Life Lessons

in myanmar •  7 years ago 

လောကမှလူတန်းစား အမျိုးမျိုးရှိကြတယ်။
တစ်ချို့တွေက ချမ်းသာကြွယ်ဝကြပြီး တစ်ချို့တွေကြတော့ ဆင်းရဲကြတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းကြတဲ့သူတွေ ရှိသလို
ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး စိတ်ပိုင်းဆိုင်ရာ အားကောင်းကြတယ်။
မည်သူမျှ ပြီးပြည့်စုံတဲ့သူဆိုပြီးလောကမှာမရှိပါ။
ပြီးပြည့်စုံအောင် ကြိုးစားနေကြခြင်း သာဖြစ်ပါတယ်။

ညီဒီနေ့အားလုံးကို ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့
လူတိုင်းကိုယ်စီ ပြီးပြည့်စုံအောင် ကြိုးစားနေကျချိန်မှာ တစ်ထောက်တစ်လမ်း အထောက်အကူ ဖြစ်စေလောက်မည့် အခြေအနေအချိန်အခါ အရဆောင်းရမည့် ဦးထုပ်ခြောက်လုံး(Six Hats) အကြောင်းလေးဘဲဖြစ်ပါတယ်။

ဦးထုပ်ခြောက်လုံးဆိုတာဘာလဲ?
Colorလေးတွေနဲ့ ခွဲလိုက်ကြရအောင်။
၁.ဦးထုပ်ဖြူ (White Hat)
၂.ဦးထုပ်နက်(Black Hat)
၃.ဦးထုပ်စိမ်း (Green Hat)
၎.ဦးထုပ်ပြာ (Blue Hat)
၅.ဦးထုပ်ဝါ (Yellow Hat)
၆.ဦးထုပ်နီ (Red Hat)

၁.ဦးထုပ်ဖြူ ဆိုတာဘာလဲ?
ဘယ်လိုလူတွေကို ဦးထုပ်ဖြူဆောင်းတယ် လို့သတ်မှတ်နိုင်လဲ?
ဦးထုပ်အဖြူ သမားတွေက
နံပါတ်.၁
ရနို်င်သမျှ သတင်းအချက်အလက်တွေကို သိချင်တယ်။(ဥပမာ စာသင်ရင် သေချာနားထောင်လိုက်မှတ်တဲ့သူတွေလိုပေါ့)
နံပါတ်.၂
ရတဲ့သတင်းတွေကနေ သင်ယူကျတယ်။
(သေချာနားထောင်ပြီး ပြန်လုပ်တဲ့သဘောပေါ့)
နံပါတ်.၃
မသိတာနားမလည်တာရှိရင် မေးတယ်။
(ဆိုလိုတာက သင်ယူနေစဉ် နားမလည်တာ မရှင်းတာရှိရင် မသိတဲ့အတိုင်း မရှင်းတဲ့အတိုင်းမထားဘဲ သိအောင်ရှင်းအောင် မေးသင့်မေးထိုက်သူကို မေးတဲ့သဘောပေါ့)
image

၂.ဦးထုပ်နက်(Black Hat)
သူတို့ကျတော့
ကိစ္စတစ်ခုကို ဘယ်လိုလုပ်ရမလဲကိုယ်တိုင်တွေးတယ်။
အဲကိစ္စကိုတခြားသူ ကမတူညီတဲ့ဖြေရှင်းပုံ တင်ပြလာရင်လည်း သူတို့ရဲ့အကြံဥာဏ်ကို မပယ်ချဘူး။ဒါပေမယ့် မှားသွားမှာကိုတော့ ကြောက်ကြတယ်။
ဒါကြောင့်သတိကြီးတယ်။ သူ့ကိုယ်ပိုင် အကြံဥာဏ်အပါအဝင်
တခြားသူရဲ့အကြံဥာဏ် တွေရဲ့မှားသွားစေမည့် အားနည်းချက်တွေကို ကြိုရှာတယ်။
ဘေးတွေ့မဲ့အရာတွေကို ရှောင်းရှားနိုင်မဲ့အကြံဥာဏ်တွေ ထုတ်ပေးနိုင်ကြတယ်။
အစိုးရိမ်ကြီးကြသူတွေပေါ့။
image

၃.ဦးထုပ်စိမ်း (Green Hat)
ဘယ်လိုလူတွေက ဦးထုပ်စိမ်းဆောင်းကြလဲ?
သူတို့ကျတော့ ပြဿနာတစ်ခုကို ပြေလည်စေမည့် ဆန်းသစ်တဲ့ဖြေရှင်းချက် အကြံဥာဏ်တွေ ရှိကြတယ်။
တစ်ပါးသူရဲ့ ဖြေရှင်းချက်တွေကို ရှိလာရင်လည်း ထိုင်ဝေဖန် နေမည့်အစား အဲအကြံဥာဏ်နဲ့ အလုပ်ဖြစ်မည့် နည်းလမ်းကို ရှာကြံပေးကြတယ်။
စိတ်ကူးကောင်းတွေလည်းရှိကြတယ်။
Creative Thinkingလုပ်နိုင်ကြတယ်။
ဆန်းသစ်တီထွင် နိုင်ကြတယ်။
image

ကျန်တဲ့ဦးထုပ်သုံးလုံး အကြောင်းနှင့်တကွ နောက်တစ်ပတ် ပြန်ဆုံကြရအောင်။
"အမှုပေါ် လျော်သလိုသုံး"ဆိုတဲ့စကားလို
အခြေအနေ အချိန်အခါနှင့်တကွ သင့်လျော်သောဦးထုပ်ကို ရွေးဆောင်းနိုင်ကြပါစေ။
ဦးထုပ် တစ်လုံးတည်းအမြဲမဆောင်းသင့်ကြောင်း ဆန္ဒပြုရင်း......
မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ကြပါစေ။
@hzerok
MSC-121
Images from Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်​ကဲ့။ ဦးထုပ်​​လေး​တွေ လဲ​ဆောင်းရ​အောင်​။

လဲဆောင်းကြရင်အောင်မြင်ချင်းမှာတစ်ထောက်တစ်နေရာအထောက်အကူပြုမှာအသေအချာဘဲပေါ့ဗျာ

အေးပါကွာ စာက နဲနဲတိုတယ်ကွာ နဲနဲ ရှည်ရှည်လေးရေးပါကွာ ကျေးဇူးပါကွာ😊

အရုပ်​က​လေး​တွေလုပ်​ထားပြီး😍😍😍

ခုလိုမသိတာလေးတွေ သိရတာ ကျေးဇူးပါ

အခုလိုကြားရလို့ ဝေမျှရတာအားတက်မိပါတယ်အကိုရေ
ကျေးဇူးပါ

လိုက်နာသင့်သော အချက်ကလေးတွေပါဘဲဗျာ

အမှန်ဘဲအကိုရေ
တစ်ယူသန်ပီးတစ်လုံးဘဲဆောင်ကြတော့လူ့ဂွစာတွေကိုဖြကြရရော

ဦးထုပ်ကြိုက်တယ်

ညီရောဘဲ

အတွေ့းအရေးကတော့ တစ်ကယ်ကောင်းပါတယ် ကိုယ်တောင် မစဉ်းစားမိဘူး 😂😂

ညီလည်းသင်တန်းတက်တုန်းကမှသင်ကြားသိလိုက်ရတာလေးတွေပြန်ဝေမျှပေးတာပါ

နောက်​လာမဲ့ဦးထုပ်​​လေး​တွေကို​စောင့်​​နေမယ်​​နော်

ဆက်ရေးဖို့အားတက်သွားပီအကိုရေ

တင်‌ပြပုံ‌လေးက တမူဆန်းပါတယ်‌။

အခုကြားရလို့ ရေးရတာအားတက်မိပါတယ်အကိုရေ

မှန်​တယ်​ပါတယ်​ဗျာ ​နောက်​အပိုဒ်​​တွေဖတ်​ပြီး မှ ဘယ်​အုပ်​ထုပ်
ဆောင်းသင့်​လဲ ဆုံးဖြတ်​​ပေးမယ်​​နော်

ဟုတ်အကိုရေ
တစ်လုံးတည်းတော့မဆောင်းနဲ့နော်

စုံအောင်ဆာင်းကြည့်ပြီးမှ ကိုယ်နဲ့သင့်တော်ရာကိုရွေးချယ်ရမယ်

အဲလိုမျိုးဆိုပေမယ့်
ညီဆိုလိုချင်တာက အခြေအနေ အချိန်အခါအပေါ်မူတည်ပြီးဘယ်ဦးထုပ်ဆောင်းသင့်လဲသိစေချင်တဲ့သဘောပါ

စိတ်​၀င်​စားဖို့​ကောင်းတယ်​....​နောက်​လာမဲ့ဦးထုပ်​​လေး​တွေဖတ်​ဦးမယ်​...

ဟုတ်အမ
နောက်ပို့စ်ပီးတဲ့အခါ သင့်တော်သလို ဆောင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ

တင်ပြပုံလေး ထူးခြားလို့ ဖတ်ရတာ ဆန်းသစ်ပါတယ်

ကျွန်တော်က ဦးထုပ်အနက်ပါဗျ

ဟုတ်ကဲ့ ဦးထုပ်ခြောက်လုံး အတွေးအခေါ်များဟာ အနောက်နိုင်ငံတွေမှာ လက်ကိုင်ထားကျင့်သုံးနေကြပါတယ်။ လူတိုင်းကျင့်သုံးနိုင်ရင်အကောင်းဆုံးပေါ့ဗျာ။

လဲ​ဆောင်းကြမယ်​​လေ

ဦးထုပ်တစ်ခုချင်းစီ နဲ့ ဥပမာပေးပြီး အဓိပ္ပါယ်လေးတွေနဲ့ ရှင်းပြထားတာ နှစ်သက်စရာကောင်းပါတယ်။ဆက်အားပေးမယ်ဗျာ

Loading...