ကျွန်တော် ဤကဲ့သို့သော ဆောင်းပါး မရေးချင်ပါ။ သို့ သော်မတတ်သာ၍ ရေးရပါပြီ။ MSC သည် မြန်မာလူငယ် မောင်မယ်များအား ဤ Steemit လမ်းကြောင်း ပေါ်သို့ အခမဲ့ အကူအညီပေး၍ ခေါ်ဆောင်ရာတွင် တနေ့တွင် ဤကဲ့သို့ အကူအညီ ရပ်ဆိုင်လိုက်ရသော အခြေအနေသို့ ရောက်လိမ့်မည် ဆိုသည်ကို ကြိုသိခဲ့ပါသည်။ အဘယ့်ကြောင့်ကြိုသိနေပါသနည်း။ မြန်မာလူမျိုးများ ဖြစ်နေသောကြောင့် ကြိုသိနေရခြင်း ဖြစ်ပါသည်။
ထို့ ကြောင့် ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးတွင် ဤ promotion အစီအစဉ်ကို ဖျက်ဆီးမည့်သူ များမှာ အခြားသူများမဟုတ်ပါ promotion ရယူနေသူများသာ ဖြစ်ပါလိမ့် မည်ဟုကြိုပြောခဲ့ပါသည်။ ကျွန်တော့ ထံသို့ နေ့စဉ်နှင့် အမျှ messenger မှ ဆက်သွယ်၍ သတင်းပေးပို့ နေကြပါသည်။ မည်သူ မည်ဝါ က မည်ကဲ့သို့ ရှိသည် မည်သူမည်ဝါက Power down နေသည် မည်သူမည်ဝါက အကောင့် မည်မျှ ရှိနေပါသည် စသည်ဖြင့် ။
ကျွန်တော့ အနေဖြင့် မြန်မာလူမျိုးများသာ ဖြစ်ကြပါသည်ဟူ၍ တော်ရုံ အခြေအနေများတွင် ခွင့်လွတ်ကြပါရန် Admin များအားပန်ကြားထားခဲ့ပါသည်။ သို့သော် လက်ရှိအခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာသော အနေအထားသို့ ရောက်လာပြီဖြစ်၍ ဤ promotion ကိုရပ်ပြစ်ရခြင်းဖြစ်ပါသည်။ Myanmar Steemit အဖွဲ့အစည်းများ များပြားလာခြင်းနှင့်အတူ အဖွဲ့ အစည်း စိတ်ဓါတ်များကလည်း ကွဲပြားလာကြပါသည်။
မူရင်း MSC မှ promotion ယူရန် တင်းကျပ်သော စည်းကမ်းများကို လိုက်နာရသည့် အပြင် အဖွဲ့အစည်းများ၏ စည်းကမ်းများလိုက်နာရခြင်း voting ပေးကြရတွင် 0% များဖြင့် ပေးကြခြင်း ၊ အဆိုးဝါးဆုံးမှာ MSC မှ promotion များကို နောက်ထပ် အကောင့်တုများဖြင့် ရယူရန် တိုက်တွန်း ကြသည့် အပြင် ပြင်ပ စာအုပ်များမှ စာ ဆောင်းပါးများကူးယူ လျင် cheetah မမိနိုင်ဟူသော လမ်းညွန်းချက်များပါ သင်ကြားပြသနေကြသည်မှာ မိမိတို့ MSC ၏ ရည်ရွယ်ချက်နှင့် ဖီလာဆန့်ကျင် ဖြစ်လာ၍ ဤသို့ ရေရှည် ဆက်သွားရန် မသင့်တော် သော အနေအထားသို့ ရောက်ရှိလာသော ကြောင့် promotion အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပါသည်။
ယခင် promotion ယူနေသော အကောင့် များတွင် အကောင့် တုများ ၊ ပြပ စာအုပ်မှ ကူးချနေသူများ တွေ့နေရသော်လည်း ရကြပါစေတော့ ဟူ၍ လွှတ်ထားပေးကြခြင်းဖြစ်ပါသည်။ မသိမဟုတ် သိပါသည်။ Myanmar Steemit Community အနေဖြင့် အခြားသူများ အဖွဲ့ခွဲ ဖွဲ့ ခြင်း အပေါ်မည်သို့ မျှ တားမြစ် ပိုင်ခွင့် မရှိသလို တားလည်း မတားမြစ်ပါ။ ဤSteemit Platform ပေါ်တွင် ကိုယ်ပိုင်းအရေးအသားဖြင့် post တင်နေကြသူ အများအပြားကျန်ရှိနေပါသေးသည်။ MSC အနေဖြင့် မည်သူမည်ဝါကို မှ ကူညီပါမည်ဟု ကတိမပေးထားသလို မည်သူမည်ဝါမျှ ကိုလည်း MSC သို့ ဝင်လာကြပါဟု ဖိတ်ခေါ်ခြင်း မပြုလုပ်ခဲ့ပါ။
သို့ သော် MSC numbers ရပြီးသူတိုင်းလည်း promotion နှင့် ထိုက်တန်ပါသည်ဟူ၍ လည်း မှတ်ယူ၍ မရလောက်အောင် အခြေအနေဆိုးဝါး လာနေသောကြောင့် နောက်နှောင်တွင် အရည်အချင်းရှိသူ MSC နှင့် ထိုက်တန်သူများကိုသာ ရွေးချယ် ၍ နေ့စဉ် promotion ပေးသွားပါမည်။ Steemit Platform ပေါ်မှ promotion သည် အလွန်ကောင်း မွန်သောကြောင့် လူတိုင်းနှင့် မထိုက်တန်ပါ။ ထိုက်တန်သူများ ပိုမို ရစေရန်သာ အကောင်းဆုံး လုပ်ဆောင်သွားပါမည်။
မိမိကိုယ်ကို promotion နှင့်ထိုက်တန်အောင်ကြိုးစားကြပါရန်သာ အကြံပြုလိုပါသည်။ ထို့အပြင် MSC သည် မည်သို့ သော အဖွဲ့ အစည်းတွင်မှ ပါဝင်ပါတ်သက်ခြင်းမရှိသလို ပြင်ပ steemit အဖွဲ့အစည်းတွင် ပါဝင်သူ မည်သူမျှ ကိုလည်း MSC မှ အသိအမှတ် ပြု မည်မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် MSC မှာ ကိုယ်ပိုင် ရည်ရွယ်ချက် ၊ ကိုယ်ပိုင် Admin Team ၊ ကိုယ်ပိုင်စည်းကမ်းချက် များဖြင့် မိမိအဖွဲ့ဝင် တို့ကို မြှင့်တင်ပေးနေသော အဖွဲ့ ဖြစ်ပါသည်။
ထို့ကြောင့် ပြင်ပ Myanmar Steemit အဖွဲ့အစည်းတွင် ပါဝင်နေကြသူများကလည်း MSC တွင် ပါဝင်ပါတ်သက်ခြင်း မပြုကြပါရန် မေတ္တာ ရပ်ခံလိုပါသည်။ အဘယ်ကြောင့် ဆိုသော် မလိုလားအပ်သော ပြသနာများ မဖြစ်စေရန် နှင့် မိမိတို့ အဖွဲ့အစည်း စည်းကမ်းများ လိုက်နာပြီး မိမိတို့ အဖွဲ့ အစည်း တိုးတက်ရာတိုးတက်ကြောင်း သာလုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။ ထို့အတူ MSC မှ ပြန်လည် ရွေးချယ်ထားသူများကလည်း မည်သို့ သော ပြင် ပ Steemit အဖွဲ့အစည်း တွင်မှ ပါဝင်ပါတ်သက် လိမ့်မည် မဟုတ်ကြောင်း MSC မှ အာမခံပါသည်။
လက်ရှိတွင် MSC စည်းကမ်းများကို ပြန်လည် ပြင်ဆင်နေပါသည်။ ဤကဲ့သို့ အလွန်အကျိုးရှိသော post promotion ကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ရသောကြောင့် MSC မှ ဝမ်းနည်းရသလို ကျွန်တော် Henry Aung အနေဖြင့်လည်း အလွန်ဝမ်းနည်း ပါသည်ဟုသာ ပြောကြားလိုပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
MSC အတွင်းမှာ အချောင်သမားတွေ ၊ သူများလို ကြိုးစားလို စိတ်မရှိ သူတွေ လှိုက်စားနေခဲ့တာ ကြာနေပါပြီ။ တကယ်ကြိုးစားရေးနေသူ တွေ ရှိနေလို့ ကြည့်နေတာ။ တချို့ကလည်း ကိုယ့် ကိုယ်ကို ဟုတ်လှပြီ အောက်မေ့ပြီး ငြိမ် နေတာ။ wallet history ကြည့်လိုက်ရင် အကုန်တန်းတွေ့နိုင်တယ်။ ဘယ်သူတွေ ဘာလုပ်ပြီး ဘယ်အချိုးတွေချိုးကြတယ်ဆိုတာ။ ဒီလှိုက်စားနေတဲ့ ပုပ်နေတဲ့အနာကို ခွဲစိတ်ဖြတ်တောက်ရာမှာ ကောင်းတဲ့ အသားစတွေလည်း ပါသွားမယ်ဆိုတာသိတယ်။ သွေးစိမ်းတွေထွက်ပြီး နာကျင်ရမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒါကို အခု မဖြတ်ထုတ်ရင် အနားဟာ တဖြည်းဖြည်း ကြီး လာပြီး ပိုပို ဆိုး ဝါးလာ ရင် တခြား အရေးပါတဲ့ ကိုယ်လက် အင်္ဂါတွေပါ ဖြတ်တောက်လာရလိမ့်မယ်။ အနာ သေးနေတုန်း ခွဲစိတ်ဖြတ်တောက်ပြစ်ရတာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကို henry aungရှင့် ညီမ့က အခုမှ စလုပ်တဲ့ လူသစ်တွေပါ မေးချင်တာလေးရှိ့ပါ အခု postတင်တဲ့ အပေါ်မှာ ကျမ့က နည်းပညာပိုင့်း ပတ်သတ်တဲ့postတွေတင်တာများပါတယ် အဲ့လိုတင်တဲ့အပေါ်မှာ ညီမ့အနေ့ မှီးငြမ်းရေးသားရတာလေတွေရှိပါတယ် ညီမ့ ရေးတဲ့ နည်းပညာဆိုသည်မှာ အခြားသော နည်းပညာပိုင်းတွေ့ကွဲလွဲ ရေ့းမရပါ ဒါပေသိ ညီမ့သည် အလုံးစုံ copy ကူးချနေခြင်းလုံးဝမဟုတ်ပါ ကိုယ်သိသောအရာကို သူများလဲ ပိုမိုနားလည်စွာသိရှိနိုင်ရန် အတက်နိုင်ဆုံး ကိုယ့်နည်းကိုယ့်ဟန့်ရေးသားနေတာဖြစ်ပါတယ် ဒါကို တ့ MSCအ့သာ့းမှတွက copyကူးရေးသည် ဆိုသော ယူဆှုအတွက် စိတ်မကောင်းပါဘူး နည်းပညာဆိုတာ အလုံးစုံ ကွဲလွဲရေ့းမရပါဘူး လူတစ်ယောက်နားလည်နိုင်စွမ်းရှိနိုင်မယ့်ပုံစံ့ ထိထိမိမိရေးမှသာ နားလည်နိုင်မှာပါ နည်းပညာပိုင်းရေးတဲ့အခါမှာ တခြားစာတွေလို အရမ်းကိုးကာ့းမကောင်းပါဘူး အရမ်းကိုးကားလိုက်တဲ့အခါမှာ တစ်ဖက်လူ နားလညှ်ုလွဲနိုင်ပါတယ် အခုရေးတဲ့စာမှာ အမှားပါရင်ခွင့်ွှတ်ပါအကို စာလေးဖတ်ပေးပါ ကျမ့က ဝန်ထမ်းတွေဖြစ်တဲ့ အတွက် ကိုယ့်အနီးစပ်ဆုံး postကိုပဲရေးတင်ချင်ပါတယ် အ့အနေ့ ညီမပြောတဲ့အပေါ်မှာ ကြံညဏ်လေးများရှိရင်ပေးစေချင်ပါတယ် ညီမ့ကတော့ နည်းပညာ postပဲ ကောင်းကောင်းရေးတက့်ပါ ဘာဆက်လုပ်သင့်လဲပြောပြပေးပါ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နည်းပညာတွေ အကြောင်းကို ရေးရာ မှာ အားလုံးစုံ တူသွားနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါ။ ဒီနည်းပညာပဲ ဖြစ်၍ တူသွား နိုင်သည် ဆိုခြင်းမှာ လည်း မဖြစ်နိုင်ပါ။ မိမိတင်ပြပုံ အပေါ်မူတည်၍ အများနှင့် မတူအောင် ကွဲလွဲ ရေးလို့ ရပါသည်။ ဥပမာပြပါမည်။ ကျွန်တော့်အနေဖြင့် Steemit နည်းပညာအကြောင်း ရေးနေသည်မှာ အားလုံးအသိ ဖြစ်ပါသည်။ ထို့ အတူ ဆရာတင်လှိုင်လည်း လူသစ် များအတွက် Steemit နည်းပညာ အကြောင်း ရေးသားခဲ့၊ ရေးသားနေဆဲ ဖြစ်ပါသည်။ ဒီနည်း ပညာတခုတည်းကို ရေးသားနေသော်လည်း ကျွန်တော်တို့ ၏ တင်ပြပုံ မတူပါ။ နည်းပညာ ဟု ဆိုရာတွင် အလွန်ကျယ်ပြန့်လှ၍ အကြောင်းအရာတခုတည်းကို အသေးစိတ်ရေးမည်လား အနုစိတ်ရေးမည်လား ၊ အကြမ်းဖျင်း အခြေခံ ရေးမည်လား အများကြီးကွာခြားပါသည်။ ထို့အတူ မိမိ မည်သို့ မည်ပုံ တင်ပြမည် ကလည်း အရေးကြီးပါသည်။ ဟသ သဘော နှော၍ တင်ပြမည်လား သို့ မဟုတ် ပညာရပ် ဆန်ဆန် ရေးသားတင်ပြမည်လား အများကြီး ရွေးချယ်နိုင်ပါသည်။ သည်နည်းပညာကိုသာ ဖေါ်ပြရ၍ အခြားသူများရေးထားသည်နှင့် တူနေရပါသည်ဆိုသည်မှာ ကျွန်တော့် အမြင်ကတော့ အကြောင်းပြချက်ပေးနေသည်ဟုသာ မြင်ပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကို henry ရှင့် စာတွေက fontမမှန်ပဲ့ရေးထားတာ့ ဖြည့်စွက်ဖတ်ပေးပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
myanmar ဟာ ခေါင်းစဉ်ကွဲခဲ့ပါပြီကိုဟင် ညီမ ဒီမန့် ကို ရေးသားချိန် စိတ်မကောင်းများစွာဖြစ်ရပါတယ် ညီမဟာ ကိုဟင်နဲဆရာ ဖေးမမှုကြောင့် ဒီနေရာရောက်ခဲ့သူပါ ပြီးတော့ အားနည်းသူ hfs တွေရဲ့admin ပါ ညီမဟာ အားနည်းတဲ့မြန်မာတွေနဲ့ပဲ ဆက်ရပ်တည်ပါ့မယ် သူတို့ ကို ပစ်မချထားရက်လို့ ပါ msc ဟာ ညီမ တယောက်လျော့လည်း ဘာမှမဖြစ်ပါဘူး hfsဟာ ညီမ ထွက်ရင် အားငယ်ကုန်ကြမှာပါ ပစ်မထားရက်ပါဘူး ညီမဟာ cartoonist တယောက်ပါ အားငယ်သူ မှန်ကန်သူပြည်သားတွေနဲ့တသားတည်းရပ်တည်ရပါတယ် ဒါcartoonist တွေရဲ့ဘဝပါ အားနည်းသူတွေပစ်မထားနိုင်လို့  ညီမ msc ကနှုတ်ထွက်ပါ့မယ် ဒါဟာ ကိုဟင်နဲ့ဆရာတင်ကို ဆန့် ကျင်စိတ် စော်ကားစိတ်မရှိပါဘူး ညီမကိုနားလည်ပေးပါ အကိုတို့ ဟာ ညီမရင်ထဲထာဝရရှိနေမယ့်သူတွေပါ တဖက်က ဆရာ တဖက်က မျှော်လင့်ချက်မဲ့နေတဲ့အားနည်းသူတွေ မို့ ညီမ ရွေးချယ်ရခက်ပါတယ် msc အတွက်ညီမ မရှိလည်း သိပ်အကျိုးမယုတ်ပါဘူး hfs ကတော့ အနှိမ်ခံနေရသူတွေမို့  ညီမရပ်တည်ပေးဖို့  လိုအပ်ပါတယ် ခွင့်လွှတ်နားလည်ပေးပါ ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားပါလေ…ညီမ…
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီ ညီမ။ MSC ဟာ မည်သူ့ကိုမှ ဝင်လာလှည့်ပါ ဇွတ် ဆွဲမခေါ်ခဲ့သလို ဝင်ရောက်လာပြီးသူများအားလည်း အကြောင်းမဲ့ ထုတ်မပြစ်ခဲ့ပါ။ စည်းကမ်း ချမှတ်ထားသည့် အတိုင်း မလိုက်နာနိုင်သူ ဖြစ်ပါက Admin များကအစ MSC မှ ရာသက်ပန် ထုတ်ပြစ်ပါသည်။ ညီမ အနေဖြင့် အားနည်းသူများဘက်က ရပ်တည်ရန်MSC မှ ထွက်သွားလိုပါသည်ဆိုလည်း တားမြစ်မည် မဟုတ်ပါ။ အကြောင်းမှာ Steemit Platform ပေါ်တွင် လျှောက်လှမ်းရာတွင် အားနည်းခြင်း များခြင်းက အဓိက မကျပါ။ စည်းလုံး ညီညွတ်ခြင်းနှင့် ရည်ရွယ်ချက် ပန်းတိုင် တခုတည်း ကို ယုံကြည်စွာ လျှောက်လမ်းနိုင်ခြင်းက အဓိက ကျပါသည်။ Community ကိုခေါင်းဆောင်ပြီ ယုံကြည်ချက် ပြည့် မြောက်အောင် အလုပ်လုပ်တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးများထက် အများ သဘောထားကို ကြည့် နိုင်ရမည် ဖြစ်တဲ့ အတွက် အစ်ကို အခုလို ဆုံးဖြတ်ရခြင်းပါ။ ညီမပြောတဲ့ အားနည်းသူ ၊ မျော်လင့် ချက် မဲ့သူ များ ဆိုတာ MSC အနေဖြင့်လည်း အောင်မြင်နေသည့် အဖွဲ့ အစည်း တခု ဖြစ်နေပြီ မဟုတ်ပါ။ Foundation မှာပင် ယိုင်နဲ့ နေသော မသမာသူများ ၊ အလွယ်လိုက် အချောင်သမားတွေကြားထဲကနေ တကယ်လွတ်မြောက်လိုသူ လူငယ်မောင်မယ်များကို ဆွဲ ခေါ်နေရဆဲ အဆင့်သာရှိပါသေးသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နဂါးနီတန်ခိုးနဲ့အမျိုးဂုဏ်တက်စေသည်၊လား ...သူခိုးအကုန်ဖြစ်နေပြီလားပြောတတ်တော့ဘူး၊ကျွန်တော့် ရဲ့ကိုယ်ပိုင်အမြင်အရပြောရရင်တော့ အရည်အတွက်ထက်အရည်အချင်းက အရေးကြီးတယ်ထင်တာပဲ၊ ဥပမာ လူ ၃၀ ပဲရှိတယ် ၊ power က 0.1 လောက်ပေးနိုင်ကြတယ်၊ အားလုံးအပြန်အလှန် vote ရင် 2$ လောက်တော့ရမယ်၊ ၃ ရက်တစ်ကြိမ် ပို့စ်တင်မယ် ၊ ကျန်တဲ့ရက်မှာလူသစ်တွေထဲက တော်တဲ့သူမှန်တဲ့သူရှာပြီး vote မယ် ပြီးရင် Power မြင့်လာတာနဲ့ လူ၃၀ အုပ်စုတစ်ခုထပ်ဖွဲ့ပေးလိုက်မယ်။ ကိုယ်အဖွဲ့ကိုယ် ကိုယ်ဘာသာထိန်း သူများကို 0.00$ နဲ့ voteပြီး လုပ်နေရင် ထုတ်ပစ် ။ေ ပြာကြည့်တာပါ။ကောင်းမလားလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်ဆရာ၊ အဲဒီလို ရပ်တည် ခိုင်းတဲ့ နေရာမယ် အခြားအဖွဲ့ ဝင်ထားသူတွေက လည်း သူတို့ အဖွဲ့ စည်းကမ်းအတိုင်း လိုက်နာရာမှာ voting power မလောက်ကြ၍ 0% voting တွေ ဖြစ်လာကြတာပါ။ အဓိကတော့ power down ကြခြင်းနဲ့ မိမိ SP ကို delegate လုပ်လိုက်ကြတဲ့ အတွက်ပါ။ ဆရာတွက်ပြသည့် အတိုင် ကိုယ့် Group ထဲမှ လူအယောက် ၃၀ ခန့် မျှမျှ တတ vote ကြလျင်ပင် 2$ လောက်ရနေပြီး promotion ပေးလိုက်လျင် အနည်းဆုံး 6$ လောက်အထိ အသာအယာ ယူနိုင်ကြပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
myanmar tag တော့သုံလိုရမလား အကို၊ pro တင်ဖို့မပြောပါနဲ့ msc no တောင်မရလိုက်ပါဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖွဲ့အစည်းတစ်ခုတွင် လူမညီလျှင် သော်လည်းကောင်း၊
စည်းကမ်းမလိုက်နာလျှင် သော်လည်းကောင်း၊
စာရိတ္တမကောင်းကြလျှင် သော်လည်းကောင်း အဆိုးဘက်သို့
ဦးတည်ပါလိမ့်မည်။ မြန်မာနိုင်ငံသားအားလုံး ညီညွတ်
စည်းလုံး အင်အားတောင့်တင်း စေလိုသော်လည်း ဝိဝါဒ
ကွဲပြားသူများဖြင့်ကား မအောင်မြင်နိုင်ခြေ။
စိတ်များဖြင့် ရှေ့ဆက်နေရသောကြောင့် ပရဟိတစိတ်ဖြင့်
ကူညီလိုသော်လည်း စေတနာပျက်စေသောသူများကိုတော့
တချိန်မဟုတ်တချိန် စိတ်ပျက်မိပါလိမ့်မည်။
သို့သော် ခရစ်တော် အယူအဆအရ "အစေခံခေါင်းဆောင်"
လို ကျင့်ကြံနိုင်လျှင် ပိုမြင့်မြတ်ပါမည်။
မြန်မာတွေ အနေဖြင့် သူတလူငါတမင်း အဖွဲ့တွေခွဲ ခေါင်းဆောင်တွေ
လုပ်ကြဖြင့် အပြိုင်အဆိုင်တွေ ရှိကြပါသည်။ ကောင်းသော
တိုးတတ်စေသောပြိုင်ဆိုင်မှုသည် ကောင်းမြတ်သော်လည်း
အခြားသူအား ပျက်စီးစေလိုသောယှဉ်ပြိုင်ခြင်းမှာ ယုတ်ညံ့လှပေသည်။
မိမိအနေဖြင့် ယခုမှ စအသုံး ပြုသူဖြစ်၍ MSC တည်တံ့အောင်မြင်
ပါစေဟု ဆုတောင်းရုံမှတပါး မိမိ ဝါသနာအရ စာရေးခြင်း၊
ဖတ်မှတ်ထားသော အောင်မြင်ရေးစာပေများကို စုတု ပြု ပြန်လည် မျှဝေ
ခြင်းများဖြင့် လုပ်စရာရှိတာ ဆက်လုပ်သွားဖို့သာ ရှိပါသည်။
ကျေးဇူးတင်ပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော် လူသစ်ပါဗျာ steemit မှာ ကြိုးစားချင်ပေမဲ့ ဘယ်ကစရမှန်းမသိဖြစ်နေတယ် ကူညီနိုင်ရင် ကူညီပေးကြပါ။ တကယ်ကြိုးစားလုပ်လိုပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုရေ ကျနော်ကခုမှစတဲ့လူသစ်ပါဗျာ. အကူအညီရမလာလို့လိုက်ရှာဖွေရင်း ဒီစာကိုဖတ်မိတော့ စိတ်ဓာတ်ကျတ်ာဗျာ. မြန်မာအချင်းချင်းလက်တွဲကူညီပေးကြစေချင်ပါတယ် ကျနော်ကိုယ်တိုင်လဲကြိုးစားဖို့စိတ်အားထက်သန်နေပါတယ်. မှန်ကန်တဲ့လမ်းပြတွဲခေါ်မှုလေးတော့မျှော်လင့်မိတယ်ဗျာ. 😣
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကူအညီ ရပ်ဆိုင်လိုက်ရသော အခြေအနေသို့ ရောက်လိမ့်မည် ဆိုသည်ကို ကြိုသိခဲ့ပါသည်။ အဘယ့်ကြောင့်ကြိုသိနေပါသနည်း။ မြန်မာလူမျိုးများ ဖြစ်နေသောကြောင့် ကြိုသိနေရခြင်း ဖြစ်ပါသည်။ အဲ့စကားအမှန်ဆုံးနဲ့အကြိုက်ဆုံးဘဲဗျာ။ ယခင် ယခင်တုန်းကလည်း GPတွေခွဲပြီ လုပ်ခဲ့ကြတာ ကြုံခဲ့ဖူးတော့ မြန်မာလူမျိုးအကြောင်း ကောင်းကောင်း သိခဲ့ပါပြီ။ အစ်ကို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ မှန်ကန်သော ဆုံးဖြတ်ချက်ပါ။ ကျေးဇူပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာလူမျိုးဆိုတာ အကြံတူရန်သူ သဘောထားကြတဲ့ လူမျိုးဖြစ်ကြောင်း ပြသနေကြတာပဲဗျ
ဒီနေရာမှာ တရုတ်လူမျိုးတွေ ကျင့်သုံးကြတဲ့ စကားတစ်ခွန်းရှိပါတယ်
အကြံတူတယ်ဟုတ်လား လာခဲ့လေ ပူးပေါင်းလုပ်ကြတာပေါ့ တဲ့
ဘာမှမပြောလိုတော့ပါဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းဖို့ဖြစ်လာတယ်လို့ပဲ မျော်လင့်ပါတယ် အကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးအနေအထားဖြင့်ပါဝင်ပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးတွေဖြစ်လာပါစေလို့ဆုတောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေတနာနဲ့ ရည်ရွဟ်ချက်ကောင်းတယ် ဆိုတာ
အစကတည်းက နားလည်ထားပါတယ် Bro ။
ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်
ရာမှာ မဟာဗျူဟာတို့ နည်းဗျူဟာတို့ က
အဓိကကျပါတယ်လို့ ထင်မြင်မိပါကြောင်း။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ကယ်ရေးသားသူများသာ
Proရသင့်တဲ့အတွက်
လုပ်ဆောင်သင့်ပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထောက်ခံပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုနဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်ဗျာ ။ မြန်မာစတီးမစ် user များ လမ်းမှန်ကို မြန်မြန်သိလာကြပါစေလို့ ဆုတောင်းမိပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့သောကြောင့် ၀မ်းမနည်းတော့ပါ ကန့်လန့်တိုက်သောမြန်မာတို့အားထားခဲ့သင့်ပါတယ် အချောင်သမားများအတွက် ၀မ်းမနည်းပါ သို့သော် အမှန်အကန်ကြိုးစားသူများအတွက်တော့ အလွန်ဝမ်းနည်းမိပါတယ် အချောင်သမားများကြောင့် မြန်မာပြည်ပျက်စီးနေသည်မှာ နှစ်ပေါင်းရာချီလာပါပြီ ဒါပေမယ့် ပြုပြင်လိုစိတ်လုံးဝရှိပုံမရပါ အချောင်သမားများအတွက် လုံးဝ ၀မ်းမနည်းမိပါဆာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit ပေါ်ပျောက်နေမိတာ အတော်ကြာသွားပြီ။ ပြန်လာခဲ့ပါမယ်။ြိကိုးစားပါ့မယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
very nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖျက်အမှောင့်ဆိုတာတော့ ရှိစမြဲပါပဲအကိုရေ..အခုလိုစစ်ချတာကောင်းပါတယ်ဗျာ.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၂ခါမြောက်ဖြစ်ပြီပေါ့ကိုဟင်
ကျွန်တော်တို့မှီတာ
အဆင်ပြေပါစေဆုတောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီညွတ်ပါ့မယ် ပညာတစ်ခုခုရတဲ့ post တွေပဲတင်ပါ့မယ် ၂ပါတ်ပဲရှိသေးတယ်ရောက်တာ ခုရပ်လိုက်တော့ တော်တော်ကိုစိတ်မကောင်းဖြစ်ရတယ်ဗျာ နောက်proအစီစဉ်မှာစည်းစည်းရှိရှိနဲ့ပါဝင်နိုင်အောင်ကြိုးစားပါ့မယ် အစ်ကို ကျေးဇူးပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဇာရေ…ကျနော့မှတ်မိလား သိဝူး…
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိမယ်ထင်တယ်
https://www.facebook.com/profile.php?id=100008725591180
FB joy လိုက်လေ တွေ့ကြမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရာရာအတွက် ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်
ပညာတခု ရစေမယ့် post ဘဲတင်ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကာင်းဆုံး ဖြသ်လာစေဖို့ ဆန္ဒပြုပါတယ် ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပေါ်ဆုံး တစ်ယောက်က ဘယ်သူလား do
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူများတွေတောင် မြန်မာလိုရေးထားရင် ပြန်ကူးတင်လို့ရတယ်လို့တွေးနေကြပြီလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်ကို ဝမ်းနည်းမိပါတယ် ကိုဟင်ရေ
အချောင်ခို သမားတွေ၊ ကူညီနေသောသူတွေတောင် မထောက်ဘဲ ဆဲဆိုရမ်းကားနေကြတာ တော်တော်ဆိုးတယ်ဗျာ တကယ်ကို မြန်မာလူမျိုးတွေ သိက္ခာ ကြတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစစ်မှန်တဲ့သူတွေပဲ ကျန်ပြီး
ဆရာဟင်ရဲ့ဦးဆာင်မှုအောက်မှာ ပြန်လည်နိုးထပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
So sad.
No words to say.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာရေးလို့ရေးရမှန်တောင် မသိအောင်ပါပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံး ဖြစ်အောင် ရွေးချယ်ခဲ့တဲ့ ဖြစ်တဲ့ အတွက် ဝမ်းနည်းပေမဲ့  ခုထက် ပိုမဆိုးခင် ဆုံးဖြတ်လိုက်တာကို ကြိုဆို ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထပ်တူထပ်မျှပါပဲ😪😥
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမထဲတော့ အချောင်သမားလို့ ထင်သူ အကုန်ထုတ်😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ
အကိုတို့စေတနာကိုနားလည်ပြီးသားမို့တက်နိုင်တဲ့အင်အားလေးနဲ့ကြိုးစားရေးပြီးပဲတင်ခဲ့ပါတယ်။အခုလိုလုပ်တာလည်းရေရှည်ကောင်းဖို့ဆိုတာယုံကြည်ပြီးသားပါအကို။ စည်းကမ်းလိုက်နာပြီး အမြဲကြိုးစားဖို့ အသင့်ပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထပ်တူပါပဲ မြန်မာလူမျိုးများ ရေသာခိုအချောင်လိုက်ချင်စိတ်များ ပပျောက်ကြပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခြုံငုံသုံးသပ်ရင်တော့ အားလုံးအတွက် ဝမ်းနည်းစရာပါ သို့ပေမယ့် အားလုံးတစ်လမ်းတညိး ဆက်လျှောက်ဖို့ အပြောင်းအလဲဖြစ်မယ် ယုံကြည်နေပါတယ် ဒါကြောင့် ဒီကြော်ငြာချက်ကို ကြိုဆိုပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
So sad
No words how to say
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
fightihg ပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ်။ဘာပြောလို့ပြောရမှန်းကို မသိတော့ပါအကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စည်းကမ်းချက်တွေဘယ်လိုပဲတိုးလာတိုးလာ မူရင်အဓိပ္ပါယ်ကတော့ ဒါပါပဲ။ copy မလုပ်ရဆိုတာ အရင်ထဲကသိပြီးသားအကြောင်းအရာတွေပါပဲ။ ကျွန်တော်မဖားတတ်ပါ။msc rules အနေနဲ့ ယခုထိ မဖြစ်သင့် မဖြစ်ထိုက်တာ တခုမှမတွေ့ရှိသေးပါ။ ယခု pro ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်ပါဝင်ခွင့်ရမဲ့သူနဲ့ မရတော့မဲ့သူဆိုတဲ့ကိစ္စအတွက် လဲ စထဲက ကစည်းကမ်းလိုက်နာခဲ့ရင်ဘာပြဿနာမှ မရှိပါ။ပြီတော့ proနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် လုံခဲ့ရင် ခုကိစ္စအတွက် တွေးကြောက် စရာတခုမှမရှိပါ။ ကူးခဲ့သူများအနေဖြင့် မစစ်မှန်သူများအနေဖြင့် တော့ကြောက်ကြပါလိမ့်မယ်။ ကိုယ်ဘာတွေလုပ်ခဲ့လဲ ဘယ်လိုကူးခဲ့လဲကိုယ်တိုင်အသိဆုံးပါ။
Power downပြီရောင်းစားတဲ့ကိစ္စကို အကိုဟင်နရီအနေနဲ့လဲပြေားသင့်ပါတယ်။ ဟုတ်ပါတယ် တစ်ပက်တခါ ဖြစ်စေချင် စထဲက ရည်ရွယ်ချက်ရှိရှိ prပေးပြီးလို့ 1sbd upခိုင်းတာကိုသိရက်နဲ့ ထုတ်ရောင်းနေတာတွေရှိတယ်ဆိုတာက
အဲ့လူက အတွေးအခေါ်တုံးတာလား ... တခြားလူတွေကိုတုံးတယ်ထင်တာလားမသိပါဘူး။ ဖြစ်သင့်လား မဖြစ်သင့်လား ဦးနောက်ရှိတဲ့လူတိုင်းနားလည်တယ်။
တခြားgpမှာပါဝင်ပတ်သတ်မှုအနေနဲ့ တော့ မပြေားလိုပါ။
ကျွန်တော်အနေနဲ့ သိတာတော့ gp နစ်ခုမာဝင်နေရင် $ပိုရမယ်ဆိုတာ ဟိုအရင်ထဲကသိတယ်။ ဒါပေမဲ့ သူသူကိုယ်ကိုယ် မကြိုက်တဲ့ကိစ္စပါ။ရှင်းရှင်ပြေားရရင် မည်သူနဲ့မှမခင်ပေမဲ့ အားနာတာကြောင့်ပါ။အဓိက ကတော့ စည်းပေါ့လေ။ သတ်မှတ်မထားပေမဲ့ တချို့ကျင့်ဝတ်တွေလို့ပဲ နားလည်တယ်။
-အထက်ပါ အ ကြောင်းအရာ နှင့်ပတ်သတ်၍ စည်းကမ်းချက် များသည် ကျွန်ပ်အတွက် ဘာမှ မထူးပါ။
MSCလဲစည်းကမ်းမတင်းကျပ်ပါ။ အကြောင်းအရာဘေားတရားကို နားလည်ရင် ဒါကဒါပါပဲ။ဦးနောက်လေးနဲ့ သူ့ဘက်ကိုယ့်ဘက်ချင့်ချိန်တွေးနိင်ကြပါ စေ။ ဆက် ရေးရင် ကျမ်းတစ်အုပ်စာထွက်လာမာမို့ ဒီလောက်နဲ့ပဲ စာကိုရပ်လိုက်ပါတယ်။
(အပြုသဘေားနဲ့ဝေဖန်ရုံသက်သက်ပါ မည်သူ့ကိုမှ မရည်ရွယ်ပါ)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်တော်တေ g3 ကွ😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားပီလေ…😄
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလိုကြီးပြေားရင် နေတတ်ဘူးဗျ😁ဘာပြန်မန့်ရမလဲမသိဘူး။ဘာပဲဖြစ်ဖြစ်ကျေးဇူးပါဗျ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
G3 ကွ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for respect💪
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
We are number 3.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူထက်ငါ ငါ့ထက်သူ သာတယ်နာတယ် ဆိုသည့် မနာလိုမုန်းထားခြင်းရဲ့ပယောဂတွေပါ။ အဆိုးထဲက အကောင်းဖြစ်ဖို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်တို့ Group 3 ကတော့ အ၇မ်းတော်ကြပါတယ် :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Your articles are very good. Which can understand the value of the SP. But friends can do more high to do SP. You can tell something about it
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းနည်းမိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကာင်းဆုံး ဖြသ်လာစေဖို့ ဆန္ဒပြုပါတယ် ဗျာ
အကာင်းဆုံး ဖြသ်လာစေဖို့ ဆန္ဒပြုပါတယ် ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူ့အလို နတ်မလိုက်နိုင်တဲ့ လူအများနဲ့ဆိုတော့ ထိန်းရခက်သားဗျ မြန်မာဆိုတော့ ပိုဆိုးတာပေါ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့စနစ် mscဖြစ်လာဖို့ကို မျှော်လင့်ပါတယ်အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုသတင်းတွေဖက်ရတာစိတ်မကောင်းဖြစ်မိတယ်အကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြုသဘောဆန်တဲ့ ပြောင်းလဲခြင်းလို့ မြင်မိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
https://steemit.com/donation/@joynalabedin/donate-for-humanity @kachinhenry
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSCတွင်ပါဝင်ဖို့ ကြိုးစားကြပါစို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit