တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၁၀ ရက်သည်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့၊ ဟေမာဇလရပ်၊
ငပယင်းဝင်၌ရှိသော ဆုတောင်းပြည့်မြတ်စွာဘုရား
ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပချိန်ဖြစ်ပါသည်။ ကျွန်တော်သည် ဆုတောင်းပြည့် ဘုရားပွဲအကြောင်းကို ယခင်တင်ခဲ့သည့် ပိုစ့်များတွင်လည်း ရေးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါမှာတော့ ပွဲတော်နှင့်ကြုံကြိုက်သည့်အခါ
ဖြစ်သမို့ ထပ်မံရေးမိပါသည်။ ဟုတ်ကဲ့ဗျ ပွဲတော်နှင့်
ကြုံကြိုက်သည်ဆိုရာဝယ် နောက်နှစ်မှာလဲ
ကြုံကြိုက်မည်ဖြစ်သည်။ ဒီအရပ်မှာ နေထိုင်သူပဲ
ဟာ သည်းခံပြီးသာ ဖတ်ပေးပါ။
ဘုရားပွဲတော်ကျင်းပရာသို့ ညအချိန်လမ်းလျှောက်ထွက်ခဲ့သည်။ ဘုရားဦးချပြီး ဘုရားပွဲကို တစ်ပတ်
ပတ်ခဲ့သည်။ ဘုရားအရှ့ဖက်မုခ်ဦး ၇၇လမ်းတွင်
ရောင်ခြည်ဦး တေးဂီတအဖွဲ့၊ ဘုရားတောင်ဖက်
၂၇လမ်းတွင် Creator Music အဖွဲ့၊ ၂၈လမ်းတွင်
ရွှေသံစဉ်တေးဂီတ အစရှိသဖြင့် ဘုရားပွဲကို
မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင်ပြုလုပ်ထားသည်။
လေးဖက်လေးတန် လေးပြပတ်လည်း တေးဂီတ
အဖွဲ့ များ ဖျော်ဖြေထားပါသော်လည်း ကျွန်တော်
ငယ်စဉ်အချိန်ကလောက် စည်ကားခြင်းမရှိတော့
ပေ။
တေးဂီတအဖွဲ့များကို ရပ်ကြည့်နားထောင်ပါသော်
လည်း ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ပေါ်အဝတ်အစား ပေါင်တို စကတ်တိုများဝတ်ဆင်၍ ဖျော်ဖြေကြေသည်ကို တွေ့ရ
လေသည်။ အောက်၌ ရပ်ကြည့်သူ ပရိသတ် များထဲ
၌ မနက်တွင်စာရေးတံမဲနှိုက်မည့် ရဟန်းသံဃာတို့ ကကြည့်ရှုနေလေသည်။ ခေတ်ရေစီးချောင်းအရ
စင်ပေါ်မှ အဆိုတော်မလေးက ဘောင်းဘီတိုတိုနဲ့
လှုပ်ရှားယိမ်းနွဲ့ကနေလေသည်။ တီးဝိုင်းများမှ
ဆောင်းဘောက်များသည် နည်းပညာတိုးတက်လာ
သည့်အတွက်ကြောင့်လား မသိပါ။ အဆိုပါ
ဆောင်းဘောက်များ၏အနီး ၆ပေ ၇ပေ အကွာမှပင်
နားမထောင်နိုင်ပါ။ ဆောင်းဘောက်မှ ထွက်ပေါ်လာ
သော vibrate သည် ရင်တစ်ခုလုံးတုန်ကာ ရင်ဝ
ကို တစ်ခုခုဖြင့်ထုသည်နှယ် တုန်ခါမှုအားက ပြင်းလှ
သည်။
တေးဂီတများကို ကြာကြာမကြည့်နိုင်၍ ဘုန်းကြီး
လှူရန်ပြုလုပ်ထားသည့် အလှူပဒေသာပင်များကို
လှည့်လည်ကြည့်မိသည်။ အလှူပဒေသာပင်များ၏ အလှူငွေများကတော့ တိုး၍သာလာသည်။
ခေတ်ကာလပြောင်းလဲလာ၍ဖြစ်သည်။ ကျွန်တော်
တို့ငယ်စဉ်က ပဒေသာပင်တစ်ခုကို အလှူငွေ ၅၀
ကျပ်နှင့် သပိတ်တစ်လုံးကို ဘုန်းကြီးတစ်ပါး
အတွက် ဖြစ်လေသည်။ အလှူငွေ ၅၀ကျပ်အား
နောင်နှစ်အသုံးပြုမည့် ပြက္ခဒိန်တွင် ကပ်၍
လှူဒါန်းသည်။ အနည်းဆုံးအလှူငွေ ၅၀ကျပ်မှ
စ၍ အလှူ ငွေကို ကျပ် ၁၀၀၊ ကျပ် ၁၀၀၀ ထိ
ရဟန်းသံဃာတို့ အား လှူဒါန်းကြသည်။
အလှူပဒေသာပင်များသည် ကိုယ့်အကွက်အလိုက်
အုပ်စုလေးများဖွဲ့ကာ အပြိုင်လှူဒါန်းကြသည်။
၂၈ လမ်းပေါ်တစ်ခု
၂၇လမ်းပေါ်တစ်ခု
၇၆လမ်း ၂၆နှင့် ၂၇ကြားတစ်ခု
၇၆လမ်း ၂၇နှင့် ၂၈လမ်းကြားတစ်ခု
ပဒေသာပင်များလှူဒါန်းမှုကို ကြည်ညိုဖွယ်
ကောင်းအောင်း ခင်းကျင်းပြသထားသည်။
မန္တလေးမြို့ ဆိုသည်မှာလည်း အနယ်နယ်အရပ်ရပ်မှ စာသင်ရဟန်းသံဃာ၊ သာမဏေငယ်များ
ပေါများလှသည်။ ထို့ကြောင့်ပင် မန္တလေးက
သာယာဖွယ်၊ နေချင်စဖွယ်၊ ကုသိုလ်ကောင်းမှု
ပွားများထွန်းကားရာ အရပ်ဖြစ်ပေသည်။
ရဟန်းသံဃာနှင့် သာမဏေငယ်တို့သည်လည်း
ယခုလို ဘုရားပွဲရာသီကို မျော်ရှာကြသည်။
ဆွမ်းနှင့် ဝတ္ထုငွေများပေါများစွာ အလှူ ခံရရှိကြ
သဖြင့် မန္တလေးနှင့် ဘုရားပွဲက အင်မတန်မှလိုက်ဖက်
ကြည်နူးစရာကောင်းလှပေတော့သည်။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks esteemapp
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပဒေသာပင်တွေအများကြီးပဲကြည်ညိုတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျကြည်ညိုစရာကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန္တလေးမြို့သူမြို့သားတွေကို လေးစားပါတယ်။ သံဃာဦးရေအများကြီးကို ပစ္စည်းလေးပါး ထောက်ပံ့ထားရတာ။သဒ္ဓာတရားကို ချီးကျူးစရာကောင်းလှပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျို့ ကိုယ့်မြို့မို့ပြောတာဟုတ်ဖူးရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန္တလေးကမြို့ကြီးပေ မဲ့ လူညီတာကိုသဘောကျတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားပွဲ ပျော်စရာ ကောင်းတယ်😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုတော့ ခြောက်ကပ်ကပ်ပါ တေးဂီတတွေရှိပေသိကြည့်တဲ့လူက နည်းသပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားပွဲ ပျော်စရာ ကောင်းတယ်😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတော်ပွဲပေါတဲ့ မြို့ပါဘဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် မစု ကျွန်တော်တို့လူမျိုးက အတော်အပျော်မက်ကြတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရင်တုန်းကလို မစည်တော့ဘူးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျာ ငယ်စဉ်အချိန်တွေကလို မစည်ကားတော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit