တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်
ကျွန်တော်တို့ မြန်မာ့မီးရထားမှ စတုတ္ထလွန်းထိုး
ဘူတာရှိ စေတီတော်အား ထုံးသင်္ကန်းကပ်လှူခြင်း၊
ရေစုပ်စက်နှင့် မော်တာလှူဒါန်းခြင်းကို
စုပေါင်းလှူဒါန်းခဲ့ကြသည်။
နွေရာသီရောက်တော့မည်ဖြစ်၍ ရေအခက်အခဲ
ဖြစ်နေသည့် စတုတ္ထလွန်းထိုးဘူတာရှိ ဘုန်းကြီးကျောင်းနှင့် ဘူတာဝန်ထမ်းများအတွက်
ရေလှူဒါန်းခြင်းဖြစ်သည်။ စတုတ္ထလွန်းထိုးဘူတာ
သည် ယခင်က တောင်ကျချောင်းရေနှင့်
စိတ်စမ်းရေများကို အသုံးပြုခဲ့ကြသည်။
ယခုအခါ ကမ္ဘာကြီးပူနွေလာပြီဖြစ်သည့်အပြင်
သစ်တောသစ်ပင်များသည်လည်း ရှားပါးလာပြီဖြစ်သောကြောင့် စိမ့်စမ်းများလည်း ခမ်းခြောက်
ပျောက်ကွယ်သွားကြသည်။ ယခင်က သစ်ပင်သစ်တောကြောင့် စိမ့်စမ်းများပေါများခဲ့သည်။ ကျောက်ကြိုကျောက်ကြားနှင့် မြေဆီလွှာမှ
စိမ့်ထွက်လာသည့် ရေတို့ဖြင့် ယခင်က စိမ်းစို
သာယာခဲ့သည်။
ရှေးယခင်က မိုးရေ၊ စိမ့်စမ်းရေတို့အားစုပေါင်း၍ ရေကန်ပြုလုပ်ပြီး မီးသွေးစက်ခါင်းရထားများ
ကိုပင် ရေပေးဝေခဲ့သည်။ စတုတ္ထလွန်းထိုးဘူတာရှိ
ရေကန်ဟောင်းများ၊ သွယ်တန်းထားသည့်
သံပိုက်လုံးအဟောင်းကြီးများနှင့် စက်ခေါင်း
ရေးထည့်ပေးသည် သံရေပိုက်ခေါင်းကြီးများကို
ယခုထိတိုင် တွေ့မြင်ရသည်။
အင်္ဂလိပ်လက်ထက်က ဖောက်လုပ် ဆောက်လုပ်
ခဲ့သည့် ရထားလမ်းနှင့် ဘူတာများသည်
စနစ်တကျရှိပေသည်။ အထူးသဖြင့် ယခုလို
တောင်ပေါ် မီးရထားလမ်းနှင့် ဘူတာများတွင်
တွေ့မြင်နိုင်သည်။
ဟိုအဝေး တောင်ကြားဆီမှ မီးရထားကလေးသည်
ဥဩသံပေးရင်း လိုဏ်ဂူများ တောင်နံရံများကို
ဖြတ်သန်းမောင်းနှင်လာသည်ကို အထက်စီးမှ
လှမ်းမျော်ကြည့်ရသည်မှာ အင်မတန် လွမ်းစရာ
ကောင်းသလို ကြည့်၍ အလွန်ကောင်းလှသည်။
စတုတ္ထလွန်းထိုးဘူတာသည် ရထားဖြင့်သွားမှ
သာရောက်သည်။ ကားလမ်းမပေါက်ပါ။
ကျွန်တော်တို့အဖွဲ့က မနက်4နာရီ မန္တလေး-
လာရှိုးရထားစီး၍သွားသည်။ မနက် 6နာရီကျော်
တွင် ရောက်သည်။ မနက်ခင်းနေရောင်မထွက်မှီ
ရောက်ရှိသည်။စတုတ္ထလွန်းထိုးဘူတာမှ သံဃာ
တစ်ပါးနှင့် ဇီးပင်ကြီးဘူတာမှ သံဃာတော်လေးပါးကို သံလမ်းပြေးယာဉ်ဖြင့်ပင့်ပြီး စုစုပေါင်း
သံဃာတော်ငါးပါးဖြင့် ရေစက်ချလှူဒါန်းခဲ့
သည်။
ကျွန်တော်တို့အဖွဲ့သည် အပြန်တွင် ဆရာတော်များနှင့်အတူ သံလမ်းပြေးယာဉ်ဖြင့် စတုတ္ထလွန်းထိုးဘူတာမှ ဇီးပင်ကြီးဘူတာသို့ စီးနင်းလိုက်ပါကြသည်။
ဇီးပင်ကြီးဘူတာမှ မန္တလေးသို့ ကားဖြင့်ပြန်ခဲ့ကြသည်။
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော တောင် ရေ မြေ သဘာဝ အလှတွေကို အရမ်း အရမ်းသဘောကျတယ်ဗျ။ ခုတော့ ဝေးခဲ့ပြီလေ ခုတော့ဝေးခဲ့ပြီလေ(ထူးအိမ်သင်ဆိုသွားတာလေးသတိရမိလို့ပါ 😀)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လှပသာယာတယ် လွမ်းစရာ ပိုကောင်းတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit