စောင့်ကြည့် နေသူများ

in myanmar •  6 years ago 

image

ကြားရသည့် သတင်းများက အသဲနှလုံးတုန်လှုပ်
ထိတ်လန့်စရာကောင်းသည်။ ကျွန်တော့်ဘဝ
ကျွန်တော့် အသက် ၄၅ နှစ်ကျော်ကာလအတွင်း
မကြုံဘူး မကြားဘူးသည့်အရာများ ကြားနေ
ရသည်မှာ စိတ်မချမ်းသာစရာကောင်းသည်။
ကာမဘီလူး တဏှာရူးက အောက်တန်းကျစွာ
လူမမည် ကလေးသူငယ်များကို ပစ်မှတ်ထား
နေရော့သလား။

နိုင်ငံရေး နိုင်ငံ့ အရေးသည် တစ်ဖြည်းဖြည်းဖြင့်
ကိုယ့်အရေးသို့ ချည်းကပ်လာနေသလား။
မြို့ ရွာ တိုင်းနိုင်ငံအလိုက် မသမာ လုယက်
ခိုးမှု မုဒိန်းမှုများ က တစ်ဖြည်းဖြည်း ပေါများလာ
သည်။ လူတွေရဲ့ စိတ်တွေကို တမင်တကာများ
ဆွနေသလား။ ဒီလိုဆိုပါလျှင် ထိုသူတို့၏ စိတ်ဓာတ်များက အံ့သြကုန်နိုင်ဖွယ်ဖြစ်လေတော့မည်။

dshpxdaw7u.jpg

ဗုဒ္ဓဘာသာ ထွန်းလင်းသည့် ကျွန်တော့်တို့ မြန်မာ
ပြည်ကြီး မေတ္တာတရားတို့ ခမ်းခြောက်ပျောက်ဆုံး
အောင်ပြုမူခဲ့ကြလေသလား။ စား ဝတ် နေရေး
တို့ အဆင်မပြေ။ အကောင်းအဆိုး အကြောင်း
အကျိုးကို ခွဲခြားနိုင်သည့်ပညာ တို့က ပျောက်ဆုံး
နေသည်။ အကောင်းအဆိုး အကြောင်းအကျိုးကို
ခွဲခြားနိုင်သည့်ပညာ များလည်း သင်ကြားဖို့
အားနည်းနေကြသလား။ ထို့ကြောင့် လူအချင်းချင်း
ကူညီရိုင်းပင် ညှာတာထောက်ထားမှုတို့
ပျောက်ဆုံးနေသလား။

vx2o1k9jhc.jpg

ကောင်းတာလုပ် မှန်တာပြော စိတ်သဘောထား
ကောင်းသူတို့က တိတ်ဆိတ်စွာ ရေငုံနေကြသည်။
မဟုတ်မမှန် လုပ်ကြံပြောသူ သိက္ခာမရှိသူတို့က
နေရာတကာ ဟောင်ဖွာ ဟောင်ဖွာ ဆရာကြီးများ
လုပ်နေကြသည်။ ကောသလမင်းကြီး၏ အိပ်မက်
တို့က အကောင်အထည်ပေါ်လာခဲ့သည်။
ရေးရင်း တွေးရင်း ငေးရင်း ကျွန်တော်တို့ လူ့
ပတ်ဝန်းကျင်က လောဘ ဒေါသ မောဟရောင်တွေ
သန်းနေတာမြင်ရသည်။

mbctwqzw82.jpg

ရှိတာ ရတာများနှင့်မရောင့်ရဲနိုင်ပဲ သူများထက်
သာချင် စွာချင်ကြသည့် စိတ်တွေဖြင့် လူတို့က
လောဘနောက် တကောက်ကောက်လိုက်နေကြ
သည်။ မုသာဝါဒတွေကို ကွမ်းစားပြီးထွေးသလို
တပစ်ပစ် ထုတ်ကာ မကောင်းမှုတွေက သွားကြားက
ကွမ်းဂျိုးတွေလို အထပ်ထပ်ရစ်ပတ်နေတာ
မမြင်ကြတော့ပေ။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်
ငါမှ ငါ ငါဆိုတာကြီးကို အချိန်ကဝါးမျိုသွားသည့်အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ....
ကျွန်တော်တို့ ခင်ဗျားတို့ စောင့်ကြည့်သူထဲ
ပါကြမလား။

@htwegyi
Photo @htwegyi
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ယောနိသောမနသိကာရ သာ နှလုံးသွင်းနေပါဗျာ

Posted using Partiko Android

သင့်တင့်လျှောက်ပတ်နေပြီး စောင့်ကြည့်သူဖြစ်အောင်
ကြိုးစားရမှာပ

ငါးပါးသီလ တစ်ပါးမှ မစောင့်နိုင်ကြလေတော့ ဆိုးပြီပေါ့ ကိုထွေးကြီးရယ်

လောဘ ဒေါသ တွေနောက်လိုက်ရင်း အချိန်ကုန်မှန်
မသိကြတော့ပါဘူးလေ

ဖြစ်စေချင်တိုင်း ဖြစ်ခွင့် မရတာက လောက သဘာဝ တစ်ခုပါပဲဗျာ။

ဥပေက္ခာ ပြုထားရမှာပ

တစ်ချို့ကိစ္စတွေက ကိုယ်ကိုယ်တိုင်လဲ မတတ်နိုင်

ဥပေက္ခာ နှလုံးသားတစ်စုံ အလိုရှိသည်

အင်း တော်တော်လူစိတ်မရှိတဲ့သူတွေ ကိုယ်ချင်းစာတရားမရှိတဲ့သူတွေပဲ

လူမိုက် ကမ်းကုန် အဆိုးဆုံးလူတွေ ဆင်ခြင်တရားပျောက်ဆုံးသူတွေပါလေ

ဆုတ်ကပ် ခေတ် ကို ရောက်နေပီလား

ရောက်နေလောက်ပြီ ထင်ပ