ကျမ အလုပ်လုပ်ရတာ မပျော်တော့ပါ။
အော် ကျမအလုပ်ကိုပြောပြပါမည်။
စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ခြင်းဖြစ်သည်။
စတိုးဆိုင်သည် တစ်ဖက်တွင် ဆေးရောင်း၍
အခြားတစ်ဖက်တွင် လူသုံးနှင့် စားသောက်ကုန်
ပစ္စည်း များရောင်းချသည်။ ကျမ ၁၀တန်းကို
နှစ်ကြိမ်ကျပြီး ယခုဆိုင်တွင်ဈေးရောင်းသည့်
အလုပ်ရရှိခဲ့သည်။ ၁၀တန်းဖြေပြီးကတည်းက
စာကျက်ဖို့  ကို အင်မတန်မုန်းမိပါသည်။
ကျမတို့ဆိုင်သည် ဆေးရုံကြီးအနီးတွင်ရှိ၍
ဆေးပစ္စည်းများနှင့် အခြားစတိုးပစ္စည်းများ
အလွန်ရောင်းကောင်းပါသည်။ မနက်ဆိုင်း
ညဆိုင်း ဈေးရောင်းချရသည်။၂၄ နာရီဖွင့်သော ဆိုင်ဖြစ်၍ မနက် ၇နာရီမှ ည ၇နာရီထိ ဈေးရောင်းချရသည်။ ဝန်ထမ်းများအတွက် နေထိုင်ဖို့ အဆောင်ထားရှိပေးသည်။
ကျမ ကတော့ မိမိနေအိမ်မှ နေ၍ သွားရောက်
လုပ်ကိုင်ပါသည်။
တစ်လလျှင် ပိတ်ရက် ၄ ရက်ရသည်။ ညဆိုင်းရောင်းချလျှင် ည ၇နာရီမှ မနက် ၇နာရီ
အချိန်တွင်အလုပ်ဆင်းရသည်။ မနက် ၃နာရီ
၎နာရီအချိန်များတွင် ကျမတို့ မျက်လုံးများ
သည် အလွန်လေးလှသည်။မျက်ခွံများကို
ဖွင့်ထားရသည်မှာ အင်မတန်ပင်ပန်းလှပါသည်။
ဆိုင်မှာ cctv တပ်ဆင်ထားသမို့  တစ်ယောက် တလှည့် cctv ကွယ်ရာသို့  ၁၅ မိနစ် မိနစ် ၂၀ စီ
အလှည့်ကျ အိပ်ကြရသည်။
ဈေးဝယ်လာသူများကလည်း လူမျိုးစုံလှသည်။
အချို့ ဈေးဝယ်သူများကို ဆီးချိုရောဂါအတွက် ပစ္စည်းဝယ်ယူလျှင် အချိုပါ မပါ ရှင်းပြလျှင် သဘောပေါက်သော်လည်းအချို့ ဈေးဝယ်သူ
များက လက်ပေါက်ကပ်လှသည်။ အချိုပါသည်ဟုပြောပါသော်လည် ဝယ်ယူသွားပြီး
ဆရာဝန် ဆရာမများကပြောမှ ပြန်လာလဲကြသည်။
ဈေးဝယ်သူများလာပါကလည်း အလစ်သုတ်
သမားလာတတ်၍ သူခိုးများရန်လည်းကြောက်ရသည်။
တစ်ခါတွင် တစ်သောင်းတန် ကိုင်လာသည့်
အမျိုးသမီးကြီးသည် ငါးရာတန် ပစ္စည်းကို ဝယ်သည်။ ပစ္စည်း ကို ဒီဟာပြ ဟိုဟာပြ
ဒီဟာမကြိုက် ဟိုဟာမကြိုက် တစ်ဆိုင်လုံး
အနှံ့ သွားသည်။ ပိုက်ဆံရှင်းသောအခါ ဒီတစ်ထောင်တန် လဲပေးပါ ဒီငါးရာတန်လဲပေးပါ
ရှုပ်ယှက်ခတ် မျက်စိလည်အောင်လုပ်ကာ ပိုက်ဆံ ထုတ်ကိုယူသွားသည်။ ညနေပိုက်ဆံရေတွက် သောအခါ ငွေတစ်သိန်းကွာလေသည်။ သုံးလေးကြိမ်ရေတွက်သော်လည်း ငွေကွာ နေသည်။ ကျမတို့ အဖွဲ့ မျက်စိမျက်နှာ
ပျက်ကြရသည်။ ငွေကွာရင် ကျမတို့ လစာထဲမှဖြတ်တောက်ခံရမည်ဖြစ်သည်။
နောက်ဆုံး စာရင်းချုပ်မရသောအခါ
တစ်နေ့ တာ cctv ကိုဖွင့်ကြည့်ကြသည်။
လားလား cctv ထဲတွင် တစ်သောင်းတန်နှင့်
ဈေးလာဝယ်သူမိန်မကြီး၏ လက် သွက်ချက်
မြန်ချက် ကြက်ပေါင်ကွင်းနှင့် စည်းထားသော
ငွေထုတ်တစ်ထုတ်အား မျက်လှည့်ပြသလို
လက်ဖြင့်ဆက်ကနဲ့ ယူကာ သူ့ ရင်ဘတ်ကြား
သို့ ထည့်သွားသည်ကို မြင်တွေ့ ကြရပါသည်။
ကျမတို့ မှာ ဈေးရောင်းရင်း အဆိုပါလူများကို သတိထားရင်း နေ့စဉ် ရက်များကို ဖြတ်သန်းရ သည်။ ဆိုင်ပိုင်ရှင် စည်းကမ်းကြီးတာလားမသိပါ
တစ်နေ့တာ စာရင်းချုပ်၍ ငွေပိုလျှင်ဖြစ်စေ ငွေလိုလျှင်ဖြစ်စေ စာရင်းမတိကျလျှင် ကျမတို့ ဝန်ထမ်းများကို ဒဏ်ရိုက်ပါသည်။
Photo @htwegyi
ကျမအလုပ်လုပ်ရတာ မပျော်သည့်ကိစ္စလာပါပြီ။
လေရှည်တာနဲ့ ခုမှ လိုရင်းရောက်သည်။ ဝန်ထမ်းအားလုံးကို သင်တန်း ၃လတက်ခိုင်းခြင်း မှစပါသည်။ နေ့ လည် ၁၂နာရီမှ ၃နာရီထိ တက်ရသည်။ သင်တန်းပေးသည့် ဆရာမကို
၃လ သိန်း ၅၀ ပေး၍သင်ခိုင်းခြင်းဖြစ်သည်။
စီးပွားရေလုပ်ငန်းများ ဖွံ့ ဖြိုးရေးတိုးတက်ရေး ဆိုလား သင်တန်းအမည်က ကျမတို့ ဝန်ထမ်းများအားလုံးတက်ရသည်။
သင်တန်းစတက်သည့်အချိန်မှစ၍ စိတ်ပင်ပန်း လှပါသည်။ သင်ပြသည့်ဆရာမက စီးပွားရေလုပ်ငန်းများ ဖွံ့ ဖြိုးရေးတိုးတက်ရေး
ကျောင်းမှ ကျောင်းအုပ်ဖြစ်ပြီး သူ့ ကျောင်းမှာ
နိုင်ငံတကာမှအသိအမှတ်ပြုထားသည်။ ဆုတံဆိပ်များစွာလဲ ရရှိထားကြောင်းပြောသည်။
ဈေးဝယ်သူများကို ပြူငှါစွာဆက်ဆံရမည်။
မျက်နှာကို အမြဲပြုံးချိုနေရမည်၊ စိတ်ရှည်စွာ
ရှင်းလင်းပြောကြားရမည်။ ဒီအထိတော့
လက်ခံပါသည်။
သို့ သော် အဆိုပါသင်တန်းက ဈေးဝယ်လာသူ တစ်ဦးချင်းအား သူတို့ အမည်များကို မေးမြန်းရမည်။ ကိုယ့်ဆိုင် ရှေ့ မှ အခြားဆိုင်သို့ ဈေးဝယ်သူများ အရေအတွက်ကိုလဲ
မှတ်တမ်းထားရမည်ဟုပြောသည်။ ထို့ အပြင်
ကျမ အကြောက်ဆုံး အင်မတန်မှ မုန်းသည့် သင်တန်းမှ စာများကိုကျက်မှတ်ခိုင်းခြင်း
ဖြစ်ပါသည်။ စာကျက်ရမှာကြောက်လို့ 
အပြင်အလုပ်ထွက်လုပ်ပါသည်။
ကျားကြောက်၍ ရှင်ကြီးကိုး ကျားထက်ဆိုး
သည့်ကိန်းနှင့် ကြုံနေသည်။
ပိုင်ရှင်က သူ့ ဆိုင်ပစ္စည်းများရောင်းထွက်ရန်
သင်တန်းပေးခိုင်းခြင်းဖြစ်သည်။ အဆိုပါပေးရ သည့်ငွေများအနက်မှ ကျမတို့အတွက် အနည်းငယ်သာ ဘောနပ်များပေးလိုက်ပါက ဘယ်လောက်များကောင်းပါမည်လဲ။
ကျမတို့ တွေလဲ ပျော်ရွှင်စွာဖြင့် လုပ်ငန်းကို လုပ်ကိုင်ကြပါမည်။ ခုတော့သင်တန်း
တက်ရတာ စိတ်ပန်း လူပန်း သူတို့  စံနူန်းတွေ လိုက်မမှီတဲ့ ကျမတို့ ကအမလေး နိုင်ငံတကာစံနူန်းကြီးက ကျမအတွက်
ပင်ပန်းလှပါပေါ့နော်လို့ 
ဟစ်အော်မိပါတော့သည်။
Author @htwegyi
MSC.036
ဟိုဘက်ဆိုင်က ညတိုင်း ညတိုင်း စာအကျယ်ကြီးကျက်တတ်တဲ့ ဈေးရောင်းသူကို ...😜😜
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်အဖွဲ့ က ချစ်စနိုးလေးနဲ့ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီတစ်ခါလည်း ခေါင်းစဉ်မမြင်ရပြန်ဘူး အကိုထွေး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟယ် ဟုတ်လားဝေ့
ဘယ်လိုတွေဖြစ်ပါလိမ့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သြော် . . . ကျမ ရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟင်း.....

မျှော်ပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးအရောင်းဝန်ထမ်းသမားများလည်း မလွယ်ပါလားနော်
တော်သေး cctvလေးရှိနေလို့....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျာ စာရိတ္တများက
အောက်ဆုံး အဝိစီကို အလည်သွားနေပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူ့ဘ၀ရောက်လာတော့ ဘယ်ဟာမှအလကားမရဘူး ဘယ်အလုပ်မှမလွယ်ဘူးဆိုတာသိခဲ့ရပါပြီ ကွီးထွေးရေ။နတ်ဘ၀ပဲသွားတော့မယ်ဗျာ လူ့ဘ၀ကပင်ပမ်းလွန်းတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငဇာ တဖက် ၅၀၀ နော် ဟင့်ဟင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တန်းဆိုတော့လည်ုးကိုးစားပါလို့ဘဲပြောချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာကျက်ချင်ပါဘူးဆို ဘာမှန်းမသိ ဇွတ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးထွေးကြီး ချီးနင်းမိပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်တီးတော့လုပ်ပါအေ
ငါ့ဆီမလာရရင် အိပ်မပျော်ဘူးထင်ပ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မပျင်းပါနဲ့ကွယ်ပညာကိုပေးသည့်အချိန်ယူသင့်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ရှင့် အဲ ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာတစ်ခုကတက်ထားတော့ကောင်းတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့

မပျင်းပါနဲ့ကွယ်ပညာကိုပေးသည့်အချိန်ယူသင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ဗျာ

အရောင်းဝန်ထမ်း ဘဝ စာနာမိပါသည်ဦးထွေးရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးရောင်းဖို့လာတာ ဈေးပဲရောင်းချင်တယ်
သင်တန်းတက်ခိုင်းမယ့်အစား လစာပိုပေးရင်တောင် အောင်မြင်အုံးမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပတော် ကျုပ်လဲ သဟာပြောချင်တာ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Well done @htwegyi! You successfully guessed the match result.
Group Phase - Portugal vs Morocco
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard!
Do you like the SteemitBoard Corld Cup Contest?
Vote for @steemitboard as a witness and get one more award!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Well done @htwegyi! You successfully guessed the match result.
Group Phase - Denmark vs Australia

Group Phase - France vs Peru

Group Phase - Brazil vs Costa Rica
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard!
Do you like the SteemitBoard Corld Cup Contest?
Vote for @steemitboard as a witness and get one more award!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာနာ နားလည်ပါသည်
ကျွန်မတို့လည်း စာ'လို့အသံကြားတာနဲ့အိပ်ပျော်သွားတတ်လို့ပါ