Steemit ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့‌ခြင်း

in myanmar •  5 years ago 

image

ကျန်းမာခြင်းသည်လာဘ်တပါး ဆိုသလို
ကျန်းမာရေးမကောင်းသည့်အခါ ပိုမိုထင်ရှား
သိမြင်လာသည်။ ကျန်းမာခြင်းသုခကို ကျန်းမာရေး
မကောင်းသောအခါမှ မကျန်းမာသူတိုင်း
သတိထားမိကြပေသည်။ ကျန်းမာရေးကောင်းစဉ်ကတော့ ငါလုပ်နိုင်တယ်၊ ငါတက်နိုင်တယ်၊
ငါစွမ်းဆောင်နိုင်တယ် ငါ ငါ ငါဆိုတဲ့ မာနများဖြင့်
ငါ ကော ကောခဲ့ကြသည်။

ငါတစ်လုံးနှင့် ထင်တိုင်းကြဲခဲ့ကြသည်။
ငါ့ဥစ္စာ ငါ့ပစ္စည်းဖြင့် မာနတံခွန် လွှင့်ထူခဲ့ကြသည်။
အချိန်တန်၍ အိုနာသေရသောအခါ နောင်တများစွာဖြင့် ယူကြုံမရ ဖြစ်ကြရပေသည်။ မအိုခင်
မနာခင် မသေခင် သတိမထားမိကြပေ။
ငါသူတစ်ပါး ယောက်ျားမိန်းမမဟုတ်
အပုပ်ကောင်တွေ ရုပ်ဆောင်ထားကြသည်။

jq5zmtzqmd.jpg

သေခြင်းတရားနှင့်ပတ်သက်ပြီး ကျနော်တို့မြန်မာလူမျိုးများတွင် ဗုဒ္ဓဘာသာတရားအရ ( ၄) မျိုးရှိသည်။

၁။ အာယုက္ခယ
သက်တမ်းကုန်၍သေခြင်း။

၂။ ကမ္မက္ခယ
ကံအစွမ်းကုန်၍သေခြင်း။

၃။ ဥဘယက္ခယ
သက်တမ်းနှင့် ကံအစွမ်း 2 ပါးစလုံး ကုန်၍သေခြင်း။

၄။ ဥပစ္ဆေဒက
သက်တမ်းနှင့် ကံအစွမ်း 2 ပါးစလုံး ရှိသော်လည်း
အခြားအကြောင်းတစ်စုံတစ်ရာ၏ ပူးကပ်
သတ်ဖြတ်ခြင်းမှုကြောင့်သေရခြင်း။

ကျန်းမာနေစဉ် ဇောင်းမှလွှတ်လိုက်သည့်
မြင်းများနှယ် အားကုန်ပြေးကြသည်။
အားကုန်‌ မောပန်း၍ အချိန်တန်သည့်အခါမှာ
မြင်းဇောင်းသို့ ပြန်ရောက်ခဲ့ကြသည်။
ကျနော်တို့လူသားများအားလုံး သိကြပါသော်လည်း
အားကုန်း‌ပြေးနေကြဆဲ ပြိုင်ဆိုင်နေကြဆဲပင်ဖြစ်သည်။ အချို့က ပန်းတိုင်ဝင်ကြသည်။
အချို့က လမ်းတဝက်မှာလဲပြိုခဲ့ကြသည်။

0a0ix8o8ao.jpg

သေမင်းတမန်က ကြီးကြီး ငယ်ငယ် အရွယ်မရွေး
အချိန်မရွေး ခေါ်ဆိုတတ်ပေးသည်။
Steemit မှ မိတ်ဆွေတစ်ယောက် အရွယ်
ကောင်းစဉ် လောကကြီးမှ နှုတ်ဆက်ထွက်ခွါ
သွားသည်။ ဝမ်းနည်းစရာကောင်းပါသည်။
Steemit ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့‌ပေသည်။
Steemit ကောင်းကင်ကြီးထဲမှာ ကြယ်ပွင့်
များစွာအနက် ကြယ်လေးတစ်ပွင့် ပျောက်ကွယ်
သွားလေသည်။

ကျန်ရှိသော ကြယ်ပွင့်ပေါင်းများစွာတို့က မှိတ်တုတ် မှိတ်တုတ် အလင်းလေးများဖြင့် ဆက်လက်တောက်
ပနေကြပေအုံးမည်။ steemit ကောင်းကင်ကြီးထဲမှာ ကြယ်ကလေးများအဖြစ် လွင့်မျောနေကြရင်း
ကြွေလွင့်သူလည်းရှိမည်။ တောက်ပလင်းလက်
သူများလည်း ရှိကြပါလိမ့်မည်။ ကြယ်ကလေးများရဲ့
အနာဂတ် မျှော်လင့်ချက်ကတော့ တစ်နေ့တစ်နေ့
ပေါ်လာနိုး မျှော်ကိုးရင်း၊ စောင့်စားရင်း၊ ရင်ခုန်ရင်း
Steem ဈေးတက်လာမည့်နေ့ကို စောင့်မျှော်နေကြရပါသည်။

@htwegyi
Photo @htwegyi
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Steemit ရောဂါကိုက်ခံရတာများလားဗျာ

Posted using Partiko Android

စိတ်မကောင်းစရာပါပဲဗျာ

တကယ်စိတ်မကောင်းပါဘူး အရွယ်ကောင်းတွေဖြစ်လို့

ဟုတ်ပါတယ်ဗျာ

steemit ပေါ်တက်လာတိုင်း သူ့မျက်နှာမြင်မြင်လာတယ်ဗျာ အတူလက်တွဲခဲ့တဲ့သူတွေမို့

စိတ်မကောင်းစရာပါဗျာ

ဘယ်သူလဲ??

Posted using Partiko Android