစ်ပေါ်လာတာ များပါတယ်။ ဒါကိုဘဲ လူတွေက အခွင့်ကောင်းယူပြီ အသုံးချတတ်ကြတယ်။ ဒီလူက အားနာတတ်တာဘဲ ငါပြောရင် သဘောတူမှာပါဆိုပြီ အစရှိသဖြင့် ခိုင်းစေတတ်ကြတယ်။

image

ခင်မင်မှု့အရ ငွေလေးချေးပါအုံးလို့ ဘာတို့ ဖြစ်လာတတ်ကြတယ်။ ခင်မှု့အရ အားနာပြီ ချေးလိုက်တာကို အခွင့်ကောင်းယူပြီ မတောင်းမခြင်းကိုလည်း မေ့မေ့ပျောက်ပျောက် နေတတ်ကြသူများလည်း အများကြီးပါ။ ငွေဆိုတဲ့အရာမျိုးက လူတိုင်းတိုင်းလိုလို လိုအပ်တဲ့အရာ တခုပါဘဲ။ လိုအပ်လို့ သူတပါးဆီက ချေးပြီရင် သူတပါးရဲ့ လိုအပ်မှု့ကိုလည်း ပြန်လည်း ဖြည့်ဆည်းပေးတတ်ရမှာပါ။ ဒါကို တကိုယ်ကောင်းဆန်တဲ့ စိတ်နှင့် ငါ့လိုအပ်ချက်ပြည့်ပြီဆိုပြီ တပါးသူရဲ့ လိုအပ်ချက်ကို မေ့ပျောက်ပစ်တတ်ကြတယ်။ ယူရင် ပြုံးပြုံး တောင်းရင် မုန်းမုန်း ဆိုတဲ့ အကြွေးရှင်တို့ စကားလေးအတိုင်းဘဲ ယူတဲ့အချိန်ကျရင် မျက်နှာက ရွှင်ပြုံးလို့နေပြီ လိုအပ်လို့ ပြန်တောင်းရင်တော့ ဘယ်တုန်းက ယူမိသလဲကအစ ပြန်ပြီ ပြောပြနေရတယ်။

image

money make everything ဆိုတဲ့အတိုင်း ပိုက်ဆံက လူဘောင်ထဲမှာ 90% ပြောင်းလဲပစ်နိုင်တယ်။ ပိုက်ဆံကြောင့် ခင်မင်မှု့တွေ ပျက်တတ်ကြ ပိုက်ဆံကြောင့် မနာလိုမှု့တွေ ဖြစ်တတ် မလိုမုန်းတရားဖြစ်ပြီ လူအချင်းချင်း သတ်ဖြတ်ခြင်းတွေ အထိ ဖြစ်တတ်ကြပါတယ်။ နေ့စဉ်တွေ့နေဖတ်နေရတဲ့ fb သတင်းတွေ သတင်းစာတွေမှာ အကြွေးတောင်းရာကနေ ရန်ဖြစ်ကြ ဓါးခုတ်မှု့ဖြစ်ကြတာတွေ စသဖြင့် ဖြစ်ပျက်နေသောအရာတွေက ပိုက်ဆံကြောင့်တွေပါဘဲ။ ဒီလိုပါဘဲ သူငယ်ချင်း မိသားစုအချင်းချင်းကြားမှာလည်း ငွေကြေးကြောင့် ခင်မင်မှု့တွေ ပျက်ဆီးရတတ်ပါတယ်။ တဖက်သူငယ်ချင်းက ခင်မင်တာကို အခွင့်အရေးယူပြီ ချေးငှါး ပြန်မပေးတော့ ကြာလာတာနှင့်အမျှ မည်မျှပင် ခင်နေပါစေ ထိုသူငယ်ချင်းမှာ မိမိအပေါ် ခင်မင်မှု့လျော့နည်းလာမှာ အမှန်ပေ။

image

လူကိုခင်ရင် ပိုက်ဆံမချေးပါနှင့် ထိုစကားလေး ကြားဖူးကြမှာပါ။ အမှန်ပါဘဲ တကယ်ကို ခင်မင်မှု့ကို ပျက်ဆီးစေတာ ထိုပိုက်ဆံပါဘဲ။ ထို့ကြောင့်ခင်မင်မှု့ကို တန်ဖိုးထားသူတိုင်း အားနာလိုဆိုပြီ ပိုက်ဆံမချေးပါနှင့်။ ခင်မင်မှု့ကြား ငွေကြေးပါလာပြီဆို ထိုခင်မင်မှု့လည်း ကြာရှည်ခံမည်မဟုတ်ပေ။ တဦး စေတနာ တဦးမေတ္တာ ဆိုတဲ့အတိုင်း စေတနာနှင့်ပေးသောအရာများကို မေတ္တာတရားထားကာ လိုအပ်တဲ့အချိန် အပြန်အလှန် ရိုင်းပင်းခြင်းဖြင့် မေတ္တာတရားလွှမ်းခြုံသော ကမ္ဘာကြီးကို ပိုက်ဆံကြောင့်မပျက်ဆီးအောင် ထိန်းသိမ်းပြီ နွေးထွေးသောအိမ်ကလေးဖြစ်အောင် တည်ဆောက်လိုက်ကြပါစို့။

လူသားတိုင်း လူသားတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်း အချင်းချင်း ဟန်ဆောင်လိမ်လည်မှု့ ကင်းဝေးကြပါစေ။

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google & facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်ပါတယ် ကိုယ့်လိုပဲ ထင်ပြီး ကိုယ်ရှိတဲ့ ထဲက တစ်ဝက်လောက်ပေးလိုက်ရတာ ၊ ကိုယ့်မှာတော့ အသုံးစရိတ်တွေ ချွေတာ ရပြီ၊ ပြန်ပေးမယ့် အချိန်လဲရောက် အလိုက်သိသိ ပြန်မပေးတော့တာ တွေ ရှိတယ်။အဲ့အချိန်မှာတော့ စိတ်ညစ်ရတာပေါ့ဗျာ။

အတူတူပါဘဲဗျာ ယုံကြည်မှု့နှင့်ခင်မင်မှု့ အားနာတော့ ခါးပါတတ်တယ်ဆိုတာ ဒါပါဘဲဗျာ

လူကိုခင်ရင် ပိုက်ဆံမချေးပါနှင့်
ဟုတ်​တယ်​ဗျို့ ကျုပ်​မိတ်​​ဆွေတစ်​ယာက်​ ခမျများ
အိမ်​နားနီးချင်​ဆိုပြီ
ငွေ​ချေးလိုက်​တာ စကားကိုအ​ပြောမခံ​တော့ဘူး

မကြုံဖူးလို့ စမ်းကြည့်တာ အမျိုးတူတွေ လာတွေ့နေတယ် အားမငယ်ပါနဲ့လို့ ပြောပေးပါ ဟဲ

ဒီလို အဖြစ်အပျက် အများကြီးကြုံတွေ့ဖူးပါတယ်broရေ

ဟုတ်တယ်ဗျာ လက်တွေ့ဘဝ အဲ့လိုမျိုးတွေ အများကြီးပါ

မှန်​ပါ၏ ခင်​မင်​မှုမှာ​ငွေ​ကြေးပါလာပြီဆိုလျှင်​ ပျက်​စီးဖို့လမ်းစဆီ ဦးတည်​​နေသလိုပါပဲ

That's right.Money can destroy friendship.But everyone should help friends;relatives as much as we can.

အရမ်း​လေးစားဖို့​ကောင်းပါတယ်
အမြဲတမ်း​ပျော်​ရွှင်​နိုင်​ပါ​စေ
Postမှာ upvot​တွေအများကြီးရပါ​စေ
လို့ဆု​တောင်း​ပေးလိုက်​ပါတယ်
အား​ပေးလျှက်​ပါ
ကိုယ့်​ကိုလည်းvot​ပေးကြအုံး​နော်
ကျေးဇူးတင်​ပါတယ်

ကျေးဇူပါ

ကျွန်​​တော်​ကို​တော့စိတ်​ချပါအကို ​ချေးစရာပိုက်​ဆံကိုမရှိတာပါ

ပိုက်ဆံမရှိရင် sbd ချေးလေ အတိုးမဲ့ အရင်းပြန်မတောင်းနဲ့ ဟဲ

အာ့ဆိုပိုက်ပိုက်ချေးဘူး...
Sbdတေ steemတေချေးမယ်.. :P

mamamyanmar ကချေးတော့ဘူးတဲ့ sl က ချေးပေးမယ်တဲ့ လာချေးကြပါဗျို့ sl ဆီမှာ heehee

လောလောဆယ် 0.1ရှိတယ်။haha.. :P

အားနာတတ်​တာကိုလည်း အခွင့်​​ရေးယူတတ်​ကြတယ်​ဗျာ

အားနာရင် ခါးပါတတ်တယ် အားမနာနဲ့ broရေ

လူတိုင်းက ကိုယ့်လ်ုမဟုတ်ောတ့ ခက်တယ်ဗျာ

ဟုတ်တယ်ဗျ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့တွေးပြီ ပေးလိုက်တာဘဲလေ

လူကိုတော့ခင်ပါတယ်။ပိုက်ဆံကတော့မရှိလို့မချေးဘူး။ကွကိုယ်တောင်အနိုင်နိုင်ရယ်။ဟီးဟီး။အရေးသားကောင်းတယ်ဗျာအစ်ကိုရေ။အားပေးနေမယ်။

ကိုယ့်ကိုယုံရအောင်လို့ ရေးပါတယ်ဆို ကျွန်တော်ကိုတောင် ယုံကြတော့ဘူး sbd လေး ချေးဖို့ပါ heehee

ချေးဘူး လိုအပ်ရင် လာခွဲမယ် ငိငိ

ငင့် ခွဲဘူး ပေးလိုက်မှာပေါ့ ဟဲ

ယောက်ျားတွေက ပိုက်ဆံချမ်းသာလာရင် ပျက်စီးတက်သလို မိန်းမတွေက ဆင်းရဲရင် ပျက်စီးတက်တယ်တဲ့ ဖတ်ဖူးတာလေး

ဟုတ်ကဲ့အစ်မ

သိပ်​ဟုတ်​ပါ့​ငွေ​ရေးကလဲရန်​ဘက်​​တွေဖြစ်​​စေတယ်

ဟုတ်တယ်ဗျာ

ဘု မှ sbd ချေးတော့ ပု့

ခြွင်းချက် ကျွန်တော်ကိုတော့ ချေးပါ ဟဲ

You got a 0.80% upvote from @mercurybot courtesy of @htinlinaung!

This post has received a 2.34 % upvote from @boomerang.

Congratulations @htinlinaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!