ကိုယ့်အမြင် သူ့အမြင် အပြန်အလှန်လေးစားပေးပါ

in myanmar •  7 years ago  (edited)

လူတိုင်းမှာ ကိုယ်ပိုင်အမြင်စီရှိကြတယ်။
ညီ့မှာလည်း ရှိသလို အကိုတို့ အမတို့ဆီမှာလည်း ကိုယ်ပိုင် အမြင်တွေရှိကြတယ်။
တစ်ယောက်နဲ့တစ်ယောက်ကတော့တူမှာမဟုတ်ပါဘူး။

ကိစ္စတစ်ခု၊ပြဿနာတစ်ခုပေါ်လာတယ်။
ကိုယ်ခံယူထားတဲ့အမြင် ကတခြားသူတွေနဲ့မတူဘူးဖြစ်နေတယ်။
တစ်ဖွဲ့လုံးမှာ ကိုယ်တစ်ယောက်တည်း အမြင်ကွဲဖြစ်နေတယ်။
အဲလို အမြင်ကွဲဖြစ်နေလို့ ကိုယ်မြင်တဲ့အမြင် ကမှားနေပီလား?
မဟုတ်ပါဘူး။လွတ်လပ်စွာ မြင်ပိုင်ခွင့်ရှိပါတယ်။
မှားယွင်းနေတဲ့အမြင်ဘဲထားပါအုံး။ မြင်ပိုင်ခွင့်ရှိပါတယ်။
ဒါပေမယ့် မှားနေတဲ့အမြင်ကို လက်ကိုင်ထားခွင့်၊တစ်ယူသန်ခွင့်တော့ မလုပ်သင့်ပါဘူး။
မိမိရဲ့မှားယွင်းနေတဲ့အမြင်ကို ကျန်အဖွဲ့သားတွေကို မိမိဘယ်လိုမြင်ကြောင်းရှင်းပြမယ်။
အတူတကွ မှားယွင်းနေတဲ့အမြင်ရဲ့ မှားယွင်းနေတဲ့အကြောင်းပြချက် ကို စုပေါင်းအဖြေရှာပေးကြမယ်။
ဒါကသာ မှန်ကန်သောလမ်းစဉ်ဖြစ်ပါတယ်။
မှားနေလို့ မှားနေတဲ့အတိုင်းထားပီး အမှန်နောက်လိုက် ခြင်းထက်
ဘာလို့မှားနေလဲ အကြောင်းရင်းကို ရှာပြီး အမှန်ပြင်ခြင်းက ပိုကောင်းမွန်တယ်လို့ ညီမြင်မိပါတယ်။

ညီကိုယ်တွေ့လေး တင်ပြရမယ်ဆို....
တခုသော စနေနေ့က ညီတို့ သင်တန်း
သင်တန်းအချိန်မကုန်ခင် နောက်ဆုံးသင်တဲ့ သင်ခန်းစာအပေါ်မှာ
ညီအတွေးတစ်ခု ဝင်မိတယ်။
ကျန်သင်တန်းသား သူငယ်ချင်းတွေအကုန်ကတော့ သင်ခန်းစားရဲ့လုပ်ထုံးလုပ်နည်းကို လက်ခံကြတယ်။
ညီလည်းလက်ခံပါတယ်။ဒါပေမယ့် ဒီလုပ်ထုံးလုပ်နည်းမဟုတ်ဘဲနဲ့ တခြား လုပ်ထုံးလုပ်နည်းနဲ့ရော သင်ခန်းစာရဲ့ရည်ရွယ်ချက်ကို မရနိုင်ဘူးလား။
ညီတွေးမိတာလေးပါ။
အဲဒါနဲ့ သူငယ်ချင်းAနဲ့အရင်တိုင်ပင်ကြည့်တယ်။
မရပါဘူး။ညီ့အမြင်ကအမှားကြီးဘဲဖြစ်နေရတယ်။
တစ်ယောက်တည်းကအမှားကြီးပြောနေလို့ ညီလက်မခံဘူး။ထပ်မေးတယ်။အကြိမ်ကြိမ်မေးတယ်။မှားစဲပါဘဲ။သေချာပီ။နောက်တစ်ယောက်ပြောင်းပေးမယ်လို့ညီတွေးလိုက်ပြီး သူငယ်ချင်းBကိုထပ်ဆွေးနွေးတယ်။
ထုံးစံအတိုင်းမှားစဲဘဲ။
မထူးပါဘူး ၂ယောက်လုံးကို ပေါင်းပြီးမေးတယ်။
မှားစဲပါဘဲ။လက်မခံစဲပါဘဲ။
နောက်ဆုံးတစ်ယောက် သူငယ်ချင်းCကိုမေးတော့မှ ညီမှားရတဲ့အကြောင်းရင်းကိုလက်ခံနိုင်ခွင့်ရခဲ့တယ်။
ပြောချင်တာက ဘာလို့လက်ခံနိုင်ခွင့်ရခဲ့တာလဲ?
အဖြေကတော့ နောက်ဆုံးသူငယ်ချင်းCမှာကိုယ့်အမြင်ရောသူ့အမြင်ပါလေးစားတယ်ဆိုတဲ့ စိတ်လေးရှိနေလို့ပါ။
သူကဒီလိုဖြေတယ်ဗျ။
"သူငယ်ချင်း မင်းအမြင်ကိုငါနားလည်တယ်။ငါသဘောပေါက်တယ်။ငါလည်းလက်ခံတယ်။ဒါပေမယ့်မင်း အမြင်အရအဲလို လုပ်လိုက်မယ်ဆို သင်ခန်းစာရဲ့ပန်းတိုင်ကို ရောက်ပေမယ့်ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်တယ်"ဆိုပြီစိတ်ရှည်ရှည်ဆွေးနွေးရှင်းပြတယ်။

သူငယ်ချင်းAနဲ့Bလည်း အမှားကိုထောက်ပြကြပါတယ်။
ဒါပေမယ့် ညီသူတို့ထောက်ပြတဲ့အမှားကို မှန်မှန်းသိပေမယ့် လက်မခံနိုင်သေးတာက
သူတို့စီမှာ ညီ့အမြင်ကိုလေးစားပေးမှုမရှိသေးလို့ပါ။

ဒီလိုပါဘဲ။လောကမှာ ပြဿနာတစ်ခုဖြစ်တယ်။
အဖွဲ့နဲ့လုပ်ရမှာ အမြင်တွေကွဲပြားကျတယ်။
ပန်းတိုင်ကို အတူသွားရာမှာ စိတ်သဘောထားတွေ ကွဲပြားပီးကျရှံးကြရတယ်။
အဓိကကတော့ မိမိအမြင်သာ အမှန်ဆိုပြီးလက်စွဲထားကျလို့ပါ။
616.png
အရိုးရှင်းဆုံးလေးပြရမယ်ဆို
အင်္ဂလိပ် အက္ခရာ
"69"ပါ။ဘယ်ဘက်ကနေကြည့်တဲ့လူက "9"လို့ မြင်သလို ညာဘက်ကကြည့်တဲ့လူကတော့ "6"လို့ဘဲ မြင်မှာပါ။
မတူညီတဲ့အမြင်တွေမှာ မိမိမှန်တယ်ဆိုတိုင်း
အမြင်ကွဲပြားသူတွေရဲ့အမြင်က မှားသွားတယ်လို့မဆိုလိုပါဘူး။
69ကိုဘဲ ညာဘက် ဘယ်ဘက်တွေကြည့်မနေဘဲ အလယ်ကနေအတူကြည့်လိုက်ကြမယ်ဆို ရင်
ဘယ်သူမှ မမှားဘူးဆိုတာ မြင်လာမှာပါ။
အဲဒါကြောင့် မိမိ အမြင်ကိုလည်း လေးစားပါ။သူများအမြင်ကို လည်းလေးစားပေးပါ။
မှားနေရင်တောင် လေးစားသမှုပေးပြီ အမှန်ကို စိတ်ရှည်ရှည်ပြပေးပါ။
မိမိသည် မှားသောသူ ဖြစ်နေရင်
မိမိ အမှားကိုရအောင်ရှာပါ။
အမှားကို မသိဘဲ အမှန်အတိုင်းဘဲ သူများလုပ်သလို လိုက်လုပ်လိုက်ရင်
မိမိရဲ့အတွေးမှားဟာ
အမှားမသိဘဲ အမှန်ကိုပုံသွင်းရိုက်ခံရသလို ဖြစ်သွားမှာပါ။
စာရေးရာမှာ ဖတ်ရှုသူ အကိုအမတို့ မူးသွားစေရတယ်ဆို
စာရေးသူ ညီ့လိုအပ်ချက် မလို့ အထူးဘဲတောင်းပန်ပါတယ်။
အခုလိုဖတ်ရှုပေးလို့လည်း ကျေးဇူးအထူးတင်ရှိပါတယ်။
မင်္ဂလာရှိသောနေ့ရက်လေးကို
ပိုင်ဆိုင်နိုင်ကြပါစေ
MSC-121
@hzerok
Photos from Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မှန်ပါတယ် တူညီသောအကြောင်းအရာတစ်ခုကို အမြင်ချင်းဆွေးနွေးဖလှယ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုလေးထားပြီးလုပ်တော့ ပိုမိုကောင်းမွန်တဲ့ အဖြေလေးတွေရရှိလာတယ်ဆိုတာကို ထောက်ခံပါတယ်ခင်ဗျာ။အတွေ့အကြုံလေးနဲ့တင်ပြတော့ ပိုပြီးပြည့်စုံသွားတာပေါ့ဗျာ

အခုလို ဖတ်ရှပေးလို့ကျေးဇူးပါအကိုရေ
ညီဆိုလို ချငိတဲ့ရည်ရွယ်ချက်လေးကို စာဖတ်သူအကိုတို့အမတို့ နားလည်ကျတယိဆိုရင် ညီရေးရကျိုးနပ်ပါပီ😊😊😊

ကိုယ်​နဲ့အမြင်​မတူတိုင်းသာရန်​သူထင်​ရင်
အားလုံးရန်​သူ ချည်းဖြစ်​မှာ တခုမဟုပ်​တခုက​တော့
အမြင်​လွဲတာခြည်းဘဲ

တခြားသူရဲ့အမှားကိုမကြည်ပါနဲ့
ကိုယ်အမှားကိုသာ မြင်တတ်ပါစေ
ဆိုတဲ့ ဆုံးမစာပေလေးမှတ်သားဖူးပါတယ်

ကိုယ့်အမှားကို ကိုယ်ကိုယ်တိုင်မြင်ပြီး မှားရတဲ့အကြောင်းရင်းလေးသိခွင့်ရတဲ့လူဖြစ်ချင်မိတယ်အကိုရေ

Right
သူ့အမြင်​၊ကိုယ့်​အမြင်​အပြန်​အလှန်​​လေးစားသင့်​ပါတယ်​...ကိုယ်​ဘဲအမှန်​ဆိုပြီးလက်​စွဲမထားသင့်​ပါဘူး....

အမြင်တူလေးတွေ တွေ့ရတော့ရေးရတာအားတက်မိတယ် ကျေးဇူးပါအမရေ😊

အပြန်အလှန် လေးစားတန်ဖိုးထားသင့်ပါတယ်😁

ဟီး အဲလို လေးစားပေးတဲ့လူမျိုးနဲ့ ဆို စကားအရမ်းပြောကောင်းတာအမရေ
ဆွေးနွေးလို့လည်းရှယ်ကောင်းဘဲဟီး😁😁

ဟုတ်ပဗျာ အကြောင်းအရာတစ်ခုဆို ကိုယ်ဘို့ အတွက်မဟုတ်ပါပဲ သူ့ဖို့ကိုယ့်ဖို့ ကြည့်တတ်ရတာပေါ့ဗျာ😊😊

အမှန်ဘဲပေါ့အကိုရာ
အဲလိုတွေးကျင့်တဲ့လူတွေသာ များလာရင် လောကကြီးကတစ်နည်းတစ်ဖုံသာယာလာမှာဗျာ

တစ်ဖက်တည်းမကြည့်သင့်တာတော့အမှန်ပဲ

တစ်ဖတက်တည်ကြည့်ရင် တစ်ဖက်ဘဲမြင်တယ်
တခြားတစ်ဖက် ကဗဟုသုတတွေမရနိုင်တော့ဘူး
အဲဒါကို တစ်ဖက်တညိးကြည့်တတ်တဲ့လူတွေနားလည် စေချင်မိတယိအကိုရာ

WARNING - The message you received from @johnson13 is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!

For more information, read this post:
https://steemit.com/steemit/@arcange/phishing-site-reported-steemautobot-dot-ml

If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.

Thz sir

စိတ်ရှည် သည်းခံမှ အဖြေဆိုတာ ရှာတွေ့မှာပါ
ကောင်းလွန်းခဲ့ပါတယ်ဗျ

ဟုတ်တယ်
အကို ရေ
ကိုယ်ကိုယ်တိုင်ကအဖြေလို ချင် ရင် ကိုယ်ကို တိုင်ကတော်တော်စိတ်ရှည်ရတာဗျာ
မရှည်လို့ကတော့ အမှားကြီးနဲ့တစ်သက်လုံး.ညားပီဘဲ
ဖတ်ရှပေးတာကျေးဇူးပါအကိုရေ😊

bro ဘက်က သုည
ကျုပ်ဘက်က Zero

အဲ့လိုပေါ့ဗျာ

အမှန်ပေါ့အကိုရာ😊

တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်တူချင်မှတူမယ်။ဒါကြောင့် တစ်ဦးနဲ့တစ်ဦးလးစားပါ။

ဟုတ်တယ်အကိုရေ
အဲလို လေးသာ လေးစားပေးရင်
ဆွေးနွေးရတာ တော်တေိာကောင်းတာဗျာ

သူ့အမြင်​ ကိုယ့်​အမြင်​ ညှိနှိုင်းကြတာ​ပေါ့​။

စိတ်ရှည်သည်းခံ ညှိနှိုင်းရင် မှန်ကနိတဲ့အဖြေတစ်ခုတော့ ထွက်လာတယ်ဗျာ

ဟုတ်​​လေစွ ​ဒေါသ​ရှေ့ထား မှားတတ်​သလိုမျိုး။

ကိုယ်‌ချင်းစာတရား လက်‌ကိုင်‌ထားရင်‌‌တော့ ကိုယ့်‌အ မြင်‌ သူ့ အ မြင်‌ကို ထည့်‌စဉ်းစားတတက်‌မှာပါ။

အမှန်ဘဲဗျာ
လူတချို့က ကိုယ်ချင်းစာတရားထက်
ကိုယ့်ဖို့ဆိုတဲ့ ငါတရားကို ဆုပ်ကိုင်ထားတော့ ပေါင်းရတာတော်တော်ခက်တယိဗျာ

တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ တစ်ဖက်တည်းကြည့်ပြီး တစ်ကိုယ်ကောင်းမဆန်သင့်တာအမှန်ပါ

အမှန်ဘဲအမရေ
ချိတ်ချိတ်ချင်းလုပ်နေလို့ကတော့ ဘယ်တော့မှအဆင်ပြေမှာမဟုတ်တော့ဘူး

များများနားထောင်ပြီး နည်းနည်းဘဲပြောပါဆိုတဲ့ဆေညင်ပုဒ်လိုပါဘဲ တဖက်လူကိုဦးစားပေးလို့ ကိုယ့်အကျိုးမယုတ်သွားပါဘူး

ကိုယ်တစ်ယောက်တည်းကောင်းရုံနဲ့မရဘူးလေ
အပြန်အလှန် လေးစားမူရှိမှပိုအောင်မြင်မှာပါ

  ·  7 years ago Reveal Comment