မင်္ဂလာပါ။ ယမန်နေ့က USD $ 7000 ကျော်အထိကျဆင်းသွားခဲ့သော BTC မှာ ယနေ့နံနက်တွင် ၃၂% တက်လာပြီး USD $ 9900 သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးများ တွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း cryptocurrency စျေးကျဆင်းခြင်းသည် စျေးတက်ရန် အတွက် ဖြစ်သလို စျေးတက်ခြင်းသည် လည် အချိန်တချိန်တွင် စျေးထပ်မံကျ ဆင်းရန်အတွက် ဖြစ်ပါသည်။
စျေးတက်ခြင်း စျေးကျခြင်း မှာ စျေးကွက် ရှင်သန်နေခြင်း သဘောတရား ဖြစ်၍ စျေးတန့် နေမှသာလျှင် စိုးရိမ်စရာ အနေအထား ဖြစ်ပါသည်။ ဆိုလို သည်မှာ ဝယ်သူမရှိရောင်းသူမရှိ စိတ်ဝင်စားသူ မရှိ ၍ စျေးတန့်သွားရခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်မှ စ၍ အကျဘက်သို့ ဦးတည်းခဲ့သော cryptocurrency များမှာ မိမိတို့ လုပ်ငန်း ဆောင်တာ တိုးတက်ရန်ထက် စျေးကွက်တွင် တင်ကျန် နေခဲ့စေရန် ကြိုးစားနေခဲ့ကြ၍ ၂၀၁၉ ခုနှစ်တွင် လောက်လောက်လားလား အောင်မြင်သော cryptocurrency ဟူ၍ မရှိခဲ့ပါ။
ဆိုလိုသည်မှာ Ripple ၏ XRP , Stellar ၏ XLM , TRON ၏ TRX စသည်ဖြင့် cryptocurrency တိုင်း သူတို့ ငွေကြေးများ အောင်မြင်စေရန် Project များ အခြေခံထားကြသော်လည်း ၂၀၁၉ တွင် သိသာထင်ရှားသော အောင်မြင်မှုများ မရှိခဲ့ပါ။ မိမိတို့ ငွေကြေး တန့်မနေစေရန် ဦးစားပေးနေရသဖြင့် အောင်မြင်မှုပိုင်းတွင် ကြန့်ကြာနေကြရခြင်း ဖြစ်ပါသည်။
အားလုံးသိပြီး ဖြစ်သည့် အတိုင်း Steemit အနေဖြင့် ၂၀၁၉ တွင် ပြောင်းလည်းမှု ကြီးကြီးမားမား လုပ်ဆောင်ခဲ့သော်လည်း အခြားသော Cryptocurrency investor များအား ဆွဲဆောင်နိုင်ခြင်း မရှိသေးပါ။ သို့သော် Steemit သည် ရပ်တန့်နေခြင်း မရှိပါ။ ဆက်လက်၍ နည်းပညာများ တခုပြီးတခု အဆင့်မြင့်တင်နေခြင်း ဖြစ်ပါသည်။
Steem စျေး အနေဖြင့် EOS , BNB , LTC များကဲ့သို့ စျေးကွက် အဆိုးဘက် ရောက်ချိန်တွင် စျေး မထိန်းထား နိုင်ပဲ တအိအိကျဆင်းလာရခြင်းမှာ အရံ ရန်ဘုံငွေ မရှိ၍ ဖြစ်ပါသည်။ ဆိုလိုသည်မှာ BNB , EOS စသည် တို့မှာ စျေးကျလာချိန်တွင် မိမိတို့ ရန်ဘုံငွေမှ မိမိတို့ token များ coin များကို ပြန်လည် ဝယ်ယူကာ ဖျက်ဆီး ပြစ်ခြင်း တနည်းအား ဖြင့် burn လုပ်ခြင်း ဖြင့် စျေးကွက်ကို ထိန်းချုပ်ထားနိုင်ခဲ့ကြပါသည်။
Steemit မှာ ထိုသို့မဟုတ်ပါ။ @ned ၏ ညံ့ဖျင်းလှသော ဦးဆောင်မှုအောက်တွင် ခေတ်ကောင်း စဉ်က တလလျင် ဒေါ်လာ ၂ သန်းခန့် ပုံမှန် ဖြုန်းတီး ပြစ်ခဲ့ပြီး အရံ ရန်ဘုံငွေ စုထားခြင်း မရှိခဲ့ပါ။ ထို့အပြင် တလ ၂ သန်းဟူသော အသုံးစရိတ်အတွက် Steemit Platform အသုံးပြုသူများ ရင်းနှီးမြုပ်နှံမှု ပြုလုပ်သူများအား ဖြေရှင်းမပြနိုင်ခဲ့ပါ။ ဤ အကြောင်းအရာ တို့က ရင်းနှီးမြုပ်နှံသူ အများအပြား Steemit မှ ထွက်ခွာ သွားစေခဲ့ပါသည်။
Steemit ခေါင်းဆောင်ပိုင်း အပြောင်းအလည်း လုပ်၍ Steemit ပုံမှန်လည်ပတ်နိုင်ရန် ကြိုးစားလာကြသော အချိန်တွင် Steemit အနေဖြင့် သူတို့၏ အသုံးစရိတ်အတွက် တလလျင် Steem ၈ သိန်း စျေးကွက်သို့ တွန်းပို့ရသော အခြေအနေသို့ ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဤ သို့ဖြင့် စျေးကွက်တွင် ဝယ်လိုအား မရှိ ရောင်းလိုအားသာ များနေ၍ Steem စျေး တအိအိကျဆင်းသွားရကာ ၁၂ ပြား ဟူသော စျေးသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်ပါသည်။
ဤ အခြေအနေကို နားလည်သော Steemit အဖွဲ့သားများက အတတ်နိုင်ဆုံး ခြိုးခြံ ခြွေတာ၍ Steemit Platform မှ ကြေညာများ ဖြင့် လည်ပတ်နိုင်ရန် ကြိုးစားလာကြသလို Steem နှင့် SBD များအား အတတ်န်ုင်ဆုံး burn လုပ်နိုင်ရန် ကြိုးစားလာခဲ့ကြပါသည်။ ကျွန်တော့ အထင် September လတွင် Steem ၈ သိန်း စျေးကွက်သို့ ပို့ရန် မလိုအပ်တော့ဟူသော ကြော်ငြာချက်အား ဖတ်ခဲ့ရပါသည်။ မမှတ်မိတော့ပါ။
တလစာ အတွက်သာ မလိုသည်လား သို့မဟုတ် လုံးဝမလိုအပ်တော့သည်လား မသေချာပါ။ Steem များ ဖျက်ဆီး ပြစ်ခြင်းမှာ ၂၀၁၉ ခုနှစ်မှ စတင်ခဲ့သလို လက်ရှိ အချိန်ထိ ၂၉၂၄၈ Steem နှင့် ၈၈၂၉ SBD တို့အား ဖျက်ဆီးပြစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဤ ပမာဏ မှာ အခြားသော cryptocurrency များနှင့် နှိုင်းယှဉ် လျင် အလွန်နည်းပါးသော ပမာဏ ဖြစ်သော်လည်း စျေးကွက် အတွင်းသို့ Steem များ ဗုံးပေါလအော ရောက်နေသည်ထက်စာလျင် ပိုကောင်းသည်ဟု ထင်မြင်မိပါသည်။
Steem စျေးအတွက်ခန့်မှန်းရလျင် SMTs များ အပေါ်တွင် များစွာမူတည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် SMTs Projects တခုခြင်း စီအတွက် လိုအပ်သော RC မှာ Steem Power ပေါ်တွင် မူတည်နေသောကြောင့် SMTs များ အောင်မြင်လေ Steem Power လိုအပ်လာလေ ဖြစ်လာပါလိမ့်မည်။
ထိုအချိန်တွင်သာ Steem စျေးက စကားပြောလာပါလိမ့်မည်။ Steemit ၏ SMTs များ မည်မျှ အောင်မြင်နိုင်မည်ကတော့ မည်သူမျှ ပြောနိုင်ခြင်း မရှိသေးပါ။ လက်ရှိအချိန်တွင် cryptocurrency တိုင်းက မိမိတို့ token , coin များ တွင်ကျယ်စွာ အသုံးပြု နိုင်ရန် အသုံးချ နိုင်ရန် ကြိုးစားနေကြချိန်တွင် Steemit ကတော့ တကမ္ဘာလုံးရှိ ကွန်ပြူတာ အသုံးပြုသူများ Website Developers များအား မိမိတို့ ကိုယ်ပိုင် token ထုတ်လုပ်နိုင်ရန် Smart Media Token ဟူသော အရာအား မကြာမှီ မိတ်ဆက်ပေးတော့မည် ဖြစ်ပါသည်။
အနည်းငယ် အကျယ်ချဲ့၍ တွေးတောကြည့်ပါ။ တကမ္ဘာလုံးရှိ computer အသုံးပြုသူများက မိမိတို့သဘောကျသော website များ ဖွင့်ကြည့်ရုံမျှ အသုံပြုရုံမျှ ဖြင့် SMT များ ရရှိနိုင်သည် အပိုဝင်ငွေများ ရရှိနိုင်လာသည် ဟူသော အနေအထားသို့ ရောက်ရှိလာစေမည် ဖြစ်ပါသည်။ ယနေ့ခေတ် Social Media ၏ စွမ်းဆောင် နိုင်မှုများအား အားလုံး အသိပင်ဖြစ်ပါသည်။ယနေ့ ခေတ် computer internet အသုံးပြုသူတို့ ရှိနေသေးသရွေ့ cryptocurrency ဟူသော အရာများအား ပို၍ ခိုင်မြဲလာစေမည် ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က EOS အား Ethereum Killer ဟု ခေါ်၍ စျေးကွက်တွင်ကျယ်အောင် လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးအသိဖြစ်ပါသည်။ အမှန်ဆိုရလျင် ကျွန်တော့ အမြင်တွင် Steemit ၏ SMT ကမှ Ethereum killer ဖြစ်လာပါလိမ့်မည်။ ရှုပ်ထွေးလှသော ERC 20 token များထက် Transition 3 second ဟူသော Steemit ၏ SMTs များက ပို၍ ရေပန်းစားလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။
လက်ရှိအခြေအနေအရ Steemit Platform ၏ အနာဂတ် အတွက် ပြောနိုင်သော စကား မှာ " အချိန် က အဖြေပေးပါလိမ့်မည်" ဟုသာ ပြောနိုင်ပါသေးသည်။
Author : Henry Aung ( Kachin )
MSC : 001
အချိန်က အဖြေပေးပါမည်
ဟုတ်ပ အချိန်ကလေးတစ်ခုသာ
အချိန်ကလေးပါပဲလေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒီ အချိန်ဆိုတဲ့ အရာကလည်း အတော်လေး စကားပြောတဲ့အရာ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီကောင် စကားပြောတ်ရင် ကောင်းမယ်
Steem ဈေးဘယ်တော့တက်မှာလဲလို့ မေးပြီး
စတင်းတွေ ဝယ်လှောင်ထားရအောင်လို့လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကံကောင်းသောနေ့ရက်တွေအတွက် ဆက်လက်စောင့်မျှော်လျက်ပါအစ်ကို။
Submit
တနေ့နေ့ တော့ ရောက်လာမှာပါ။ Steemit မှာ အဆင့်မြှင့်တင်နေသူတွေရှိနေသမျှတော့ မျော်လင့်ချက်ရှိပါသေးတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ေမ်ွာ္လင့္လ်က္ပါ။
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
@myothuzar တို့ရှိနေသေးသ၍ Steemit လည်း ရှိနေအုံးမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချိန်က အဖြေ ပေးပါလိမ့်မယ်။
Comment with ZawGyi
😁
Submit
အချိန်ဟာ အကောင်းဆုံး အဖြေပါ။ ၃ နှစ်သား ဆိုတဲ့ နည်းပညာဟာ တကယ်တော့ ငယ်ပါသေးတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုချိန်ထိတော့ စိတ်မပျက်သေးဘဲ ကောင်းသည့်ဘက်ကို မျှော်ကြည့်ကာ ကြိုးစားနေဆဲပါပဲ။
SMTs အောင်မြင်ပါစေဟုသာ....
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လည်း အကောင်းဘက်ကို မျှော်လင့်ထားပါတယ်....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ..အဲ့ဒါပြောချင်တာအကိုဟင်...သတင်တွေထဲဖက်ခဲ့တာကျ နော်နားမလည်တာ ခုမှပဲ.. 😁

computer /phone အတွက် internet ရှိပီး websites တွေဖွင့်လိုက်တိုင်းမှာ smart media tokens ရဲ့ သက်ရောက် မူဟာ သာမန်အခြေနေ အံ့ဩစရာမဟုတ်လို့ ဒီအတွက် လာမယ့်အချိန်ကောင်းတွေ ကို ကျနော်တို့တွေ စိတ်ရှည်စွာနဲ့ မကြာတော့မယ့် အနာဂတ်အတွက် မျော်လင့်လျက်ပါအကိုရေ...
နောက်တစ်ခု...ကိနော့်အထင်တော့ steemit team အဖဲွ့တွေရဲ့တစချက်ခုတ်၁၀ချက်ပြက် အတွေးဖြစ်နိုင်မလားမသိဘူး..website developer တွေက ဖန်တီးထည့်လိုက်တဲ့ smart tokens တွေဟာwebsites ကိုအသုံးပြုလိုက်သူတိုင်း ကြောင့် သက်ရောက်သွားစေတာဖြစ်လို့ အသုံးပြုသူတွေကို ပညာသားပါပါနဲ့ Smt တွေဝင်ရောက်လာတာကို မသိလိုက်သလိုမျိုးနဲ့ အသုံးပြုသူတွေအကြိုက် marketing လုပ်လိုက်သမျိုးနဲ့ တူနေမလားအကိုရေ...😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုရှိန်းသူရဲ့ ကော်မန့်ကပဲ ဆောင်းပါး တပုဒ် ရေးလို့ရနေပြီ။ နည်းနည်း လေး အတွေးနယ်ချဲ့လိုက်ရုံပဲ။ဖြစ်နိုင်ရင်တော့ စာရေးစေချင်တယ် ကိုရှိန်းသူ။ ကိုသက်ကို ဇော်တို့ ကိုရှိန်းသူတို့က စာရေးကောင်းတဲ့သူတွေ.... လက်ကွက်မပျောက်စေချင်ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့..ပြန်ရေးမှာပါအကိုရေ. အိမ်ရှင်မက ပီးခဲ့တဲ့လက အကောင်ပေါက်တော့..ခုတော့ ကလေးထိန်းနေတာနဲ့ အချိန်တွေကုန်နေတာ..😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit