အ​သေးဆုံး​လေး​တွေက​နေ စတင်​ပါ

in myanmar •  7 years ago  (edited)

အ​သေးဆုံး​လေး​တွေက​နေ စတင်​ပါ

1514727972-picsay.jpg
"မိုင်​တစ်​​ထောင်​ခရီးအစ ​ခြေတစ်​လှမ်းက" တဲ့။ ဒီစကားပုံ​လေးကို လူတိုင်းကြားဖူးမယ်ထင်ပါတယ်​​​​။ အလွန်​​ဝေးကွာတဲ့ ခရီးလမ်းတစ်​ခုကို ​သေးငယ်​​သော ​ခြေလှမ်း​လေးတစ်လှမ်း​​နှင့်​ စတင်​ခဲ့တာပါ။ ထို့အတူ အခုလက်​ရှိ ​အောင်​မြင်ကြီးပွား​​​​နေ​သော​ လုပ်​ငန်း​ကြီးတွေ ကုမ္ပဏီကြီး​တွေဟာ တစ်​ချိန်​က ဘာမှမဟုတ်​တဲ့ အလွန်​​သေးငယ်​တဲ့ ​နေရာ​လေး​တွေက​နေ စတင်​ခဲ့ကြရတာပါ။ မည်​သူမျှ စိတ်​ကူးမယဉ်​ဘူးတဲ့ ​သေးငယ်​တဲ့ အရာ​တွေကို အ​ကောင်​အထည်​​ဖော်​ပြီး လက်​ရှိမှာ ​အောင်​မြင်​မှု​တွေရ​နေကြတယ်​။ မည်​သည့်​ အလုပ်​မျိုးမဆို စတင်​လုပ်​ကိုင်​စဉ်​မှာ အ​သေးအမွှားလေး​တွေက​နေပဲ စတင်​ခဲ့ရတယ်​ဆိုတာ မိတ်​​ဆွေတို့ ကြုံ​တွေ့ဖူးမှာပါ။

ကုန်​​ခြောက်​၊ကုန်​မာ၊အလှကုန်​စသဖြင့်​ အ​ရောင်းအဝယ်​အလုပ်​လုပ်​တဲ့ ​​ဈေး​ရောင်းတဲ့ သူ​တွေဆိုလျှင်​ ပထမ ဆိုင်​စဖွင့်​ကာစမှာ တစ်​​နေ့လုံး​နေမှ ​လေးငါး​ယောက်​ခန့်​သာ ​ရောင်းရတယ်​။ ​နောက်​ပိုင်း တဖြည်းဖြည်းနဲ့ ဆက်​ဆံ​ရေး​ကောင်းရင်​​ကောင်းသလို ​ရောင်းချသည့်​ ပစ္စည်းအ​ရည်​အ​သွေး​ကောင်းလျှင်​​ကောင်းသလို အ​ရောင်းအဝယ်​တဖြည်းဖြည်းတက်​လာမှာပါ။ လေးငါးနှစ်​ခန့်​ ​ရောင်းလာပြီး နာမည်​​လေး​တစ်​ခု တည်​​ဆောက်​လာနိုင်​ချိန်​မှာ အရင်​ဆိုင်​စဖွင့်​ကာစထက်​ အဆ​ပေါင်းများစွာ အ​ရောင်းအဝယ်​ဖြစ်​လာနိုင်​ပါတယ်​။ ထိုအချိန်​​တွင်​ ဆိုင်​ခွဲ​တွေ ထပ်​တိုးချဲ့မလား၊ ဝန်​ထမ်း​တွေထပ်​ခန့်​မလား စသဖြင့်​ မိမိလုပ်​ငန်းကို ပိုမိုကြီးမားကျယ်​ပြန့်​​အောင်​ လုပ်​​ဆောင်​နိုင်​ပါတယ်​။

အခုအချိန်​မှာ ​အောင်မြင်​​ကျော်​ကြားလူသိများ​နေ​သော စာ​ရေးဆရာ​တွေမှာလည်း တစ်​ချိန်​ကကျွန်​​တော်​တို့လို ​ဆောင်းပါးတို​လေး​တွေ ကဗျာတို​လေး​တွေ ​ရေးရင်း မထင်​မရှား ဘဝက​နေ စတင်​ခဲ့ကြရတာပါ။ ကမ္ဘာ​ကျော် ထီထွင်​ပညာရှင်​​တွေ၊ ​ကမ္ဘာ​ကျော်​​ ​ဘောလုံးသမား​တွေ၊ ပရိသတ်​အသဲစွဲ အနုပညာရှင်​​တွေ အာလုံးနီးပါးဟာ မထင်​မရှား ဘဝက​နေ စတင်​ခဲ့ကြတာပါ။ ဒါ​ပေမယ့်​ သူတို့ဟာ မထင်​မရှားဘဝမှာပင်​ ကြိုးစားခဲ့ကြပါတယ်​။

ဒါ​ကြောင့်​ သင်​လည်း အခုအချိန်​မှာ မထင်​မရှား ဘဝနှင့်​ ဖြတ်​သန်း​နေလျှင်​ စိတ်​မပျက်​ပါနဲ့။ ​နောင်​တချိန် ကိုယ်​လည်း သူတို့လို​​​ ​အောင်​မြင်​သူတ​ယောက်​ ဖြစ်​နိုင်​တယ်​ ဆိုတာကို ​ခေါင်းထဲထည့်​ထားပါ။

ကျ​နော်​တို့ ဆရာ့ဆရာကြီး​တွေ အမြဲ​ပြော​လေ့ရှိတယ့်​ စကားတစ်​ခွန်းရှိပါတယ်​။

အဲ့ဒါက "နည်းလျှင်​နည်းပ​စေ မြဲပါ​စေ" တဲ့.......။

သင်​အခုလုပ်​​နေတယ့်​ အလုပ်​ သိုမဟုတ် သင်​​ရေးသားလိုက်​တဲ့ ​ဆောင်းပါးဟာ သင့်​အတွက်​​အကျိုးအမြတ် ​အနည်းငယ်​ပဲရတယ်​ ဆိုရင်​လည်း စိတ်​ဓာတ်​မကျပါနှင့်​ ထိုအလုပ်​ကို စွဲစွဲမြဲမြဲသာ ပြုလုပ်​ပါ​လေ။ ဒီအလုပ်​က အရနည်းတယ၊်​ ​သေးငယ်​ မဖြစ်​စ​လောက်​​လေးဘာ၊ ​ဘောင်​မဝင်​ဘူးလို့ မထင်​လိုက်​ပါနဲ့ အဲ့ဒီ ​​ဘောင်​မဝင်​တဲ့ မဖြစ်​စ​လောက်​အလုပ်​​တွေကို တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​ရင်း ​အောင်​မြင်​မှုရရှိသွားတဲ့သူ​တွေ အများကြီးပါ။

ဒါ​ကြောင့်​ သင်​လည်း အခုလုပ်​​နေတဲ့ လုပ်​ငန်း​ဆောင်​တာ​တွေကို ​သေးငယ်​သည်​ဟု မထင်​ပါနှင့်​။ တစိုက်​မတ်​မတ်​ စွဲမြဲစွာ လုပ်​ကိုင်​သွားပါ။ ​နောင်​တချိန်​ သင်​မ​မျှော်​လင့်​ထား​သော ​အောင်​မြင်​မှု​တွေ ရရှိပိုင်​ဆိုင်​လာနိုင်​ ​ပေလိမ့်​မည်​.......။

Writer By Jhon
MSC-046
Photo By Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အလုပ်ဟူသမျှ ကြီးသည် ငယ်သည်မဟူ ဂုဏ်ရှိပါတယ်
သေးငယ်တဲ့အလုပ်ဖြစ်ပေမဲ့ ကျွမ်းကျင်စွာတက်မြောက်မယ်ဆိုရင် အသက်မွေးဝမ်းကြောင်းပညာအဖြစ် ရပ်တည်နိုင်ပါတယ်

ခု ကိုယ့်စာကိုယ်စိတ်တိုင်းမကျမကောင်းသေးဘူးထင်ပေမယ့်လည်း တစ်ချိန်ချိန်ကျကောင်းလာမည်ဟုမျှော်မှန်းပြီး ရေးနေပါသည်။

ကျ​နော်​တို့​တွေဟာ စာ​ရေးဆရာ​တွေမဟုတ်​​တော့ စာ​ရေးရာမှာ အခက်​အခဲ​တော့ရှိနိုင်​မှာပါ။ ကျ​နော်​လည်း စ​ရေး​ခါစမှာ အ​တော်​တိုင်​ပတ်​တယ်​။ ဘယ်​လို ​ရေးလို​ရေးရမှန်းမသိဖြစ်​​နေတာ။ ဒါ​ပေမယ်​ တစ်​​နေ့နည်းနည်း ပုံမှန်​​ရေးရင်းက​နေ စာအ​ရေးအသား​ကေ တိုးတက်​လာတာလက်​​တွေ့ပါ။ မုံမှန်​သာ​ရေး​နေပါ ​နောက်​ပိုင်း စာ​ရေးရတာ ​ပျော်​စရာ​ကောင်းလာပါလိမ့်​မည်​။

ဟုတ်ကဲ့ပါ အားရှိသွားပြီ လစာနည်းလို့  အလုပ်ပြောင်းချင်ပေမဲ့
လုပ်သက်က နှစ်ကြာနေတော့ သံယောဇဉ်တွယ်မိနေတယ်

ကျ​နော်​မ​ရေးတတ်​​ရေးတတ်​နှင်​့ ​ရေးထားတဲ့ ​ဆောင်​းပါး​လေး တစ်​စုံတစ်​​ယောက်​အဖို့ အား​ဖြစ်​​စေတဲ့အတွက်​ ဝမ်​းသာမိပါတယ်​။

သေး​သေးကြီးကြီးကိစ္စဟူသမျှတန်​ဖိုးထားသင့်​ပါတယ်

Right

ဟုတ် coin အသေးလေးတွေကိုင်ထားပါတယ်လိုစ့်

အဲ့ဒါ​ပြောချင်​တာဗျ

Good bro

ဟုတ်

Inspiration ဖြစ်စေတဲ့ပို့စ်လေးပါ . . တင်ဆက်ပေးလို့ကျေးဇူးပါဗျ

Thank

တ​နေ့တလံ ပုဂံဘယ်​​ရွေ့မလဲ
ရောက်​​အောင်​ ​လျှောက်​ကြတာ​ပေါ့ဗျာ

တစ်​​နေ့​ရောက်​ရမည်​။

Just need unity

သေချာတာ​ပေါ့ဗျာ

မှတ်​သားရပါတယ်​bro။

ဟုတ်

အားဖြစ်​​စေပါတယ်


Sharing knowledge,

ဟုတ်​ အမ​ရေ

နောက်​လဲ​ခုလို တန်​ဖိုးရှိတဲ့​ဆောင်းပါး​တွေ​ရေး​ပေးပါအုံး

ကြိုးစားပါ့မယ်​အကို

အခုလိုရေးသားပေးတာ ကျေးဇူးတင်ပါတယ်

ဟုတ်

good word

ဟုတ်​ အမ

This post has received a 17.96 % upvote from @boomerang thanks to: @jhonnight

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

ကျေးဇူးပါ

ဖြေးဖြေးချင်းတော့ လိုရာပန်းတိုင် အရောက်လှမ်းနိုင်မှာပါ အားတင်းရင်း ခရီးကို ဆက်နေတယ်