လူတွေက မကောင်းမှုဆို လက်ယဉ်ကြတယ်။
ကောင်းတာ နဲ့ မကောင်းတာ ဆို မကောင်းတာ ကို လုပ်ဖို့ ပိုအားသန်ကြတယ်။
အရိုးရှင်းဆုံး ဥပမာ လေးတစ်ခု ပေးရမယ်ဆိုရင်
စာကျက်မလား အိပ်မလားဆို အများစုကတော့ အိပ်ဖို့ဘဲ ရွေးကြမှာပါ။
(ကျနော် အပါအဝင်ပေါ့)
မကောင်းမှုဆိုတာ အစပျိုးကောင်းတဲ့အရာ မဟုတ်ပါဘူး။
စလိုက်မိတာ နဲ့ ပထမဦးဆုံး သေချာတာကတော့ မိမိရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားရမှာပါ။နောက်ဆက်တွဲ ထပ်ဆုံးရှံးရမှာတွေကတော့ မိမိ လုပ်တဲ့မကောင်းမှု အပေါ်ဆက်မူတည်သွားမှာပါ။
သေးသေးလေးကနေ အကြီးကြီး ဖြစ်ပီး ဘဝရှံးရတဲ့ သာဓကတွေ အများကြီးပါ။
ဥပမာ နဲ့ ပြရရင်တော့ မူးယစ်သေစာ အရက် ဆေးဝါးပါဘဲ။
Crd-org-source
ဘာကြောင့်ဘဲ သောက်သောက်၊ ပျော်လို့ ဖြစ်စေ၊ ဝမ်းနည်းလို့ ဖြစ်စေ၊ စိတ်ညစ်လို့ ဖြစ်စေ၊ စိတ်ညစ်စရာ မေ့ပျောက်ချင်လို့ ဖြစ်စေ မကောင်းတဲ့ အရာကို သောက်မိတာက သောက်မိတာက သောက်မိတာပါ။
သောက်မိလိုက်တာ နဲ့ ပထမဆုံး ဆိုးကျိုးပေးတာက မိမိကိုယ်တိုင်ပါဘဲ။
ကိုယ့် အသိစိတ်ကိုယ် တောင် ကိုယ်မပိုင်ဖြစ်သွား စေတာ မူးယစ်သေစာ အရက်ပါဘဲ။
အသိစိတ် လွတ်သွားရင် နောက်ဆက်တွဲ ဆက်ထိခိုက်နိုင်တာက တော့ မိမိ မိသားစုနဲ့ မိမိ ပတ်ဝန်းကျင်ကိုပါဘဲ။
Crd-org-source
မူးလာရင် အသိစိတ်လွတ်လာမယ်။
အသိစိတ် လွတ်လာရင် ပျော်လာတယ်။
ဝမ်းနည်းခြင်းဆိုတာ ဂျိုနဲ့လားလို့ ပြန်မေးရတာ မူးလာတဲ့အချိန်ပါဘဲ။
အသိစိတ် လွတ်ရင်းပျော်လာ မိရင် မှန် မှန်း မှား မှန်း မခွဲခြားနိုင်ဘဲ လုပ်သင့်တာ ထက် လုပ်ချင်တာကို ဦးစားပေးလာတာကို မြင်တွေ့နေရပါတယ်။
ဘယ်အရာမဆို အစဆိုတာ ရှိပါတယ်။
ကျနော် ထင်ပါတယ်
"နည်းနည်းလေးပါဘဲ။တခါတလေ ဘဲသောက်တာပါ။" ဆိုတာက အရက်ကို စွဲသွားမိစေတဲ့ အရာရဲ့အစဘဲလို့။
အဲတာကြောင့် အစလေးတောင် မလုပ်မိလိုက်ပါနဲ့။
လုပ်မိထားရင်လည်း အတတ်နိုင်ဆုံး ဖြတ်ဖို့ ကြိုးစားပါ။
ညီလည်း မကောင်းမှန်းသိပေမယ့် အစပျိုးထားမိလို့ ဖြတ်ဖို့ကြိုးစားနေပါတယ်။
တနေ့တော့ ပြတ်သွားမှာပါ။
နောက်ထပ်ဥပမာ တစ်ခုထပ်ပေးရမယ်ဆိုရင်
အပျင်းရောဂါပါဘဲ။
မအောင် မြင်ခြင်းနောက်ကွယ်က အဓိကတရားခံကတော့ အပျင်းရောဂါပါဘဲ။
ကျနော်တို့Targetတစ်ခုချပြီး ရောက်အောင် သွားဖို့PlanတွေTime tableတွေချကြတယ်။
ချတဲ့ အတိုင်းအတိအကျ ပြီးတဲ့လူရှားပါတယ်။ Plan ချတုန်းတော့ အပျင်းရောဂါမပါတာ သေချာပါတယ်။
မချပါဘဲ ပါပါလာတတ်တာ အပျင်းရောဂါပါဘဲ။ မဖိတ်ဘဲရောက်လာတတ် တဲ့ဧည့်သည်ပေါ့။
Crd-org-source
အဲလို ဧည့်သည်မျိုးကတော့ အိမ်အရိပ်စနင်းပြီး တံခါးလာခေါက် ပြီဆို ကတည်း ကမောင်းထုတ်ရမဲ့ ဧည့်သည် အမျိုးအစားပါ။
သဘေမနော ကောင်းပြီး အိမ်ထဲပေးဝင် လိုက်လို့ကတော့ ကောင်းကောင်းဒုက္ခပေးမဲ့ ဧည့်သည်ပါ။
ကဗျာလေးတစ်ခုထဲက ဆွဲထုတ်ပြရရင်
"အပျင်းရောဂါ ဆွဲကပ်လာ မြန်စွာကုဖို့ပြင်၊
မကုစားဘဲ အပျင်းစွဲ ငမွဲငတေပင်။"တဲ့။
ကဗျာလေးထဲကလိုဘဲ မိမိမှာ ပျင်းရိခြင်းဆိုတဲ့ ရောဂါဆွဲကပ်လာတာ နဲ့ အမြန်ဆုံး ပျောက်အောင် ကုပါ။ မကုဘဲရေစုံမျောသလို အပျင်းရောဂါကို ဆက်လက်မွေးမြူး ထားပါက မိမိ၏အိပ်မက်၊ပန်းတိုင်၊မျှော်လင့်ချက်၊ရည်မှန်းချက် အစီအစဉ်တွေက အကုန် နှောင့်နှေား ကုန်မည့်အပြင် ပျောက်အောင် မကုသနိုင်ပါက တစ်ဘဝ လုံး အောင်မြင်မှုနဲ့ အလှမ်း ဝေးရမှာ အမှန်ဘဲဖြစ်ပါတယ်။
Crd-org-source
အဲဒါကြောင့် အရက်ဖြစ်စေ၊အပျင်းရောဂါ ဖြစ်စေ မကောင်းမှု ဆိုလျှင် နည်းနည်းလေးတောင် အစမပျိုးသင့်ပါ။
ပျိုးမိထားလျှင် မြန်စွာ ပျောက်အောင်ကုသသင့်ပါတယ်။
မိမိကိုယ်ကိုတောင် အစိုးမရတာ မှန်ပေမယ့် အမှန်နဲ့ အမှား ဘယ်ဟာ လုပ်ရမလဲဆိုတာကို တော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပြီး လုပ်နိုင်တဲ့ အတွက် အစိုးရပါတယ်။ မကောင်းမှုတွေကို ရှောင်ကြဉ်နိုင်ပြီး ကောင်းမှုများများဆောင်နိုင်တဲ့ လောကအကျိုးပြု ပုဂ္ဂိုလ်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.........
(အရက်သောက်တဲ့ လူတိုင်းကိုမကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူးနော်။ အရက်သောက်တာမကောင်းလို့ အတတ်နိုင်ဆုံး ဖြတ်နိုင်ကြပါစေလို့ ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ်။)
ကျနော်ရေးသားသောစာသည် တစ်စုံတစ်ယောက် ကိုထိခိုက်သွားစေလို ခြင်း မပါသည့်အတွက် တစ်စုံတစ်ရာ ထိခိုက်သွားပါက စာရေးသူ ကျနော့အမှားမလို့ ဒီကနေဘဲတောင်းပန်ပါတယ်။
အားလုံးဘဲ မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ.........
@hzerok
MSC-121
မကောင်းတာမှ လုပ်ချင်တာ လူ့သဘာဝပါ မောင်လေးက ကျောင်းသားမလို့ ပိုဆင်ခြင်ရမယ်လေ မကောင်းတာဆို မလုပ်ပါနဲ့ကွယ်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအမ
အတတ်နိုင်ဆုံးကြိုးစားဆင်ခြင်ပါ့မယ်ခုလို သတိပေးလို့ ကျေးဇူးပါအမရေ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိမ်း အအိပ်မက်တဲ့ပျင်းရိခြင်းကိုလည်း လျော့ရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲတာကတော့ ညီလည်း လျှော့ရမယ်ဗျာ ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အအိပ်ကို အရမ်းကြိုက်တယ် 😆😆 အစားတောင် မစားဘူး အိပ်မယ် 😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝါသနာတူတွေ😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်တတ်တဲ့သဘောတွေနဲ့ ဖြစ်နေတဲ့သဘောတွေရေးထားတာကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလိုကြားရလို့ ရေးရတာအားတက်မိပါတယ် ကျေးဇူးပါအကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်တွေဘဲ တစ်ခါတစ်လေ ပျင်းနေတက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်လည်း အတူတူဘဲဗျာ ကျနော်ကတောင် ပိုအပျင်းထူမယ်ထင်မိတယ်ဗျာ😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကောင်းမှုက ပျော်ဝင်ဖို့ 
ဖြားယောင်းပြီး မြူဆွယ်တတ်တယ်လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ့် သူယောင်မယ်တွေဗျာ
သူ့အလှကနေ မနည်းရုန်းထွက်နေရတယ်😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူဆိုတာကလည်း မကောင်းမှုဆိုရင် ပျော်မွေ့တတ်ကြတာ သဘာဝတစ်ခုလို ဖြစ်နေပါရော
ခုလိုဖြစ်တတ်တဲ့ သဘောလေးတွေ တင်ပြသွားတာ အရမ်းပြည့်စုံပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကောင်းမှုကို မွေ့ပျော်တဲ့ သဘာဝကို တိုက်ဖျကြတာပေါ့အမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကောင်းမှုတွင်မွေ့လျော်တတ်တာ လူ့သဘာဝပါ ညီရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိထားဆင်ခြင်ရမှာ တော့ လူ့တာဝန်လို့ထင်မိတယ်ဗျာ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပျင်းရောဂါကတော့သူ့ကိုအနိုင်ပေးလို့မဖြစ်ဘူး...မူးယစ်စေတဲ့အရာမှန်သမျှကလည်းမစတာကောင်းပါတယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝေးဝေးကနေတာ အကောင်းဆုံးပေါ့ဗျာ အမရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မလှရင်မစနဲ့...မကောင်းတဲ့အရာတစ်ခုကို အစပြုမိတာအဓိကတရားခံပါ။အဲဒါလေးသဘောကျပါတယ်။မကောင်းတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ရန်တင်ပြသွားတာ အရမ်းကောင်းပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစပြုမိတာ နဲ့ ဘဝပါ ပျက်ရတာ
ဝေးဝေး ရှောင်လေ ဘဝ ကောင်းလေပေါ့ ဗျာ
ဖတ်ရှပေးလို့ ကျေးဇူးပါအကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှောင်နိုင်သလောက် မကောင်းမှုကို ရှောင်ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလိုကြားရလို ဝမ်းသာပါတယ်အမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီခလိန်း ဘာမကောင်းတာတွေ လုပ်ပြန်ပြီလဲတိဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးဘာမှ လုပ်ပါပုဂျ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ဆုံးမှာ တောင်းပန်ထားလို့ တော်သေးတယ်..ကျွန်တော့်ကို ရေးထားသလားမှတ်လို့...😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုက်ဆိုင်သွားရင်တောင်းပန်ပါတယ်အကိုရေ
ထိခိုက်စေလိုခြင်း ရည်ရွယ်ချက်မရှိပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @hzerok! You received a personal award!
Click here to view your Board
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @hzerok! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!