အောင်​မြင်​ကြီးပွားချင်​ရင်​ ​​လေ့လာသင်​ယူပါ

in myanmar •  7 years ago 

63-learning-01.png
ကျွန်​​တော်​တို့ဟာ လူမှန်းသိတတ်​စအရွယ် ​တည်းက ​လေ့လာသင်​ယူမှု (Learning)ကို အရင်​ဆုံး ပြုလုပ်​ကြရတာဖြစ်​ပါတယ်​။ ငယ်​စဉ်​​တောင်​​ကျေး ခ​လေးဘဝမှာတည်းက ထမင်းဘယ်​လိုစားရမယ်​၊ လမ်းဘယ်​လို​လျှောက်​ရမယ်​၊ အ​ပေါ့အ​လေးဘယ်​လိုစွန့်​ရမယ်​ စသဖြင့်​ ဘဝ​နေထိုင်​မှုဆိုင်​ရာ နည်းစနစ်​​တွေကို အရင်​ဆုံးသင်​ယူခဲ့ကြရပါတယ်။ အနည်းငယ်​အသက်​အရွယ်​ကြီးလာတာနှင့်​ မူကြို ၊ မူလွန်​၊ အလယ်​တန်း၊ အထက်​တန်း စသဖြင့်​ ဘဝအ​တွက်​လိုအပ်​သည့်​ ပညာရပ်​​တွေကိုလည်း ​လေ့လာစည်းပူးခဲ့ကြရပါတယ်​။ ထို့ထက်​အသက်​ရွယ်​ရလာသည့်​အခါ ဘဝရှင်​သန်​ဖို့ရာအတွက်​ အသက်​​မွေးဝမ်း​ကျောင်း ပညာရပ်​​တွေကိုလည်း သင်​ယူကြရပြန်​ပါတယ်​။

ကျွန်​​တော်​တို့​တွေ သင်​ယူ​နေတာဟာ ​မွေးကတည်းကဆိုပါ​တော့။ အခုချိန်​ထိလည်း သင်​ယူမပြီးပြတ်​နိုင်​​သေးပါဘူး။ ဟုတ်​ပြီ။ အဲ့တာဆို​ ဘယ်​အချိန်​မှ ဒီသင်​ယူမှု (learning) ဟာ ပြီးဆုံးမှာလဲဆိုတာ ​မေးခွန်းထုတ်​စရာဖြစ်​လာပါပြီ။ အဲ့ဒီအ​ဖြေက​တော့ ရှင်းပါတယ်​။ ကျွန်​​တော်​ ​ခေါင်း​ဆောင်​ကြီး​တွေ၊ ဆရာသမား​တွေလည်း​အမြဲ​ပြော​လေ့ရှိပါတယ်​ "ပုခက်​အတွင်းမှ သင်္ချိုင်းအတွင်းထိ ​လေ့လာသင်​ယူ​နေပါ" ။ တစ်​​နည်းဆို​ရလျှင်​​တော့ '​မွေးကတည်းက ​သေသည်​အထိ' ​လေ့လာသင်​ယူ​နေရမယ်​၊ learning လုပ်​​နေရပါမယ်​။
Life-Long-Learning-Logo.jpg
လေ့လာသင်​ယူ​နေမှုကို ရပ်​တန့်​လိုက်​လျှင်​ဘာဖြစ်​မလဲ။ လေ့လာမှုရပ်​တန့်​လိုက်​ရင်​ အဲ့ဒီသူဟာ အခြားသူများ​နောက်​မှာ ကျန်​ရစ်​​နေခဲ့ပါလိမ့်​မယ်​။ ​အောင်​မြင်​ချင်​သူတစ်​​ယောက်​၊ ကြီးပွားချင်​သူတစ်​​ယောက်​ဟာ သူနဲ့ ပတ်​သက်​ဆက်​နွယ်​​နေတယ့်​ အလုပ်​၊ အသက်​​မွေးဝမ်း​ကြောင်းပညာရပ်​​တွေမှာ ​လေ့လာသင့်​ယူမှုကို အမြဲအစဉ်​တစိုက်​လုပ်ေ​န​ရပါမယ်။ ​​အောင်​မြင်​ကြီးပွားချင်​သူဟာ ​ကိုယ်​သိထား၊ တတ်​ထားတဲ့ အ​ကြောင်းအရာ​တွေအ​ပ်ါမှာဘဲ ကြိုးစား​နေရုံနဲ့မလုံ​လောက်​ပါဘူး။ နည်းပညာအသစ်​​တွေ၊ ပညာရပ်​အသစ်​​တွေကို တတ်​​မြောက်​​အောင်​​လေ့လာပြီး အဲ့ဒီအရာ​တွေအ​ပေါ်မှာလည်း ကြိုးစားအားထုတ်​သင့်​ပါတယ်​ဆိုတဲ့ အ​ကြောင်း အကြံပြု​ရေးသားလိုက်​ရပါတယ်​။

စတီးမစ်​ မိသားစုဝင်​အားလုံး ကြီးပွားတိုးတက်​ကြ​ပါ​စေ.......။

လေးစားလျက်​ ​ရေးသားသူ Jhon
MSC-046
Photo By GoogleImage

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်တယ် ကြိုးစားမှုဆိုတာရပ်လိုက်လို့မဖြစ်ဘူး

ဟုတ်​ပါတယ်

သူများထက်နောက်ကျမကျန်ခဲ့ချင်ရင် အမြဲဝိရိယထားလေ့လာနေရမှာပါ

ဟုတ်​ပါတယ်​ အကို

ဟုတ်ကဲ့ခင်ဗျ။

ဟုတ်​ကဲ့ အကို​ထွေး

အောင်မြင်တိုးတက်ချင်တဲ့သူတွေအတွက် အမြဲလေ့လာ သင်ယူနေဖို့လိုအပ်ပါတယ်။

အမှန်​ပါပဲ အမ​ရေ.....။

အမြဲ​လေ့လာသင်​ယူ​နေဆဲပါခင်​ဗျာ

ဘယ်​​လောက်​ပဲ​လေ့လာ​၊ ​လေ့လာစရာ​တွေက မကုန်​နိုင်​ဘူးဗျာ

Life is long learning. It is right.

Yeah Bro

ဘ၀တက္ကသိုလ်မှာ တက်နေဆဲပါ

Right bro

အမြဲတမ်းလေ့လာသင်ယူနေပါ့မယ်ဗျ။
ပေးချင်တဲ့ မက်ဆေ့ကို ရလိုက်ပါတယ်ဗျ

ဟုတ်​ကဲ့ ဖတ်​ရှူ​ပေးတာ​ကျေးဇူးပါ

အောင်မြင်စေသော နည်းလမ်းများ ဖြစ်ရပါသည်

ဟုတ်​ပါတယ်​အကို

သင်ယူမှုရပ်လိုက်ချိန်ဟာ သေသွားတာနဲ့တူတူပါပဲဗျာ

ဟုတ်​ပါတယ်

ဒီနေ့စ လေ့လာပြီဗျို့ 😁

အောင်​မြင်​ပါ​စေဗျာ

အဆက်​မပြတ်​သင်​ယူ​နေရမှာ​ပေါ့ရှင်​။

အမှန်​ပါပဲ အမ​ရေ...။

သင်ယူရဦးမှာလား ၊အလကားစတာ အသက်ကြီးလည်းသင်ယူလို့မကုန်ပါဘူး

ဟုတ်​ကဲ့ဦး

ခုထိသင်ယူနေတုန်းပါ

သင်​ယူစရာ​တွေအများကြီးပါ

အမြဲလေ့လာသင်ယူလျက်ပါ

Me too

ဟုတ်ပါတယ် ၊အသက်ကြီးတာတောင်ရပ်လို့မရသေးဘူး