အလိုလိုက်ခြင်း
မိဘဆိုတာသားသမီးကို အမြဲစိတ်ချမ်းသာအောင်၊ ပြည့်စုံအောင် ထားချင်တာ သဘာဝပါပဲ ဆိုရင် ငြင်းလို့မရပါဘူး။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိဘက သားသမီးကို ချစ်လွန်းလို့ဆိုပြီး အလိုလိုက်လွန်းအားကြီးရင်လည်း သားသမီးကို ချစ်တာထက် နှစ်ရာကျသွားမှာကိုလည်း သတိပြုရပါမယ်။ ကလေးတွေမှာ ငယ်ငယ်ကတည်းက ဗီဇ ဆိုတာရှိတယ် အဲဒီဗီဇကို အကျင့်ဆိုတာလေးနဲ့ ကျွန်တော်တို့အုပ်ထိန်းသူတွေက ပြုစုပျိုးထောင်ပေးကြရမယ် ဒါမှသာ ကလေးရဲ့နောင်တစ်ချိန် အနာဂါတ်မှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် စဉ်းစားဆုံးဖြတ်နိုင်စွမ်းလေးပါသွားမှာ ဖြစ်ပါတယ်။ ဥပမာပေးရရင် အချိုရည်ကြိုက်တဲ့ကလေးတစ်ယောက်ကို သူပူဆာတိုင်း အချိုရည်တွေ နေ့စဉ် တိုက်ခဲ့မယ်ဆို ရင် ကလေးအတွက် ဆီးချို၊ ပန်းနာ ရင်ကြပ် စတဲ့ရောဂါတွေ ငယ်ငယ်ရွယ်ရွယ်နဲ့.မဖြစ်သင့်ပဲ ခံစားနေရတာကိုမြင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသေးအမွှားလေးပေမယ့်လည်း အုပ်ထိန်းသူတွေအနေနဲ့ဂရုစိုက်ပေးဖို့လိုပါမယ်။ ကျွန်တော့ပတ်ဝန်းကျင်မှာ ကောင်လေးတစ်ယောက်ရှိတယ်ဗျ သူ့မိဘတွေကအရမ်းအလုပ်များကြတယ် အဲဒီတော့ ကလေးကို သူ့အဘွားကထိန်းရတယ် အဘွားဆိုတော့ အရမ်းကိုအလိုလိုက်တယ် သူ့မြေးလိုချင်တာ ဖြစ်ချင်တာဆိုရင် ချက်ခြင်းဖြည့်ဆည်းပေးတယ်။ တစ်ဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ အမေ၊ အဖေ က ဆုံးမရင်တောင် အဘွားက လက်မခံဘူး သားအချစ် မြေးအနှစ်ဆိုတာ နေမှာပေါ့။ လူကြီးတွေက စရင်နောက်ရင် ကလေးက တံတွေးနဲ့ထွေးတယ် အဲလိုရိုင်းတဲ့အကျင့်လည်း မလုပ်နဲ့လို့ မဆုံးမဘူး ကလေးပဲ ဘာသိမှာလဲဆိုပြီးတော့ လွှတ်ထားတယ်။ အကြောင်းတစ်ခုခုကြောင့် ကလေးကို မိဘက ဆုံးမရင်တောင် အရင်ဆုံး အဘွားဖြစ်သူနဲ့ ရန်ဖြစ်ရတယ်။ သူများကလေးတွေ တစ်နေ့ မုန့်ဖိုး 200 ပေးတဲ့အချိန်မှာ အဘွားဖြစ်သူက သူ့မြေးကို တစ်နေ့ 500 ပေးတယ်။ အဲလိုနဲ့ တဖြည်းဖြည်းဆိုးသွမ်းလာရင်းနဲ့. အရွယ်ရောက်လာကာ အပေါင်းအသင်းမှားတော့ လူငယ်ပြုပြင်ထိန်းသိမ်း ရေးစခန်းမှာ နေနေရတာတွေ့ရတယ်။သူ့ကိုအလိုလိုက်တဲ့ သူ့အဘွားကတော့ ကောင်းရာမွန်ရာဘ၀ကနေ နောင်တရနေမလားတော့မသိ။ မိဘကမျှော်မှန်းထားတဲ့ ပန်းတိုင်လည်းသူမရောက်လိုက်ပါဘူး။ သတင်းစာကြော်ငြာထဲမှာပါတဲ့ အမွေပြတ်စွန့်လွှတ်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးမှာတော့ စိတ်မကောင်းခြင်းများစွာနဲ့ သူ့နာမည်လေး တွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကိုယ်တိုင် အုပ်ထိန်းသူနေရာရောက်လာတဲ့ အချိန်မှာ ဒီလိုအချက်လေးတွေ သတိထားပြီး ထိန်းကျောင်းပေးဖို့လိုပါတယ်။ ပြီးတော့ ‘’အလိုလိုက်လို့ အမိုက်စော်ကား’’ ဆိုတဲ့ စကားပုံလည်းရှိသားလားဗျာ။မိဘကို နင်ပဲငဆ ပြန်ပြော၊ ပြန်ဆဲ အိမ်ထဲမှာမူးနေတဲ့အဖေကို အပြင်ကနေ သားဖြစ်သူက ငါတစ်လုံး နဲ့ ကိုင်တုတ်လို့ စိန်ခေါ်နေတာကိုလဲ အံ့သြစွာ တွေ့ခဲ့ရဖူးပါတယ်။
သမီးမိန်းကလေး တွေ မွေးထားတဲ့တစ်ချို့မိဘတွေ အရွယ်မတိုင်ခင် အိမ်ထောင်ကျသွားတဲ့အခါ စေ့စပ်ပွဲမှာ ကြိတ်မနိုင်ခဲမရနဲ့ မျက်ရည်တွေဝဲကာ ‘’ငါ့သမီးလေးက အသက် မပြည့်သေးဘူးကွ’’ ဆိုတဲ့ စကားကို မျက်ရည်ဝဲကာ မချိတင်ကဲ ပြောတာကိုလည်းရင်နာနာနဲ့ ကြားဖူးပါတယ်။ အဲဒီအချိန်မှာ သူအလိုလိုက်ခဲ့တာတွေ ယုံကြည်ခဲ့တာတွေကို ပြန်ပြောင်းနောင်တရနေပါတော့တယ်။ အခုအချိန်မှတော့ လက်မခံလို့မရတော့ဘူးလေ။ နောက်တစ်ချက် ‘’သားသမီးယုံတော့ စုံလုံးကန်း’’ ဆိုတဲ့ အဖြစ်မျိုးမရောက်စေချင်ပါ။ အခုခေတ်က ဆယ်ကျော်သက်တွေအတွက် ပျက်စီးနိုင်စရာ လမ်းစ တွေ ပိုများနေတာကိုတွေ့ရပါမယ်။ ကျွန်တော်တို့ငယ်စဉ်ကလေးဘ၀ မှာ ဖုန်းဆိုတာ ပွဲရုံက ဦးလေးကြီး လက်ညှိုးကြီးနဲ့ အပေါက်လေးတွေကို လှည့်လို့ဆက်တာကိုပဲ မြင်ဖူးခဲ့ရတာ။ အခုခေတ်မှာတော့ ဖုန်းဆိုတာ ကလေးတိုင်းကိုင်နိုင်နေပြီ ဇယ်တောက်ခဲ့တဲ့လက်တွေအစား Tablet ဆိုတာဆော့တဲ့လက်တွေဖြစ်ကုန်ကြပြီ။ အဖြူအစိမ်းနဲ့ စာသင်ချိန်မှာ Live လွှင့်ပြီးကစားတဲ့ခေတ်ရောက်ပြီ။ ဒီလိုအဖြစ်တွေကြားထဲမှာ ရင်ကျိုးခဲ့ရတဲ့မိဘတွေ နည်းမည်တော့ မထင်ပါ။
သေချာစမ်းစစ်ကြည့်ပါ ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ နဲ့ စည်းကမ်းတကျ ကြီးပြင်းလာတဲ့ကလေး မိမိသူငယ်ချင်းသော်လည်းကောင်း မိမိကိုယ်တိုင်သော်လည်းကောင်း ဖြစ်နိုင်ပါတယ် အတောင်စုံလို့ ပျံကြပြီဆိုရင်ဖြင့် စည်းလွတ်ဝါးလွတ်တော့ မဆိုးသွမ်းနိုင်တာကိုတွေ့ရမယ် အရာရာကို စဉ်းစားတွေးခေါ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တာကိုတွေ့ရမယ်။ ဒါတွေဟာ ကျွန်တော်တို့မိဘတွေကို ကျွန်တော်တို့ကို ပြုစုပျိုးထောင်ပေးရာမှာ မှန်ကန်တဲ့နည်းလမ်းများစွာက အထောက်အကူပြုနေခဲ့တာပါ။ ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် မိဘ၊ အုပ်ထိမ်းသူနေရာသို့ရောက်လာသောအခါ မှန်ကန်သော အကျင့်အကောင်း၊ စည်းကမ်းလေးများ ဖြင့် အလိုလိုက်ခြင်းအား စနစ်တကျ ထိန်းသိမ်းပြုစုပျိုးထောင်ပေး နိုင်ပါရန် လေးစားစွာ အကြံပေး ရေးသားအပ်ပါသည်။
Author by
@htinyarsai(4:22 pm)
MSC_203
လက်ဦးဆရာက မိဘလေ မိဘတွေက မိမိသားသမီးကို ငယ်စဉ်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆိုဆုံးမသင့်တယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တာပေါ့ bro ဂိုဏ်းစတားရယ် :-D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်ကတည်းက သေချာပြုစုပျိုးထောင် သွန်သင်ဆုံးမပေးမှကြီးလာတဲ့အခါ ယဉ်ကျေးလိမ္မာမှာပါ ရိုက်နှက်ပြီးဆုံးမတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး တစ်ချို့တွေရှိတယ် ကလေးတွေကို ဆုံးမတဲ့အခါ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ နောက်လုပ်ရင်ရိုက်ခံရမယ်ဆိုပြီတော့ ဆုံးမကြတာ ဒါမယ့် ကလေးတွေကိုမလုပ်စေချင်ရင် ကိုယ်တိုင်ကလည်း ကလေးတွေရှေ့မှာ မလုပ်သင့်ဘူး ဥပမာ အရက်သောက်တာတို့ ဆေးလိပ်သောက်တာတို့ ဖဲရိုက်ကြက်တိုက်တာတို့ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုလည်းမဖြစ်အောင် သတိထားရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေရဲ့ ချစ်တာက တခါတလေ နှစ်သလို နစ်တတ်တယ်
ချစ်လို့ အလိုလိုက်တာ လိုက်လို့ရတယ်
နည်းမှန်လမ်းမှန်ဖို့တော့ လိုမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် bro ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်လာမှ ရင်နာလို့ ဘာမှ အသုံးမ၀င်ပါဘူးဗျာ အခုလို အသိတရားက မိဘတိုင်း ရှိသင့်တာပါ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလိုပေါ့ ကလေးကို တင်းလို့လည်း မရ လျှော့လို့လည်း မရပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒါလည်းမှန်တယ် ကိုစောရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်သိမှတ်ရတာကတော့ သားသမီးတွေကို ခြောက်သင့်အရွယ်မှာ ခြောက် သူငယ်ချင်းလိုပေါင်းသင့်တဲ့အရွယ်မှာ သူငယ်ချင်ဒလို အလယ်အလတ်ကနေသွားရင် ကောင်းမယ်ထင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျှမျှတတလေးကတော့ အဆင်ပြေဆုံးဗျ ပွင့်ပွင့်လင်းလင်းရှိတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျာ
လက်ဦးဆရာမည်ထိုက်စွာ
ပုဗ္ဗာစရိယမိနှင့်ဖ ဆိုပေမယ့်လည်း
သားသမီးနဲ့အနီးကပ်အချိန်ပေးနေရဆုံးက
မိခင်ဖြစ်သည်မို့ ကျွန်တော်ကတော့မိခင်ကောင်းဖြစ်မည့်သူကိုပဲရွေးတော့မယ်ဗျာ😂😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြော်ငြာဝင်တာလား bro ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်တုန်းကအဖွားကိုပြန်သတိရစေတယ်ဗျာ bro thzscyou
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်မှန်တာပေါ့bro ဒါကြောင်းမိဘတွေက ပိုပြီးသိထားသင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားမိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ bro ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရင်ထဲထိသိမ်းထားရမဲ့ စာလေး အရမ့းဖက်လို့ အဆင်ပြေတာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ ဖတ်ရှုပေးတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ဗျာ ငယ်ငယ်ကတည်းက အလေ့အကျင့်ကောင်းတွေကို သင်ပေးရမှာမှာ။ သင်ကြားခြင်းက ကျောင်းမှာမဟုတ်ပါဘူး မိမိတို့ရဲ့အိမ်ကနေစတင်ပါါတယ်ဗျ။ မိဘတွေကနေမှ အရင်ဆုံးသင်ပေးရမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ဆုံးပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်ရာမရောက် နစ်ရာရောက်သလိုပေါ့
ချစ်နည်းလွဲတာ အဆိုးဆုံးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါလေးတွေဖြစ်တတ်တယ် bro :-D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ် တစ်ချို့ကအလိုလိုက်တာက ကလေးကိုနှစ်သလိုဖြစ်စေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right bro ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အရမ်းကောင်းပါတယ်
good-karma လာvoteသွားတယ်နော်။အားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျှော်ရတာပေါ့ဗျာ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သားသမီးတွေအပေါ် ထိုက်သင့်သလောက်ဘဲ အလိုလိုက်တာ အကောင်းဆုံးပါ လိုအပ်တာထက် ပိုပီး အလိုလိုက်ခံရတဲ့ သားသမီးများဟာ ချစ်ရာမရောက်ဘဲ နှစ်သလို ဖြစ်တတ်ပါတယ် ကျနော့အမြင်ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါ့ဘုရား အမှန်ဆုံးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit