မြန်မာ Steemit Community အားလုံးကို မိတ်ဆက်ပါရစေ။

in myanmar •  7 years ago 

အားလုံးဘဲ မင်္ဂလာပါ Myanmar Steemit Community!

မနေ့တုန်းက စမ်းပြီး intro page လေး တင်ကြည့်ပါတယ်။ ဒီနေ့တော့ မြန်မာ Steemit Community နဲ့ မိတ်ဆက် ပို့စ်လေး ထပ်တင်လိုက်ပါရစေ...

အဓိက @bitcoin ကို စိတ်ဝင်စားခဲ့တာက စတာပေါ့ဗျာ။

ဟိုး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး BitCoin တွေ အကြောင်း စိတ်ဝင်စားရင်းနဲ့ လေ့လာမိပါတယ်။ ဒါပေမဲ့လည်း သေချာ guide လုပ်ပေးမဲ့သူမရှိ။ online ပေါ် တယောက်တပေါက်ရေးတဲ့ ပို့စ်တွေ ကို ဖတ်ပြီး စမ်းတ၀ါးဝါး လည်တယ်တယ် ဖြစ်နေခဲ့တယ်။ တနေ့ ထုံးစံအတိုင်း online ပေါ်က ကြော်ငြာတခုတွေ့လို့ စိတ်ဝင်စား download လုပ်ပြီး registation လုပ်မိတာ ကိုယ့်ဆီကို ဖုန်းဆက်လာပါလေရော် သူဒီ Bitcoin trading ကို သင်ပေးမယ်ပေါ့ ဘာညာနဲ့ ပြောပြီး ဘဏ်အကောင့်တောင်းတယ်။ လူများ ငအ ထင်နေလားမသိဘူး။ အဲ့ဒါနဲ့ အဲဒီ ဇာတ်လမ်း အမြန်ဖြတ်ပစ်လိုက်ရတယ်။ ဒါပေမဲ့လည်း အခု အချိန်ထိ ဖုန်း တဂွမ်ဂွမ်လာဆက်နေတော့တာဘဲ။ အဲဒီကတည်းက BitCoin နဲ့ ဆို ခတ်ဝေးဝေးနေခဲ့ တော့တယ်။

ဟိုနေ့က သူငယ်ချင်း @patricksanlin အိမ်ကို ရောက်တုန်း သူက ဒီ Steemit နဲ့ trading တွေကို ကစားနေတာတွေ့တော့ "မင်း အဲ့ဒါကစားနေတာ real အကောင့်လား"ဆိုတော့မှ သူက "ဟုတ်တယ်" ဆိုပြီး ရှင်းပြတယ်။

"မင်း အဲဒါ တကယ့်ကောင့်လား မင်းဘယ်လိုလုပ် ချနေတာလဲ" ဆိုပြီး မေးတော့ သူကရှင်းပြပြီး မင်းကို @kachinhenry နဲ့ ချိပ်ပေးမယ်။ ( အဲဒီအချိန်မှာ @kachinhenry လည်း အဲဒီအိမ်ရောက်နေတော့ အတော်ဘဲဖြစ်သွားတယ်။ ) သူနဲ့ တွေ့ပေးတယ်။ အဲဒီက Bit Coin အကြောင်း Steemit အကြောင်း စကားပြောကြတာ ည ၁ နာရီထိဘဲ။ ကို Henry ကျွန်တော် အဲဒါကို စိတ်ဝင်စားတယ် သေချ ရှင်းပြပေးပါဆိုတော့ သေချာ ရှင်းပြရအောင် ဒီသောကြာနေချိန်း မယ်ဆိုပြီး ချိန်းဖစ်တယ်။ အဲဒီမတိုင်ခင် ဒီ Steemit အကောင့်လေးလည်း ဖွင့်ထားပြီး မနေ့က စပြီး intor post လေး ဘာလေး ဆရာမပြခင် တင်နေတာပေါ့ဗျာ။ဒီသောကြာမှ သေချာရှင်းပြတာကို နားထောင်ရမှာ...

ပို့စ်နဲ့ ဘလော့ အတွေ့အကြုံကတော့ လွန်ခဲ့တဲ့ ၅နှစ်လောက်က mandalay gazette မှာ တင်ဘူးပါတယ်။ ဒါပေမဲ့ ဘယ်လောက်မှ မရခဲ့ပါဘူး။

ဘလော့ကတော့ သမီးမွေးပြီး မကြာခင်မှာ သမီးလေး တဖြည်းဖြည်း ကြီးလာတဲ့ အကြောင်း သူနဲ့ ကိုယ်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေ ဒိုင်ယာရီဆန်ဆန် ရေးပြီးဘလော့မှာ သိမ်းထားမယ်ဆိုပြီး ကိုယ်ပိုင် ဘလော့ ရေးဖြစ် တင်ဖြစ်ထားခဲ့ပါတယ်။

0-02-06-b06789512e1e97f6ea427987fd9985f518e705a6da0ee41505924fffcc86b219_full.jpg

စာရေးရတာ ၀ါသနာပါတယ်။ ဒါပေမဲ့ အိမ်ပြန်ချိန်ဆို သမီးနဲ့ အတူနေချင်တယ်။ အခုကလေးတွေက ဖုန်းဆိုရင် အရူးအမူးဘဲ။ ဖုန်းမြင်ရင် မရတော့ဘူး။ (နောက်မှ သမီးနဲ့ ဖုန်းအကြောင်း ပို့စ်တင်တာပေါ့) ကိုယ်ဖုန်းသုံးရင် သူလည်း သုံးချင်တယ် တောင်းတယ် မရရင် ငိုတယ်ပေါ့။ အဲဒီတော့ ကိုယ်တွေလည်း ဆုံးဖြတ်ချ ချထားတယ်။ အိမ်ရောက်ရင် ဖုန်းကို ဝေးကြီးမှာဘဲ ထားဖြစ်တယ်။ အတတ်နိုင်ဆုံး မသုံး ဖြစ်ဖို့ထားတယ်။ အဲတော့ ဒီ ရုံးကြမှ ဒီ Steemit ဘာတွေ သုံး ပို့စ်တင်ရမဲ့ အခြေအနေမှာရှိတယ်။

အတတ်နိုင်ဆုံး ကြိုးစားပြီး တင်ပါ့မယ်။ အခုလည်း MSC register နံပါတ် MSC 087 လည်း ရပြီဆိုတော့. .. ပို့စ်တွေ တင်တာပေါ့ဗျာ။ အားလုံးလည်း လူသစ်လေး ကျွန်တော့်ကို ကူညီကြပါအုံး။ ၀ိုင်းဝန်းကြပါအုံးလို့ ပြောရင်း မိတ်ဆက်ပါရစေ....

ကျေးဇူးပါ။

@HtunMinZaw (MSC 087)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Wellcome to steemit

Wellcome 2 steemit

welcome

အစ်ကို post ရေးပြီး တိုင်း အောက်က Facebook link မှာ နောက်တနေ့ post promotion အတွက် link ချပေးနိုင်ပါတယ်။ စည်းကမ်းချက်လေးတော့ သေချာ ဖတ်ပေးပါ။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/

အဲဒီ promotion ကို ဘာလဲ သိပ်နားမလည်သေးလို့။ သောကြာနေ့မှ မေးကြတာပေါ့။

actually i still need everyone help to gain knowledge. steemit family is like apart of our life. it is very lovely.

Thank you for your calling me this steemit family. :+1:

Nice post! I saw that you are new on steemit so I wanted to personally welcome you. Here's an upvote from me and keep up the good work!
I know how hard it is as a fresh account so you should try out @MinnowPowerUp where you can earn up to 30% more steem power than just powering up through steemit! It's a subscription based daily upvote bot that draws its power from a delegation pool. I have also made this post where I explain my experience with the service in more depth and show how I earn over $1 a day in upvotes.

Wellcome to the community!

I have followed you @aluma . .