ချောင်းဆိုးဘူးနဲ့ နဂိုမဲဟာ နဂိုမဲ

in myanmar •  6 years ago  (edited)

ကျွန်တော် က ဝန်ထမ်းတိုက်ခန်းမှာနေသည်။
ဝန်ထမ်းတိုက်ခန်းများက တစ်ခန်းနှင့် တစ်ခန်း
ကပ်လျှက်ဖြစ်သည်။ အိမ်ချင်းကပ်ပြီး အိမ်ဝင်
ပေါက်များကလည်း ကပ်ဖောက်ထားသည်။
ထို့ကြောင့် မသိသူများက နှစ်အိမ်ကို တစ်အိမ်
မှတ်ထင်ကြသည်။ ကျွန်တော့်အိမ်နှင့် ဘေးကပ်
လျှက်အိမ်တွင် မိသားစု ကလေးလူကြီး ၆ဦး
နေကြသည်။

အဖေအမေနှင့် ကလေး လေးဦးနေသည်။
ကလေးများမှာ အကြီးဆုံးက မိန်းကလေးဖြစ်ပြီး
ပဉ္စမတန်းတက်နေသည်။ ဒုတိယကလေးက
ယောက်ျားလေး အိုဘားမားဟုခေါ်ကြသည်။
အိုဘားမား မြန်မာပြည်လာချိန်မွေး၍ထင်ပါသည်။
တတိယမြောက်က မိန်ကလေး ဖြစ်သည်။
နောက်ဆုံး စတုတ္ထမြောက်က အငယ်ဆုံးက
ယောက်ျားလေးဖြစ်ပြီး စကားအများဆုံး အလည်ဆုံးဖြစ်သည်။ အငယ်ဆုံးလေးကို ငထက်ဟုခေါ်
သည်။

image

image

image

ငထက် ကစိတ်ကြီးသည် သူငိုလျှင် တက်သဖြင့်
ငိုသည့်အခါသတိထားရသည်၊ ငထက် မငိုအောင်
လည်း အလိုလိုက်ကြသည်။ ငထက် က အသက်
၂နှစ်ခန့်ဖြစ်ပြီး ကျွန်တော်တို့်နဲ့ စကားပြောလျှင် ငါက နင်ကဟုပြောတတ်သည်။ သူမုန့်စားလျှင်
သို့မဟုတ် သူ့အိမ်ဟင်းချက်လျှင် ကျွန်တော်
တို့အိမ်ကို အိမ်ပေါက်ကနေ လာကြွားလေ့ရှိသည်။

”ငါတို့က ကြက်သားကြော်စားတာ”

”ငါတို့က အမင်းစားပြီးပြီ နင်တို့က ပြီးပလား”

”ငါတို့က ရေခဲမုန့် ဝယ်စားတာ”

တစ်နေ့က ငထက်သည် နို့ဆီချောင်းများကို
သွားနှင့်ကိုက်ဖောက်ကာ စုပ်စားနေသည်။
သူ့အမေက နို့ဆီချောင်းစားလျှင်ရိုက်မည်
ပြောထားသည်။ ကျွန်တော် က ချောင်းဆိုး
မည်စိုး၍ ငထက်နို့ဆီတွေ တစ်ချောင်ပဲစား
ကျန်တာချန်ထား နောက်နေ့မှစား သိမ်းထား
ရန်ပြောသည်။ သို့သော် သကောင့်သားက
ကျွန်တော့်ကို ပြန်ပြောလေသည်။

”ငါ့ဟာ ငါသောက်တာ ငါ့ပိုက်ချံနဲ့ ငါသောက်တာ
နင့် ပိုက်ချံဟုတ်ဘူး”

”ငါ့အမေ့ကို ကြောနဲ့ သူတိဘူး အမင်းချက်နေတာ”

”မင်း နို့ဆီချောင်းတွေ အများကြီးစားရင်
ချောင်းဆိုးမှာပေါ့”

”ငါ့ အမေက ညကျ ချေး(ဆေး)တိုက်တယ် ချိုးဘူး”

ကျွန်တော် ပါးစပ်ပိတ်ထားလိုက်ရပါတော့သည်။
တစ်နေ့ကလည်း အကြီးမနဲ့ သူ့အမေ တီဗွီကြည့်ရင်းစကားပြောနေကြသည်။ အကြီးမကြီးက အသား
နည်းနည်းမည်းသည်။ မိန်ကလေးဖြစ်တော့
လှချင်ရှာသည်။တီဗွီကြော်ငြာပါ အသားဖြူခရင်
အထုတ်လေးများကို ကျောင်းမုန်ဖို့းဖြင့် ဝယ်လူး
သည်။ သူမဝယ်လူးနေသည်မှာ မည်မျှကြာသည်
မသိပါ။ တီဗွီမှ အဆိုပါ အသားဖြူခရင်ကြော်ငြာလာသည့်အခါ သူမအမေကိုမေးသည်။

image

image

”အမေ ဒီကြော်ငြာတဲ့ခရင်က အသားတကယ်
ဖြူသလား သမီးလိမ်းနေတာကြာပေါ့ ဖြူလည်
မဖြူဘူး”

”ဟယ်...ကောင်မလေး မုန့်ဖိုးတွေ မစားပဲ
ဒါတွေဝယ်လူးနေတယ်ပေါ့ ဖြူလာပါလိမ့်မယ်
အားကြီးကြီး၊ ကြော်ငြာတာအဟုတ်မှတ်နေ
သူ့တို့ပစ္စည်းရောင်းကောင်းအောင် ညာနေတာဟဲ့
အဟုတ်မှတ်မနေနဲ့ နင်က နဂိုမဲက နဂိုမဲပဲပေါ့
အသားဖြူချင်ရင် စိတ်ထားဖြူအောင်သာ
ထားပါဟဲ့”

ကျွန်တော့်မှာ သူတို့သားအမိပြောစကားကြားကာ
ပြုံးနေမိပါတော့သည်။

@htwegyi
Photo @htwegyi
MEC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဆရာ စာအ​ရေးအသားက​တော့အ​တော်​​ကောင်းတယ်​​နော်

Posted using Partiko Android

ကျေးဇူးပါဗျာ

အမြန်အသားဖြူနည်းတော့သိတယ် ပြောပြရမလား 😁😁

ရေ​နွေးပူ​တော့​မ​လောင်းခိုင်းနဲ့.....😂😂😂😂

Posted using Partiko Android

လောင်းပါဘူးအေ 😁

  ·  6 years ago (edited)

တိတ်တိတ်နေ လူတွေသိသွားမယ်လေနော့ နွယ်ဦးမွန်

ဖတ်​​ကောင်းတယ်​​နော်​ ​တော်​လိုက်​တာ​ရေးတာ

ကျေးဇူးပါဗျာ

ကလေးတွေက အဲ့လိုပဲ
ပျော်ရတယ်
သူတို့နဲ့က 😁

ကလေးတွေနဲ့စကားပြောရတာ စိတ်ပေါ့ပါးပြီး စိတ်ချမ်းသာတယ်လေ