အမှန် အမှား

in myanmar •  7 years ago  (edited)

အမှန် နှင့် အမှား က ဆန့် ကျင်ဖက်များဖြစ်သည်။
လောကကြီးမှာ အမှန်ရှိသလို အမှားလဲရှိသည်။
အမှန်တရားက အမှန်တကယ်ရှိပါသလား။ အမှန်တရား ရှိပါသလား။ ယနေ့ ခေတ်ကြီးက
အမှန်တရား ရှားပါး ပျောက်ဆုံးနေသလား
မှတ်ထင်ရသည်။ အမှန် အမှားက မျက်စိ နှင့်
မြင်နိုင်သလို ဦးနှောက် နှင့်စဉ်းစားသိနိုင်သည်။

stock-photo-eye-eyelashes-eyeball-eyes-brown-eyes-pupil-deep-iris-lens-5850a109-a030-4e78-9e00-a4e021abdd47.jpg
image source

လူတို့ သည် အတ္တကြီးမားကြသည်။
ကိုယ်သာ အမှန်၊ ကိုယ်သာ အကောင်းဆုံး၊
အခြားဖက်ကကြည့်လျှင်မှားနေသော်လည်း
ကိုယ်ဖက်ကတော့ ကိုယ်သာအမှန်ဆုံး
ကိုယ့်အတွက်သာ ဖော့တွေး၊ ကြံဖန်တွေး
လိုရာရှာပြော ကိုယ်သာ အမှန်ဆုံး ဖြစ်သည်။

အမှန်တရားက တခါတလေ ရယ်စရာ
ဖြစ်နေတတ်သည်။ သေမင်းပြည်သို့ ရောက်လာသော လူသုံးဦးအား
ယမမင်းကမေးရာ လူ့ ဘဝတွင် ဘာများသောက်သုံးခဲ့ကြသလဲမေးသည်။

20180618_110734.jpg
Photo @htwegyi

ပထမ တစ်ဦး သူသည် နွားနို့သောက်ကြောင်း
ပြောသည်။ နွားနို့သည် နွားပေါက်လေး
အစာဖြစ်ပြီး နွားမကြီး၏သွေးသားဖြစ်၍
ငရဲပြည်ပို့ လေသည်။

ဒုတိယ တစ်ဦးအားဆက်လက်မေးရာ
သူသည် ပျားရည်ကို သောက်ကြောင်း
ပြောသည်။ ပျားရည်သည် ပျားကောင်များစွာ၏
လုပ်အားနှင့်အစားစာဖြစ်၍ ဒုတိယလူကိုလည်
ငရဲပြည် သို့ ပို့ လေသည်။

တတိယတစ်ဦးအား ထပ်မံမေးမြန်ရာ
သူသည် လူ့ဘဝတွင် သစ်သီးသစ်ဖုတို့ ၏
အရည်ကို ပေါင်းခံ၍ တစ်စိမ့်စိမ့်ကျလာသည့်
ယမကာရည်ကို မှီဝဲသုံးဆောင်ကြောင်း
ပြောသည်။ ထိုအခါ ယမမင်းက သင်သည်
သတ္တဝါတို့ ၏ အသက်အိုးအိမ်ကိုကင်းလွတ်
သည့် အရည်ကိုမှီဝဲသည့်အတွက် နတ်ပြည်သို့ 
့ပို့ စေဟု အမိန့်ချလိုက်လေသည်။

stock-photo-yellow-light-inspiration-neon-glow-words-quote-typography-question-51528dc9-9f10-497c-87b7-13ad992afd3c.jpg
image source

ထို့ ကြောင့် အမှန်တရားသည်
တခါတရံ ဟာသတစ်ခုဖြစ်နေတတ်သည်ကို
သိရှိရသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
အမှန်တရားဖက်က လိုက်ပြောဖို့ ဆွံ့ အသူတွေ
တဖြည်းဖြည်းများပြားလာသည်။ အမှန်ကို
အမှားက တဖြည်းဖြည်း စိုးမိုးလာနေသလား
အမှန်ကို အမှန်တိုင်းပြောဖို့  အမှားကို
မှားကြောင်းပြောဖို့ အမှန်တရားဖက်မှ
ရပ်တည်နိုင်အောင် စိတ်ဓာတ်ခွန်အားတွေ မွေးမြူကြဖို့ ကြိုးစားကြရအောင်ဗျာ။

Author @htwegyi
18-6-2018

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမှားကကြီးစိုးလည်း အမှန်ကလိပ်ပြာလုံတယ်ကွီးထွေးရာ။မှန်တာပဲကောင်းတယ် အမှားများများလုပ်တဲ့သူနောက် အကျင့်ပျက်ပြီးမလိုက်မိဖို့လိုတာပေါ့ဗျာ။

Good ဇာကြီး အမှန်က လိပ်ပြာလုံတယ်

Congratulations @htwegyi! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

You got a 3.29% upvote from @emperorofnaps courtesy of @htwegyi!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

လူတိုင်းမြဲ​တော့မှန်​မ​နေပါဘူးသို့​သော်​လည်း
လူတိုင်းမိမိအမှားကိုလက်ခံ​ပြီးအမှန်​ပြင်​မှ
လောကကြီးလဲသာယာလာမှာ​ပေါ့ဗျာ။

ဒါပေါ့ဗျာ

very good

Thank mama

ဝိုင်းဝန်းကြိုးစားကြတာ​ပေါ့ ဦး​ထွေး

ကျိုးစားကြတာပ

အမှန်ကိုပြောဖို့သတ္တိရှိသလို အမှားကိုထောက် ပြဖို့လဲ သတ္တိရှိရမယ်တဲ့ ဖတ်ဖူးတဲ့စာစုလေးတစ်ခုပါ

ဟုတ်တာပေါ့ နွယ်ဦးမွန် ရေ

အမှန်တရားတွေ တဖြည်းဖြည်း ဝေဝါးပျောက်ဆုံးလာတဲ့ အခါ

  ·  7 years ago (edited)

ကမ္ဘာကြီးလဲ ဝေဝါးပျောက်ကွယ်သွားမလား

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အမှန်တရားဘက်မှရပ်တည်နိုင်ကြပါစေ

အမှန်တရားသိနိုင်ပါစေ

Well done @htwegyi! You successfully guessed the match result.

Group Phase - Russia vs Egypt
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Do you like the SteemitBoard Corld Cup Contest?
Vote for @steemitboard as a witness and get one more award!