အင်တာဗျူး Interview

in myanmar •  6 years ago 

image

အင်တာဗျူး ဆိုသည်နှင့် ယနေ့ အလုပ်အကိုင်
ဝင်ရောက် ဝင်လျှောက်သည့်လူငယ်တိုင်း
တွေ့ကြုံဖူးပါမည်။ ငထွေးတို့ အလုပ်ဝင်ရောက်
စဉ်ကတော့ အင်တာဗျူး ဆိုသည်မှာမရှိခဲ့ပါ။
အဖေက ဝန်ထမ်းဖြစ်၍ အဖေ့ဌာနမှာ အလုပ်
လျှောက်လွှာလေးရေးတင်ပြီး နောက်တစ်နေ့
အလုပ်စဆင်းရသည်။ လုပ်သားရာထူး
လစာ ၆၀၀ကျပ်ဖြင့် အစိုးရဝန်ထမ်းဘဝ
အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

လုပ်သားရာထူး ဖြင့် လုပ်သက် ၇ နှစ်ကြာသည့်
အခါ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင်ရာထူးတိုး စာမေးပွဲ
သွားရောက်ဖြေဆိုရသည်။ စာမေးပွဲဖြေပြီးမှသာ
အငယ်တန်းစာရေးအဖြစ်ရောက်ရှိခဲ့သည်။
ငထွေး တို့ ကံကောင်းသည်ပဲပြောရမလား
ကိုယ်တွေ အငယ်တန်းစာရေးဖြစ်ပြီးနောက်ပိုင်း
တွင် စာရေးရာထူးရရှိဖို့ နောက်လူတွေ
နှစ်ကြာမြင့်စွာ စောင့်ရလေသည်။ လုပ်သား
ရာထူးရရှိဖို့ပင် မလွယ်ကူတော့ပေ။

image

ကိုယ်တွေ ဝန်ထမ်းဘဝဖြင့် လိမ်ဖယ်လိမ်ဖယ်
နှင့် အကြွေးမရှိ အေးအေးလူလူနေခဲ့သည်။
ဝန်ထမ်းဘဝ ချမ်းသာခြင်းမရှိ၊ ဆင်းရဲခြင်းမရှိ
အပြောင်းအလဲ နတ္ထိကို လိုက်ပြီးအတုခိုးသည့်
တူမတစ်ယောက်ရှိခဲ့လေသည်။ အနှီးတူမ
အဆိုပါ တူမကား နည်းပညာတက္ကသိုလ်မှ
ဘွဲ့ရသူဖြစ်သည်။

”ဝန်ထမ်းများ မလုပ်ချင်ပါနဲ့အေ
ကုမ္ပဏီတွေမှာ ဝင်လုပ်စမ်းပါ
အင်္ဂလိပ်၊ တရုတ်စပီကင်တွေနဲ့ ကွန်ပျူတာ
တွေတက်ပြီး ဒေါ်လာတွေယူစမ်းပါကွဲ့”

အနှီးတူမသည်ကား ကိုယ်တွေ မနက် ၉း၃၀နာရီ
ရုံးသွား၊ ညနေ ၄း၃၀နာရီအိမ်ပြန် စနေ တနင်္ဂနွေ
စာအုပ်လေးဖတ်၊ ဗီဒီယိုဇာတ်ကားလေးတွေကြည့်
သာယာနေတာကိုမြင်ပြီး အားကျသတဲ့။ ဒါကြောင့်
ဝန်ထမ်းလုပ်မည်ဆိုသည့် သူမရဲ့ရည်မှန်းချက်ကြီးက ခိုင်မာလေတော့သည်။ မည်သို့မှပြောမရချေ။
ထိုကြောင့် တူမကို အစိုးရဝန်ထမ်းလျှောက်ခိုင်း
ရပါတော့သည်။ အဲ့မှာ အင်တာဗျူးဆိုသည်ဟာနှင့် တွေ့ပါလေတော့သည်။ အဲ ကျန်သွားလို့ တူမက
အပြင်ကုမ္ပဏီတစ်ခုမှာ လက်ရှိလုပ်နေသည်။
တူမကပြင်ပအင်တာဗျူးများနှင့် စိမ်းသူတော့
မဟုတ်ပေ။

image

ယခု အစိုးရဝန်ထမ်းအင်တာဗျူးနှင့် စတွေ့ခြင်း
ဖြစ်သည်။ အင်ဂျင်နီယာဘွဲ့ရရှိထားသူဖြစ်၍
လုပ်သားရာထူးတော့ ရရှိမည်ဟု သူမက
သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည်။
အင်တာဗျူး ဖြေသည့်နေက သူမသည်သာ
မန္တလေးနည်းပညာတက္ကသိုလ်မှ ဖြစ်သည်။
ကျန်သူများက နယ်နည်းပညာတက္ကသိုလ်များမှ
ဖြစ်ကြသည်။ အင်တာဗျူး ဖြေရာတွင်လည်း
မေးသည့် လူကြီးက

”ငါ့သမီးက အင်ဂျင်နီယာဖြစ်ပြီး လုပ်သားရာထူး
လျှောက်တာလား၊ နေပြည်တော်မှာ လုပ်သားထက်
မြင့်တဲ့ရာထူးတွေခေါ်နေတယ် သွားလျှောက်ပါလား။
မခန့်ပေးချင်လို့ပြောတာမဟုတ်ဘူးနော်”

အဆိုပါ လူကြီး၏ စကားကိုကြားပြီး အလုပ်တော့
ရမည်ဟု တူမက ယုံကြည်သည်။ သို့သော် သို့သော်
ပေါ့နော် အလုပ်ခန့်သည့်စာရွက်ထွက်လာသည့်အခါ တူမအမည်မပါခဲ့ပေ။ ထိုအခါ တူမဖြစ်သူက
ကျွန်တော့်အားပြောလိုက်သည်မှာ

”အံမလေး လုပ်သားရာထူးကို သူတို့ခန့်ပေးတောင်
ရရဲ့သားနဲ့ အလုပ်မခန့်တာ။ နေပြည်တော်ကရာထူးဆို ပိုဝေးပေါ့။ ဘယ့်နဲ့ ဆွေမျိုးတွေ၊ ပိုက်ဆံပေးသူ
တွေကို ခန့်ရင် ခန့်မယ်လို့ အစကတည်းကမပြောဘူး။ ခုတော့ လေဘာရုံးပြေးရ၊ ကုမ္ပဏီက ခွင့်ယူရနဲ့
အလုပ်ရှုပ်တာပဲအဖတ်တင်တယ်။ အော်
အစိုးရရုံးရဲ့ အင်တာဗျူး ရယ် အချိန်တွေကို
ကုန်ပါရောလား”

တူမစကားကြောင့် ကျွန်တော် မှာ

”ငါပြောပါတယ် အေ၊ ဒါပေသိ စိတ်ရင်းကောင်း
သမာဓိရှိတဲ့ လူကြီးများလည်းရှိပါသေးတယ်ကွဲ့”
ဟုသာ။

@htwegyi
Image pixabay
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဖြေဖူးပါရဲ့ အောင်ဖူးပေါင်ဗျာ

Posted using Partiko Android

ရင်ထဲ အသည်းထဲ ထိလို့သွားမယ်.....
သင်္ကြန်သီချင်းလေးပေါ့ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အစိုးရ ဝန်ထမ်း လုပ်ဖို့ဆို စူပါဂလူး ကောင်းကောင်းနဲ့ ချြသေ့င်္အရွက် ဆာလာအိတ် ၁အိတ် စာရှိရင် ရပါ့ အေ

ဆာလာအိတ် ၁အိတ်စာက ရုံးစာရွက် အဟောင်းတွေ
နဲ့ဆိုရင်တော့ ရှိပတော် 😁

အလည်လာခဲ့ပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျာ