Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း- ၃ ( ခေတ်စမ်း ) ( Henry Aung )

in myanmar •  7 years ago  (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ကျွနုပ်ကာ Myanmay Steemit ရွာသို့ ရောက်ကတည်းက အထူး အဆန်းများသာ ကြားနေရ၏။ အဘယ်သို့သော အထူးအဆန်းနည်း ။ ပြောပြပါမည်။ ယခင် ဆောင်းပါးတွင် ဒေါ်အေးဘှုံ ဆရာဒွန်ထံမှ ထူးဆန်းသော ထဘီ ကို အလို ရှိနေကြောင်း အပေါင် ဆိုင်ပိုင်ရှင် အပျို ကြီး @ayemomo ထံတွင် ရှိကြောင်း ကျွနုပ်ပြောပြခဲ့မိသည်ကို မှတ်မိကြသည် မဟုတ်လော။ မမှတ်မိလျင် ပြန်သွား၍ ဖတ်ကြပါကုန်။

အမှန်မှာ ဒေါ်အေးဘုံမှ အေးမိုမို ထံတွင်ရှိသော ထိုထူးဆန်းသော ထဘီကို အောက်ဈေးဖြင့် လာဝယ်ခြင်းဖြစ်၏။ SBD 10$ ပေး၏။ အေးမိုမိုကာ အပျိုကြီးပီပီ ဈေးကွက်ကို ကြိုမြင်ပြီး ဖြစ်၏။ ဒေါ်အေးဘုံကာ SBD 50$ အထိတက်ပေး၏။ အေးမိုမိုကာမရောင်း ။ ဒေါ်အေးဘုံစိတ်ပျက်လေပြီ။

ထို့နောက်ကာ အေးမိုမို မှ Myanmay Steemit ကျေးရွာသို့ တီးတိုး တီးတိုး သတင်းဖြန့် ၏။ မိမိထံတွင် ဆရာဒွန်ထံမှ ရသော ထူးဆန်းသော ထဘီရှိကြောင်း SBD 100$ ပေးလျင်ပင် မရောင်းနိုင်ကြောင်း သတင်းဖြန့်၏။ တရွာလုံးကာ စိတ်ဝင်တစားရှိချေပြီ။ ထိုထက်ထူးဆန်းသော သတင်းကာ ထိုထူးဆန်း သော ထမီနှင့် အတူထားသော အခြားသောထဘီ များတွင်လည်း power များကူးနိုင်သည်ဟု ဆိုသောသတင်းဖြစ်၏။

ထို ပါဝါကူးထားသော ထဘီမှာ လည်း ခြုံလိုက်လျင် လဒ မဖြစ်တောင် စာကလေး လောက်တော့ ဖြစ်နိုင်သည်ဟူလို။ အေးမိုမို ထိုသို့ သတင်းဖြန့်ပြီးနောက် သူ၏ အပေါင်ဆိုင်ကာ ထဘီ ပေါင်သူ များနှင့် လက်မလည် ၊ ထမင်းစားချိန်ပင်မရှိ။ ကိစ္စမရှိပါ ဒီလိုဈေးကွက် တဟုန်းထိုး ထိုးတက်ရန်မှာ မလွယ်။ မိုးရွာတုန်း ရေခံရမည် မဟုတ်တုံ့လော။

01.jpg

တရွာလုံးကာ အုတ်အော်သောင်းတင်း ရှိချေပြီ။ Myanmar Steemit ရွာ အတွင်းရှိ အမျိုးသမီး များဖြစ်ကြသော @myothuzar မျိုးသူဇာ ၊ @mamamyanmar မမမြန်မာ ၊ @suhlaing ဆုလှိုင် ၊ @eieikhaing အိအိခိုင် အစရှိသော အမျိုးသမီးများကလည်း မိမိတို့ ထဘီ အဟောင်းများ ဈေးကောင်း ရနိုင်သည်ဟူ၍ အေးမိုမို အပေါင်ဆိုင်သို့ ပြေးလေ၏။

ထိုအမျိုးသမီးမျာ်းမှာ လောဘမတတ်နိုင်ရကာ မိမိတို့ ဝတ်လာသော ထဘီ လည်း ချွတ်ပေါင်ကြ သောဟူ၏။ အားကစား ဘောင်းဘီများဝတ်လာ၍ သာတော်သေး၏။ မဟုတ်လျင် Myanmar Steemit ကျေးရွာကာ ခွေးတစီစီ ရှိချေ တော့မည်။ အေးမိုမို ကလည်း အပေါင်ခံ၏။ ထဘီ တထည် အပေါင်ခံလျင် SBD5$ သာပေး၍ ပြန်ရွေးလျင် SBD50$ ခန့်ပေးရ၏။ ရွေးလိုအားများလျင် ဈေးတက် တတ်၏။

ယခုတလော Myanmay Steemit ကျေးရွာတွင် Steem , SBD များ ဈေး ငြိမ်နေ၍ ထဘီ အဟောင်းဈေးကွက်သာ အတက်အကျ ရှိ၏။ ဤတွင် @yeyintkaw ရဲ့ရင့်ကျော် ကလည်း bitcoin နှင့် မချမ်းသာသမျှ ထဘီ ဟောင်းနှင့် ချမ်းသာစေ၍မည်ဟူ၍ ထဘီ အဟောင်းများသာ ဝယ်စုသောဟူ၏။ အကြံကြီးသော ရဲ့ရင့်ကျော်ပါပေ။ မောင်မင်းကြီးသာက ငါးပွက် ရာငါးစားချတတ်ပေ၏။ ဤသို့ ထဘီ ဈေးကွက် အုတ်အော် သောင်းတင်း ဖြစ်နေစဉ် ထို ဈေးကွက်ကို ထိန်းချုပ်လိုသူ @pyaesonekhinkhin ပြည့်စုံခင်ခင် ရောက် လာ၏။

02.jpg

ပြည့် စုံခင်ခင်မှာ ဆရာဒွန်ပေါင်ထားသော ထိုထူးဆန်းသော ထဘီ ကို မည်သူမျှ မပေးနိုင် သောဈေးဖြစ်သည့် SBD တသိန်းဈေး ဖြတ်၍ ဝယ်ယူလေပြီ။ အံ့သြ ဘနန်း ရှိလေစွ။ ဤကဲ့သို့ သော ထဘီ အဟောင်းတထည် အား အသပြာတသိန်း ပေးဝယ်သည်ဆိုခြင်းမှာ ရူးနေသူ မဟုတ်တုံ့လော။ ပြည့် စုံ ခင်ခင်ကာ ဂရုမစိုက် သူ့အကြံနှင့် သူရှိ၏။

အေးမိုမိုကာ ဝမ်းသာလုံးဆို့၍ တက်ချေပြီ။ သို့သော် ကံကြမ္မာ အပြောင်းအလည်းကာ မြန်လွန်းလှ၏။ အေးမိုမိုကာ ထို SBD တသိန်းထိုက်သော ထဘီ အားရှာမတွေ့တော့ချေ။ အပူလုံးကြွကာ တက်လေပြီ။ ဘယ်မှာမှ ရှာမရ။ ခက်ချေပြီ။ အရူးမီးဝိုင်း သကဲ့သို့ ရှိချေပြီ။

ထို့နောက် အေမိုမို မှ ထဘီ စွန်တောင်ဆွဲ၍ ကာလသားခေါင်း @nyinyiwin ခေါ်ကိုရွှေဘို အိမ်သို့ ပြေးလေ၏။ ကိုရွှေဘို အိမ်သို့ ရောက်သော် အသပြာတသိန်းထိုက်သော ထဘီ ပျောက်ကြောင်း တိုင်တန်းလေတော့၏။ ထို့နောက် ဤ Myanmar Steemit ကျေးရွာတွင် သူခိုးရှိ နေပြီ ဖြစ်၍ ဤမျှ လောက် အုပ်ချုပ်ရေး ညံ့ဖျင်း ရပါမည်လောဟု ကိုရွှေဘိုအား နှုတ်ခမ်းတလန် ပန်းတလန်နှင့် ရန်တွေ့၏။

( နှုတ်ခန်းတလန်ကို နားလည် သော်လည်း ပန်းတလန်ကာ ဘာမှန်းမသိ၍ ဆရာတင်လှိုင်ဦးအား မေးရချေအုံးမည် - ဤကာစကားချပ်) ကာလသားခေါင်း ကို ရွှေဘိုလည်း မနေသာတော့ပြီ။ ရွာနာမည် ပျက်ချေတော့မည်။ ဆေးတံကို ခဲကာ စဉ်းစားရလေပြီ။ ထို့နောက် လျိုဝှက်၍ ဒေးစွန်ပါတွင် တရားအားထုတ်နေသော ဆရာဒွန်ထံသို့ သွား၍ ထိုထူးဆန်း သော ထဘီ ၏ အရောင်အဆင်း နှင့် အနံ့တို့ ကို မေးရ၏။ ရွာအတွင်းရှိ ထဘီပေါင်းများစွာကို လှန်လှော်ကြည့်ရှုရ၏။

ရွာခံလူမိုက် သုံးဦးအားလည်း မျက်ချေမပြတ်စောင့်ကြည့်ရ၏။ လိုအပ်လျင် အဝတ်အစားအစုတ်တို့အား ဝတ်၍ ပလားစတစ် ကောက်သမား အယောင်ဆောင်၍ သတင်းတို့ကို ထောက်လှမ်းရ၏။ ဤသည်ကာ နှောင်တချိန် မြန်မာပြည် စုံထောက်လောကတွင် လွန်စွာမှ နာမည်ကြီး ၍ စုံထောက်တိုင်းက အတုယူထိုက်သော အမှုတွဲ တခုဖြစ်လာမည့် " ကာလသားခေါင်းကိုရွှေဘိုနှင့် Myanmar Steemit ကျေးရွာမှ ထူးဆန်းသော ထဘီ တထည်ပျောက်ဆုံးမှု " ဟူသော အလွန်နာမည်ကြီးသော အမှုတွဲ၏ အစပင်ဖြစ်ချေတော့၏။

03.jpg

ကာလသားခေါင်း ကိုရွှေဘို ခက်ခက် ခဲခဲ ဖေါ်ထုတ်ခဲ့ရသော ထို ထူးဆန်းသောထဘီပျောက်မှု ကို နှောင်အလျဉ်းသင့်လျင် ဖေါ်ပြပေးပါမည်။ အမှန်မှာ ဤကဲ့သို့ ထဘီဟောင်း ဈေးကွက်တခု ဖြစ်စေရန် အေးမိုမိုအား အကြံပေး၍ စနစ်တကျ ကြံစည်သူမှာ Myanmar Steemit ကျေးရွာ၏ ရက်ကန်းရုံ ပိုင်ရှင် 3 in 1 မယ်ကြည် ခေါ် @kyi ပင်ဖြစ်လေတော့၏။

တရွာလုံးရှိ ထဘီ များ အပေါင်ဆိုင်ရောက်မှ သူရက်ကန်းရုံမှ ထွက်သောထဘီ အသစ်တို့ ရောင်းရမည် မဟုတ်လော။ အကြံပိုင်သော မယ်ကြည်ဖြစ်၏။ Steemit တွင် တက်ကျမ်းရေးနေသူအပေါင်းတို့ မယ်ကြည့် ထံတင် စနည်းနာကြပါကုန်။ နောက်ဆောင်းပါးတွင် အဘယ်ကြောင့် 3 in 1 မယ်ကြည် ဖြစ်လာသည်ကို အသေးစိတ်ဖေါ်ပြပေးပါမည်။

ကျန်ရှိနေသေးသော Myanmar Steemit ကျေးရွာသူ ရွာသားများ အကြောင်းကို နောက်ဆောင်းပါးတွင် ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ငှယ် မလောက်လေး မလောက်စား ငါ့ကာလသားခေါင်းလုပ်နေတဲ့ ငါ့ရွာမှာ ဒလို မသာမှုတွေလက်မခံဘူးဟေ့ ။ ကွီးရွှေတဲ့ တစ်ရွှေထည်းရှိတယ် နှစ်ရွှေမရှိဘူးကွ( ရှိသမျှရွှေလေးတွေက ကိုသီဟ အရက်ဖိုရောက်ကုန်လို့ပါ ။ ကိုဟငိကိုရေးကွက်ထပ်ပေးခြင်းပါ။ ) ငါ့စုံထောက်ပညာ လာစမ်းသပ တွေ့မယ် မယ်ကြည် နင့်မသမာမှုကို ရအောင်ဖော်ပြမယ် ငှင်းငှင်း ။ ပြောရင်းစိတ်ထလာ၍ လက်စွဲတော် တံမြက်စည်းကိုဆွဲကာ ရွာတွင်းသို့ စုံစမ်းရန်ထွက်ခဲ့တော့သည်။ တံမြက်စည်း တရမ်းရမ်းဖြင့် ရွာလည်လမ်းတွင် ဖုတ်တထောင်းထောင်းရှိသတတ်။ ဝေးရာမှရှားကြပေတော့ ။

ခပ်ttနေမှပါ ကွီးရွှေမရိပ်မိအောင်လို့ 

အပြစ်ရှိရင်တော့ ခပ် tt နေလဲ မလွတ်ဘူးနော် ခိခိ။

ကွီရွှေ ပေါက်ကွဲ နေပြီဟေ့။

ဟီး ခလေးတေပျော်အောင် စပေးနာပါ့။ ဒါမင့် ထမီကိစ္စ ရပ်ကျော်ရွာကျော်ဖြစ်နာတော့ မကောင်းဘူး မိအောင်ဖမ်းမယ်။

  ·  7 years ago (edited)

ဟွင်းဟွင်း😇😇မဟုတ်ရပါပု ရွာလူကြီးရယ် 😊မယ်ကြည် အရိုးခံလေးပါ😋😋

ဟယ်ရီ shwe shwe ကွ
တံမြတ်စီးနှင့်

ထဘီ ပြောက်လိုက်ရှာ နေကြလို့လားမသိဘူး ဆရာ လူမိုက်ကြီးတွေ ထန်းတော့ဘက် လှည့်မလာဘူးဆရာရေ

အဲတော့ ညီလေး ထန်းရည် အလကားတိုက်ရတာ သက်သာသွားတာပေါ့။

ဘယ်​နား​ရောက်​ရင်​ ထပ်​အုပ်​ခံရမလဲ
ဖျားဖျား

ဟားဟား မပူနဲ့ ကသက်က ဇတ်လိုက်ကျော်ကြီးလေ

သွေးနည်းတာလား ကျားသက်ဇော်ရဲ့
ရွာခံ လူမိုက်ဆို
ကျန်ုပ်ထိုးပေးတဲ့ ကျားရုပ်မှ အားမနာ

မကြည်ဆီမှာ ရှယ်ယာပါထားမှဖြစ်တော့မယ်.. :D

ညီလေး အမြန်သွားသင့်တယ်။ မယ်ကြည်က အခု အသစ်ထုတ်မဲ့ ဒီဇိုင် အတွက် ICO ( initial coin offering) လုပ်နေတယ်။

မြန်မြန် ရှယ်ယာဝင်ထားမှ စိတ်ချရမေ@htetwaihin

ဟာ..လာပီ အမရေ..
ဒါမျိုးတော့ နောက်ကျမခံဘူး..
BOD ထဲထည့်ပေးနော်။ :P

can I also follow with you to steemit village ?

You may, of course... but do you have any relatives in Myanmar Steemit village..? I am having grate time with them because they are my relative.. have no worry ... i will introduce you one by one..

ကို Henry တယောက်လုံး ရှိတယ်လေ ဟဲဟဲ

ထမိန်ပေါင် နှိင်မှ follow ပါရန်
😂😂😂

အမလေး လန့်စရာကြီး ..

😂

ဟီးးးး 3 in 1 ကိုစိတ်ဝင်စားပီအကိုဟင်ရေ

လာမယ်လေ.. မင်းသမီး ကြီးက နောက်ဆုံးမှ ထွက်လာရမှာလေ။

ဟားးးးး မင်းသမီးလားဘာလားတော့မသိဘူး ဂရု ၃ မှာတော့ မမ မမ ဆိုပီ နာမည်ကြီးနေပီအကိုဟင်ရေ

အမယ် အမယ် သူ မမ မခေါ်ရလို့🙃🙃

ဟားးးးး သာအေး က ခေါ်စရာ မမရှိနေတာကိုးဗျ ဟီားးးးးးးး

ဟီးး အခု အဲဒီထမိန်ကြောင့် စာကလေးပျံဖြစ်မလားအတွေးနဲ့ဈေးပေးမိလိုက်တာပါ ။ မမမိုပျောက်နေတဲ့ထမီစုပ်ကို ကျေးဇူးတင်နေတာ ။ sbd ဈေးတက်နေတော့ မဝယ်ဖြစ်တာဘဲ good luck ဖြစ်နေတာအကိုကြီးရေ FB_IMG_1512082315934.jpg

SBD ဈေးကွက်ပျက်မှုနဲ့ စုံစမ်းနေတာ နင်လဲတရားခံတစ်ယောက်ပဲ ။ တံမြက်စည်းစာမမိချင်ရင် ရပ်တန်းကရပ်ပါ။ ပုံ / ကွီးရွှေ

တံမြက်စည်းကြောက်လို့  ကွီးရွှေမလာခင်ကထဲကြိုဖျက်ထားတာပါဆို ခ်ခ်

ဟွန်း တတ်ပ

ပြည့်စုံ က ထဘီဟောင်း ဈေးကွက် တခုလုံးကို လက်ဝါးကြီး အုပ်မလို့ ကြံနေတာ။

sbd ပွားမလားလို့ ကြံမိတာပါရှင့်

ထဘီ အရှုတ်တော်ပုံထဲ ရဲတီဟတို့လဲ ထဘီင်္ trading ချဦးမလားမသိ

မောင်ရဲလဲ လူမသိအောင် ဒိုင်လျို လုပ်တဲ့ ထမီဟောင်း ထရိတ်ဒင်းလုပ်တာ စုထားတဲ့ BTC လေးတွေပါ အကုန်ပြောင်ရော့မယ်။

ရဲသီဟ ကို သနားလို့ ခဏပေးနားထားတာ။ နောက်နှောင် ကြုံလို့ ရှိရင်တော့ ဘယ်ပြေးလွတ်မလဲ။

ထဘီအဟောင်းဝယ်အုံးမှပါ ကိုဟင်😂

အေးအေး ဝယ်ထားညီမလေး ၊ စာကလေးလောက်ဖြစ်ရလည်း မဆိုးဘူးပေါ့။

ဇတ်လမ်းရိုက်ပီး ရုံကြီးကားတင်ပေးပါ

ဟေး😉😉စမိပါပီဟေ့😍😍

ပါမနေနဲ့ နင်အမှုငါလိုက်နေတာ ပေါ်ဘို့သာပြင်( ထမီအမှုကိုပြောတာပါ ) ငှဲငှဲ

စမီး ရဲ့ အစွမ်းထက်ချက် ၊ နောက်ဆောင်းပါးမှာ ဖေါ်ပြပေးပါ့မယ်။

အို 😉😉ရွာလူရီးရယ် ဒါတမင် ထောင်ချောက်ဆင်တာပါချင့်ကြည့်ရက်ကန်းစင်က အဆင်တေက လှပီးသားလေ ဟုပုရား

ထဘီ အရူပ်တော် ပုံကြီး က နာမည်ကြီးးလှပြီဟေ့ မမ@kyi က သူ ထဘီမရောင်းရမှ ဆိုး လို့ အကြံ ကြီးလိုက်တာ အရေးယူပေးပါ ကိုရွှေ ရေ

မပူနဲ့ မောင်ဖြိုးရေ ဒီအမှုလောက်တော့ ကွီးရွှေ ချွေးမထွက်သေးပါဘူး ဟက်ဟက်။

အို🤗🤗မဟုတ်ရပါပုဂျာ မယ်ကြည် ကနေ့ ပျော်နေတယ်😁😁

ထမီတစ်ထည်တောင်အတော်ရှုနေတာ ထမီအများကြီးဆိုတော့ သေပီဆရာ

အမှန်က ဆရာဒွန်ရဲ့ လှည့်ကွက်တွေပေါ့။ ကိုရွှေဘို ဖေါ်ထုတ်လိုက်တဲ့ အမှုတွဲကြမှ အစအဆုံး ဖတ်ပေတော့

@pyaesonekhinkhin
လည်း အကြံကြီးတယ်နော်

received_213523655885032.jpeg

ခါထဲကြံမိတာပါအထွေးရယ်

ပြည့်စုံရဲ့ အကြံကို ဒီမှာ တခါတည်းဖေါ်ကောင်လုပ်လိုက်ပါတယ်။ အမှန်က ပြည့်စုံက original ထူးဆန်းတဲ့ထဘီကို သူသိမ်းထားမှာပါ။ ပါဝါကူးထားတဲ့ ထဘီနဲ့ သူမကျေနပ်တဲ့ သူတွေ ကို ထဘီနဲ့ လိုက်အုပ် စာကလေးဖြစ်သွားရင် ဖမ်း ။ များလာရင် ဘုရားပေါ်တက်ပြီး စာကလေးကုသိုလ် ဖြစ် လွတ်လို့ ရတယ်ဆိုပြီး တကောင်ကို 10$SBD နဲ့ ရောင်း ။ အဲစာကလေးတွေ လူပြန်ဖြစ်သွားရင် ထဘီနဲ့ ထပ်အုပ်၊ ပြန်ရောင်း။ ဈေးကွက် စီးပွားရေး အကွက်တွေပေါ့။ Original ထဘီသူဆီမှာ ရှိသရွေ့စာကလေး ဈေးကွက် သူ လက်ဝါးကြီး အုပ်လို့ ရပြီလေ။ အကြံပိုင်ချက်။ ခက်တာက ထဘီက ပျောက်နေပြီ။

ဟားး အဲ့အကြံလေးကို ကြိုက်တွားပီ ။ နောက်ထပ် ထမီဟောင်းရှာပုံတော်ဖွင့်ဘို့  မမကြည်နားကပ်အုံးမှပါလေ ။

ရှူးတိုးတိုး🤗🤗😜😜မမနဲ့ ခေးနဲ့ cheer🤔🤔

  ·  7 years ago (edited)

ဒိုမီလေးက ထမိန်သိုင်းတွေ ဘာတွေကျင့်နေပါဦးမယ်
ကိုဟင် လုပ်ပုံနဲ့
😂

ဟားဟား........ကိုယ်​​တွေ မပါ တာ ကံ​ကောင်း တယ်​​ဟေ့......

ဒလိုရှောင်လို့လွတ်မတဲ့လား။ မကြာမီလာမည်မျှော်။

ငင့် နားကပ်လေး လောက်
ဘဲ ပေါင်ပါရစေ

အနှစ်သာရ ရှိသော စာပေတေပါ တကား

သားလဲပေါင်ချင်တယ်

ပေါင်ချင်ရင် အေမိုမိုနဲ့ ဆက်သွယ်လိုက်လေ။ ဟိုက ထမီတွေ အပေါင်ခံတာ ညီလေးကဘာပေါင်မလို့တုန်း။

ပုဆိုးလဲပေါင်လို့ရမလားမေးကြည့်ဦးမယ် ပုဆိုးကိုရော ကူး လို့ရနိုင်မလားလို့ ငိငိ

ဖတ်​ပြီး ပါးစပ်​ပြန်​စိမရ​တော့ဘူး 😄

ထမီအကြာင်း အပိုင်း ၁ ရှာဖတ်လိုက်ပါဦးမယ် အစ်ကို ဇာတ်ရည် မလည်သေးလို့ပါဗျ

လက်စသတ်တော့ ထဘီဈေးကွက်က g3 sl မမကြည့်ရဲ့ စနက်ကို

အိမ်း ပိုးရေ😍😍ရက်ကန်းစင် အဆင်သစ်တေကျတေ လာကြည့်ပါအုံး

ဒီတခါ proလေးရရင်တော့ ပေါင်ထားတဲ့ ထဘီလေး ပြန်ရွေးအုံးမှပါလေ ရွာအလှူ ကလည်း နီးလာပြီဆိုတော့

အမြန်ရွေးထားတော့ ၊ ထဘီဟောင်းတွေ ဈေးတက်နေပြီ။

ပန်းဋီကာရေးရဦးတော့မယ်နဲ့တူပါရဲ့ဗျာ။

ဟုတ်ကဲ့ဆရာ။ ကျွန်တော် တကယ်ကို မသိတာပါ။

  ·  7 years ago (edited)

Bro sun နဲ့ fri ​နေလို့ ထုပ်​တယ်​​ပြောတယ်​...block ​ပေး​တော့လည်း ထုပ်​တာပါဘဲ......

Msc စည်းကမ်းနဲ့ အညီ​နေတာပါဗျာ
ဘာအမှားလုပ်​မိလို့လဲ..
Personal နဲ့ဆိုင်​တာလား...
စည်းကမ်းချက်​မှာ bro sun နဲ့ မပတ်​သက်​ရဘူးလို့ ထည့်​ထားတာမ​တွေ့ပါဘူး
ဖြည့်​စွက်​လိုက်​ကြပါဗျာ...personalနဲ့ စည်းကမ်းနဲ့ မ​ရောကြပါနဲ့ဗျာ bro sun ကိုလဲ ဘ​လော့လိုက်​ပီ...msc ကလဲ ပြန်​အထုပ်​ခံရတယ်​ တန်​ပါတယ်​ဗျာ....
Rule is rule
Personal is personal
So,do not fix means
Rule are personal

အောင်​မြင်​တိုးတက်​ကြပ​စေ

nice one

မြတ်စွာဖျားးး 😳😳

Good sayar!!you are perfect.. ......

Actually there is a lot of profits in the market. I look forward to crypto

:) @nannhtike's friend

အနှစ်သာရ ရှိသော စာပေတေပါ တကား

အကိုတို့ရေ ကျနော် အသစ်လေးပါ ဘယ်ကစလုပ်ရမှန်းမသိလို့ သင်ပေးကြပါအုန်းဗျ။

You can connect me at facebook messenger Bro.
Facebook name is also Don Jaun.
I waiting you.

ဟုတ်အကို

Wow very very beautiful photography
Thanks @kachinhenry
Have a great day

hi, how are you friends. long time i did not visit your blog.? hope you continue to succeed ...

ဤသို့ ဖြစ်သွားစေရန် ကျတော် မရည်ရွယ်ခဲ့ရိုး အမှန်ပင်။
ခုလိုသာ အရှုပ်အရှင်းများ ရှိလာမည် သိလျှင် ကျတော် တောထွက် ဂူအောင်း မကျင့်မီမှာပင် အနှီ ထမိန်အား ဖျက်ဆီးခဲ့သင့်၏။ ခုခါကား လွန်စွာမှပင် အခါနှောင်းလေပြီ တကား။

အိုးမိုင်ဂေါ့ ဘာတွေ ချွတ်ကုန်တာလည်း၊ မမျက်လုံးကို လက်နှက်ဘက်ဖြင့်အမြန်ဖုံးအုပ်လိုက်ရသည်၊

Myanmar Steemit ရွာအပြင်ဘက်မှ မျက်လုံးလေး ကလည်ကလည်ဖြင့် ငေးကြည့်သွားပါသည် ။ :D

လဒမဖြစ်ပေမယ့် စာကလေးတော့ဖြစ်တဲ့ ဆရာဒွန်ရဲ့ ထမိန်က တစ်ရွာလုံးကို ပတ်မွေသွားတာပဲ ဟီး