ခက်ခဲတဲ့အသက်မွေးဝမ်းကြောင်း ဆိုတာ

in myanmar •  7 years ago 

လောကမှာ အသက်မွေးလုပ်ငန်းနဲ့ ပတ်သတ်လို့ရွေးချယ်မယ်ဆိုရင် အောင်မြင်ဖို့ရာ ရာခိုင်းနှုန်းအနည်းဆုံး အသက်မွေးဝမ်းကြောင်းဘ၀ တွေရှိပါတယ်။ ဘာတွေလဲဆိုတော့ အဆိုတော်၊ သရုပ်ဆောင်၊ MLMသမား၊ စာရေးဆရာ လို့ပြောချင်ပါတယ် ကျန်တဲ့အောင်မြင်ဖို့ခက်ခဲတဲ့ ဘ၀တွေ လည်းအများကြီးရှိကောင်းရှိနိုင်ပါ လိမ့်မယ် ကျွန်တော် မီးမောင်းထိုးပြချင်တာကတော့ အထက်ပါဘ၀တွေပါပဲ။
image
Photo credit ;google
၁။ အဆိုတော်ဘဝ
ဒီလုပ်ငန်းနဲ့အသက်မွေးဖို့မလွယ်ဖူးလို့ ကျွန်တော်ပြောရဲပါတယ်။ တစ်ချို့အဆိုတော်တွေ လူမသိသူမသိ ဒါပေမယ့် အရမ်းကောင်းတယ်သူတို့သီချင်းတွေ ။ ဘာ့ကြောင့်မအောင်မြင်တာလဲတွေးမိကြဖူးပါမှာ ။ အဆိုတော်ဆိုတာ အသံကောင်ရုံနဲ့လည်းမဖြစ်နိုင်ပါဘူး၊ စန်း၊ ငွေကြေး၊ နောက်ခံ Background တွေလိုပါသေးတယ်။ ကျွန်တော်တို့ လူငယ်သဘာဝ လမ်းဘေးမှာဂစ်တာတီးတယ် သီချင်းဆိုတယ် အဲဒီအချိန်က အသိဥာဏ်နဲ့ ဖြေခဲ့တယ် ရည်ရွယ်ခဲ့တယ်။ တစ်ချိန်ကျရင် အောင်မြင်တဲ့အဆိုတော်ကြီးဖြစ်လာရမယ်ဆိုတဲ့ အိမ်မက်တွေ ကျွန်တော်မက်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ညတိုင်း အားတက်သရောပြောခဲ့ဖူးတယ် အဲဒီအိမ်မက်နဲ့ပတ်သတ်လို့ ။ သီချင်းတွေ ရေးကြတယ် အတူတူဆိုကြတယ်။ သူများတွေ လူကြီးတွေကြည့်တဲ့ ဇတ်လမ်းတွေခိုးကြည့်နေချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ရေချိုးခန်းလေးကို စတူဒီယို အဖြစ်မှတ်ပြီးသီချင်းတွေသွင်းခဲ့ကြတယ်။ အဲဒီအချိန်က ဖုန်းမပြောနဲ့ Mp3၊MP4 ဆိုတာတောင်မမြင်ဖူးကြသေးတဲ့အရွယ် ခုနှစ်တန်းကျောင်းသားအရွယ်ပေါ့။တစ်ပါတ်ရစ် နားကြပ်ကက်စက် အညိုလေးဟာ ကျွန်တော်တို့ရဲ့ Pro Recording Tool ပဲ အသက်တောင်ရဲရဲ မရှုရဲဘူး လေသံတွေ ပါသွားမှာစိုးလို့ တစ်ယောက်ကတီး တစ်ယောက်က ဆို နောက်တစ်ယောက်က အသံဖမ်း အဲလိုလေးခဗျ အသံဖမ်းရင်လဲ ဂစ်တာနဲ့ ဆိုတဲ့သူကြားတဲ့ အသံကို မျှမျှတတဖြစ်အောင် လိုက်ချိန်ရသေးတာနော်။ ကက်စက်ဆိုတော့ ပြန်နားထောင်ရင် ၀ါးတားတားပေါ့ အဲဒီဝါးတားတားလေးကို ပြန်နားထောင်ရတဲ့ Feeling ဟာ ဘာနဲ့မှ မလဲနိုင်အောင်ပဲ တစ်ရက်တည်းမဟုတ်ဘူး နော် မိုးတွေရွာရင် တိတ်မယ့်အချိန်ကိုစောင့်တယ်။ အဲဒီအချိန်လေးတွေ လွမ်းမိပါတယ် ပြန်တွေးမိတိုင်း။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့အရွယ်ရောက်လာတဲ့အချိန်မှာတော့ အိမ်မက်တွေဟာ ပြောင်းလဲလာခဲ့ပါတော့တယ်။ အခုအချိန်မှာတော့ ဂစ်တာတီးတာတော်တဲ့ သူငယ်ချင်းကတော့ သူ့မြို့မှာ လက်ရှိ ကွန်ပျူတာစာစီစာရိုက် ဆိုင်လေးဖွင့်ပြီး ရပ်တည်နေတယ်။ အိမ်မက်တွေလည်းသူသတိရတော့တဲ့ ပုံလည်းမပေါ်တော့ပါဘူး။ ကျွန်တော်ကတော့လက်ရှိမှာ ၀န်ထမ်းဘ၀ ပြန်တွေးမိပါတယ် တစ်ခါတစ်ခါ ပန်းချီကားတစ်ချပ်ကို ပြန်ကြည့်ရသလို မြင်မိပါတယ် မြင်မိတိုင်းလည်း အသာအယာ ပြုံးမိတယ် ကိုယ့်ကိုကိုယ်။ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ကျောင်းပြီးတဲ့အချိန်မှာ တစ်လကို လစာသုံးသိန်းပေးတာကို ငြင်းပြီး ရန်ကုန်ကို အထုတ်တစ်ထုတ်ဆွဲကာ ထွက်ခဲ့ပါတယ် စတူတီယိုတစ်ခုမှာ အောက်ခြေသိမ်း သောင်းဂဏန်းလောက်နဲ့ စ၀င်ခဲ့တယ် သူစိတ်ရှည်တယ် သီးခံတယ် သင်ယူတယ် လေ့ကျင့်တယ်။ အခုတော့ စမ်းချောင်းမှာ ကိုယ်ပိုင် စတူတီယိုလေး တစ်ခုဖွင့်နိုင်ခဲ့တယ်။ သူ့လိုပဲ ၀ါသနာတူ တစ်ချို့ ပေါင်းပြီး Group အခွေလေးတစ်ခွေ ထွက်ထားတယ်။တေးရေး တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတယ်။သူရေးတဲ့ သူ့သီချင်းလေးတွေလည်း တစ်ခါတစ်ခါ ဖွင့်နေကြတာကြားရတယ်။ ပြောချင်တာက အိမ်မက်ကို အကောင်အထည်ဖော်သွားပုံလေးပေါ့ သူ အခုအချိန် လုံးဝ အောင်မြင်တယ်လို့ပြောလို့မရသေးပေမယ့် ဒီလမ်းကြောင်းပေါ်မှာ Pro တစ်ယောက်အနေနဲ့ ရပ်တည်နေနိုင် နေတာတွေ့ရတယ်။ ချီးကျူးဂုဏ်ယူမိပါတယ်။ ရန်ကုန်မှာ သူကျွန်တော့်ကို သီချင်းလေးတစ်ပုဒ်ရေးပေးဖူးတယ် ဘယ်အခွေမှာမှ မထည့်ပါဘူး အပျော်တမ်း အမှတ်တရအနေနဲ့ ကျွန်တော်တို့လင်မယား အတူတူဆိုခဲ့တယ် အောက်ဆုံးမှာ ပြထားပါမယ်။
image
Photo credit; google
၂။ သရုပ်ဆောင်ဘဝ
သရုပ်ဆောင်ဘ၀လည်း မလွယ်ပါဘူး ရူပါ၊ အရည်အချင်း၊ အပေါင်းအသင်းဝင်ဆန့်နိုင်မှု၊ ငွေရေးကြေးရေး အတော်လေးကို အင်အားရှိမှ အောင်မြင်နိုင်မှာပါ။ ပြီးတော့ စန်း ဆိုတာလည်းရှိသေးတယ်။ အခုလက်ရှိ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးရှိနေတာတောင်မှ နာမည်မကြီးလူမသိတဲ့ သရုပ်ဆောင်တွေအများကြီးပါ အဲဒီတော့ ဒီလုပ်ငန်းမှာ အောင်မြင်ဖို့ဆိုတာလည်း အတော်ခက်ပါတယ်။ ပြီးတော့ လူမှုရေးဇတ်လမ်းအရှုတ်တွေလည်း အများကြီးကို ပိပိရိရိ ဖြေရှင်းနိုင်ဖို့လည်း လိုပါသေးတယ်။
image
Photo credit ;google
၃။ MLM သမားဘဝ
အောင်မြင်တဲ့ MLM သမားတစ်ယောက်ဟာ အမြဲထိပ်ဆုံးမှာ ရှိနေဖို့လိုပါမယ် ဒီနိုင်ငံမှာက ကိုယ်က အရင်ဦးဆုံး စတဲ့သူပဲအောင်မြင်တဲ့သူတွေလို့ ဖြစ်နေကြတာကိုပဲတွေ့ရမှာပါ။ MLM ဆိုတာ ပိရမစ် စနစ်တစ်ခုလို စနစ်တကျတည်ဆောက်ထားတာဖြစ်တဲ့အတွက် အရင်ဆုံးသိတဲ့သူ၊ မိတ်ဆက်ပေးနိုင်တဲ့သူ မိတ်ဆွေ အသိုင်းအ၀ိုင်း ကြီးတဲ့သူမှ အောင်မြင်နိုင်မှာပါ။ ဘာလို့လဲဆို ကျွန်တော်လျှောက်လှမ်းခဲ့တုန်းက အောင်မြင်တဲ့ သူတွေ ကိုအားကျခဲ့တယ် သူတို့လိုကြိုးစားမယ်ပေါ့နော်။ အကြောင်းကြောင်း ကြောင့် ရပ်ဆိုင်းသွားတယ်။ ခုထက်ထိလည်း MLM ကုမ္ပဏီတွေ ဆိုတာ အများကြီးရှိနေတုန်းပဲ။ ဟိုတစ်လောက ပြန်ကြည့်မိတယ် ခုထက်ထိလည်း ကျွန်တော်အားကျခဲ့တဲ့သူတွေက အောင်မြင်နေတုန်း ကုမ္ပဏီတံဆိပ်တွေတော့ ပြောင်းသွားတာပေါ့။ ကျွန်တော်အပါအ၀င် သူငယ်ချင်းအတော်များများ ဒီလောကကို ၀င်ဖူးကြပါတယ် နောက်ဆုံး စကားလုံးလှလှလေးတွေ အလွတ်ရပြီး ဆုတ်ခွာခဲ့ရတာကိုပဲတွေ့ရပါတယ်။ အဲဒါကြောင့် MLM သမားဘ၀ကလည်း မလွယ်ပါဘူး လို့ ပြောပါရစေ။
image
Photo credit ; google
၎။ စာရေးဆရာ ဘဝ
စာရေးဆရာသမားဘ၀ကလည်း လွယ်မယ့်အထဲမှာမပါပါဘူးခင်ဗျာ။ ကိုယ်ပိုင်ဇတ်လမ်းတွေ အမြဲရေးနိုင်ရမယ်၊ ဖန်တီးမှုတွေဟာ အသစ်သစ်တွေဖြစ်နေရမယ် အတွေးကအစ ရှုထောင့်အမျိုးမျိုးကနေ သူများနဲ့မတူတဲ့ Idea တွေဆန်းသစ်နေရမယ်။တစ်ချို့ အွန်လိုင်းပေါ်မှာ လူသိနည်းတဲ့စာရေးဆရာတွေ ရှိပါတယ် လုံးခြင်းဝတ္တုမထွက်ဘူး၊ အသက်မွေးဝမ်းကြောင်းအဖြစ်မရပ်တည်ဘူး၊ ဒါပေမယ့် ရုပ်ရှင်တစ်ခုကြည့်ရသလို ကို ခံစားရတယ်သူတို့စာတွေ၊ ဇတ်လမ်းတွေ ဖတ်လိုက်ရင် ။ တစ်ချို့လစဉ် စာအုပ်တွေထွက်နိုင်တာတောင်မှ ဘယ်သူမှမဖတ်လို့ ဂျောင်ထိုးထားရတဲ့ စာအုပ်တွေ စာအုပ်အငှားဆိုင်တွေမှာ တွေ့နိုင်ပါတယ်။ ဒီလောကနဲ့ အသက်မွေးဝမ်းကြောင်းစမယ်ဆိုရင် Producer ကောင်းကောင်း support ပေးနိုင်ဖို့လိုပါမယ်။ ပုံနှိပ်တိုက်ကောင်းကောင်းနဲ့ အဆင်ပြေမှဖြစ်သလို၊ ဖြန့်ချိရေးမှာ လည်း ကုမ္ပဏီကောင်းကောင်းနဲ့ ချိတ်ဆက်ထားနိုင်ဖို့လိုပါမယ်။ ပြီးတော့ ဈေးကွက်ကိုလည်း ချိန်ဆနိုင်ဖို့လိုပါသေးတယ်။ တစ်ခြားမလွယ် တဲ့အကြောင်းရင်းများစွာ လည်းရှိနိုင်ပါသေးတယ်။
ဒီလုပ်ငန်းတွေနဲ့ အောင်မြင်ခဲ့ပြီဆိုရင်လည်း မသေမျိုးဖြစ်နိုင်ပါတယ်။ လူသေရင်တောင်မှ နာမည်မသေပါဘူးခင်ဗျာ။ ဥပမာ - ထူးအိမ်သင်၊ တာရာမင်းဝေ၊ မင်းသိင်္ခ တို့လို့ ပညာရှင်တွေ လူသေတာတောင်မှ အသံကြားနေရတုန်း၊ စာအုပ်အဟောင်းဆိုင်လေးတွေမှာ လိုက်ရှာဖတ်ရတယ်မဟုတ်လားဗျာ။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ခံယူချက် နဲ့ကိုယ် လျှောက်လှမ်းနေကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်အိမ်မက်နဲ့ကိုယ် လျှောက်လှမ်းကြတဲ့ဘ၀မှာ အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ။

ကျွန်တော့်သူငယ်ချင်းရေးပေးသောသီချင်း Owntune ပါခင်ဗျာ

Author by
@htinyarsai (10:51 AM)
MSC 203

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good တယ်​ဗျာ မျှ​ဝေ​ပေးမူ့​ကြောင့်​​ကျေဇူး

ဟုတ်ကဲ့ အားပေးမှုအတွက် ကျေးဇူးအထူးပါဗျာ

သီချင်းလေး ကောင်းလို့ ဒေါင်းထားလိုက်ပြီဗျာ။

ကျေးဇူးပါဗျာ ပျော်ပြီလေ

မှန်ပါတယ်အစ်ကို အောင်မြင်မှုတိုင်းဟာ လွယ်လွယ်နဲ့တော့ ဖြစ်မလာပါဘူး

ဒါပေါ့ Bro ရယ်

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျဖို့ကလဲ အတော်ခက်တာကိုး

အမှန်ဆုံးပဲ လူရယ်လိုဖြစ်လာမှတော့ တွေ့ရမှာပဲလေ

တော်လိုက်တာဗျာ

ကျေးဇူးပါ ဘရိုရေ

ကောင်းတယ်bro အားပေးလျက်ပါ

ကျေးဇူးပါဗျာ ဖတ်ရှုပေးတဲ့အတွက်

ခက်ခဲမှုကနေ အမှတ်တရများစွာ ဆုလာဘ်ကျန်ခဲ့ပါတယ်ဗျာ ပြီးတော့ သီချင်းလေးကို ကြိုက်တယ်ဗျာ

ကျေးဇူးပါဗျာ အားပေးမှုအတွက်

အရမ်းကောင်းပါတယ် bro

ကျေးဇူးပါဗျာ

အားပေးနေတယ် အစ်ကိုရေ

Bro ရဲ့သင်ခန်းစာတွေလည်း အားပေးပါတယ်ဗျာ မှတ်သားရပါတယ်

သီချင်းလေးပါ ကောင်းနေတာ broအားပေးနေပါတယ်ဗျ

ကျေးဇူးပါဗျာ ပျော်ပြီလေ

စုံတွဲသီချင်းလေး.... ကြိုက်တယ်ဗျာ

ကျေးဇူးပါဗျာ ဖန်တီးရကျိုးနပ်ပါပြီ

သီချင်းကလည်းလန်းစာ​လေးကလည်းလန်း​ဗျာ

ကျေးဇူးပါဗျာ သူငယ်ချင်းရေးပေးထားတာ ဆိုသာဆိုရတယ် စိတ်က သိပ်မရဲဘူးရယ်

အခုလို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်
သီချင်းလေကတော့ အမှတ်တရ အနေနဲ့ ဒေါင်းလိုက်မယ်နော်

ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ပျော်ပြီလေ

အရမ်းကောင်းတယ်ဗျာ သီချင်းလေးကြိုက်တယ် good bro

ဟုတ်ကဲ့ ကျေးဇူးပါ ဘရိုရေ ပျော်ပြီလေ ဗျာ

ဟုတ်ပါတယ်အစ်ကိုရေ
ဝါသနာကိုအရင်းခံပြီးအသက်မွေးဝမ်းကျောင်းပြုရင်အောင်မြင်တယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့ဦးရေကလက်ချိုးရေလို့ရပါတယ်ဗျာ

ဒါပေါ့ဘရိုရေ ဒါပေမယ့်အောင်မြင်ပြီးရင်လဲ နာမည်က ဘယ်တော့မသေတော့ဘူး ဗျို့

ဘာအရာမှ လွယ်လွယ့်ရတဲ့အရာမရှိပါဘူး တခုလိုရင်တခုတော့ပြန်ပေးဆပ်ရမြဲပါဘဲ့

အမှန်ပဲပေါ့ ဘရိုရာ

အသံလည်းကောင်း
သီချင်းလည်းကောင်း
အရေးသားလည်းကောင်းဗျာ
Own Tune လေးတွေရှိရင်လည်း ထပ်တင်ဗျာ
အားပေးတယ် သီချင်းဆိုတာတော့ ဝါသနာပါတယ်😁

ကျေးဇူးပါဗျာ ဘ၀မှာ အမှတ်တရ မှတ်တိုင် ၀ါးဝါးလေးပေါ့ဗျာ

သီချင်းလေးတော့သဘောကျသွားပြီ

ကျေးဇူးပါ ဗျာ

  ·  7 years ago (edited)

ရမ်း​ကောင်းတယ်​လို့​ပြော​နေကြတယ်​နား​ထောင်​ကြည့်​မှဘဲ

ဟုတ်ကဲ့ပါ bro

သီချင်း​လေးကြိုက်​တယ်​ဗျာ
အ​ရေးသားကလည်းgood

ကျေးဇူးပါ ဘရိုရေအားရှိသွားပြီ

Bro အသံလည်းကောင်းတယ်ဗျာ
အသက်လည်းငယ်သေးတယ်
အိပ်မက်တွေ ဖြစ်လာမှာပါ
Fighting ပါဗျာ

ကျေးဇူးအထူးပါဗျာ

အောင်မြင်ပါစေဗျာ ။ power ကျနေလို့ မဘုတ်ခဲ့ဘူး။

ကျေးဇူးပါ bro ရေ

လန်းတယ်ဘဒို
အလုပ်တွေအစုံပါပဲလား

ကျင်လည်ရာ ဘ၀လေးတွေပါ ဘရိုရယ် အမှတ်တရကောင်းလေးတွေလည်းပါတာပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htinyarsai from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.