သင်ကော ဘယ်လိုလူစားလဲ
.
ဟိုးရှေးတုန်းကပေါ့......
သူတောင်းစား တစ်ယောက် ဟာ လမ်းဘေးတစ်နေရာမှာ တောင်းရမ်းစားသောက်နေပါသတဲ့။
တစ်နေ့တော့ ကားတစ်စီးဟာ
သူတောင်းစားရှေ့မှာ ပိတ်ရပ်လိုက်တယ် ။
ကားပေါ်ကနေ သူဌေးတစ်ဦးလဲ ဆင်းလာပါတယ်
သူတောင်းစားကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး
စကားအနည်းငယ် ပြောလိုက်ပါတယ် ။
ခင်ဗျား ခြေတွေလက်တွေ
ပြည့်စုံပါလျက်နဲ့ ခင်ဗျား ဘာလို့
တောင်းစားနေတာလဲ လို့ပြောရင်းနဲ့
သူတောင်းစားကို သူဌေးက
စာအုပ်လေး တစ်အုပ် ထုတ်ပြီ ပေးပါတယ်။
ရော့ ဒီစာအုပ်လေးဖတ်ကြည့်ပါ
ခင်ဗျား ဘ၀ကို သူတောင်းစားမှ သူဌေးဘ၀သို့ ကူးပြောင်း ပေးနိုင်မယ့်
နည်းလမ်း စာအုပ်ပါ
ဒါကိုဖတ်ပြီး ခင်ဗျားကြိုးစားပါ လို့ ပြောလိုက်တော့
သူတောင်းစားဟာ စာအုပ်ကိုတစ်ချက် ကြည့်ပြီး
ဟက်ဟက်ပက်ပက် ရယ်မောကာ
သူဌေးကို ပြန်ပြောလိုက်ပါတယ်..
ဒီစာအုပ်ရေးခဲ့သူဟာတစ်ခြားသူ
မဟုတ်ဘူးကျွန်တော်ကိုတိုင်ရေးခဲ့တာပါ လို့ပြောလိုက်တယ်
သူဌေးဟာ ပထမ မယုံကြည်ဘူးပေါ့
ဒီလောက်ဘ၀ကို တိုးတတ်စေမည့်နည်းလမ်း စာအုပ်ကို
ဒီလို သူတောင်စား ဘယ်လိုမှရေးနိုင်မှာ
မဟုတ်ဘူး လို့ ပြောကြဆိုကြငြင်းခုန်ကြတာပေါ့
နောက်မှ တကယ်ရေးခဲ့မှန်း သိရတော့
သူဌေးဟာ အရမ်းအံသြသွားတယ်
ခင်ဗျား ဟာ ဒီလမ်းညွန်စာအုပ်ကို လူတွေအတွက် ရေးသားနိုင်ပေမဲ့ ခင်ဗျားကြတော့
ဘာလို့ ဒီဘ၀ မျိုး ရောက်နေရတာလဲ "
မေးတော့ သူတောင်းစားဟာ
စကားတစ်ခွန်းပဲ သူဌေး ကို ပြန်ပြောလိုက်တယ် ”
" ဒီလိုရှိပါတယ်သူဌေး”
ဒီစာအုပ်ကို
လူတွေ ဘ၀တတ်လမ်းအတွက်
ရေးသား ပေးခဲ့နိုင်ပေမဲ့ ရေးသားခဲတဲ့
ကျွန်တော်ကတော့ ဒီစာ ထဲက အတိုင်းမလိုက်နာ
မပြုလုပ်နိုင်တော့ ဒီလိုဘ၀မျိုး
ရောက်နေရတာပေါ့ဗျာ " ပြန်ပြောပြီး
လှည့်ထွက်သွားပါတော့တယ်...။
တကယ်တော့ လူတွေဟာ
ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာ
ရိပ်မိကြပါတယ် ဒါပေမဲ့ လူတချို့ဟာ အလုပ်ကို အာရုံစိုက်ချင်စိတ်
နည်းပါးလွန်းပါတယ်
တစ်စိုက်မတ်မတ် ကြိုးစားချင်စိတ်တွေ
မရှိကြတဲ့ အခါမှာ ချမ်းသာချင်သလောက်
မထွန်းပေါက် မအောင်မြင်ကြပါဘူး။
လူတော်များများဟာ
- ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို သိတယ် *
စာအုပ်တွေထဲမှာလဲ
အများအပြားတွေ့နေ မြင်နေကြတာပဲ
အောင်မြင်ရေးစာတွေ ဖတ်တယ်
ဘယ်လောက် ဖတ်ဖတ် ဒုံရင်းကဒုံရင်းပဲ
ဘာကြောင့်လဲ... ? မလုပ်လို့ပါ
သူများတွေကိုတော့ ဒီလိုလုပ် ဟိုလိုလုပ် နည်းပေးလမ်းညွန်တယ်
ကိုယ်တိုင်လုပ်ဖြစ်လား ဆိုတော့ မလုပ်ဘူး။
တကယ် စာတွေကို ဖတ် တကယ်လက်တွေ့လဲ
လုပ်ကိုင်ပါမှသာ ကျွန်တော်တို့တွေရဲ့ ဘဝ ဟာထူးခြား ပြောင်းလဲသွားနိုင်မှာပါ
အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ကြပါစေ
credit ; org uploader
ဘုတ် ပီးp
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit