မင်္ဂလာပါ ကျွန်တော်ကတော့ ရာဇ၀င်ထဲက စာရင်းမရှိတဲ့ သူရဲကောင်းတစ်ယောက်ပါ။ တိုက်ပွဲများစွာကိုလဲ ရွပ်ရွပ်ချွံချွံနဲ့ အောင်ပန်းဆင်နိုင်ခဲ့သူတစ်ယောက်ပေါ့။ ကျွန်ုပ်နာမည်ကြားရင်တောင်မှ ရန်သူဟာ ဖိန့်ဖိန့်တုန်အောင်ကြောက်ရပါတယ်တဲ့ခင်ဗျာ။ ကျွန်ုပ်နာမည်ကား ဖိန့်ဖိန့်တုန် ဟုခေါ်တွင်ကြလေသတည်း။
ဖိန့်ဖိန့်တုန် ၏ မှတ်တမ်း
ဖိန့်ဖိန့်တုန် ကိုမွေးခဲ့တာ မထင်မရှားကျေးရွာလေးတစ်ရွာက သာမန် လယ်သမားဦးကောက်နဲ့ ဒေါ်ပွားတို့ မှ ၀ါဆိုလအခါတွင် ဖွားမြင်သန့်စင်ခဲ့ပါတယ်။ အတန်းပညာအားဖြင့် ရွာဦးကျောင်းဆရာတော်ထံ ၀တ်ဖြည့်ရင်း ကပ္ပိယကြီးထံတွင် ဆည်းပူးသင်ယူခဲ့ရပါသည်။ ဖိန့်ဖိန့်တုန်မှာ ငယ်စဉ်က လွန်စွာကြောက်တတ်သော အကျင့်ရှိသည်။ ကလေးခြင်းဆော့ကစားကြသည့်အခါတွင် ကျောင်းသားကြီးများက အမြဲအနိုင်ကျင့်တာခံရလေ့ရှိသည်။ မိဘမှကျွေးသော မုန့်ပဲသွားရေစာများ ကုန်စင်အောင် တစ်ခါမှ စားရသည်မရှိပေ ဘုန်းကြီးကျောင်းသားတို့ အနိုင်ကျင့်သမျှခေါင်းငုံ့ခံကာ နေသည်။ ညဖက် တစ်ယောက်တည်း အပေါ့အပါး ထ၍လည်း မသွားရဲပေ အမှောင်ကို ကြောက်ပြန်သည်။ အရွယ်ရောက်၍ပညာစုံသော် ဘုန်းတော်ကြီးမှ မိန့်ကြားသည်။ ``မောင်ကျောင်းသားရေ သင်၏စိတ်ကို အလိုမလိုက်နှင့် တပါးသော သူတို့၏အမြင်ဖြင့်သာ တွေးတောကြံဆ၍ သူရဲကောင်းစိတ်ဓါတ်မွေးမြူ၍သာ နေပါလေ” ဟုမိန့်လေသည် ဘုန်းတော်ကြီးမိန့်ကြားသည်ကို နားမလည်သော်ငြားလည်း တင်ပါ့ဘုရားဟုသာ ဦးချကန်တော့ခဲ့သည်။
ဖိန့်ဖိန့်တုန် သတ္တိရှိလာပြီ
တစ်နေ့သ၌ ဖိန့်ဖိန့်တုန်တို့နှင့် နှစ်အိမ်ကျော်တွင် မီးလန့်လေသည်။ ထိုအိမ်တွင် မသန်မစွမ်းသက်ကြီးရွယ်အိုတစ်ယောက်မှာ မပြေးနိုင်သဖြင့် မီးထဲပိတ်မိနေလေ၏ ။ဆရာတော်ပြောသလို သူရဲကောင်းစိတ်မွေး၍ ဖိန့်ဖိန့်တုန်သည် စောင်ကိုရေစွတ်၍ ကိုယ်မှာပတ်ကာ မီးဟုန်းဟုန်းတောက်နေသော အိမ်ယိုင်လေးအတွင်းသို့ သားကောင်ရသော ကျားပမာ ခုန်ဝင်၍ အဖွားအိုကို ကယ်တင်လိုက်ပေ၏။ ထိုအခါရွာအတွင်းမှ ကာလသားတို့သည် ဤ လူငယ်ကား သတ္တိရှိပေ၏ဟု ချီးမွမ်းကြကုန်၏။ ကယ်တင်ရှင်သူရဲကောင်းကြီးကျန်းမာပါစေဟု အဖွားအိုမှ ဆုတောင်းပေးသောအခါ မိမိရင်ထဲတွင် ကြက်သီးမွေးညင်းများထ၍ မဖော်ပြတတ်သော ခံစားမှုကို ၀မ်းမြောက်စွာ ခံစားရ၏။ ထို့နောက်များမကြာမှီတွင် နွားရိုင်းသွင်းချိန် မိန်းမပျိုအား ဆွဲရမ်းနေကြသော ကသည်းစစ်သား ကစော်သမားတစ်သိုက်ကိုတွေ့ရ၏။ စဉ်းစားသည် မိမိသဘောသာဆိုလျှင်ကြောက်၍ မသိချင်ယောင်ဆောင်ကာပြေးမည် သို့သော် မိမိသည် သူရဲကောင်းဖြစ်နေပြီ သူရဲကောင်းတစ်ယောက်ဆိုလျှင်ဘာလုပ်ရမည်နည်း။ ထို့နောက်ဆုံးဖြတ်ချက်ချကာ တုတ်တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ကိုင်၍ မည်းမည်းမြင်ရာရိုက်ပါလေတော့သည်။
ဖိန့်ဖိန့်တုန် စစ်မှုထမ်းပြီ
မဏိပူရပြည့်ရှင်မင်း၏ ချွေးတပ်စုဆောင်းရာတွင် ဖိန့်ဖိန့်တုန်တို့ရွာမှ ဖိန့်ဖိန့်တုန်အပါအ၀င် အင်အား ၁၀၀ ခန့် စစ်မှုထမ်းရသည်။ တပ်တွင်းသို့ရောက်သော် ဆရာတော်၏ ဆုံးမ ထုံးကို နှလုံးမူ၍ ကသည်း သူပုန်များကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်၍ တာဝန်ထမ်းခဲ့လေသည်။ ထိုအခါမင်းက မြောက်စား၍ သူကောင်းပြုခြင်းခံရ၏။ စစ်သူကြီးဘ၀သို့ရောက်သော် မိမိကိုယ်ကိုယ်ဆင်ခြင်မိသည် ။ (၁) မိမိသည် အလွန်ကြောက်တတ်ပါသည် သို့သော် ထိုကြောက်စိတ်ကို သူတပါးအား မမြင်စေလိုသဖြင့် ရဲရင့်ခြင်းအမှုကိုသာ ပြု၍ နေသဖြင့် ရဲရင့်သော သူ ဟူ၍ ဖြစ်လာသည်။ (၂) မိမိသည် အလွန်ရေသာခို အချောင်လိုက်တတ်သောသူ တစ်ယောက်ဖြစ်သည် သို့သော် လူပေါ့ လူဖျင်းဟူ၍ အထင်မခံ ၀ိရိယထား၍ ကြိုးစားပြသဖြင့် ဇွဲလုံ့လရှိသောသူ ဟူ၍ ဖြစ်လာခဲ့သည်။ (၃) မိမိသည် အကျင့်စာရိတ္တအင်မတန်ကောင်းမွန်သော သူအမျိုးအစားတွင် မပါဝင်ပေ သို့သော် မိမိ၏ဂုဏ်သိက္ခာအတွက် နှမ်းတစ်စိမျှ မရိုးသားခြင်းအမှုကို မပြုရာ သဖြင့် ရိုးသားသော သူတစ်ယောက်အဖြစ် ကျေနပ်စွာ ခံယူခြင်းရခဲ့ပေသည်။ ထိုသို့ ကြောက်သော စိတ်ကိုပင်အသုံးချ၍ သူရဲကောင်းဘွဲ့ထူးကို ပိုင်ဆိုင်ခဲ့ရပေသည်။ အချုပ်အားဖြင့်ဆိုသော် လူတိုင်းသည် မိမိတွင်ရှိသော အားနည်းချက် ကို မပျင်းမရိ ယောင်္ကျားကောင်းတို့ ထုံးနှလုံးမူ၍ သူရဲကောင်းစိတ်မွေး ကာ နေထိုင်လျှင် မြင့်မြတ်လှသော ဘ၀ ပိုင်ဆိုင်နိုင်ပါကြောင်း။
Author by
@htinyarsai (6:17pm)
MSC 203
ဖတ်လို့ကောင်းပါတယ်
ဒါပေမဲ့ စာတွေနဲနဲ ထပ်နေသလားလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ကျေးဇူးပါဗျာ past ချလိုက်တာ ထပ်သွားလို့ ပြန်ပြင်လိုက်ပါပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Oki bro ဖိုက်တင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြန်လှန် ဖိုက်တင်းဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့ကစာထပ်နေတယ်ကိုဖိန့်ဖိန့်တုန်ရေအားပေးခဲ့တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးပါ ဗျာ ကျွန်တော် paste ချလိုက်တာ လိုသွားတယ် ပြင်လိုက်ပါပြီခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖက်လိုတော့ကောင်းပါ အပေါ်စာတွေနဲ့အောက်စာတွေထပ်နေသလိုပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ဘရိုရေ ပြင်လိုက်ပါပီဗျာ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေတယ်အစ်ကိုရေ
ရေးသွားတာလေးကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ ဖတ်ရှုပေးတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖိန့်ဖိန့်တုန်အောင်ဘုတ်ပစ်လိုက်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖိန့်ဖိန့်တုန် အောင်ကျေးဇူးပါ ကိုဟိန်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖိန့်ဖိန့်တုန်အောင်ဘုတ်ပစ်လိုက်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖိန့်ဖိန့်တုန် အောင်ကိုကျေးဇူးတင်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောက်ဆုံး စာပိုဒ်လေး အကြိုက်ဆုံးပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ကိုလင်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာမမှန်လို့ အရင်ဘုတ်ခဲ့ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ဘရိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါသည်။သို့သော်လည်းစာတွေထပ်နေပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အမ ရေ ပြင်လိုက်ပါပြီခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit