သီချင်းဖွင့်သောသူများ
မင်္ဂလာပါ ခင်ဗျာ ကျွန်တော်ကတော့ @htinyarsai ပါ facebook name ကလည်း Htin Yar Sai ပါခင်ဗျာ ခင်နိုင်မင်နိုင်ပါတယ်။ pro တင်ဖို့ကလည်းနီးကပ်နေပြီဆိုတော့ ခေါင်းထဲမှာဖြတ်ခနဲပေါ်လာတဲ့ တွေးမိတွေးရာလေးပါ။ ကျွန်တော်ဒီနေ့ တင်ပြချင်တဲ့အကြောင်းအရာကတော့ သီချင်းဖွင့်ကြသူများလို့ ခေါင်းစဉ်ပေးချင်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ သီချင်းဖွင့်ကြတဲ့သူတွေရှိသလို မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်း သီချင်းဖွင့်ကြတဲ့သူတွေ၊နားထောင်ကြတဲ့သူတွေရှိကြမှာပါ။ ဟုတ်ပြီသူတိုကို့ ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။ ကျွန်တော်မြင်တဲ့အမြင်လေးအရတော့ သီချင်းဖွင့်တဲ့သူ နဲ့ သီချင်းနားထောင်တဲ့သူ နှစ်မျိုးရှိပါတယ်။
သီချင်းဖွင့်သူ
သီချင်းဖွင့်တဲ့သူဆိုတာ သူနားထောင်ချင်တာထက် သူများကိုနားထောင်စေချင်တဲ့သူပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအမျိုးအစားထဲမှာ တစ်ခါတစ်ခါပါလေ့ရှိတယ်။ တစ်ခါတစ်ရံ ကားပေါ်မှာဖြစ်စေ အိမ်မှာဖြစ်စေ သီချင်းဖွင့်တဲ့အခါ ကိုယ် ကြိုက်တဲ့သီချင်းထက် ပတ်ဝန်းကျင်က ကြိုက်လောက်မယ်ထင်တဲ့သီချင်းတွေကို ဖွင့်တတ်ကြပါတယ်။ သူတို့မှာ သီချင်းအလန်းစားလေးတစ်ပုဒ် ရှိပြီဆိုရင် ပတ်ဝန်းကျင်ကိုပါ ထပ်ခါထပ်ခါ နားထောင်စေချင်တာ သူတို့ရဲ့ဝသီပါ။ သူတို့ရဲ့အကျင့်ဟာ သီချင်းဖွင့်ရင် ကျယ်လောင်စွာဖွင့်လေ့ရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့အမြင်အရ နှစ်သက်တာထက် မနှစ်သက်တာ ပိုများလေ့ရှိတာကို သတိပြုရပါမယ်။ လိုအပ်တာထက် ကျယ်လောင်လာတဲ့ သီချင်းသံဟာ ပတ်ဝန်းကျင်အတွက် နားဆင်ဖို့ထက် အနှောင့်အယှက်တစ်ခု ဖြစ်စေနိုင်ပါတယ်။
သီချင်းနားထောင်သောသူ
သူကတော့ တစ်မျိုးဗျ။ ပတ်ဝန်းကျင်ကို နှောင့်ယှက်ဖို့ မစဉ်းစားဘူး သူနားထောင်ချင်တဲ့သီချင်းကိုသူကြားရုံလောက်သာဖွင့်ပြီးနားထောင်တတ်တဲ့သူမျိုးပါ။ များသောအားဖြင့် သူတို့ကိုယ်ပိုင် ပတ်ဝန်းကျင်ဖန်တီးလေ့ရှိပါတယ်။ ဥပမာ rock သီချင်းတွေ ဖွင့်တဲ့ဆိုင်မှာ rocker သမားတွေပဲထိုင်ကြတာမျိုး၊ alter တွေရှိတတ်တဲ့နေရာတွေမှာဆို ဒိုးလုံး၊ လှိုင်ဦးမော် စတဲ့အဆိုတော်တွေပဲ ဖွင့်ကြသလိုမျိုးကြုံဖူးမှာပါ။ အဲဒီနေရာမှာ ကိုယ်ကသွားပြီး အကိုရေ ရွှေထူးလေး တစ်ပုဒ်လောက် ဂျီဖက် လေးတစ်ပုဒ်လောက် သွားလုပ်ရင် အဆဲခံရမှာ အသေချာပါပဲ။ ဂီတကိုနားဆင်ရာမှာလည်း သူနေရာနဲ့၊ ခံစားချက်၊ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားခြားနားပါသေးတယ်။
ဂီတအပေါ်မှာရူးသွပ်စွာနေထိုင်ကြသူများ
ရှိပါတယ် ပတ်ဝန်းကျင်မှာ ဘယ်အဆိုတော် ဘယ်အခွေထွက်ထွက် စိတ်မဝင်စားဘူး ထူးအိမ်သင်နဲ့ အယ်နောင်း သာနေ့စဉ် မရိုးနိုင်အောင်နားထောင်လေ့ရှိတဲ့ သူမျိုး။တစ်ခါက ဇော်ဝင်းထွဋ် ရှိုးပွဲသွားကြည့်တဲ့အခါ ရှေ့ဆုံးမှာ country style နဲ့ rocker တွေ အများကြီးတွေ့ရပါတယ်။ သူတို့ စီးတဲ့ဆိုင်ကယ်ကအစ အိမ်မှာဖွင့်တဲ့သီချင်း အဆုံး ဇော်ဝင်းထွဋ် လဘက်ရည်ဆိုင်ထိုင်ရင်တောင် ကော်ဖီခါး မှာသောက်ကြတယ်။ တစ်ခါတစ်လေကျရင် စဉ်းစားမိတယ် သူတို့တကယ်ပဲနှစ်သက်လို့ကော်ဖီခါးခါး မှာသောက်ကြတာလားပေါ့။ ကျွန်တော်တို့ လဘက်ရည်ဆိုင်စထိုင်တတ်တဲ့အချိန်က လဘက်ရည်မှာရင် ချိုစိမ့်တို့၊ ကျောက်ပန်းတောင်း တို့မှာရင် တောသားလို့ အပြောခံရမှာစိုးလို့ ပေါ့ဆိမ့်တစ်ခွက်လို့ မကြိုက်ပဲမှာခဲ့ဖူးတယ်။ တကယ်သောက်ချင်တာက ချိုစိမ့်ပါ။ အဲလိုကိုယ့်ကိုယ်ညာခဲ့ဖူးတယ်။ သူငယ်ချင်းတစ်ယောက်ရှိတယ် rocker တွေဝတ်တဲ့ ဘောင်းဘီတံဆိပ်ကို ဘေထုပ်ထဲကနေ တစ်သိန်းခွဲပေးပြီး ဝယ်ဝတ်တာတွေ့ဖူးတယ် သူ့ခံယူချက်နဲ့သူပေါ့။
ကျွန်တော့အမြင်
ကျွန်တော့အမြင်ကတော့ ဘောင်မခတ်ထားဘူး သီချင်းနားထောင်တယ်၊ ကြိုက်ရင်ဖွင့်တယ် မကြိုက်ရင်ကျော်တယ်။ ကိုယ်က rock သမားမိုလို့ ကျန်တဲ့သီချင်းနားမထောင်ရတော့ဘူး ဆိုတာမျိုးမဖြစ်စေချင်လို့ပါ။ ကြိုက်တဲ့သီချင်းဆို repeat one လုပ်ပြီး မုန်းနေအောင်နားထောင်ပလိုက်တာ။ အခုခေတ်လူငယ်တွေမှာ ပေါ်လစီ သီချင်းတွေသာနားထောင်နေကြတာ တွေ့နေရတယ်။ ကားကြီးမောင်းသမားတွေဆိုရင် စိုင်းထီးဆိုင်မှ သီချင်းထင်တာဗျ။ သူတို့ mode က ကားမောင်းပြီဆိုရင် စိုင်းထီးဆိုင်က မပါမဖြစ်ပါတဲ့။ စိုင်းထီးဆိုင်မဟုတ်ရင် ဆားမပါတဲ့ ဟင်းလိုခံစားရတယ်တဲ့။ ကျွန်တော်ကတော့ တော်များများနားထောင်ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်းဆိုရင် ဘယ်အဆိုတော်ပဲ ဖြစ်ဖြစ် ဘယ်လိုင်းထဲကပဲဖြစ်ဖြစ် play list ထဲထည့်ထားလိုက်တာပါပဲ။ လူအမျိုးမျိုးစိတ်အထွေထွေ ကိုယ်နှစ်သက်ရာ ရူးသွပ်ကြတာသဘာဝပဲမဟုတ်ပါလားခင်ဗျာ ။
Photo credit google
Author by
@htinyarsai(9:57am)
MSC203
ကိုယ်ကတော့ ဂီတကို အနားယူအပန်းပြေဖို့ အသုံးချတတ်ပါတယ်။
သူများတွေအတွက်တော့ ဖန်တီးမပေးတတ်ပါဘူး။ သီချင်းလေးတွေနဲ့
ခံစားတတ်တာလောက်ပဲပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂီတဆိုတာ လိုအပ်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂီတဆိုတာ
လူတိုင်းနှစ်သက်ပါတယ်
ကျနော်လည်း နှစ်သက်တယ်
သီချင်းနာထောင်းရင် ခေတ်ဟာင်း
ခေတ်သစ် သီချင်းမရွေးဘူး ကြိုက်ရင်
နားထောင်ပြိုက်တာပဲ အယ် ဒါပေမယ့်ပေါ့
နားထောင်အခါ ကိုယ်ကြိုက်လို့နားထောင်ပဲဟာ
ကိုယ်ကြားရုံလောက်ပဲ ဖွင့်ပြီးနားထောင်တယ် ဘေးလူကို အနှောက်အရှက်ဖြစ်မှာစိုးလို့ အသံကုန် အကျယ်ကြီးဖွင့်ပြီးတော့ နားထေညင်တာမျိုးတော့မရှိဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူ့ခေတ်နဲ့သူကောင်းနေဆဲပါပဲ တစ်ချို့ဆို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ထဲမွန်းကျပ်နေပြီဆို သီချင်းနားထောင်ပလိုက်တယ် စိတ်သက်သာစေမဲ့သီချင်းမျိုးပေါ့ ကိုထီးကိုတော့ အသေကြိုက်တယ် ရိုးလည်းမရိုးဘူးလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပဲ bro အမြဲနားထောင်ဖြစ်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သီချင်းကတော့ အကြိုက်ဗျာ့ ဒါပေမယ့် ခေါင်းစဉ်သတ်မှတ်မထားဘူး နားထောင်ကောင်းရင် အကုန်နားထောင်တာပဲ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သီချင်းကို နားထောင်ရတာ ကြိုက်တဲ့သူပါ သီချင်းဖွင့်ရတာ မကြိုက်ပါဘူး ကိုယ့်ကြေင့် သူတစ်ပါး အနှောင့်အယှက်ဖြစ်မှာ ကြောက်သလို ကိုယ့်နားမှာ လာဖွင့်ရင်လည်း မကြိုက်ပါဘူး မှန်ရာပြောရရင် လမ်းလျှောက်တုန်း ကားဟွန်းတီးသံကိုတောင် စိတ်ဆိုးချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
shake Rock & Roll
အကြိုက်တူပီဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
We are rocker hee
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါတယ်
အားပေးနေတယ် အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့ ဖြစ်ပေါ်လာတဲ့ ခံစားမှုပေါ်မှာဘဲ အမျိုးအစားရွေးပြီးနားထောင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကွဲပြီဆိုရင် ကွဲတဲ့သီချင်း ကြည်နူးရင် ကြည်နူးတဲ့သီချင်းပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by htinyarsai from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for voting
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သီချင်းနာထောင်ရင် စိတ်ကြည်တယ်။ပျော်တယ် ထကချင်တယ် လောက်ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
KTV ရောက်ရင် ကပြဇီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Shkလိုရ်တော့ ဘဒိုရေ
ကျနော်လဲ အဲ့လိုပဲ ကြိုက်တဲ့သီးချင်းဆို repeatလုပ်ပီး မုန်းနေအောင်နားထောင်ပစ်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ တစ်လလောက်နေရင် အဲ့သီချင်းလာရင်ကျော်တော့တာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့ အနုပညာကို ဝါသနာပါတယ်ဗျ
ဒါကြောင့်လည်း သီချင်းမှန်သမျှ နားထောင်ကြည့်တယ်
ကျွန်တော်ကဘယ် သီချင်းဘဲနားထောင်နားထောင်
စည်းမျှော်ပြီးနားထောင်တက်တဲ့ အကျင့်ရှိလို့ လားမသိ
သီချင်းတိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိတာကို ကျွန်တော်တွေ့ ရှိ
ခဲတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သီချင်းတစ်ပုဒ်ဖန်တီးဖို့ လွယ်တာမှတ်လို့ သူ့အဓိပ္ပာယ်နဲ့သူရှိတာ မှန်တာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သီချင်းလေးတွေ ခံစားတတ်ရင် ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါ့ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့ ဂီတနှင့်ပတ်သက်ရင် နေရာဒေသအချိန်အခါစိတ်ခံစားမှုကိုလိုက်ပြီး
သံဇဉ်မျိုးစုံကိုနားထောင်ဖြစ်တယ်ဗျ
မြန်မာသံဇဉ်ကအစ ဟစ်ဟော့အဆုံးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူတယ်ဗျာ ကျွန်တော်လဲ အဲလိုပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီတော့အကုန်နီးပါးပဲ ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Shake bro hee
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်ကတော့ Music ကိုရူးသွပ်ခဲ့ဖူးတယ် ခုတော့အလုပ်နဲ့ပဲ နှဘမ်းလုံးနေရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပန်းဖြေတဲ့အချိန်မှာတော့ နားထောင်ဖြစ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် တကယ်ပါအကို ကျွန်တော်ဆို သီချင်းလေးနားထောင်ပြီး အမောဖြေလေ့ရှိပါတဟ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူတူပဲ အပန်းပြေစေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit