မင်္ဂလာပါ။ ဤ ဆောင်းပါးပါ အချက်အလက်များမှာ Steemit Platform နှင့် စပ်လျဉ်၍ ကျွန်တော်တွေးမိသော အတွေးများ ကို ဖေါ်ပြရခြင်းသာ ဖြစ်၍ အချက်အလက်များအားလုံး အမှန်ဖြစ်နိုင်ပါသည်ဟု မယူဆစေလိုပါ။ စာရှုသူ အနေဖြင့် တွေးတောမိနိုင်ရန် ရည်ရွယ် ရင်း ဖြစ်ပါသည်။ လွန်ခဲ့သော ကြာသာပတေးနေ့မှ စပြီး မိမိတို့ အလုပ်လုပ်ရာ ရုံးချုပ်နှင့် ကုမ္ပဏီပိုင် Workshop များအား သက်ဆိုင်ရာ မှ လိုက်လံစစ်ဆေးမည်ဟူသောကြောင့် ကျွန်တော် အနေဖြင့် အတော် အလုပ်များခဲ့ရပါသည်။
လိုအပ်သော စာရွက်စာတမ်းများ ရှိမရှိ ၊ လုပ်ငန်းခွင် အန္တရယ် ကင်းရှင်းရေး ဆောင်ရွက်ချက်များ ၊ စင်္ကပူ အစိုးရချမှတ်ထားသော လုပ်ငန်းခွင် ဥပဒေများ လိုက်နာထားခြင်း ရှိမရှိ စသည်ဖြင့် စစ်ဆေးသူများ ရောက်မလာမည် ကျွန်တော့ အနေဖြင့် ကြိုတင် စစ်ဆေးထားရပါသည်။
ကျွန်တော်တို့ ကုမ္ပဏီ အနေဖြင့် အဆောက်အဦး သုံးခု ပိုင်ဆိုင်ထား၍ ထို အဆောက်အဦး workshop တိုင်းအား လိုက်လံ စစ်ဆေးရပါသည်။ ဤတွင် ကျွန်တော်အလုပ်လုပ်နေသော Asiagroup ကုမ္ပဏီ အကြောင်းကို အနည်းငယ် ဖေါ်ပြလိုပါသည်။ ကျွန်တော်တို့ ကုမ္ပဏီမှာ ကရိန်ကြီးများ ၊ မြေတူး မြေကော်စက်ကြီးများ စသည့် ယန္တရား ကြီးများအား ရောင်းဝယ်ငှား ရမ်းသော ကုမ္ပဏီကြီး ဖြစ်၍ သံထည် စက်ပစ္စည်းများမှာ မူလီမှ စ၍ အလေးချိန် တန် ၁၀၀၀ အထိ မနိုင် သော crane ခေါ်ဝန်ချီစက် ကြီးများအထိရှိပါသည်။
Terex AC1000 ဟု ခေါ်သော တန်၁၀၀၀ အလေးချိန်ရှိသော ဝန်များကို မချီ နိုင်သော ထို ကရိန်းကြီးမှာ အရှေ့တောင် အာရှ နိုင်ငံများတွင် တစီးသာရှိပါသည်။ ထိုတစီးတည်သော Crane ကြီးမှာ စင်္ကပူ နိုင်ငံတွင်ရှိ၍ မိမိတို့ ကုမ္ပဏီက ပိုင်ဆိုင်ထားပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်လည်း workshop များသို့ သွား၍ သက်ဆိုင်ရာမှ လာရောက်မစစ်ဆေးမှီ လိုအပ်သလို စီမံဆောင်ရွက်ညွန်ကြားထားရပါသည်။
ကျွန်တော် ဤကုမ္ပဏီ သို့ဝင်ရောက်လုပ်ကိုင်ပြီး မကြာခင်မှာ ပင်သတိထားမိသည်မှာ workshop တိုင်း Store တိုင်းတွင် အသုံး မပြုတော့သော ယန္တရား အစုတ်များ စက်ပစ္စည်းများ အပိုပစ္စည်းများ အများအပြားပင်ရှိပါသည်။ အချို့ ယန္တရားကြီးများမှာ ဒီအတိုင်းမိုးထဲလေထဲတွင် ပြစ်ထား၍ သံချေးများပင်ကိုက်နေကြပါပြီ။
workshop တိုင်းတွင် စက်ပစ္စည်းများ အသုံးပြုပြီးသွားပြီ ဖြစ်သော ယန္တရား အပိုပစ္စည်းများ သံထည်များ လူတရပ်နီးပါးရှိသော ယန္တရား သုံး တာယာ အဟောင်းများ စသည်ဖြင့် အောတိုက်ရှိနေကြပါသည်။ တခု ကောင်းသည်မှာ ထို အသုံးမပြုတော့သော သံထည် အပို ပစ္စည်းများနှင့် စက်ပစ္စည်းများအား workshop အတွင်း၌ စင်များ ပြုလုပ်၍ သပ်သပ်ရပ်ရပ် ထားကြပါသည်။
ထို့ အတူ store အတွင်း၌ လည်း ၁၉၇၀ ဝန်းကျင်က ထုတ် လုပ်ထားသော ယန္တရား အပိုပစ္စည်းအများအပြား ရှိနေပါသေးသည်။ ကျွန်တော့ အနေဖြင့် ပြောရလျင် ထိုပစ္စည်းများမှာ အပိုသက်သက် အသုံးပြု၍ လည်း မရတော့သလို ၁၉၇၀ ခန့်က ထုတ်လုပ်ထားသော ယန္တရားများအားလည်း မည်သူမျှ အသုံး မပြုကြတော့ပါ။
ထိုပစ္စည်းများအားလုံးမှာ နေရာပေးထာ၍ ထားသိုနေရသော အပိုပစ္စည်းသက်သက်ဖြစ်နေပါသည်။ ကျွန်တော့အနေဖြင့် ဆိုလျင် ထိုအသုံးမလိုတော့သော သံထည်ပစ္စည်းများအား သံရည်ကြို စက်ရုံသို့ ရောင်းစားပစ်မည်ဖြစ်ပါသည်။ ယခုဈေး အနေဖြင့် တွက်ကြည့်လျင် သံ ၁ တန်လျင် ဒေါ်လာ ၄၀၀ လောက်တော့ရမည်ထင်ပါသည်။
ထို့ကြောင့်ကျွန်တော်လည်း ကျွန်တော့ သူဌေးသားအားအကြံပေးရပါတော့သည်။ သူဌေးကြီးအား အကြံသွားပေး၍ မသင့်တော်ပါ။ အခန့်မသင့်လျင် ငေါတ်ခံရမည် ဖြစ်ပါသည်။ သူဌေးသားမှာ ကျွန်တော့ အထက်လူကြီး ဖြစ်သလို သက်တူရွယ်တူ ဖြစ်၍ ပြောရ ဆိုရ အဆင်ပြေပါသည်။
Workshop များတွင် ရှိနေသော အသုံး မပြုတော့သော ယန္တရားကြီးများနှင့် သံထည် အပိုပစ္စည်းများ အား သံရည်ကြိုစက်သို့ ရောင်းချ သင့်ကြောင်း ၊ ထိုသို့ ရောင်းချ ရှင်းလင်းလိုက်သော ကြောင့် နေရာ အကျယ် အဝန်းပိုလာသလို ပို၍ လည်း သပ်ရပ်သွားမည် ဖြစ်ကြောင်း ၊ နေရာ ပိုကျယ်လာသဖြင့် အသစ်အသစ်ဝယ်ယူသော ယန္တယား ကြီးများအတွက် နေရာပို ပေးနိုင်ကြောင်း စသည်ဖြင့် ရှင်းပြပါသည်။
ကျွန်တော်တို့ ကုမ္ပဏီမှာ နှစ်စဉ် ဥရောပ မှ ကရိန်အသစ်များ အနည်းဆုံး ၅ စီးခန့်မှာယူလျက်ရှိရာ ထိုကရိန်း အသစ်တစီး ရောက်လာလျင် သက်ဆိုင်ရာ ကရိန်း အပိုပစ္စည်းမှာ ကွန်တိန်နာ တစီးတိုက်ခန့်ရောက်လာလေ့ရှိပါသည်။ ထို့ကြောင့် နောက်ရောက်ရှိလာသော ယန္တရား အပိုပစ္စည်းများအတွက် လည်း ထားသိုရန် နေရာ အခက်အခဲ ရှိနေပါသည်။
ထို့နောက် သူဌေးသားမှ ပြန်ပြောသည်မှာ ထိုယန္တယား အဟောင်းများ သံထည် အပိုပစ္စည်း အဟောင်း များမှာ ရောင်းစား၍ မဖြစ်နိုင်ကြောင်း ပြောပါသည်။ ဆက်၍ ရှင်းပြသည်မှာ ထိုပစ္စည်း အားလုံးမှာ လဘ်ခေါ်သော ပစ္စည်းများ ဖြစ်ကြောင်း ရှင်းပြပါသည်။ ထိုပစ္စည်း သံထည် အတိုအစ လေးမှ အစ စနစ်တကျ ထားသိုရန် သာ ဆောင်ရွက် စေလိုကြောင်း ကျွန်တော့အား ပြန်၍ မေတ္တာရပ်ခံနေပါတော့သည်။
ကျွန်တော်ကလည်း ကုမ္ပဏီပိုင် လဘ်ခေါ်သော ပစ္စည်းများဖြစ်သည်ဟူ၍ ဘားမှ မပြောသာတော့ပါ။ ကျွန်တော့ အတွေးထဲတွင် တရုတ်တို့၏ လဘ်ခေါ်သော ပစ္စည်းများမှာ အများအားဖြင့် ရုံးခန်း အဝင် တွင် ရွှေငါး ကန်များ ထားရှိခြင်း လက်ယပ်ခေါ်နေသော ကြောင်ရုပ်များ ထားရှိခြင်း လဘ်ခေါ်သော ပန်းချီကားများ ထာရှိခြင်း စသည်တို့သာ ရှိသည်ဟု ထင်ပါသည်။ ဤကဲ့သို့ ပစ္စည်း အဟောင်း များဖြင့် လဘ်ခေါ် သည် ဆိုသည်ကို အံ့သြနေခဲ့ပါသည်။
ထို့နောက် အတန်ကြာမှ သဘောပေါက်လာသည်မှာ ကျွန်တော်တို့ သူဌေးသည် ဓါတ်တူ နံတူ ပစ္စည်းတူ များဖြင့် လဘ်ခေါ်ယူနေကြောင်း သဘောပေါက်မိပါတော့သည်။ ဆိုလိုသည်မှာ ဓါတ်တို့၏ သဘောမှာ တူရာ တူရာ စုကြသည့် သဘော ဖြစ်ဟန်တူပါသည်။ ကျွန်တော့အထင်သာ ဖြစ်ပါသည်။
မြန်မာစကာပုံများတွင်လည်း ရှိပါသည်။ " ရတနာ ရှိရာ ရတနာ လာသည်" သာမဏေ များ ရှိရာသို့ သာမဏေများ ရောက်လာကြသလို နွားအုပ်များ ရှိရာသို့ နွားများ ရောက်လာကြသည့် သဘောဖြစ်ဟန်တူပါသည်။ တိုက်ရိုက်ပြောရလျင် သံထည် ရှိရာ သံထည် များ ရောက်လာကြမည် ဖြစ်သလို စက်ပစ္စည်း ရှိရာသို့ စက်ပစ္စည်းများ ရောက်လာကြမည်ဟူသည့် သဘောဖြစ်ပါသည်။
ဤသဘောတရားနှင့် ဆက်စပ်၍ တွေးမိသည်မှာ စာပေ ဆောင်းပါးများ ရှိနေသော steemit Platform ပေါ်သို့ စာရေးစာဖတ် ဝါသနာပါသူများ ရောက်လာကြသည်မှာ အဆန်းမဟုတ်ပါ။ ငွေရ နိုင်သည်ဟူ၍ ဝင်ရောက်လာသူများကတော့ ချွင်းချက် ဖြစ်ပါသည်။ သို့သော် ထိုသူများက steemit Platform ပေါ်တွင်ရေရှည် မရပ်တည်နိုင်ကြပါ။
ထို့ အတူ ဓါတ်တို့၏ သဘောတရားအရ တူရာ တူရာ လာစုသည် ဆိုလျင် Steem Power ရှိသူ ထံသို့ Steem များ ရောက်လာကြပါလိမ့်မည်။ဤသဘောတရားသည်လည်း မှန်ပါသည် Steem power အများစု ပိုင်ဆိုင်ထားသူများသည် အခြားသူများထက်ပို၍ cureation reward များ ပိုရနိုင်ကြပါသည်။ ထို့ကြောင့် SP များရာ Steem လာ မည် ဟုပင် ဆိုရမည်ကဲ့သို့ ရှိနေပါသည်။
ဤသည်တို့မှာ မိမိ တွေးတောနေသော အကြောင်းအရာများသာ ဖြစ်၍ မှား သည် မှန်သည် ကိုတော့ စာဖတ်သူ မိတ်ဆွေကိုယ်တိုင်သာ စဉ်းစားချင့်ချိန် စေချင်ပါသည်။ မည်သို့ ပင်ဆိုစေ ဤ steemit Platform ပေါ်သို့ ရောက်ရှိပြီးသူတိုင်းသည် SP အရေးကြီးကြောင်း အားလုံး သိရှိပြီး ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် မိမိတို့ SP အား ရွှေစုသလို စု နေကြသူ အားလုံး စိတ်မပျက်ကြရန် နှင့် မိမိ တို့ SP များလာသည့် အလျောက် မိမိ တို့ထံ Steem များ ပိုပို ၍ ရောက်ရှိလာနိုင်ပါသည် ဟူ၍ အားပေးစကားပြောလိုပါသည်။ ထို့ကြောင့် ယခုအချိန်ကဲ့သို Steem ဈေးကျလာ သော အချိန်တွင် လည်း စိတ်မပျက်ပဲ ဆက်လက်ကြိုးစားကာ SP စုကြပါမည့် အကြောင်း တိုက်တွန်းလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit :Asiagroup
Author : Henry Aung ( Kachin )
MSC : 001
ဓာတ်တူရာဆီ တဖြည်းဖြည်းတော့ စုမိနေပါပြီ ကိုဟင် မကြာခင် ရည်မှန်းချက်ပြည့်ဖို့ မျှော်မှန်းထားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံမှန်အတိုင်းသာ ဆက်လျှောက်သွားပါ။ တရက်ပြီးတရက် သိပ်မသိသာပေမယ် တလ ဆိုရင် အရမ်းသိသာလာပါလိမ့်မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူရာက တူရာကို ဆွဲဆောင်ခြင်းနှင့် တူရာ တူရာ စုသည်မှာ
နိယာမတစ်ခု အမှန်ပင် ဖြစ်ပါသည်။ သို့ဖြစ်၍ Steem Power
ရှိရာ Steem နှင့် Steem Power လာမည်မှာလည်း ဧကန်မုချ
ပင် ဖြစ်ပါသည်။
ကျွန်တော်သည်လည်း SP တိုးရေး ဆောင်ရွက်လာသည်မှာ
၅လခွဲတွင် SP 200 လောက်တော့ စုမိပါပြီ။
ဒါနဲ့ စကားမစပ် ကိုဟင် ရေ...( လဒ် ) ကို (လာဘ်) ဟု ပြင်ပေး
စေလိုပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပဲ ကိုဟိန်းရေ.. ပြင်လိုက်ပါပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မပျက်ပါဘူး ခင်ဗျာ sp တိုးဖို့အတွက် ဈေးအတက်အကျကိုလိုက်ပြီး စီးမျော နေပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သြော်… တရုပ်လူမျိုးတွေရဲ့ အတွေးအခေါ် ကလည်းဆန်းကြယ်သားနော်
ရွှေတူးရင် မြေတူးစက် တစ်လုံးလောက်လှန်းမှာ အုံး မှဘာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရွှေတူးတာထက် Steem တူးတာ ပိုသေချာပါတယ် မမမြန်မာ...မမမြန်မာ လိုချင်တယ် ဆိုလို့ ယန္တရား ၂ စီးပို့ပေးလိုက်တယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကို့ဆောင်းပါးကကျွန်တော်တို့steemit platform ပေါ်လျောက်လှမ်းနေသူတွေကိုအားတတ်စေပါတယ်။အခုရက်ပိုင်းအတွင်းစာမရေးဖြစ်တောင် vote တော့လိုက်ပေးဖြစ်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးကတော့ တပါတ်ကို အနည်းဆုံး ဆောင်းပါး တပုဒ်လောက်တော့ ရေးစေချင်ပါတယ်... စာမရေးတာကြာသွားရင် ရေးရမှာ စိတ်မပါတော့လို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မပျက်မိပါ ဆက်လက်ကြိုးစားပါမည် မင်္ဂလာပါရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မင်္ဂလာပါ အန်တီ။ MSC မယ် နောက်ထပ် တခုတ်တရ စောင့်ဖတ်ရမယ် စာရေးဆရာတိုးလာတာ အများကြီး ဝမ်းသာပါတယ်။ ကြိုဆိုလျက်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SP လေးများလာတော့ curation rewards ရတာလေးတွေ အရင်ကထက် ပိုများလာတာကို မြင်ရတော့ ဝမ်းသာမိပါတယ် အစ်ကိုဟင် 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ကြားရတာ ဝမ်းသာပါတယ်။ SP များများစုနိုင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဟင်အယူအဆကို လက်ခံပါတယ် တူရာစုတဲ့ သဘာဝက တကယ်ရှိသလို ရတနာရှိရာ ရတနာစုတာ အမှန်ပါပဲ ရွှေကို ဒီနေ့  မြေကြီးထဲမြုပ် ရက်အနည်းငယ်ကြာရင် နေရာပြောင်းသွားတတ်ကြတယ် ဘာလို့ ဆိုတော့ သူ့ ထက်ပိုများတဲ့ ရွှေတွေရှိတဲ့နေရာကို ရွေ့သွားတဲ့ သဘောလို့  စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖတ်ဖူးပါတယ် ဒီတော့ sp များတဲ့သူဆီပဲ steem လာတော့မှာ အမှန်ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါ့။ ချမ်းသာသူတွေ ပိုက်ဆံပိုရှိသူတွေ ပိုပို ချမ်းသာလာကြတာလည်း ဒီသဘောထင်ပါရဲ့ ဘုရား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံမှန်အတိုင်းပဲစုနေပါတယ်အစ်ကိုရေ။လောဘကြီးတယ်ပဲပြောရမယ်တကယ်တော့spသိန်းကျော်လိုချင်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်ပြီလား SP ၁ သိန်း ... နည်များ နည်း နေသေးသလားလို့.....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပထမ target 500 SP တော့ ပြည့်သွားပါပြီ။ 500 ပြည့်တော့လည်း 1000 ရအောင် လိုချင်လာပြန်ပြီ။ ဓါတ်တူနံတူနှင့် ခေါ်ယူရတော့မှာပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲသလို ခေါ်ယူတာ အထွေးကျွမ်းကျင်ပြီးသားပါ။ SP အများကြီး ရပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပဒါးမှာ ရွှေကပ်သလိုပေါ့ ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါပဲ။ နည်းနည်းချင်း စုယူရသလိုပေါ့။ အမှန်တော့ Steem ကလည်း on line ရွှေတမျိုးပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Spကတော့ အခုနောက်ပိုင်း ဝယ်တဲ့ဟာရောအခြားနည်းတွေနဲ့ပါစုဖြစ်ပါတယ်။အခုရက်ပိုင်းsteemဈေးကျတော့အရနည်းတယ်။တစ်နေ့ဆောင်းပါတစ်ခုမရေးဖြစ်တောင်နစ်ရက်ခြားတစ်ခါတော့ရေးဖြစ်တယ်။စာမရေးဖြစ်တောင်spတက်အောင်လို့ commentတို့voteတို့တော့နေ့စဉ်မပြတ်လိုက်ပေးတယ်။အခုတောင် SBDလေးဈေးကျတုန်းလိုက်ဝယ်နေတယ် ဈေးတက်ရင် powerupမလို့😊😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ SBD ထက် Steem ကို ပိုစုစေချင်ပါတယ်....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဓာတ်မကြပါဘူ အကိုဟင်ဈေးအတက်အကျမှာ
ကိုယ့်ရဲ့စိတ်ကို အတက်နိုင်ဆုံး ထိန်းချုပ်ထားပြီး
အမြဲတမ်းရှေ့ ဆက်သွားနေမှာပါ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။ အောင်မြင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားပြီး sp တက်အောင်လုပ်နေပါတယ်ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။ အောင်မြင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးရဲ့သဘောကတော့ အတက်အကျရှိစမြဲပါ ပုံမှန်ရေးနေရင်း စုသွားဖို့ဘဲလိုပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။ အောင်မြင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကို henary ဆောင်းပါကိုဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ။spတတ်အောင်တော့ စုနေပါတယ် ။spနည်းလို့လားမသိဘူးspတော့အရနည်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဓါတ်မကျပါနဲ့... အကုန်လုံး အဲဒီအဆင့်ကနေ ကျော်ဖြတ်လာခဲ့ကြရတာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားစရာဘဲ အစ်ကိုရယ် လာဘ်ခေါ်ဖို့ကြိုးစားပြင်ဆင်ပါ့မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။ အောင်မြင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးတွေကျလဲ စိတ်ဓာတ်မကျပါဘူးလို့ ရသလောက်ကိုဘဲ စုနေပါတယ် အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံးပါ။ အောင်မြင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုမှစသုံးတာဆိုတော့spမတတ်တဲ့အပြင် steemဈေးကကျတော့ ပိုဆိုးတာပေါ့ကိုhenary။အားတော့မပျက်ပါဘူးစားဆက်ရေးမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဓါတ်မကျပါနဲ့... အကုန်လုံး အဲဒီအဆင့်ကနေ ကျော်ဖြတ်လာခဲ့ကြရတာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
The first person used to work. But now machines work by. It saves time. But in this some people become employment.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ကိုဟင်ရေ စတင်းလေးတွေ တဖြေးဖြေး များလာတာလေးကြည့်ပီး ပျော်နေရတာပါ။ ရည်မှန်းချက် တစ်ဆင့်တော့ တွေ ဆက်လက်ချီတက်နေပါတယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ် အစ်ကိုကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟင့် . စမီး ဘော့တာ ပိချန်နည်းနည်းပဲပြန်ရတေ😭😭လျော့လျော့လာတေ😢😢😢
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
https://steemit.com/myanmar/@chitsone/steemit-lm😋😋
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချတင်းရှိရာ ချတင်း များများ လာပါစေသတည်း ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စင်္ကာပူသူဌေးသားက လာဘ်ခေါ်တယ်ဆိုတာ ကျွန်တော့အထင်တော့ ပစ္စည်းဟောင်းတွေကို လာဘ်ခေါ်ဖို့ထားတာထက် အတွေ့အကြုံ ကိုပြချင်တာလို့ထင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit