သူမသိခဲ့ပါဘူး သူ​ပြောတဲ့ ခပ်​ဆိုးဆိုး​ကောင်​မ​လေး....

in myanmar •  6 years ago  (edited)

34140984_2363991570493927_3215138356585299968_n.jpg

သူမသိခဲ့ပါဘူး
သူ​ပြောတဲ့ ခပ်​ဆိုးဆိုး​ကောင်​မ​လေးဟာ
သူ့ရဲ့အလိုလိုက်မှု ကိုခံယူချင်​လို့
သူတစ်​​ယောက်​ထဲအ​ပေါ်ပဲ အရမ်းဆိုးတယ်​ဆိုတာ....

သူမမြင်​ခဲ့ပါဘူး
သူ​ပြောတဲ့ က​လေးဆန်​တယ်​ဆိုတဲ့​ကောင်​မ​လေးဟာ
သူကလွဲရင်​ တခြားသူ​တွေအ​ပေါ်
ခပ်​တည်​တည်​နဲ့လူကြီးဆန်​ဆန်​​နေတတ်​သူဆိုတာ....

သူ​တွေးမိမှာမဟုတ်​ပါဘူး
အမြဲတမ်း သူ့အ​ပေါ် ဂျစ်​ကန်​ကန်​ ဆက်​ဆံတတ်​တဲ့​ကောင်​မ​လေးဟာ
သူ​ပြောတဲ့ ဆုံးမစကား​တွေကို​နောက်​ကွယ်​က​နေ
နာခံ​နေတတ်​သူဆိုတာ....

သူနားလည်​မှာမဟုတ်​ပါဘူး
သူ့အ​ပေါ် ခံစားချက်​မရှိဘူးလို့သူထင်​ခဲ့သူဟာ
သူ့အ​ပေါ် သိပ်​ပြီး သံ​ယောဇဉ်​တွယ်​လွန်းသူဆိုတာ...

သူသိ​တော့မှာမဟုတ်​ပါဘူး
အရမ်းစိတ်​ပျက်ဖို့​ကောင်းတဲ့​ကောင်​မ​လေးဆိုပြီး
သူထားခဲ့တဲ့သူဟာ
သူ့အ​ပေါ် သိပ်​ချစ်​သိပ်​တွယ်​တာလွန်းသူဆိုတာ.....

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!