မာနဟူသည် ……
လူတိုင်းလူတိုင်းမှာ မာနကိုယ်စီတော့ ရှိကြပါတယ် ။ ကိုယ့်အတွက် မာနထားရန် သင့်တော်သည် မတော်သည်ကို စဉ်းစားတတ်ရန်လည်း လိုအပ်ပါတယ် ။
- တချို့က မိမိတတ်ကျွမ်းသော ပညာအပေါ်တွင် မာနထားရှိကြသည်
တချို့က မိမိကြွယ်ဝသော ပစ္စည်းဥစ္စာအတွက် မာနထားရှိကြသည်
တချို့က ပညာနဲ့ကြွယ်ဝမှုအတဃက် မာနထားရှိကြသည်
တချို့ကတော့ ပညာလည်းမတတ် ပစ္စည်းဥစ္စာလည်းမကြွယ်ဝဘဲ အလိုလိုကို မာနထားရှိကြသည်
ထိုအရာအားလုံးသည် မထားသင့်သောမာနများလို့  ကျမမြင်မိပါတယ် ။
မိမိတတ်သောပညာကို အသုံးချ၍ မိမိအကျိုးနှင့် အများအကျိုးကို ကူညီဆောင်ရွက်ခြင်း ။ မိမိတတ်ထားသောပညာကို မိမိလောက်မသိမတတ်သောသူများကို ပြန်လည်ဝေငှပေးခြင်းမျိုး လုပ်သင့်တာပါ ။
မိမိဥစ္စာပစ္စည်းပေါများခြင်းကို အသုံးပြု၍ မိမိအလုပ်နှင့် အများအကျိုးကို အရင်းအနှီးပြုပြီး တိုးပွားလာစေရန် ရိုးသားစွာရှာဖွေခြင်း ။ ချို့တဲ့သူများကိုလှူဒါန်းပေးကမ်းခြင်းမျိုး ကုသိုလ်ဒါနပြုသင့်တာပါ ။
ပညာလည်းရှိ ဥစ္စာလည်းပေါသူများကလည်း ထိုနည်းတူစွာ မိမိအကျိုးစီးပွားရော ကုသိုလ်ဒါနအတွက်ရော လုပ်ကိုင်ကြိုးစားရှာဖွေသင့်တာပါ ။
ရှိတယ် ပြည့်စုံတယ်ဆိုပြီး သူတပါးကို မာနထားဆက်ဆံ၍ အနိုင်ကျင့် မတူမတန်သလိုဆက်ဆံပြောဆိုဘို့  မာနမထားသင့်ပါဘူး ။
ထို့ ထက်ဆိုးတာက ဘာမှမရှိဘဲ မာနထားနေသူပါ ။ ဘာပညာမှမတန်သလို ဘာဥစ္စာမှမကြွယ်ဝဘဲ အများအကျိုးလည်း မဆောင်ရွက် ကိုယ့်အကျိုးကိုလည်းမရှာဖွေနှင့် ဘာမှမရှိတဲ့မာနထားနေကြခြင်းပါ ။
သူများပညာတွေတတ်သလို ကိုယ်လဲတတ်ရမယ်
သူများပစ္စည်းဥစ္စာကြွယ်ဝသလို ကိုယ်လဲကြွယ်ဝရမယ်
သူများတွေ ကောင်းကျိုးဒါနပြုနေသလို ကိုယ်လဲပြုနိုင်ရမယ် ဆိုတဲ့
ဒီလိုမာနမျိုးကို ထားသင့်တာပါ ။ ထားသင့်တဲ့မာနထား၍ အောင်မြင်စွာ လှမ်းလျှောက်နိုင်ပါစေ ။
@အယ်းမီး ( author )
ဟုတ် တီတီ မှတ်ထားပါ့မယ်ရှင့်😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးပါကွယ်
လိမ်မာတယ် သမီးကြည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You got a 2.20% upvote from @postpromoter courtesy of @ionlysay!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit