အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
ဟိုတနေ့က ကျန်နေသေးတဲ့ လူငယ်တွေမှာ ရှိတတ်တဲ့ အချက်တွေထဲက Understanding အကြောင်း ဆက်လိုက်ရအောင်။
အဲတော့ လူငယ်တွေဟာ သူတို့ကို နားလည်မှု့ပေးဖို့ တောင်းဆိုနေကြတယ်။ သူတို့တောင်းဆိုနေတဲ့ နားလည်မှု့ကို သူ့ မိသားစု၊ သူ့ ပတ်ဝန်းကျင်၊ သူ့ အသိုင်းအဝိုင်းဆီက မရတော့ သူတို့ ပေါက်ထွက် လာတတ်ကြတယ်။ အဲဒီ ပတ်ဝန်းကျင်ကို အရွဲ့တိုက်လာကြတယ်။ မိသားစုမှာ ကန့်လန် ကဆန်လုပ်လာတတ်ကြတယ်။ တချို့လူငယ်တွေရှိတယ်နော် အိမ်မှာဆိုရင် လူဆိုးဘဲ၊ အိမ်မှာဆို သူက ဂြိုလ်ကောင်ဘဲ။ ဒါပေမဲ့နော် အပြင်ဘက် ပတ်ဝန်းကျင် သွားကြည့် သူ့ပင်ကိုယ်မှာရှိတဲ့ စိတ်လေးတွေ့ရမယ်။ အပြင်မှာသူတပါးနဲ့ဆို အတော်ကို ကောင်းတယ်၊ သိမ်မွေ့တယ်၊ ကူညီတတ်တယ် ရိုင်းပင်းတတ်တယ်။ စတဲ့ အမူ အကျင့်လေးတွေ တွေ့ရတယ်။ ဒါဟာ ဘာလဲဆိုတော့ သူ့မိသားစုရဲ့ နားလည်မှု့ကို လိုချင်တယ်။ မရကြလို့ သက်သက် သူ့မိသားစုကို ဆိုးပြတာပေါ့။
ဒီနေရာမှာ နားလည်ပေးမှု့ဆိုတာကို နည်းနည်းပြော ရလိမ့်မယ်။ နားလည်ပေးမှု့ဆိုတာ လက်ခံပေးမှု့တော့ မဟုတ်ဘူးနော်။ မင်းဘာပြောပြော ငါလက်ခံမယ်ဆိုတာမျိုး မဟုတ်ဘူး။ မင်းတို့ ဘာခံစားနေရတယ်။ ဘာဖြစ်ချင်တယ်ဆိုတာ ငါတို့ ကြိုးစား နားလည်ပေးမှာကို ဆိုလိုတာ မင်း ဖြစ်ချင်တာကို လုပ်ကွာလို့ ပြောတာတော့ မဟုတ်ဘူး။ ဥပမာ - မင်း ဟာ တီဗီထဲက မင်းသားတွေလို၊ စတိတ်ရှိုးအဆိုတော်တွေလို ဆံပင်အရှည်ထားချင်တယ် မင်းခံစားချက်ကို ငါနားလည်တယ် ဒါပေမဲ့ မင်းက ကျောင်းသား၊ ကျောင်းသားဆိုတော့ ဆံပင်အရှည်နဲ့ မသင့်တော်ဘူး။ ဒီတော့ ဆံပင်အရှည်တော့ မထားနဲ့ကွာ ဂီတာတလက်ကို ၀ယ်ပေးမယ်။ စတဲ့ အဆင့်တွေ သွားဖို့ အတွက် နားလည် ပေးလိုက်ခြင်းဖြစ်တယ်။ ကဲ လူငယ်တွေကို ဘယ်လို နားလည်ပေးကြမလဲ။ ကျွန်တော်ထင်တာက တော့ စကားပြောဖို့ဘဲ။ သူတို့ အတွင်းထဲမှာ ဖြစ်နေတာလေးတွေကို စပ်စုကြည့် မေးကြည့် တီးခေါက်ကြည့် ဒီကောင်တွေ ၂ ခါ မပြောရဘူး။ တန်းပြီး အန်ထွက်လာတတ်ကြတယ်။ ဒါဟာ မထူး စမ်းပါဘူး။ သူ့မှာ ပေါက်ထွက်ချင်နေတာ။ အဲလို ပေါက်ထွက်ဖို့ အခွင့် မရနေတာ။ ဒါကို နားလည်ပေးပါဆိုပြီး တောင်းဆိုနေကြတာ။ ဟိုငယ်ငယ်တုန်းက ကြည့်ဘူးကြတဲ့ ကျော်ဟိန်းကားတွေမှာ ဒါမျိုးလေးတွေကို ပြတတ်တယ်။ ဥပမာ ပန်းမြိုင်လယ်ကဥယျာဉ်မှူးဆိုရင် တာတီးကိုရွာက ပယ်ထားတယ်။ ဘယ်သူကမှ အရေးတယူမလုပ်ဘူး။ နားမလည်ပေးဘူး။ ဒီလိုနဲ့ ရွာက ရွာလုံးကျွတ် အလှူသွားတော့ တာတီးပွဲကြမ်းပြတယ်။ အဲဒါ သူကြိုက်တဲ့ ကောင်မလေးက သူ့ကို နားလည်ပေး လက်ခံ ဂရုစိုက်ပြီး နားလည်အောင်ပြော နားချလိုက်တော့ တာတီးငြိမ်သွားတယ်။
နောက်တခုကတော့ Telance ဆိုတဲ့ အစွမ်းအစဘဲ။ ဒီ အစွမ်းအစကလည်း လူငယ်မှာဘဲရှိတာနော်။ လူကြီးတွေကျ အစွမ်းအစလို့ မခေါ်တော့ဘူး။ ကျွမ်းကျင်မှု့ဖြစ်သွားပြီ။ လူငယ်ဘ၀က အစွမ်းအစတွေဟာ လူကြီးဖြစ်လာတော့ ကျွမ်းကျင်သွားလို့။ လူငယ်ဘ၀မှာ အားလုံး လုပ်ကိုင်နိုင်တဲ့ အစွမ်းအစရှိတယ်။ သူ့မှာသာ အဲဒီအတွက် အခွင့်အလမ်း သာရခဲ့ရင်ပေါ့။ ဥပမာ - ဂီတာတီးတတ်ဖို့၊ စက်ချုပ်တတ်ဖို့၊ ဇာပန်းထိုးတတ်ဖို၊ စသဖြင့်သူမှာ အစွမ်းအစတွေ ရှိနေတယ်။ မြန်မာအပြောတခုရှိတယ်။ ခွေးအိုကြီးမှ လက်ပေးသင် တတ်မယ်ထင်လား ဆိုတာမျိုးပေါ့။ လူကြီးက ကြီးမှ ထပြီး လုပ်လို့ မရတာတွေရှိတယ်။ ပြောချင်တာက လူငယ်တွေလောက် အစွမ်းအစ မရှိတော့ဘူး။ လူငယ်တွေမှာဘဲ ဒီအစွမ်းအစဆိုတာရှိတာ။
နောက်တခု T က Tension ဆိုတဲ့ စိတ်ဖိစီးမှု့။ အဲဒါလည်း လူငယ်တွေမှာ ခံစားနေရတယ်။ ဘာ ဖိစီးမှု့မှန်းတော့မသိဘူး။ ဖိစီးနေတတ်တယ်။ အိမ်က ငွေရေးကြေးရေး အဆင်မပြေတာလား။ ကျန်းမာရေး မကောင်းလို့လား။ ရိစပူမိနေတာလား။ ကျောင်းမှာ စာမလိုက်နိုင်လို့လား။ စသဖြင့် ဘာမှန်းမသိတဲ့ အရာတွေနဲ့ ဖိစီးခံနေရတယ်။ သနားစရာကောင်းတယ်နော်။ သူ့တို့မှာ ဒီ Tension လာနေတာ။ ဒါတွေ မရှိဘူး မဟုတ်ဘူးနော် ရှိလို့ တခါတခါ ပေါက်ပေါက်ထွက်လာပြီး သူ့မိသားစုတို့ ရပ်ကွက်ထဲမှာတို့ နဲ့ အဆင်မပြေဖြစ်လာတတ်ကြတယ်။ ကျွန်တော်လည်း ကိုယ်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တယ်။ ကျွန်တော် လူငယ်ဘ၀မှာလည်း ဒီ ဘာမဟုတ်တာတွေနဲ့ အလာကားနေရင်း ဖိစီးမှု့ရှိနေတတ်တယ်။ ဥပမာ - ၉တန်းအောင်ပြီး ကျူရှင်သွားရင် ကလေးတုန်းက စီးတဲ့ BMX နဲ့ မသွားချင်ဘူး။ လူကြီးစီးတဲ့ ဖီးဆင့်လို့ဟာမျိုးနဲ့ သွားချင်တယ်။ အိမ်ကတော့ သူ့အခြေနေသူတို့ဆိုတော့ ၁၀တန်း ရောက်မှ ၀ယ်ပေးတာ။ အဲဒီတုန်းကတော့ ကျူရှင်သွားဆို အဲဒီ ဘီးနဲ့ မသွားချင်ဘူး။ ကလေးစီးတဲ့ ဘီးစီးရတာ ရှက် တယ် ဆိုပြီး ဖိစီးမှု့တွေရှိနေခဲ့တာ။ ဒါတွေ အခုပြန်စဉ်စားတော့ ဘာမှမဟုတ်သလိုဘဲနော်။ အဲဒီတုန်းကတော့ ကျွန်တော့အတွက် တကယ့် အကြီး အကျယ် ပြဿနာဘဲ။ ပြောချင်တာက ဘာမှ မဟုတ်တာတွေနဲ့ လူငယ်တွေမှာ ဖိစီးနေတတ်တာကို ပြောချင်တာပါ။
ကဲ နောက်ဆုံးအချက် H ကို သွားရအောင်။ နောက်ဆုံးအချက်ကတော့ လူငယ်တွေမှာ Haze လို့ခေါ်တဲ့ mental confusion စိတ်ထွေပြားနေတာ ဝေဝါးနေတတ်ကြတယ်။ ဘာမှ ပြတ်ပြတ်သားသား မဖြစ်ဘူး။ အဲဒီ လူငယ်လေးတွေ အသုံးများတဲ့ မြန်မာစကားရှိတယ်။ 'ရပါတယ်။' တဲ့။ တူတယောက်ရှိတယ် မေးလိုက်ရင် ဒီရပါတယ် ဘဲထွက်တယ်။ မင်း စားမှာလား မစားဘူးလား။ဆို 'ရပါတယ်။' တဲ့။ မင်း သွားမှာလား မသွားဘူးလား ဆိုလဲ 'ရပါတယ်။' ဘဲ။ ဘာရပါတယ်လဲ မင်းကို မေးနေတာ စားမလား။ သွားမလား။ ဒီ ၂ ခုမေးနေတာလို့ လေသံလေးမာလိုက်မှ သွားသွား မသွားသွား ရတယ်တဲ့။ ဒီရပါတယ်က' ထပ်ပြန်ပါသေးတာ။ တချို့လူငယ်တွေတွေ့ဘူးမှာပါ။ ငူငေါင်ကြောင်ငေး ဆိုတာမျိုးပေါ့။ ထိုင်ငူနေတတ်တယ်။ သူတို့ မှာ စိတ်က ထွေနေတတ်တယ်။ အထူးသဖြင့် အပျိုဖော်ဝင်တဲ့ ကောင်မလေးတွေမှာ တခါတခါ ပိုသိသာထင်တယ်။ နောက်ထပ် မကောင်းတဲ့ H တခုက Horror ဆိုတဲ့ feeling of instant dislike ဘယ်လိုပြောမလဲ။ အလကားနေရင်း ကြည့်မရနေတာ။ သူဟာသူ အဆင်ပြေတာလေးကို နေမရ ထိုင်မရဖြစ်ပြီး နည်းနည်း အနှောက်လေး ဖျက်လို့ဖျက်စီးလေး လုပ်လိုက်ရမှ နေသာထိုင်သာရှိသွားတတ်တဲ့ဟာမျိုးကို ပြောတာ။ သူများ တကာ ထိုင်ခုံလေးတွေ ညီအောင်စီထားရင် တခုံလောက်ကို နည်းနည်းလေး တွန်းတိုက်သွားလိုက်ရမှ၊ ပန်းမခူးရ ဆိုရင် တပွင့်လောက် လက်ကလေးနဲ့ ဆိတ်လိုက်ရမှတို့၊ သူများ သီချင်းကောင်းကောင်း ဆိုနေရင် အနောက်ကနေ အသံသေး အသံညော်နဲ့ အော်လိုက်ရမှတို့ စတဲ့ အနှောက်လေးတွေ လုပ်လိုက်ချင်စိတ်ရှိတာလဲ ဒီလူငယ်တွေဘဲနော်။ ကျွန်တော် အဲဒီအကြောင်း ပြန်စဉ်းစားတိုင်း ကိုယ်ကိုယ်ကို သတိရမိတာ တခုရှိတယ်။ အဲဒါက ကျွန်တော် ဒီနေ့အထိ သီချင်းကောင်းကောင်း မဆိုတတ်ပါဘူး။ ကျွန်တော် အသံမကောင်းလို့တော့ ကိုယ်ကိုယ်ကို မထင်ဘူး။ မကောင်းတောင် မဆိုးဘူးလို့တော့ ထင်တယ်။ ဒါပေမဲ့ သီချင်းတပုဒ်ဖြောင့်အောင် ကောင်းကောင်း မဆိုတတ်ဘူး။ အဆိုသင်ဖို့ အခွင့် မရလို့လဲ မဟုတ်ဘူး ငယ်ငယ်က သီချင်းဆိုဖို့ သီချင်းတိုက်ကြမယ်ဟေ့ဆို သီချင်းတိုက်သွားတယ်။ ဟိုရောက်ရင် သင်ပေးတဲ့ အတိုင်း ကောင်းကောင်း မဆိုဘူး။ ပါးစပ်ဆိုင်းတီးတာတို့၊ အသံသေးနဲ့ လိုက်အော်တာတို့၊ နောက်ကနေ Rap လိုက်တာတို့နဲ့ တနည်းနည်း လိုက်နှောက်ယှက်နေတတ်တယ်။ သင်ပေးတဲ့သူက မင်းတို့ မသင်ချင် အိမ်ကနေကို မလာနဲ့ ဒီရောက်မှ သူများဆိုတာ လိုက်မနှောက်ယှက်နဲ့ စသဖြင့် ပြောယူရတယ်။ ဒါကြောင့်မို့ အခုချိန်ထိ သီချင်းတပုဒ်ကောင်းကောင်း ဖြောင့်အောင် မဆိုနိုင်ဘူးဖြစ်နေတာ။ ဒါကိုယ်တွေ့ပေါ့။ ပြောချင်တာ လူငယ်တွေမှာ အဲဒီလို စိတ်လေးအနည်းနဲ့အများလည်း ရှိတတ်တယ်။
ဒါပေမဲ့လည်း သူတို့ ဆီမှာ Hope ဆိုတဲ့ မျှော်လင့်ချက်လေးတွေလည်း ရှိတတ်သေးတယ်။ မျှော်လင့်ချက်ကတော့ လူတိုင်းမှာ ရှိပါတယ်ဗျာ လူငယ်မှမဟုတ်ပါဘူး လို့ပြောရင်လည်း မှန်ပါတယ်။ ဒါပေမဲ့ လူငယ်မှာ ရှိတဲ့ မျှော်လင့်ချက်က confidence ယုံကြည်မှု့ပိုရှိတယ်။ ကြမ်းကြမ်း ပြောရရင် တစောက်ကမ်း မျှော်လင့်ချက်မျိုး တခြားသူကြီးတွေက လူလောကကို ရင့်ကျက်လာတော့ ဖြစ်နိုင်ချေလောက်ဘဲ မျှော်လင့်ထားတတ်ကြတယ်။ ဒါပေမဲ့လည်း လူငယ်တွေကျတော့ အဆုံးစုံထိ မျှော်လင့်ချက်ထားတတ်ကြတယ်။
ကဲ ပိုစ့်လည်းအတော် ရှည်သွားပြီ။ စာဖတ်သူလည်း ငြီးငွေလောက်နေလောက်ပြီ။ နိဂုံးချုပ် လိုက်ပါတော့မည်။ အထက်ကပြောသွားတဲ့ လူငယ်တွေမှာ တွေ့ရတဲ့ အချက်လေးတွေဟာ လူငယ်တိုင်းမှာ ရှိတယ်ကွာလို့။ မဆိုလိုပေမဲ့ တယောက်ဆီတိုင်းမှာ အနည်းနဲ့ အများ ရှိတတ်ကြတယ်။ မိမိ ပတ်ဝန်းကျင်မှာ လူငယ်တယောက်ကို တွေ့ရင် ကောင်းတာရော် မကောင်းတာရော် ချိန်ထိုးကြည့်လိုက် ဒီအချက်လေးတွေနဲ့ သွားထိနေတတ်တယ်။ ကိုကိုယ်တိုင် လူငယ်ဘ၀တုန်းကအဖြစ်တွေကို၊ လူကြီးဖြစ်နေတဲ့ သူတွေလည်း စမ်းစစ်ကြည့် ဒီအချက်လေးတွေနဲ့ သွားတွေ့ရတတ်တယ်။ လူငယ်ဘ၀ဆိုတာက ရိုးသားဖြူစင်တဲ့ ကလေးဘ၀နေ လာခဲ့တော့ လူငယ်လေးတွေဟာလည်း ဖြူစင်သန့်စင်ကြတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့ မိမိကိုယ်တိုင် သတိမထားဖြစ်တဲ့ အကျင့်လေးတွေကြောင့် ညစ်နွမ်းသွားရတယ်။ ဒါလေးတွေကို သတိလေးနဲ့ ဆင်ခြင်တတ်ကြမယ်။ နားလည်ပေးတတ်ကြမယ်ဆိုရင် သူတို့လူငယ်လေးတွေရဲ့ ဘ၀ဟာ မှန်ကန် ဖြောင့်ဖြူးတဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်ကြပြီး လူ့ဘောင် ပတ်ဝန်းကျင်ကို အကျိုးပြုမဲ့ သူတွေ ဖြစ်သွားကြမှာပါ ။ ထူးအိမ်သင် ဆိုတဲ့ထားတဲ့ လူနဲ့ အကျီင်္ သီချင်းထဲကလိုပေါ့ လူငယ်လေးတယောက် သူငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ အင်္ကျီဖြူဖြူလေး ကြီးတော့ညစ်နွမ်းလာတဲ့ အကြောင်းကို ရေးဖွဲ့ထားတယ်။ သီချင်းအရသာ ပေါ့သွားမှာ မို့ အဓိပ္ပါယ်တွေ လျှောက်မရေးပေးတော့ပါဘူး။ အောက်က လင့်မှာ နားထောင်ကြည့်လိုက်ပါ။ ဒီပိုစ့်ဖတ်၊ ဒီသီချင်းလေး နားထောင်ပြီး လူငယ်တွေလည်း မိမိကိုယ်ကိုယ် အားတတ်၊ လူကြီးတွေလည်း နားလည်ပေးလာကြရင်း တစုံတခုရသွားကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
.
Video from Youtube
Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)
စနစ်တကျထိန်းကျောင်းပေးဖို့တော့လိုတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီနေ့တော့ curie မလာဘူးနဲ့တူတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်ပါပေတယ်ကွယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit