မျှော်လင့်သော ထိုတနေ့ ( Henry Aung )

in myanmar •  7 years ago 

henry.jpg

မင်္ဂလာပါ။ ယခုတလော ကျွန်တော့ အနေဖြင့် steemit Platform ပေါ်သို့ ဆောင်းပါးများ မရေးတင်တော့သဖြင့် MSC members များအနေဖြင့် သို့လောသို့လော တွေးမိနေပါလိမ့်မည်။ " ကိုဟင် တောင် Steem ဈေးတွေကျလို့ စာမရေးတော့ဘူး " ဟူ၍ တွေးထင်နေကြပါလိမ့်မည်။ Steem ဈေးကျ၍ မဟုတ်ပါ ရေး ချင် သည်မှာ လက်ယားနေပါသည်။

ရေးစရာလည်း အများ ကြီးရှိနေပါသေးသည်။ coin ဈေးအတက်အကျ အကြောင်း ၊ MSC gathering စသည်ဖြင့် ရေးပြစရာ အများ အပြား ရှိနေသော်လည်း လက်ရှိ ကျွန်တော် လုပ်နေသော project မှာ chemical plant ခေါ် ရေနံဓါတု စက်ရုံ တွင် shut down ဟု ခေါ်သော အကြီးစား ပြင်ဆင်မှုများကို အချိန်အနည်း ငယ် အတွင်း ပြီးစီး စေရန် လူအင်အား များများ ဖြင့် ၂ လ ၃ လ အတွင် ပြင် ဆင်မှု မြန်နိုင်သမျှ မြန်မြန် ပြီးစေရန် လုပ်ဆောင်နေရခြင်းကြောင့် အားလပ်ချိန်မရှိသလောက်ဖြစ်နေပါသည်။

ထို့ အပြင် chemical စက်ရုံ ဖြစ်သဖြင့် Mobile phone များ ၊ မီးချစ် များ စသည်တို့ ကို ယူ ဆောင်ခွင့် မပြုခြင်းကလည်း ကျွန်တော့ အား steemit တွင် ဆောင်းပါး ရေး တင်ရန် ပျက်ကွက် စေပါသည်။ ထို့ အပြင် အလုပ်လုပ်ရသည်မှာ တနေ့ လျင် ၁၂ နာရီ လုပ်ရသဖြင့် မနက် ၅ နာရီမှ အိမ်က ထွက် သွား လိုက်သည်မှာ ည နေ ၉ နာရီ ခန့် မှ အိမ်ပြန်ရောက်ပါသည်။ အခြား အလုပ်သမား များ အိမ် ပြန်နိုင်သော် လည်း ကျွန်တော့ အနေဖြင့် နောက်တနေ့ လုပ်စရာများအား စီမံ နေရသဖြင့် အမြဲ ပင် အိမ်ပြန်နောက်ကျရပါသည်။

project ကလည်း August လကုန် အထိ သွားရမည် ဖြစ်သုဖင့် ဤ အတော အတွင်း Steem ဈေး $၅၀ ဖြစ်သွားလည်း ကျွန်တော့ အတွက်တော့ ဆောင်းပါး ရေးရန် အချိန်ဆင်းရဲ နေအုံးမည်သာ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် MSC members များအား အသိပေးလိုသည်မှာ ကျွန်တော့ အနေဖြင့် Steem ဈေးကျသွား၍ စာမရေးတော့ ခြင်း မဟုတ်ပါ။ စာရေးရန် အချိန်ဆင်းရဲ သွားရခြင်း သာ ဖြစ်ပါသည်။

ဤဆောင်းပါးအား တနင်္ဂနွေ အလုပ်အနည်းငယ် ပါးနေသောကြောင့် နေ့လည်စာ စားချိန် ရုံးသို့ အပြေး ပြန်ပြီး ရေးသားရခြင်း ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် မည်မျှ အလုပ်များသည် ဖြစ်စေ MSC gathering ကိုတော့ မဖြစ်မနေတက်ရောက်မည် ဖြစ်ပါသည်။ ထို အတွက် ခွင့် ကြိုတင် ယူ ပြီး သွား ပြီ ဖြစ်သလို လေယျဉ် လက်မှတ်လည်း ကြိုတင်ဝယ်ယူထား ပြီး ဖြစ်ပါသည်။

လက်ရှိ MSC တွင် ဆောင်းပါး ရေးသား နေကြသော Members များ သိကြသည့် အတိုင်း Steem ဈေး တဖြည်း ဖြည်း ကျဆင်းလာသည် မှာ ၂ လ ခန့်ပင် ရှိပြီ ဖြစ်ပါသည်။ ဤ တွင် Steem တခုတည်း ကျဆင်း လာလျင် steemit Platform ၏ အခြေမခိုင်မာ မှု ကို သိရှိနိုင်မည် ဖြစ်သော်လည်း လက်ရှိမှာ Steem တခုတည်း မဟုတ် အခြားသော coin များကလည်း အတူ တကွ ဈေးကြလာခြင်း ဖြစ်သဖြင့် steemit Platform တခုတည်း အတွက် စိုးရိမ်စရာ မရှိပါ။

Member တို့ အနေဖြင့် မိမိတို့ ရေးစရာရှိ သော ဆောင်းပါးများ ဆက်လက် ရေးသား နေယုံသာ ရှိပါသည်။ ကျွန်တော်တို့ နေ့စဉ် ပြုလုပ်နေကြသော အလုပ်များတွင် ဒီနေ့ Steem ဘယ် ဈေး ရှိနေသလဲ ဝင်ရောက် ကြည့်ရှု ရသော အလုပ်ကလည်း တခု အပါအဝင် ဖြစ်ပါသည်။ Steem ဈေး 7$ နှင့် SBD ဈေး 13$ ဟူ သော ဈေးကွက် အခြေအနေများကို ကြုံဖူး သည် ဖြစ်၍ တရက်ရက် တချိန် ချိန်တွင် အံ့သြ ဖွယ် ကောင်းသော Steem ဈေးတက်နေသည့် ဈေးကွက် အခြေ အနေကို မျှော်လင့် စောင့်စားလျက် ရှိနေကြပါသည်။

ကျွန်တော့ အနေဖြင့် ပြောရလျင် ထိုကာလသည် များစွာ မဝေးတော့ပါ။ ကျွန်တော်သိရသလောက် steemit Platform သည် စာရေး၍ ပိုက်ဆံရသည် ဟူသောကြောင့် Steem ဈေးများ တက်လာမည် မဟုတ်ပါ။ steemit Platform မှ ထွက်လာကြမည့် အသစ်အသစ်သော နည်း ပညာများက Steem ဈေးအား တက်စေပါလိမ့်မည်။ မျှော်လင့်သော ထိုတနေ့ သို့ ရောက်ရန် စောင့်စားရမည်ကတော့ ကျွန်တော်တို့ ၏ ဇွဲလုံ့လ ဝရိယ အပေါ် မူတည်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်ချိန်ချိန်တော့မျော်လင့်ချက်တွေရှင်သန်လာမယ်လို့ယုံကြည်ပါတယ်ကိုဟင်ရေ

တစ်နေ့နေ့တစ်ချိန်ချိန်မှာ မျှော်လင့်ထားသည်အတိုင်းဖြစ်လာမည်ကို
ယုံကြည်ပါတယ် သားရေ
ပုဂံခရီးစဉ်ကိုမျှော်လင့်နေပါတယ် သား

အလုပ်မအားတဲ့ကြားက..ရေးရတာ..မလွယ်ဖူးနော်
သား.ဟင်နရီကျန်းမာဖို့..ဘေးရန်ကင်းဝေးဖို့..ကောင်းမွန်သောဆန္ဒဟူသမျှ..ပြည့်ဝဖို့..ဆုတောင်းပေးပါတယ်သားရယ်။

ဤခရီး နီးသည် ဖြစ်စေ ဝေးသည် ဖြစ်စေ
လျှောက်လှမ်းလို့ နေရပါဦးမည်။ ဈေး တက်ခြင်း ကျခြင်းသည်
ဈေးကွက် သဘောတရားမျှသာ ဖြစ်၍ ရေးစရာရှိတာ ရေးတင်
နေရမည်ကလည်း မိမိ၏ သဘောထားပင် ဖြစ်ပေသည်။
See you Gathering.

ဈေးအတက်အကျရှိသော်လည်း ပုံမှန်ရေး၍ စောင့်နေရုံပါဘဲဗျာ ကိုယ်လုပ်စရာရှိတာကို လုပ်နေဖို့ဘဲလိုပါတယ်

မရေးတာကြာတော့ ဘာများဖြစ်လို့လဲလို့ သတိထားမိပါရဲ့ရှင်

Your job is very difficult. In which time it takes 12 hours. Thank you for the posting

မျှော်နိုင်သမျှတော့ မျှော်အုံးမည်
မမျှော်ခင်စာရေးနေပါမည်။
ခုတော့ဈေးလေးက ဖြည်းဖြည်းလေးနဲ့
ညိမ့်ညိမ့်လေးတက်နေပြီလေ

အလုပ်မအားတဲ့ကြားက ရတဲ့ အချိန်လေးမှာ အားပေးစကားပြောပေးတဲ့အတွက် ကျေးဇူးပါ

တတ်အားသရွှေ့ ရေးနေဦးမှာပါအကို ပြီးတော့ Steemit အပေါ် အကို့သဘောထားကိုလည်း ကျွှန်တော်တို့ကတော့ အထူးပြောစရာမလို နားလည်ပြီးသားပါ ။ ကျွှန်တော်တို့သည် steemit ချစ်သူများသာ ။

ဆရာများသင်ပြထားတော့ဇွဲလုံ့လဝိရိယဆိုတော့စကားကိုမမေ့ပါထိုကြောင့်လုပ်ဖြစ်သွားသည့်ကျက်သရေမင်္ဂလာရှိသောစာရေးခြင်းကိုကြိုးစားစွာရှေ့သို့ချီတက်ပါမည်အကြံပေးသောကချင်မင်းသားကိုကျေးဇူးတင်ပါသည်

Steemit သည် @chitsone၏ရူးသွပ်ရာနယ်မြေ😊
ဈေးကျတာ တက်တာ@chitsone ဘာသက်ဆိုင်မှု ရောက်ပါပု တက်လည်းရေးနေဦးမှာကျလည်ရေးနေဦးမှာ .. .. 😍😍😍

Leaderကြီး အစဉ်ထာဝရ ကျန်မာစေကြောင်း. @ng-chitsonelay ဆုမွန်ကောင်းတောင်းလိုက်တယ်😊😊😊😋

ကျွန်တော်နေ့တိုင်းဝင်ကြည့်တယ်ပို့စ်အသစ်မတွေ့လို့အသစ်ထွက်လာမယ့်ရက်စောင့်နေခဲ့တာ ၁ ပါတ်ကျော်ခဲ့ပီ အကိုရေ အလုပ်ချိန်များလို့ စာရေးဖို့မတွေးနိုင်ပေမယ့် အားလပ်တဲ့အချိန်မှာ အရေးအသားကောင်းပီး ပညာဗဟုသုတရစေတဲ့အကို့ပို့စ်တွေကိုအမြဲဖက်ဖြစ်တယ် အကိုရေးတာဘာလို့ကြိုက်လဲဆိုရင် တိုတိုရှင်းရှင်းနဲ့ လိုရင်းကိုအမြန်ရောက်လို့ပါဘဲ အကိုဟင်ရယ်

စိတ်​ရှည်​လက်​ရှည်​ ​စောင့်​​နေမှာပါ ကိုဟင်

ထိုတစ်နေ့ကိုဖြင့် မြန်မြန်သာရောက်ချင်လှပါပေါ့ အို ကိုဟင်နရီရဲ့။ မြိုင်မြိုင်ဆိုင်ဆိုင် ပိုစ်တွေအပြိုင်တင်ကြတာကိုလဲ မြင်လိုလှပါပီ။ အက်စ်ဘီဒီ ဝေါလက်ကြီးလဲ ခိုင်ခိုင်သီးသီး ဟီးထလို့နေစေချင်လှပါပီဗျာ။

ကိုဟင်မအားလို့..အကိုအစားကျနော်ပြောလိုက်ပါတယ်..:-):-):-)
ဒီအချိန်ဟာ..တီတွေမြေတွင်းထဲခွေနေချိန်လည်းဖြစ် ကောင်းကင်ကနေမင်းကြီးလည်းဝင်နေပီမို့...stemတွေဝယ်ထားကြပါလို့...:-):-):-)

ရွှေ​ရောင်​​နေ့ရက်​​များ မ​ဝေး​တော့ပြီ....။

မျှော်နေပါတယ်😊

ခင်မင်လေးစားပါ၏

ကျနော်ကတော့နေ့တိုင်းအသစ်တင်လားအကို့ဘလော့မှာဝင်ရှာရတယ် အခုလည်းအကိုမအားတော့ စာဖက်ရတာ တိုတိုတုတ်တုတ်ပီးသွားပြန်ပီ Aug လကုန်ထိစောင့်ရအုန်းမှာပေါ့အကို