သတင်းရော အတင်းရော

in myanmar •  6 years ago 

ဇာတ်လမ်းရဲ့အစက ပုံမှာပြထားတဲ့ကလေးမလေးက စတင်တာပါ။ ကလေးမလေးက သွေးလွန်တုပ်
ကွေးဖြစ်လို့ မန္တလေးပြည်သူ့ဆေးရုံတက်ရောက်
ကုသသည်။ ကလေးမလေးရဲ့ဖခင်က မီးရထား
ဝန်ထမ်းလုပ်ရင်း အရံမီးသတ်လုပ်သည့်အပြင်
ရပ်ကွက်ရုံးမှာလည်း လုပ်အားပေးလုပ်သည်။
ရပ်ကွက်လူကြီးက အဆိုပါကလေးမလေး
သွေးလွန်တုပ်ကွေး ဖြစ်သည့်အကြောင်းကို
မြို့တော်စည်ပင်အဖွဲ့ဝင်တစ်ဦးကိုပြောလိုက်သည်။
အဖွဲ့ဝင်မှတစ်ဆင့် မြို့တော်ဝန် ထံရောက်ရှိသွား
သည်။

image

ထို့ကြောင့် မြို့တော်ဝန်မှ သွေးလွန်တုပ်ကွေး
ဖြစ်သည့် ကလေးမလေးနေထိုင်ရာ မီးရထား
ဝန်ထမ်းတိုက်ခန်း တိုက်အမှတ် (၃) သို့လာရောက်
ကြည့်ရှုမည်ဖြစ်သည်။ မြို့တော်ဝန် လာမည်ဆို
တော့ မန်းစည်ပင်က မီးရထားတိုက်တန်းမျက်နှာစာ
နှင့် တိုက် (၃) ကို စပယ်ရှယ်သန့်ရှင်းရေးပြုလုပ်
ပါတော့သည်။ ရေနူတ်မြောင်းတွေဖော်၊ ရေမြောင်း
ပေါ်ဆောက်လုပ်ရောင်းချထားသည့် ဈေးဆိုင်များ
ခေတ္တဖျက်သိမ်းပေးရသည်။ မြို့တော်ဝန် ပြန်သွားလျှင် ပိုနေမြဲ ကျားနေမြဲဖြစ်သည်။

ကားလမ်းဘေးက ဈေးဆိုင်ခန်းများကကိစ္စ မရှိ။
မြို့တော်ဝန် ပြန်သွား ပြန်ဆောက်မည်
စည်ပင် ပိုက်ဆံပေးပြန်ဖွင့်ရသည်။ ကိစ္စရှိသည်က
တိုက်တန်းအတွင်းဈေးရောင်းချသူများဖြစ်သည်။
သူတို့က အမိုးအကာ အခင်းလေးတွေ ပြုလုပ်ပြီး
ဈေးခင်းရောင်းကြသည်။ မြို့တော်ဝန် လာမည်
ဆိုတော့ အဆိုပါဆိုင်ခန်းများအားလုံးဖျက်ရမည်။
အော် မေ့လို့ဗျ အဲ့ဆိုင်ခန်းများက တိုက်တန်းမှ
အသုံးပြုသည့်ရေဆိုးထုတ်သည့်မြောင်းလေး
တွေကို ခွပြီးဆောက်ထားကြသည်။

image

image

ဆိုတော့ ရေစီးရေလာကောင်းပြီး မြောင်းဖော်ရရန်
အတွက် ဈေးဆိုင်ခန်းများဖျက်၍ ရေမြောင်းများ
ဆယ်ကြသည်။သွေးလွန်တုပ်ကွေးရောဂါဖြစ်တာဆိုတော့ရေမြောင်းတွေက ရေစီးရေလာကောင်းဖို့
လိုသည်။ ဈေးဆိုင်ခန်းများဖျက်ပြီး ဈေးကို ၃ရက်
ခန့်ပိတ်လိုက်သည်။အဲ့မှာ ဇာတ်လမ်းစလေသည်။
ဝန်ထမ်းများက ဈေးကို တိုက်တန်းအတွင်းမရောင်းဖို့ လမ်းမကြီးဘက်ထွက်ရောင်းရန်ပြောဆိုကြ
သည်။

ဈေးကိုတိုက်တန်းအတွင်းထားရှိပါက ဈေးမှ သားငါးနှင့်ဟင်းသီးဟင်းရွက် အပုပ်အနံ့အသက်များ
ကြောင့် လေကောင်းလေသန့်မရပါ။ ထို့အပြင်
ကြွက်၊ ယင်များကြောင့်ရောဂါပိုးများပေါက်ပွား
နိုင်ပါသည်။ သန့်ရှင်းရေးသမားကလည်း အမှိုက်များကို အချိန်မှန်သန့်ရှင်းရေးမပြုလုပ်ပါ။ ထို့ကြောင့်
ဈေးကို လမ်းမသို့ထုတ်ပြောင်းပေးရန်
တိုက်ခန်းနေဝန်ထမ်းများကပြောကြသည်။

ဈေးသူ ဈေးသားများကလည်း အချို့ကလမ်းမ
ထွက်ရောင်း၍ ပြဿနာမရှိပါသော်လည်း
အချို့မှာ ထွက်မရောင်းချင်ကြပါ။ ထွက်မရောင်း
ရခြင်းမှာ စည်ပင်ကို အခွန်အခပေးရမည်စိုးသဖြင့်
ဟုထင်မိပါသည်။ တိုက်တန်းတွင် အမိုးအကာ
ပြုလုပ်၍ရောင်းနိုင်သည် လမ်းမတွင်ပြုလုပ်
မရသောကြောင့်လည်းဖြစ်နိုင်ပါသည်။ထို့အပြင်
ဈေးအခင်းအား ကားလမ်းပေါ်တက်မရောင်းရပါ
ပလက်ဖောင်းပေါ်သာရောင်းချရသည်။ ကားလမ်း
ပေါ်အထိ ဈေးချရောင်းပါ ပစ္စည်းများကို စည်ပင်ကားဖြင့် သိမ်းဆည်းခြင်းခံရပါသည်။

image

image

မြို့တော်ဝန် ကရောက်ရှိလာပါသည်။ မီးရထား
တိုက်တန်းအစပ်မှာပင် စကားပြောဆိုပါသည်။
သစ်ပင်များစိုက်ရန်ပြောကြားပြီးပြန်လည်
ထွက်ခွာသွားပါသည်။ ဈေးသူ ဈေးသားများက
မြို့တော်ဝန် လာပြီး ၂ရက်တွင် ဈေးပြန်လည်
ရောင်းချကြပါသည်။ သို့သော် သူတို့သည်
အခိုင်အမာ ဈေးဆိုင်ဆောက်လုပ်၍ မရောင်း
ရတော့ပါ။ မီးရထား တာဝန်ရှိသူများက
ဈေးရောင်းသူများကို ကားသွားလာရန် လမ်းချန်
၍ရောင်းချရန်၊ဈေးဆိုင်အခိုင်အမာ မဆောက်
လုပ်ရန်ပြောကြားသည်။ ဆိုင်ကိုထီးမိုး၍ ဝါးကပ်
ကြမ်းခင်းကာရောင်းချရပါတော့သည်။
ဈေးသိမ်းလျှင် မိမိပစ္စည်းများကို သိမ်းဆည်း
သွားကြရပါသည်။

ယခုဆိုပါလျှင် မြို့တော်ဝန် စစ်ဆေးပြီး
တစ်ပတ်ကျော်ရှိလာပါသည်။ ဈေးရောင်းသူ
အချို့သည် ဝန်ထမ်းတိုက်တန်းအတွင်းသို့
တိုင်ထောင်ကာ တာလပတ်မိုး၍
ဈေးဆိုင်ကို စတင်ဆောက်လုပ်လာသည်။
တစ်ဦးဆောက်လျှင် နောက်တစ်ဦးကပါ
ဆက်လက်ဆောက်လုပ်ပါတော့မည်။
ဝန်ထမ်းနှင့် ဈေးသည်များ ပြဿနာမတက်စေရန်
မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို
Steemit အဖွဲ့သားများက comment
ရေး၍ အကြံဥာဏ်များပေးကြပါရန်ရေးသား
တင်ပြလိုက်ရပါသည်။

image

Author @htwegyi
Photo @htwegyi
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အစရှိ..နောင်တဲ့။ သူစဆောက်ကတည်းက တိုက်အုပ်တိုက်ကြပ်တွေ ဝိုင်းပြီးတားရမှာ

စားစရာရှိတာပဲစားမယ် အမုန်းတော့မခံဘူးဗျို့ တဲ့လေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ကျွှန်တော့်အနေနဲ့ကတော့ မပြောတတ်ပါဘူး ။

အေး ဒါလဲ မဆိုဘူး 😁

တတ်​သိနားလည်​သူ​ဆရာ​တွေ မန့်​မှာ​ဖြေကြားမယ်​ထင်​ပါတယ်​ ကျ​နော်​အ​နေနဲ့​တော့ ဥာဏ်​မမှီလို့ ဦး​ထွေး

ကိုယ်လည်း အဲ့အရှုပ်ထုတ်ကြီးက ဘယ်နေ့ပေါက်ကွဲမလဲ စိုးရိမ်းနေတာ ခုထိတော့ပြဿနာမရှိသေးဘူး

ဒါကတော့ စည်ပင်နဲ့လည်းဆိုင်သလို မီးရထားနဲ့လည်းဆိုင်မယ်ထင်တယ် စည်းကမ်းတကျဖြစ်စေချင်တယ်ဆိုရင် စည်းကမ်းအတိုင်းပဲ လုပ်သင့်ပါတယ် ရှဥ့်လည်းလျောက်သာ ပျားလဲစွဲသာဆိုတဲ့ စကားပုံလိုလုပ်နေရင်တော့ မတိုးတက်နိုင်သလို စည်းကမ်းလည်း ဘယ်တော့မှာ ရှိမယ်မဟုတ်ဘူးလို့ထင်ပါတယ် ကိုထွေးကြီးရေ ကျွန်တော်တို့က ရှဥ့်လည်းလျောက်သာ ပျားလဲစွဲသာ ဆိုတာနဲ့ စည်းကမ်းတွေပျက်ခဲ့တာ နှစ်ပေါင်းမနဲမနောပါပဲလေ သစ်မရခင် ၀ါးပေါင်းကွပ် တဲ့ သစ်ကဘယ်တော့မှကို မရတော့ ၀ါးသာဆွေးသွားတယ် အဲလိုနဲ့ လယ်နေတာပဲလို့ထင်ပါတယ် ကျွန်တော့အထင်ပြောတာပါဗျာ ☺

စည်းကမ်းကို တင်းကြပ်မည့် ထိမ်းချုပ်မည့်သူ မရှိဘူးဗျ
မီးရထားမြေဆိုတော့ စည်ပင်လည်းမဆိုင်
မီးရထားကလူကြီးမင်းများလည်းကြည့်ပြီး ပြေတာသွားကြတာ နောက်ပိုင်း ပြန်လှည့်မကြည့်ဖြစ်ဘူးရယ်

ဦးထွေးအမေးမှာတင် အဖြေပေါ်နေသလိုပဲ ထုတ်ထားတဲ့စည်းကမ်းအတိုင်း မလိုက်နာကြတာပါ ဈေးသည်ဘက်က ဈေးကော်မတီ တိုက်ခန်းနေသူဘက်က ဆုံးဖြတ်ပိုင်ခွင့်ရှိသူ လူကြီးတွေ ဖွဲ့စည်း ညှိနှိုင်းလုပ်ရမယ် ယူဆပါတယ် မဟုတ်ရင် ဈေးဖျက်ပစ်ရုံပါပဲ

ဈေးမှာ ဘယ်လူကြီးမှမရှိဘူးဗျ ဈေးကောက်တဲ့ ပိုက်ဆံလဲ စာရင်းရှင်းတမ်းမရှိဘူး

လုပ်‌လို့ရလို့ လုပ်‌တာပါ ။‌ဈေးမဖွင့်‌‌စေချင်‌ရင်‌ လုပ်‌လို့ရပါတယ်‌။

အတင်းအကြပ်ကြီးဆို ပြဿနာတက်မယ်ဗျ

မြန်​မာ​တွေ နည်းလမ်းသိသိ စည်းကမ်းရှိရှိနဲ့
ကြီးပွားဘို့အချိန်​တန်​ပါပြီ ဗျာ

နည်းလမ်းသိပြီး စည်းကမ်းရှိစေချင်လှပါပေါ့

ဘယ်လို ပြောရပါ့

ပြောပါတော့နဲ့အေ...

ဈေးသည်​များကိုအခြားသင့်​​တော်​တဲ့​နေရာမှာ​​ရောင်းခိုင်းရင်​...ဒါလည်းမလွယ်​ဘူးထင်​တယ်​...

Posted using Partiko Android

လက်ပေါက်ကပ်တယ်ဆိုလား
ဘာလားဗျာ

ဒါကဖြေရှင်းလို့ခက်တဲ့ ပြဿနာပါ၊ဂျပန်မှာလည်း လမ်းဘေးဈေးသည်တွေ့ခဲ့တယ်၊အရမ်းတော့သန့်ရှင်းတယ်၊ ပြီးတော့သူများပလက်ဖောင်းသွားရောင်းတာတော့မဟုတ်ဘူး

Posted using Partiko Android

ဟုတ်တယ် ဖြေရှင်းရ ခက်တယ်ဗျာ