သင်္ကြန် အလွန်

in myanmar •  6 years ago 

image

မြန်မာ့ရိုးရာအတာသင်္ကြန် ကတော့ ပြီဆုံး
သွားပြီဖြစ်သည်။သို့သော် သင်္ကြန် အငွေ့
အသက်များကတော့ ကျန်ရစ်ခဲ့ ကျန်ရစ်
နေဆဲပဲဖြစ်သည်။ သင်္ကြန်မကျမီကပင် သင်္ကြန်
တေးသံများက မြူးကြွပျံ့လွင့်နေခဲ့သည်။
သင်္ကြန်ပိုးကိုကြွစေခဲ့သည့်တေးသံများ
ဖြစ်လေသည်။ သင်္ကြန် မတိုင်မီသင်္ကြန်ပွဲတော်မှာ
ယှဉ်ပြိုင်ကြဖို့ ရပ်ကွက်အလိုက်
ယိမ်းတိုက်ကြသည်။ ငထွေးတို့ ငယ်စဉ်က
ကျောင်းများ၊ ဓမ္မာရုံများတွင် ရပ်ကွက်ယိမ်း
အဖွဲ့တို့က သင်္ကြန်ဒိုးသံများဖြင့် ယိမ်းအကတိုက်
ကျင့်နေကြသည်။

ဒိုးသံကြားလျှင် ငထွေးတို့ကလေးများသည် လူကြီးများကြားတိုးဝှေ့ ကာ သင်္ကြန် ယိမ်း အကတိုက်သည်ကိုကြည့်ကြသည်။ အစ်ကို ကာလသားတို့ကလည်း
သူရို့ အပျိုများကို မျက်လုံးချင်းဆုံဖို့ တိုးဝှေ့ ကြည့်
ကြပြန်ပါသည်။ သင်္ကြန် မရောက်မီကပင် ယိမ်းအက
တိုက်သည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်း
နေပါသည်။ ညနေခင်းမှ စ၍ အကတိုက်သည်မှာ
ည ၉နာရီ ၁၀နာရီ အချိန်ထိ ဖြစ်သည်။
ငထွေးတို့ ငယ်စဉ်က ခိုးဝှက် လုယက်မှုက အင်မတန်
နည်းလှသည်။ ငထွေးတို့ ကလေးတစ်သိုက် ည
အချိန်မတော် ပြန်သည့်အခါများတွင်လည်း ရန်ပြုသူ
မရှိပေ။ အော် သာယာခဲ့ပါ့ ဟိုးတစ်ချိန်က။

ဟိုယခင်က သင်္ကြန်ချိန်ခါ နီးခဲ့ပြီဆိုပါလျှင်
အနုပညာရှင်တို့က ခေါင်းမဖော်အောင် အလုပ်များ
ကြသည်။ ပန်တျာကျောင်းမှ အကနည်းပြများ၊
အကပညာရှင်များကို အလုအယက်သွားရောက်
ငှါးကြရသည်။ သူ့ မဏ္ဍပ် ကိုယ့်မဏ္ဍပ် အပြိုင်
အဆိုင်ကျင်းပကြသည်။ ယခုအခါမှာတော့
အနုပညာရှင်တို့က ပြည်သူ့ရှေ့မှောက်သို့
လာရောက်ဖျော်ဖြေပေးနေကြသည်။ သင်္ကြန်
ချိန်ခါရောက်တိုင်း ရုပ်ရှင် အနုပညာသည်များမှ
အသက်အရွယ်အလိုက် အမေများအဖွဲ့၊ မမများ
အဖွဲ့ ဖွဲ့ကာ ယိမ်းအကဖြင့် ပြည်သူတို့အား ဖျော်ဖြေတင်ဆက်ပေးသည်။ ငထွေးတို့ ရပ်ကွက်သို့
အမေများအဖွဲ့ လာရောက်ဖျော်ဖြေတင်ဆက်မှုကို
မှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည်။

image

image

image

image

image

image

@htwegyi
Photo @htwegyi

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ချဗျို့ ကျွန်​​တော်​မအား​သေးလို့မတင်​ဖြစ်​​သေးဘူးဗျာ

  ·  6 years ago (edited)

ဟုတ်ကဲ့ဗျို့

အနီးကပ်ကြည့်လိုက်ရတယ်လား ဘထွေး

Posted using Partiko Android

မတိုးနိုင်ပါဘူးအေ အဝေးကသာကြည့်လိုက်တာ

ယိမ်း အက တိုက်တာတော့ တစ်ခါမှ မမြင်ဖူးပါဘူး ဦးထွေးရယ်။ တကယ်လို့ သွားကြည့် ဖြစ်ရင်တောင် ယိမ်းကတာတော့ မကြည့်ဘဲ ယိမ်း သမ လေးတွေဘဲ ကြည့်နေမိမှာ ဟိ ဟိ

Posted using Partiko Android

ဒါပေါ့ သမိုင်းပေးတာဝန်တွေပဲဟာ 😁

ငင့် လာမယ့်လာတော့ အမေများ အဖွဲ့ တဲ့ သင်ဇာဝင့်ကျော် တို့ ဘာတို့ ဆို ဟုတ်သေး

အဟီး ညည်းကလည်း စကေးက အဲ့လောက်ပဲမို့လားမှ မသိတာ 😁

ပျော်ရွှင်စရာကောင်းသော သင်္ကြန်၏အငွေ့အသက်လေးတွေပါပဲခင်ဗျာ။

Posted using Partiko Android

ဟုတ်ကဲ့ဗျ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here