ထွန်းသစ်စလရောင်နဲ့အတူ ကောင်းကင်ယံမှကြယ်ကလေးတွေစုံလင်စွာဖြင့် တောက်ပနေကြသည်။တိတ်ဆိပ်နေသော ညဦးယံနှင့်အတူ ပုဇဉ်းရင်ကွဲလေးများ ဖားလေးများဟာ မိုးဥတု၏
တေးသံသာများအဖြစ် တွန်ကြူးနေကြည်။
အနောက်တောင်ဘက်မှ တိုက်ခတ်လာတဲ့ လေပြည်ညှင်းလေးနဲ့အတူ ခြံထဲမှာစိုက်ထားသော ညမွှေးပန်း စံပါယ်ပန်းရနံ့လေးများကလည်း နှာခေါင်းဝမှာကွန့်မြူးကျီစယ်နေကြသည်။
ဒီညအဖို့ကောင်းကင်ယံမှာကြယ်လစုံလင်စွာထွက်ပေါ်နေတဲ့အတွက်မိုးတော့ရွာလိမ့်မည်ဟုမထင်တော့ပါ။မနက်ဖြန်မနက်ဆိုလျင် ကျမလိုတက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ကျောင်းသူ/သားတွေအတွက် မင်္ဂလာရှိတဲ့နေ့ရက်လေးရောက်လာမှာမို့ရာသီဥတုသာယာပေးတာဟု ကိုယ့်အတွေးနှင့်ကိုကြည်နူးနေမိပါသည်။
မိမိကြိုးစားခဲ့သမျှလေးအရာထင်ခဲ့ပါကများမကြာမှီတောက်ပလာမည့်အနာဂတ်တစ်ခုကိုစိတ်တိုင်းကြခြယ်သခွင့်ရမည့်အတွေးလေးဖြင့်ကျမပျော်နေမိပါသည်။ကိုကိုယ်တိုင်လဲအချိန်များစွာအကျိုးရှိရှိအသုံးချခဲ့တာဖြစ်လို့ ကိုယ့်ရဲ့ကြိုးစားမှု့ရလတ်ကိုဘယ်လိုပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့အတွက် ရှည်လျားလှတဲ့ဒီတစ်ညတာကိုအံတုရင်းမိုးသောက်ယံကိုသာမြန်မြန်ရောက်ချင်နေမိပါတော့သည်။
မူလရေးသားသူ @jesminpoe
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
စိတ်ကူးလေးက ကောင်းပါတယ် စာက အရမ်းတိုလွန်းနေတယ်။ ဆောင်းပါး သရုပ်ပီပြင်အောင် အနှစ်သာရပေါ်လွင်အောင်ရေးစေချင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit