မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က MSC admin များဖြင့် ဤ MSC တနှစ်ပြည့် members များ တွေ့ဆုံပွဲ အတွက် အစည်း ဝေးထိုင်ခဲ့ကြပါသည်။ အစောပိုင်း အစည်းအဝေးရလဒ်တွင် ဤ တွေ့ဆုံပွဲ အား မန္တလေး မြို့တွင် indoor အနေဖြင့် ( ခန်းမ တနေရာ ငှား ၍ ) ကျင်းပရန် ရည်ရွယ်ထားခဲ့ပါသည်။
ဆရာတင်လှိုင်ဦး အနေဖြင့် ရသစာပေ အကြောင်း ဟောပြောပေးမည့် အစီအစဉ် ထို့ နောက် Admin များ၏ MSC ဝင်ငွေ ထွက်ငွေ စာရင်း ရှင်းတမ်းများ တင်ပြပြီး လျင် ကျွန်တော့ အနေဖြင့် MSC ၏ ရှေ့ရေး အကြောင်းအား members တို့အား အသိပေး ခြင်း Members တို့ သိလိုသော ကြောင်းအရာများ မေးမြန်သည်ကို ဖြေကြားပေးခြင်း ထို့နောက် ကံစမ်းမဲဖေါက်ပေး ခြင်း အစီအစဉ် စသည်ဖြင့် ကြိုတင်ညှိနှိုင်းတိုင်ပင်ထားခဲ့ကြပါသည်။
ဒုတိယနေ့ အနေဖြင့် MSC မှ ကားငှားပြီး Members တို့အား မန္တလေး ဘုရားစုံ ဖူးနိုင်ရန် စီစဉ်ထားခဲ့ကြပါသည်။ သို့ သော် တရိပ်ရိပ်ကျဆင်းလာ သော Steem နှင့် SBD ဈေးများနှင့်အတူ ကျွန်တော်တို့ တွင် ကန့်သတ်ထားသော Budget သာရှိ၍ ဤတွေ့စုံပွဲ အစီအစဉ်အား Plan B ဆွဲ၍ နောက်တမျိုး စီစဉ်ခဲ့ကြရပါသည်။
ဤ Plan B အစီအစဉ်တွင် ကျွန်တော်တို့ ၏ တွေ့ဆုံ ပွဲအား ပုဂံ ရှိ ဧရာဝတီ မြစ်ကမ်းနဘေးတွင်ရှိသော ဘုန်းကြီးကျောင်း တွင် ပြုလုပ်ကြမည် ဖြစ်ပြီး တည်း ခိုရန်လည်း ဘုန်းကြီး ကျောင်းတွင်ပင် တည်းခိုနိုင်ပါသည်။ ထို့ နောက် မိမိတို့ အားလုံး စုပေါင်းလုပ်အား ဖြင့် အစားအသောက်ချက်ပြုတ်၍ နောက်တနေ့ ဘုန်းကြီးကျောင်းတွင် ရဟန်း သမဏေများအား အာရုဏ်ဆွမ်းကပ်လှူကြမည် ဖြစ်ပါသည်။
ကိုရွှေဘို ( ညီညီဝင်း ) အနေဖြင့် အိုးသူကြီး လုပ်နိုင်ကြောင်းနှင့် ဤကဲ့သို့ ကြော်လှော် ချက်ပြုတ်ရန် အတွက် ဈေးဝယ် ခြင်း ပြင်ဆင် ခုတ်လှီးဖြတ်တောက်ခြင်း ၊ ချက်ပြုတ် ကြော်လှော်ခြင်း အားလုံး MSC members များ၏ လုပ်အားကိုသာ အသုံးပြုကြမည် ဖြစ်ပါသည်။ ဤအစီ အစဉ်အား ကျွန်တော်တို့၏ တွေ့ဆုံပွဲ တွင် ထည့်သွင်းထားရခြင်းမှာ ပျော်ရွှင် စေရန်အတွက် ပျော်စရာမျိုး စုံ ပြုလုပ်ဖန်တီး ၍ ပျော်နိုင်ကြပါသည်။
group game ကစားမည်လား ၊ သီဆို ကခုန်၍ ပျော်ကြမည်လား ၊ ကံစမ်းမဲ များ ဖေါက်၍ ပျော်ကြမည်လား စသည်ဖြင့် ပျော်အောင်လုပ်၍ ရပါသည်။ သို့သော် ကျွန်တော်တို့ တနယ် တကျေး မှ steemit Platform ကြောင့် သိကျွမ်းရသော ဤ members တို့အား တွေ့ဆုံခွင့် ရခိုက် မိမိတို့ လုပ်အား ဖြင့် ပြုလုပ်သော ကုသိုလ်များ ရကြစေလို၍ ဤအာရုဏ်ဆွမ်း ကပ်လှူသော အစီအစီထည့်သွင်းထားရခြင်း ဖြစ်ပါသည်။
ထို့နောက် နံနက်ပိုင်း အာရုဏ်ဆွမ်းကပ်၍ ကုသိုလ်ယူ သော အစီအစဉ် ပြီးလျင် ကျွန်တော်တို့ ၏ အစီအစဉ်ဖြစ်သော ဆရာတင်လှိုင်ဦးထံမှ ရသစာပေနှင့် ပါတ်သက်သော ကြောင်းအရာ ဟောပြောခြင်းအား နားထောင်ခြင်း ၊ MSC ရသုံး မှန်းခြေ ငွေစာရင်း ရှင်းပြခြင်း ၊ MSC ရှေ့ရေး အတွက် ဆွေးနွေးတိုင်ပင်ကြခြင်း၊ ကံစမ်းမဲ များဖေါက်ခြင်း စသည်ဖြင့် ဆက်လက် ဆောင်ရွက်သွားကြပါမည်။
ထို့ နောက် နောက်တနေ့တွင် ကားငှား၍ MSC members တို့အား ပုဂံဘုရားစုံ ဖူးနိုင်ရန်လည်း အစီအစဉ် ထည့် ဆွဲထားပါသည်။ ဤ MSC တနှစ်ပြည့် တွေ့ဆုံပွဲ အတွက် MSC members တို့ထံမှ မည်သို့သော ငွေကြေးမှ ကောက်ခံလိမ့်မည် မဟုတ်ပါ။ MSC budget မှ လောက်ငှစွာ သုံးစွဲ သွား မည်ဖြစ်ပါသည်။ MSC members များအနေဖြင့် ပုဂံသို့ လာရောက်နိုင်ရန် ကားခ အသွားအပြန်သာလိုအပ်မည် ဖြစ်ပါသည်။
သို့သော် ဤတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် တတပ်တအား ပါဝင်လှူဒါန်း လိုပါသည် ဆိုသူများ အားလည်း မငြင်းပယ်ပါ။ ဤ တွေ့ဆုံ ပွဲ အတွက် ငွေကြေး မည်ရွေ့မည်မျှ ထည့်ဝင်ရမည်ဟု စည်းကမ်းသတ်မှတ်ချက် ချမှတ်မထားပါ။ MSC members တို့ အားလုံး ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံ နိုင်ရေးကိုသာ အဓိကထားပါသည်။
ထိုကားခ အတွက်လည်း June လ နှင့် July လများတွင် ရရှိသော promotion များမှ SBD များအား Power up ရန် မလိုအပ်ပဲ တွေ့ဆုံပွဲအတွက် အသုံး စရိတ် အဖြစ် အသုံး ပြုနိုင်ရန် ခွင့်ပြုထားပေးပြီး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် တနှစ်လျင် တကြိမ်သာ ဆုံတွေ့ခွင့် ရမည် ဖြစ်သော ကုသိုလ်လည်းရ ၊ ပျော်ရွှင်စရာလည်း ကောင်းမည် ဖြစ်သော ဤ MSC တနှစ်ပြည့် တွေ့ဆုံပွဲ အစီအစဉ် သို့ မပျက်မကွက် တက်ရောက် ကြပါရန်အားပေးလိုပါသည်။
မိမိတို့ အနေဖြင့် လုပ်ငန်းဆောင်တာ တာဝန်များ ရှိကြမည်ကိုလည်း နားလည်နိုင်ပါသည်။ သို့သော် မိမိတို့ စိတ်အား လွတ်လပ်ခွင့် ပေးနိုင်သော ၊ တနည်း အားဖြင့် ခရီးလည်းသွား ကုသိုလ်လည်းရ ၊ သူငယ်ချင်း များနှင့် လည်း တွေ့ဆုံ ပျော်ရွှင်ခွင့်ရမည် ဖြစ်သော ဤအခွင့် အရေးအား လက်မလွတ်စေလိုပါ။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုတင်ခွင့်ယူထားပြီး လေယျဉ်လက်မှတ် ဝယ်ယူထားပြီး ဖြစ်ပါသည်။
ကျွန်တော် အထက်တွင် ဖေါ်ပြပေးခဲ့သော အစီ အစဉ်များမှာ အကြမ်းဖျဉ်း ရေးဆွဲထားသော အစီအစဉ် ဖြစ်၍ အသေးစိတ်အား Admin များဖြင့် တိုင်ပင်ရန် လိုအပ်ပါသေးသည်။ ထို့ အတူ MSC members များ အနေဖြင့်လည်း ဤတွေ့ဆုံပွဲ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း အကြံပေးကြပါရန် တိုက်တွန်းလိုပါသည်။
ဤ MSC တနှစ်ပြည့် Members တို့ တွေ့ဆုံပွဲ တွင် MSC members မဟုတ်သော်လည်း မိမိ မိတ်ဆွေ သူငယ်ချင်းများ အခြားသော စိတ်ပါဝင်စားသူများ ရှိပါကလည်း ခေါ်လာခဲ့နိုင်ပါသည်။ ကျွန်တော့ အနေဖြင့်ပြောရလျင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်း ကြိုးစားကြလျင် ဤ တွေ့ဆုံပွဲ မှာ အဓိပ္ပါယ်ရှိသော ၊ ပျော်စရာ အလွန်ကောင်းမည် ဖြစ်သော ပွဲ ဖြစ်ကြောင်း ပြောကြားလိုပါသည်။
အခက်အခဲများကြားမှ တည်ထောင်ခဲ့သော MSC သည် များမကြာမှီ တနှစ်သား ပြည့်တော့မည် ဖြစ်၍ ဤမွေးနေ့ပွဲသို့ MSC members တို့ ကြိုးစား၍ တက်ရောက်ကြပါရန် ဖိတ်ကြားလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
လာစေချင်တာမှန်သော်လည်း တစ်ချို့ကတော့ ငွေရေးအမှန်တကယ်အခက်အခဲရှိလိမ့်မယ်ကိုဟင်ရေ၊ Steemit မှာ အရင်းအနှီးမလိုတာမှန်ပေမယ့် တစ်ချို့ကတော့ အခက်အခဲရှိကြမှာပဲ၊ ဒါကလည်းဘယ်သူမပြုမိမိမှုဆိုပေမယ့် အရိုးစွဲနေတဲ့စရိုက်တွေကြောင့် ရယ်၊ ကြောက်စိတ်တွေကြောင့် အလေ့အကျင့်တွေကိုမပြင်နိုင်ကြလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အနဲဆုံး တစ်သိန်းလောက်တော့ကုန်မှာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသွားအပြန် ကားခက တသိန်းလောက်တောင် ကုန်မှာလား..? ကျွန်တော် အဲဒီလောက်အထိ ကုန်မယ် ထင်မထားဘူး။ ပုဂံ မှာ နေဖို့ စားဖို့ လည်းပတ်ဖို့ အတွက်က MSC ကတာဝန်ယူ မှာဆိုတော့ ။ အခက်အခဲ ရှိကြမှာကိုတော့ နားလည်နိုင်ပါတယ်ဆရာ။ ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့ အသေးစိတ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုဟင်ပြောပြသွားတာ အလားလုံးပြည့်စုံနေပီမို့ဘာမှ ထပ်မံဖြည့်စွက်စရာမလိုတော့ပါဘူးဗျာ။တနှစ်ပြည့် တွေ့ဆုံပွဲကိုတော့ မန်ဘာများ တက်ရောက်နိုင်အောင် အားထုတ်ကြစေချင်တယ်ဗျ။ လူတိုင်းလုပ်ငန်းကိုယ်စီနဲ့ မအားလပ်နိုင်ကြတာကို ကိုယ်ချင်းစာသော်လည်း ယခုလို စတီးမစ်ညီအကိုများ ပြင်ပလောကတွင် လူခြင်းတွေ့ ရင်းရင်းနှီးနှီးတွေ့ဆုံရမယ်ဆိုတာ နဲ့တင် ဒီတွေ့ဆုံပွဲဟ တက်ရောက်သင့်သော ပွဲဖြစ်နေပါပီဗျာ ။ အလှုအတန်းကုသိုလ်များနဲ့ ညီအကိုမောင်နှမများအားလုံး ချစ်ချစ်ခင်ခင် ပျော်ရွှင်မှုလေးတွေလဲ တည်ဆောက်နိုင်မှာဆိုတော့ အတိုင်းထက်အလွန်ပါပဲဗျာ။ ကျနော့အနေနဲ့ မန်ဘာများအလားလုံး တက်ရောက်ပီး တွေ့ဆုံကြပါစို့ လို့ ကြွေးကြော်လိုက်တယ်ဗျာ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစီအစဉ် ဖြစ်မြှောက်ရေးအတွက် ပဲကြိုးစားရတော့မယ် ကိုရွှေဘို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာဖြစ်အောင်လာမယ် ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစီအစဉ်အတွက် ကျေးဇူးတင်ပါတယ် ကိုဟင် ... လာဖြစ်အောင် လာခဲ့ပါ့မယ် ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစီအစဉ်ကောင်းလိုက်တာမှ..ဟိုဖက်ကိုရောက်လို့။
ခရစ်ယာန်ဘာသာဝင်တယောက်ရဲ့ဆွမ်းကပ်မဲ့အစီအစဉ်ဟာ..အံ့မခန်းဖြစ်ပီး..သားရဲ့စိတ်ဓာတ်ကိုချီးကျူးဖို့စကားလုံးတွေဟာ..ပြောနေကြတဲ့စကားတွေနဲ့တောင်မှ
မလုံလောက်လို့..ဘာပြောရမှန်းကိုမသိတော့အောင်ပါဘဲ
သားရယ်။သားရဲ့စေတနာနဲ့မေတ္တာကို..လှိုက်လှိုက်လှဲလှဲ
ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်တယောက်တည်းရဲ့ အစီအစဉ် မဟုတ်ပါဘူး အန်တီ။ admin တွေအားလုံး သဘောတူညီ မှုရယူပြီး အစီအစဉ်ဆွဲထားတာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်စရာ စိတ်လှုပ်ရှားစရာကောင်း
ကုသိုလ်လဲရ ဝမ်းလဲဝတဲ့ပွဲလေးပါလား
လာနိုင်အောကြိုးစားချင်မိ တယ် ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန္တလေး ကနေအဝေးကြီးမှ မဟုတ်တာ။ တရက်လောက်တော့ လာခဲ့ပါ အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSC မိသားစုများ စုံအညီဖြင့် တက်ညီလက်ညီ ပျော်ရွှင်ဖွယ်ရာ လေးများအား စိတ်ကူးယဉ် မြင်ယောင်မိပါတယ် အကို ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစီအစဉ် ဖြစ်မြှောက်ရေးအတွက် ပဲကြိုးစားရတော့မယ် ဒိုမီလေး....။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရက်သတ်မှတ် ပြီးပြီလားဗျ ဘယ်ရက်နေ့ဆိုတာလေ။ လာဖြစ်ဖို့ ကြိုးစားပါ့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
August 3,4,5 လို့ အစီအစဉ်ဆွဲထားပါတယ် အထွေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတတ်နိုင်ဆုံးကြိုးစားပြီးလာခဲ့ပါမယ်အစ်ကိုရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုက်လဲလိုက်ချင်တယ် အမေ့တစ်နှစ်ပြည့်လဲရှိနေတော့...
Steemit အဖွဲ့ဝင်တွေကိုလဲ အပြင်မှာတွေ့ဖူးချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါအုံး ... ဘယ်လို့မှ မဖြစ်နိုင်ရင်လည်း နားလည် နိုင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုံအောင်စီစဉ်ပေးသောခေါင်းဆောင်များကိုကျေးဇူးတင်ပါတယ်ကချင်ဟင်နရီအောင်ကိုလဲတွေ့ဖူးချင်ပါတယ်ကျမမွန်မလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ။ အရောက်လာခဲ့ပါ။ ပျော်စရာကောင်းမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မွန်မလေးအမကကချင်လေးကိုနှုတ်ဆက်မိတ်ဆက်ပါ့မယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားလုံးကိုဆုံတွေ့ချင်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုသိုလ်လည်း ရ၊ ပျော်လည်း ပျော်ရမည့်ပွဲမို့ လက်လွတ်မခံဘဲ
တတ်ရောက်ပါမည်။ ချက်ရေးပြုတ်ရေး လှည့်ပတ်ရေးအတွက်
အကူအညီများလည်း ပေးလိုပါသည်။ ခုလို ကျင်းပပေးမည့် အတွက်
အထူး ဝမ်းသာဂုဏ်ယူ ကျေးဇူးတင်မိပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေ့ဆုံပွဲကိုလာဖြစ်အောင်လာခဲ့ပါမယ်အကို။
အားလုံးနဲ့လည်း ပျော်ပျော်ပါးပါးတွေ့ဆုံချင်ပါတယ်။
စီစဉ်ထားတဲ့အစီအစဉ်လေးတွေလည်းကောင်းပါတယ်။အမှတ်တရလည်းဖြစ်သွားတာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်စရာကောင်းမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်ပျော်စရာကောင်းမှာပါ အန်တီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်းးး ဒီနှစ်ကတော့ လွဲဖို့များတယ်။ တွေ့ ဆုံပွဲကို live တင်ပေးပါ အကိုဟင်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေဆုံပွဲတင်မဟုတ်ဘဲ ဘုရားလည်းဖူး ကုသိုလ်လည်းရမည်ဆိုတော့ နောက်ဘဝရေစက်ဆုံကြဦးမှာပေါ့ ဝမ်းသာစရာပါဘဲအစ်ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ။ ဆုံတွေ့ကြပါစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
msc memberဆိုလို့ အပြင်မှာ ဆရာတင်တို့ ဇနီးမောင်နှံက လွဲရင် မမြင်ဖူးသေးပါဘူး ဒိုမီလည်း နီးတယ်ဆိုပေမဲ့ အခုထိ မဆုံနိုင်သေးပါဘူး အခုလို တစ်နိုင်ငံလုံးက memberတွေအားလုံးကို ပုဂံဒေသမှာ မြင်ဖူးတွေ့ဆုံဖူးတော့မှာဆိုတော့ အရမ်းကို ပျော်ရွှင်စရာကောင်းမဲ့ ပွဲဖြစ်မှာ သေချာပါတယ် ပါဝင်နိုင်အောင်ကြိုးစားပါ့မယ် ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗန်မော် ကနေ အဝေးကြီးတော့ မဟုတ်ပါဘူး မစုလှိုင်။ ကျွန်တော်လည်း တွေ့ဆုံပွဲ ပြီးတာနဲ့ ဗန်မော် ပြန်တက်ရမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းမွန်သောအစီစဉ်ပါခင်ဗျ
msc ဒီထက်အောင်မြင်ပါစေ …
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးအများကြီးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာချင်ပေမယ့်လည်း၊ မလာနိုင်တော့ဘူး အစ်ကိုရေ....
ဒီနှစ်ကုန်ရင် ကျနော်တို့ မိသားစု မြန်မာပြည်ကို ပြန်လည်မှာဆိုတော့ အလုပ်ကနေ ခွင့်ရက်ယူရင် ခက်ခဲသွားလို့... ဒီကြားထဲမှာ မလာနိုင်တော့တာ ခွင့်လွတ်ပါခင်ဗျာ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရပါတယ်ကိုလင်း... နိုင်ငံရပ်ခြား မှာ အလုပ်လုပ်နေသူတွေအတွက် ခွင့်ရက်ရှည် ရဖို့ တောင်းရတာ အလွန်ပဲခက်တာ ကျွန်တော်နားလည်ပါတယ်။ မိသားစု အရေးကို ပိုပြီး ဦးစားပေးသင့်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSC တနှစ်ပြည့် မွေးနေ့ အားဂုဏ်ပြု.ကြို ဆိုပါ၏😍😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးအများကြီးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လိုအခြေနေပဲဖြစ်ဖြစ် သားတို့ဆရာသမားတွေ
ညီအကိုမောင်နှမတွေအားလုံးနဲ့ ဆုံးဆည်းခွင့်ရမယ့်
အတွက် သားတော့ အရမ်းပီတိ ဖြစ်နေရပါပြီ ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ။ အရောက်လာခဲ့ပါ။ ပျော်စရာကောင်းမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာနိုင်အောင် ကြိုးစားပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာတွေ ကိုလက်တွဲခေါ်ချင်တဲ့ @kachinhenry ရဲ့ စိတ်ဓ်ာကို လေးစားလျက်ပါ
msc ဘယ်တော့ အောင်မြင်လာမှာလည်း ဆိုတဲ့မေးခွန်းကို မေးရမလိုဖြစ်နေပြီ
admin ထဲမှာ အသက်ငယ် အတွေ့အကြုံမရှိ ပညာလည်းနုသေးတဲ လူတွေ နဲ့ ပတ်သက်ပြီး msc ရေရှည် တည်တံ့ စေချင်တဲ့စေတနာနဲ့ပါ
ရှေးရှေးလူတွေမှာကတည်းက check group တွေထဲမှာ သူတပြန် ကိုတပြန်ပြောကြ မောက်မာစွာပြော နောက်ထုတ်တယ် လုပ်
အဲ့လိုမျိုး ရင့်ကျက်မှုနည်းပါးစွာ ပြုမှုနေကြတာကို တွေ့မြင် ပီးကတည်းက ကျမတော်တော်လေး စိတ်ပျက်နေခဲ့တာပါ
leader အနေနဲ့ msc ရေရှည် အတွက် ရှေ့ဆက်သွားမယ်ဆိုရင် စဉ်းစားသုံးသပ်နိုင်အောင်ပါ
အောက်ပါ စာသားများကတော် check group မှာ ကျမ ရေးပို့
ခဲ့သောစာသားများ ဖြစ်ပါသည်
msc ရေရှည် တည်တံ့ပါစေလို့လည်း ဆန္နပြုပါတယ်
ဖြေရှင်းချက်လည်းမပေးတော့ပါ စိတ်လည်းအင်မတန်ပျက်မိပါတယ် MSC ထုတ်ပယ်မယ်ဆိုလည်း ထုတ်ပယ်နိုင်ပါတယ် ရှေးကလက်ဆင့်ကမ်းလာတာတွေကို copy တွေလို့အမြဲတမ်းပြောနေတော့ ဇွတ်မငြင်းပါ လက်ဆင့်ကမ်းလာတာကို တူနေပါတယ်ဆိုတော့ ဘယ်လိုမတူအောင်လုပ်ရမလဲ မသိကြလို့လား ဆရာပါဝါပြလိုတာပဲလားမသိပါ အိမ်ရှင်မတစ်ယောက်သာဖြစ်တဲ့ကျမအတွက် အဟာရတန်ဖိုးတွေကို မသိပါဘူး ပညာရှင်တွေကိုယ်တိုင်ကော သေချာသိကြလို့လား စာအုပ်လှန်နေကြရတာပဲလို့ထင်တယ် အိမ်မှာအမြဲဟင်းချက်တယ် ထမင်းကိုလူတိုင်းစားနေကြတယ် နေ့တိုင်းစားနေတဲ့ ထမင်းရဲ့အဟာရတန်ဖိုး လူတိုင်းသိပါသလား နေ့တိုင်းစားနေတဲ့ဟင်းရဲ့အဟာရလူတိုင်းတန်ဖိုးသိပါသလား
က ကို ကကြီးနဲ့မတူအောင် ရေးခိုင်းနေသလိုပဲ ကြက်သွန် ၂ လုံးထည့်ရမှာမို့ ကြက်သွန် ၂ လုံး ထည့်တာရေးရင် copy ပေါ့ အဲလိုလား ချက်တာတူနေရင်လဲ copy ပေါ့ တူညီတာကို copy ပေါ့ အဲလိုဆိုရင် အားလုံးက copy တွေပဲလို့ ပြောချင်ပါတယ် ကျမအမေကို ကျမအဖွားက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမကိုလဲ ကျမအမေက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမက ကျမသမီးကို ဟင်းချက်နည်းလက်ဆင့်ကမ်းသင်ပေးခဲ့တယ် copy ပဲ လက်ဆင့်ကမ်းတာကို ယူမိရင် copy ပေါ့ အင်ဥ ကို အင်ဥ လို့မရေးပဲ english လိုရေးရင် ကော်ပီမဟုတ်တော့ဘူးပေါ့ ရေးချင်ရာရေးမယ်ဆိုတောင် copy မလွတ်လောက်ပါ
က ဆိုတာအရင်ဆုံးရေးတဲ့သူက မူပိုင်ပေါ့ အဲလိုလား ကိုယ်တိုင်ဓာတ်ပုံရိုက်တယ် ကိုယ်တိုင်ဟင်းချက်ပီးရေးနေတာတွေ တချို့ သေချာမသိနိုင်တာကို ကူးရေးတယ် ဒါကို copy လို့ပြောနေကြတယ်ဆိုတော့ ဘယ်သူ copy လွတ်နိုင်သလဲ MSC မှာလူနဲနဲသွားတာပဲမြင်တယ် လူတွေတိုးလာတာမမြင်မိပါ လူဟောင်းတွေထွက်သွားရပီး လူသစ်တွေပဲတိုးလာနေတယ် လူဟောင်းတွေမရှိတော့တာကို အောင်မြင်တယ်ထင်နေတာလား
MSC က မြန်မာတွေကို ကူညီနေတယ် လမ်းပြ လက်တွဲ ခေါ်နေတယ်လို့ မှတ်ထားတာ ဘယ်ဟုတ်လို့တုံး မြန်မာတွေကို အပြစ်ရှာ နှိမ်ချ ပါဝါပြနေကြတာမှန်းလဲ သိသွားပါပြီ ကူညီတာလား နှိမ်ချနေတာလား ပါဝါပြနေလားဆိုတာ မရှင်းဘူး leader က အခုချိန်ထိ လက်တွဲပီး လက်ခံပေးထားတာကို ကျေးဇူးတင်တယ် အားလည်းနာမိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit