ပဉ္စမ၏အတွေး

in myanmar •  7 years ago  (edited)

ကျမ သည် မန္တလေးမြို့ မှာနေထိုင်ပါသည်။
ကျမ သည် ပဉ္စမတန်းတွင် ပညာသင်ကြား နေပါသည်။ ကျမ မှာအဖေမရှိပါ ကျမ အသက်
၆လ အရွယ်တွင်သေဆုံးသွားကြောင်း
အမေကပြောပါသည်။ ကျမအမေသည်
ဈေးရောင်းပါသည်။ ကျမတို့ အိမ်တွင်
မိသားစု ၅ဦးရှိပါသည်။ ကျမတို့ သားအမိနှင့် ဒေါ်ကြီး၊ တစ်ဝမ်းကွဲ အစ်ကို အစ်မတို့ 
နေထိုင်ကြပါသည်။ ကျမ၏ အဒေါ်
အပျိုကြီး က အစိုးရဝန်ထမ်းလုပ်၍
အစိုးရအိမ်ခန်းမှာ နေထိုင်ကြပါသည်။

20180203_084424.jpg

အမေက ပြောပါသည် ညည်း အဒေါ်
ယောက်ျား ယူသွားရင် ငါတို့ သားအမိ
နေစရာအိမ်ပျောက်မည်။ ကျမ နားမလည်ပါ
အဒေါ် ယောက်ျား ယူတာနဲ့ ကျမတို့ နေစရာ အိမ်
မရှိဆိုသည်မှာ စဉ်းစား၍မရပါ။ နားမလည်၍
အမေကိုမေးသောအခါ ညည်း အဒေါ်ယောက်ျားက
ငါတို့ ကိုနှင်ချမည်ဟုဆိုပါသည်။ ကျမ အမေပြော သည်ကို ထပ်ပြီးနားမလည်ခဲ့ပါ။ ဒါဆို ကိုကြီးနဲ့ 
အမ ကိုလည်းနှင်ချမှာလားဟုထပ်မေးမိပြန်သည်။
အကုန်လုံး နှင်ချမှာပေါ့အေ ဟုပြောသည်။

ကျမ စဉ်းစားကာ အဒေါ်ယောက်ျား ယူမှာ
စိုးရိမ်မိပါသည်။ သို့ သော် ယောက်ျားမရပါစေနှင့် ဟုလည်းဆုမတောင်းချင်ပါ။ အမေလည်း ယောက်ျား ယူခဲ့ပါသည်။ အခြားအဒေါ်များလည်း ယောက်ျားယူကြသည်။ တူတူနေပြီး အဒေါ် အိမ်မှာနေကာ ယောက်ျားမရပါစေနှင့် ဆုတောင်းလျှင် မတရားရာကျမိဖြစ်ပါသည်။ အဒေါ်ကိုလည်းချစ်ပါသည်။ အိမ်မှဆင်းရမှာလည်း ကြောက်ပါသည်။

20180626_091738.jpg

ကျမသည် ပဉ္စမတန်းရောက်သည့်အခါ
အထက်တန်းကျောင်းပြောင်းရသည်။
ကျောင်းတက်၍ တစ်ပတ်ကြာသည့်အခါ
အတန်းပိုင်ဆရာမကပြောပါသည်။
ကျူရှင်တက်ကြမလားဟုမေးသည်။
ကျမသည် အိမ်နားမှာသင်သည့် ကျူရှင်
တွင်သင်ပါသည်။ သူငယ်တန်းမှယခု ပဉ္စမတန်းထိ ထိုကျူရှင်တွင်သင်ခဲ့ပါသည်။ ဆရာမ
မေးသည်ကို ကျူရှင်မတက်သေးဟုပြောမိသည်။
နောက်တစ်ပတ်အကြာမှာလဲ ဆရာမက
ထပ်ပြောပါသည်။ ဆရာမ ကျူရှင် က
အင်အားနည်းနေတယ် အင်အားထပ်ဖြည့်ကြ
ပါအုံးဟုပြောပါသည်။

ကျမတို့ အတန်းထဲတွင် ကျောင်းသားကျောင်းသူ
စုစုပေါင်း ၄၆ ယောက်ရှိပါသည်။ ယောက်ျားလေး
၂၆ယောက် မိန်းကလေး ၂၀ယောက်ရှိပါသည်။
အတန်းတွင် ခုံ ၃တန်းထားရှိပြီး ကျမတို့ မိန်းကလေးများက အလယ်တန်းမှာထိုင်ကြပြီး
ယောက်ျားလေးများက ဘေးတစ်ဖက်စီမှာ
ထိုင်ကြပါသည်။ အတန်းခေါင်းဆေါင်
ရွေးချယ်သော အခါ အတန်းပိုင် ဆရာမက
သူ့ ကျူရှင်တက်သည့် ကောင်မလေးကို အတန်းခေါင်းဆောင်အဖြစ် ရွေးပါသည်။

20180626_082223.jpg

အတန်းပိုင်ဆရာမသည် သူ့ ကျူရှင်တက်သူနှင့်
မတက်သူများကို ခွဲခြားဆက်ဆံ ပါသည်။
ကျမစာအုပ်ကို မယူဘဲ သူ့ ကျူရှင်တက်သည့်
ကောင်မလေးစာအုပ်သာယူပါသည်။
အတန်းထဲတွင် သန့် ရှင်ရေးနှင့် အခြားအလုပ်များကို ကျမလုပ်နေပါလျှင်
အတန်းခေါင်းဆောင်ကလာပြီး ဝင်လုလုပ်
ပါသည်။ ထိုအခါ ဆရာမက အတန်းခေါင်းဆောင်ကို ချီးကျူးစကား
ပြောပါသည်။ အမေက ပြောခိုင်းပါ သည်
ကိုယ်လုပ်နေတဲ့အလုပ်ကိုပြီးအောင်လုပ်
အတန်းခေါင်းဆောင်ကို တစ်ခြားအလုပ်လုပ်ရန်
ဒါငါလုပ်နေတာဟုပြောခိုင်းသည်။

ကျမက အမေကို ပြန်ပြောလိုက်ပါသည်။
အတန်းခေါင်းဆောင်နှင့်စကားများရင်
ကျမသာအရိုက်ခံရမည်ဟုပြောလိုက်ပါသည်။
ထိုအခါ အမေက ဒါဆိုလဲ ညည်းအတန်းပိုင်
ဆရာမကျူရှင် နေချင်နေပေါ့ ကျူရှင် တစ်ခု
ငွေ ၁၅၀၀၀ နှစ်ခုဆို တစ်လ ငွေ ၃၀၀၀၀
ငါဈေးပိုရောင်းဒါပေါ့အေ ဟုပြောပါသည်။
ကျမ ဆရာမ ကျူရှင် နေရ မနေရစဉ်းစားနေပါ တော့သည်။ အခုလို ကျမရဲ့ စာကိုဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။

Author @htwegyi
Photo @htwegyi
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျူရှင်​တက်​သူနဲ့ မတက်​သူကွာခြားတယ်​​နော်​😢

ဆ ဆရာမ ကျူရှင်ပြတာပေါ့ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks

သနားစရာလေး

မြို့ပြကလေးတို့ ရဲ့ ရင်ဖွင့်သံပေါ့ဗျာ

အဲ့လို ကျူရှင်တက်သူ၊ မတက်သူ ခွဲ ခြားဆက်ဆံတာတော့ မကြိုက်ဘူး

မကြိုက်ဘူးလေ နော့ 😁

ဟုတ်တယ်ကြိုက်ဘူး

Well done @htwegyi! You successfully guessed the match result.

Group Phase - Denmark vs France
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

Well done @htwegyi! You successfully guessed the match result.

Group Phase - Nigeria vs Argentina
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

အော် ကလေးဘဝမှာလည်း ဒုက္ခကမသေးပါလား
လူကြီးဒုက္ခလည်း မငယ်ပါ

  ·  7 years ago (edited)

ဒုက္ခ က ကလေး လူကြီးမျက်နှာမလိုက်ဘူးဗျနော်

ရင်ဖွင့်သံတွေလား ဦးထွေး

ကလေးတစ်ယောက်ပါကွယ်

ခလေးဘဝခံစားချက်ဗဟုသုတရစေပါသည်

ဟုတ်ကဲ့ဗျ

ကျူရှင်တွေပျောက်တော့မယ်ဆိုပြီးပျောက်ဘူးနော်ဦးထွေးရေ။အရေးသားကောင်းတယ်ဗျာ။အတုယူသွားတယ်နော်။

ဇာကြီးရ နင်ကပိုတော်တယ်ဟ

ဟင်..တော်ခက်တဲ့ အဲ့ဆရာ..တိန်:-)

ဆရာနဲ့ ဒဲ့လဲပေးရမလားဗျာ😁

အဲလိုခွဲခြားဆက်ဆံတတ်တဲသူတွေကို မကြိုက်ဘူးဗျာ လူချင်းအတူတူပဲ

ငွေကြောင့် လူချင်းမတူစေဘူးဗျာ

Well done @htwegyi! You successfully guessed the match result.

Group Phase - Serbia vs Brazil
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

အဲ့လိုဆရာမတွေရှိနေသရွေ့တော့ နိုင်ငံကတိုးတက်မှာမဟုတ်ဘူး

ဘယ်လိုပြောရမှန်းမသိအောင်ပါဗျာ

Well done @htwegyi! You successfully guessed the match result.

Group Phase - Senegal vs Columbia
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

Well done @htwegyi! You successfully guessed the match result.

Group Phase - Panama vs Tunisia
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

အိမ်း အဲလုရေးတော့လည်း ဖြစ်သွားတာပဲ၊ ရေးပါများလာရင် ပုံစံပြောင်း တတ်လာလိမ့်မယ်။