ရှိမ္မကား သို့ တစ်ခေါက်

in myanmar •  6 years ago  (edited)

image

နှစ်ရက်ခြားတစ်ခါ ပို့စ်တင်သည်ဆိုတော့ မနက်ဖန်
ပိုစ့်တင်ရမည်။ ည ၈း၂၄ နာရီရှိပြီ။ ယခုထိစာမရေး
ဖြစ်သေးပါ။ ယနေ့သည် ၁၃၈၀ ခုနှစ် တပေါင်း
လပြည့်နေ့ဖြစ်သည်။ တပေါင်းလပြည့်နေ့ ရုံး
ပိတ်ရက် မိတ်ဆွေများနှင့် ရှိမ္မကားသို့ လေ့လာရေး
သွားဖြစ်သည်။ ရှိမ္မကားသည် စစ်ကိုင်းကောင်းမှု
တော်ဘုရားကြီးမရောက်ခင် အရှေ့ ဖက်သို့
ကားလမ်းခွဲလေးမှသွားရသည်။ ထိုလမ်းလေးမှ
၁နာရီခွဲကျော်ခန့်သွားရသည်။

အိမ်မှ မနက် ၈း၃၀ နာရီခွေးဘီလူးကားလေးဖြင့်
ထွက်ခဲ့ကြသည်။ လမ်ခရီးတွင်ရှိသည့်
ရွှေကြက်ယက်နှင့် ရွှေကြက်ကျဘုရားများသို့
ဝင်ရောက်ဖူးမျှော်ကြသည်။ ရွှေကြက်ကျဘုရား
သည် ဧရာဝတီမြစ်ကမ်နဖူးတွင်တည်ထားသည်။

”မေကညာ ဇေယျာသူတွေ ပုသိမ်ထီးနဲ့
ရွှေကြက်ယက်ဘုရားဖူးပြီးတော့ စစ်ကိုင်းတံတား
ကူးတော့မည်”

ရွှေကြက်ကျဘုရားဖူးရင်း ဦးသုမောင်၏
စစ်ကိုင်းတံတားသီချင်းကို ကြားယောင်မိသည်။
ယခုအခါမှာတော့ စစ်ကိုင်းတံတားကြီးကို
မကူးကြတော့ပေ။ မန္တလေး မှ ရွှေကြက်ယက်ဘုရား
ဖူးပြီး ဧရာဝတီတံတား (ရတနာပုံ) ကိုသာ
ဖြတ်ကူးကြပါတော့သည်။ ရွှေကြက်ကျဘုရား
ပေါ်မှ စစ်ကိုင်းတံတားကြီးကို လှမ်းမျှော်ကြည့်ရ
သည်မှာပင် ရတနာပုံတံတားက ကွယ်နေပေသည်။

image

image

image

ရတနာပုံ တံတားကူပြီး စစ်ကိုင်းမြို့ကိုဖြတ်
ကျော်၍ ရှိမ္မကား ခရီးဆက်ခဲ့သည်။ ရှိမ္မကား
တွင် တောရကျောင်းကြီးသို့သွားရောက်ခြင်းဖြစ်
ပါသည်။အဆိုပါ တောရကျောင်းကြီးသည်
မင်းတုန်းမင်းတရားကြီးက လာရောက်ဖူးမျှော်
သည့်နေရာဖြစ်သည်။ မင်းတုန်းမင်းကြီးသည့်
အဆိုပါကျောင်းသို့လာရာတွင် သူ့လာသည့်
လမ်း သူလျှောက်သည့်နေရာကို အုတ်ကာရံကာ
လျှောက်လမ်းပြုလုပ်ထားသည်။ အဆိုပါ
လမ်းကလေးက အင်မတန်သာယာပေသည်။
မိုးရာသီနှင့် ဆောင်းရာသီများတွင် သစ်ပင်ပန်းမန်များနှင့် စိမ်းစိုသာယာလှပပေမည်။

Facebook တွင်ပုံများတင်ထားသည့် ရှိမ္မကားက
ဓာတ်ပုံများတွင် လှပေသည်။ မိုးရာသီနှင့် ဆောင်း
ရာသီများတွင် ရိုက်တင်ထားခြင်းဖြစ်ပေမည်။
ကိုယ်တွေသွားသည့် တပေါင်းလက ပူလိုက်သည့်
နေ၊ စိမ်းစိုမှုမရှိသည့် သစ်ပင်ခြောက်များနှင့် ပူလိုက်သည်ဖြစ်ခြင်း။ ဓာတ်ပုံရိုက်ရာရှုခင်းများက
သစ်ပင်ခြောက်များဖြင့် လွမ်းစရာကောင်းနေပြန်
သည်။ တောရကြီးကျောင်းမှ ဧရာဝတီမြစ်ကမ်းသို့
ဆင်းသည့် လှေကားကြီးနှစ်စင်းရှိသည်။ အရှေ့
ဖက်နှင့် အနောက်ဖက် တစ်ဖက်တစ်ချက်စီတွင်
လှေကားများကို ကွေ့ဝိုက်ကာအုတ်စီထားသည်မှာ
လှပ၍မတ်စောက်သည်။

image

image

image

ကမ်းနဘေးသစ်ပင်ကြီးများက ကြီးမားလှပေသည်။
နွယ်ပင်ကြီးများက ခိုစီးချင်စရာကောင်းလှပေသည်။
တပေါင်းလပြည့်နေ့ဖြစ်၍ လာရောက်သူများရှိပေ
သည်။ ရှေးခေတ်လက်ရာ တောရကြီးကျောင်းက
ဓာတ်ပုံရိုက်သူများအတွက် အကြိုက်တွေ့စေသည်။
မင်းတုန်းမင်းကြီးလျှောက်သော လျှောက်လမ်းတွင်
ဘေးအတားအုတ်ခုံများပေါ်သို့ တက်ရောက်၍
လမ်းလျှောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းမပြုရန်
စာရေး၍သတိပေးထားသည်။ ရှေးလက်ရာများ
ပြိုကျပျက်စီးမည်ဖြစ်သောကြောင့် သတိပေးထား
ခြင်းဖြစ်ပေသည်။

ရှိမ္မကားသို့ သွားမည်ဆိုပါလျင် မိုးရာသီနှင့် ဆောင်းရာသီများမှသာ သွားရောက်ပါကပိုအဆင်ပြေပါ
မည်။ မိုးရာသီမှသာ သစ်ပင်စိမ်းစို ရှုခင်းလှပပြီး
ရာသီဥတုက အေးချမ်း၍ ခရီးသွားရာသက်သာ
ပေမည်။ ဓာတ်ပုံရိုက်ရန်အတွက်လည်း ရှုခင်း
များကစိမ်းစိုလှပနေပေမည်။ နွေရာသီမှာတော့
မြင်ရတဲ့အတိုင်း ရိုးတံပြိုင်းပြိုင်းနဲ့ သစ်ပင်တို့က
အလှချင်းပြိုင်နေသလား၊ သစ်ရွက်ကြွေတို့က
ခြေလှမ်တိုင်းမှာ ညာသံပေးနေသလားဆိုတာ
နွေရာသီ ရှိမ္မကားမှာ နားသောတဆင် ရှုမြင်ခဲ့ရပါ
သည်။

image

image

image

@htwegyi
Photo @htwegyi
MSC.036

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks c-squared

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1500 replies. Your next target is to reach 1750 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Carnival Challenge - Here are the winners
Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဆောင်းတွင်းသွားခဲ့တုန်းကစိမ်းစိုပြီးသာယာနေတာ

ဟုတ်မှာပါ ခုတော့ ပူချက်မြင်တဲ့အတိုင်းပါပဲဗျာ

ဒီမြို့မရောက်ဖူးသေးဘူး

Posted using Partiko Android

ဖေ့စ်ဘွတ်မှာတွေ့တာနဲ့ သွားဖြစ်တာပါ

မိုးရာသီ ကျ လမ်းက မကောင်းဘူး တော့

လမ်းတွေကတော့ ကတ္တရာခင်းထားတယ်တော့ တံတားတွေတော့ ပြောတတ်ဘူး

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

အဲ့ဗျာ ဓပ်​ပုံ​တွေကြည့်​ပြီးသွားချင်​စရာပါ့လား

ဆောင်းရာသီမှ သွားဗျ အတော်လှမှာ

ဆရာ​ထွေ​ရေ သွားချင်​စိတ်​​တောင်​ဖြစ်​မိပြီ

Posted using Partiko Android

လမ်းမှာ ထန်းရည်ဆိုင်တွေပေါချက် 😁

မ​ရောက်​ဘူး​သေးဘူး သွားချင်​​နေပြီ😄

Posted using Partiko Android

လမ်းမှာ ထန်းရည်တဲတွေပေါပါတယ်ဆို 😁

အာ့ဆို အမြန်​သွားပြီ​လေ ရာသီချိန်​​လေး 😄😄 ဦး​ထွေး​ကော ​လိုက်​ခဲ့😄

Posted using Partiko Android

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ကျေးဇူးပါ

သွားမယ် သွားမယ်နဲ့ မရောက် ဖြစ်သေးသည့် နေရာလေး