Steem နှင့် SBD ဈေး အကျတွင် တောင့်ခံနိုင်ကြပါစေ ( Henry Aung )

in myanmar •  7 years ago 

henry.jpg

မင်္ဂလာပါ။ လက်ရှိ cryptocurrency ဈေးကွက်တွင် ပြောင်းလည်းမှုအချို့ရှိခြင်း ကြောင့် bitcoin ၏ ဈေးထိုးကျမှုနှင့်အတူ အခြားသော coin များကိုလည်း ဆွဲချသွားခဲ့ပါသည်။ ဤဆောင်းပါးမှာ coin ဈေးကွက် အတွင်း ဖြစ်ပျက်နေသော ခြေအနေများကို ရေးသားရန် မဟုတ်သော်လည်း Steem နှင့် SBD ဈေးအတက်အကျ ဖြစ်တိုင်း ရိုက်ခတ်လာတတ်သောအခြေအနေများကို အနည်းငယ်တင်ပြလိုရင်းဖြစ်ပါသည်။

လက်ရှိ MSC မှ promotion ရယူနေကြသူများမှာ Steem နှင့် SBD ဈေးတက်လာလျင် ထွေထွေထူးထူး အားပေးရန်မလို ပဲ မိမိတို့ ၏ ဆောင်းပါးများ SBD မြှင့်တက်လာသည်ကို ကြည့်ရင်း နောက်ထပ်ဆောင်းပါးတခုရေးရန် ခွန်အားများရှိလာပါသည်။ သို့ သော် Steem ဈေးများကျလာ၍ မိမိတို့ ရေးသားသော ဆောင်းပါးများ ယခင်ကလောက်မရတော့ သောအခါ "အလုပ်ကလည်း များလိုက်တာ ၊ Steemit ပေါ်ဆောင်းပါးတင်ဖို့ တောင် အချိန်မပေးနိုင်တော့ဘူး" ဟူ၍ ဖြစ်လာတတ်ပါသည်။

ဤသို့ ဖြစ်လာခြင်း အပေါ်တွင်းလည်း ကျွန်တော့ အနေဖြင့် မှားသည်ဟုတော့ မယူဆပါ။ မိမိ ကြိုးစားအားထုတ်ထားသည်များ အကျိုးအမြတ်နည်းလာလျင် စိတ်ပျက်အားလျော့ သွားတတ်သည်ချည်သာဖြစ်ပါသည်။ လူသစ်များတွင် ဤအတွေ့အကြုံကို ကြုံဖူးကြမည် မဟုတ်ပါ။

မိမိတို့ ဆောင်းပါး promotion ရပါပြီ ဆိုကတည်းက အနည်းဆုံး 5$ လောက်နှင့် စခဲ့ရသည့်အတွက် promotion 2$ ခန့်လောက်ရောက်လာလျင် အားလျော့ သွားပါလိမ့်မည်။ လူဟောင်းများအနေဖြင့်ကတော့ ယခင်က မိမိတို့ post များ ဘဲဥပင် မကွဲ ခဲ့ကြသော အတွေ့အကြုံ ရှိပြီးသားဖြစ်၍ 1$ သည် မည်မျှ အဖိုးတန်သည်ကို သိရှိပြီးသွားကြသူများဖြစ်ပါသည်။

SBD သည် Steemit Platform အပေါ်ရိုက်ခတ်မှုကြီးကြီးမားမားမရှိသော်လည်း Steem ဈေးအတက်အကျ သည် မိမိတို့ ဆောင်းပါးများမှ ရရှိနိုင်သော SP နှင့် SBD ကို များစွာအကျိုးသက်ရောက်မှုရှိပါသည်။ ၂၀၁၇ ဇွန်လ နောက်ပိုင်း တွင် Steem ဈေးသည် 2.5$ ခန့်ရှိရာမှ စက်တင်ဘာလလောက်တွင် တဖြည်းဖြည်း 1$ လောက်အထိ ကျဆင်းလာခဲ့ပါသည်။ ထိုအချိန်က အဖွဲ့ဝင် 100 ကျော်ခန့်ကို ရက်ခြား၍ promotion ပေးနေရာမှ နေ့စဉ် promotion ပေးသော်လည်း နောက်ဆုံးတွင် post တင်သူများတဖြည်း ဖြည်း နည်းလာကာ Admin များသာ ကျန်ခဲ့သော အခြေအနေသို့ ရောက်ခဲ့ရပါသည်။

ထိုအချိန်တုန်းကတော့ ကျွန်တော့ ရုံးတွင် သုံးနှစ်တကြိမ် ခေါ်သော Major Audit ရှိနေခြင်း ကုမ္ပဏီအတွက် နိုင်ငံတကာ အဆင့်မှီ certificates ၄ ခုကို တပြိုင်တည်း ရယူပေးနိုင်ရန် ပြင်ဆင် နေရသောကြောင့် MSC ကို အချိန်များစွာ မပေးနိုင်ခဲ့ပါ။ ထို Major audit ပြီနောက်မှ Steemit တွင် ပြန်လည် အစကောက်ရင်း နိုင်ငံခြားအကူအညီများကို ပြန်လည် တောင်းခံထားရခြင်းဖြစ်ပါသည်။

ကျွန်တော်ဆိုလိုရင်းမှာ ဤကဲ့သို့ Steem ဈေးအကျတွင် မိမိတို့ post တင်ခြင်းကို ရပ်လိုက်သူများနှင့် ဘယ်လောက်ပဲ ရရ ကွာဟူ၍ post တင်နေကြသူများ၏ ကွာခြားသွားချက်မှာ reputation ဖြစ်ပါသည်။ Steemit ၏ reputation မှာ မိမိ၏ ဂုဏ်သိက္ခာ ဖြစ်ပါသည်။ ဤ Platform ပေါ်တွင် သန့်သန့် ရှင်းရှင်း ရပ်တည်၍ အကျိုးအမြတ် များရရှိ နေသူများ Steemit Platform ပေါ်တွင် မည်မျှ လောက် ပါဝင်ပါတ်သက်ခဲ့သည်ကို reputation ကိန်းဂဏာန်းများက ဖေါ်ပြပေးပါသည်။

Reputations အကြောင်း အပြည့် အစုံသိချင် လျင် ကျွန်တော်ရေးသားထားသော " Steemit Platform ပေါ်မှ reputation အကြောင်း သိကောင်းစရာ" ဆောင်းပါးတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ Steem ဈေးကျလာသောအချိန်တွင် မိမိတို့ ရရှိသော SBD များနည်းလာ၍ အားမပျက်စေချင်ပါ။ Facebook ကဲ့သို့ သော social media ကို internet bill ကုန်မှန်းသိရက်နှင့် နှစ်ချီ၍ သုံးခဲ့ကြပါသေးသည်။

Steemit Platform မှာ မိမိအတွက် အကျိုးရှိစေသည်ကိုတော့ ထွေထွေထူးထူး မပြောလိုတော့ပါ။ ထို့ကြောင့် စိတ်ပျက်အားလျော့ နေသူများအတွက် အထူးတိုက်တွန်းလိုသည်မှာ မိမိတို့ ဆောင်းပါး SBD နည်းလာ၍ စိတ်မပျက်ကြပါနှင့် ဈေးကွက်တို့၏ သဘောတရားမှာ အတက်ချည်းသာမဟုတ်ပါ။ အတက်ရှိသလို အကျ လည်း ရှိတတ်ပါသည်။

ဤသည်မှာ ဈေးကွက်တို့ ၏ ပုံမှန် သဘောတရားဖြစ်ပါသည်။ ထိုဈေးကွက် အတက်အကျ အပေါ်မူတည်၍ မိမိအားထုတ်မှုကို မလျှော့လိုက်ပါနှင့် ။ Steem Platform မှာ live Platform ဖြစ်ပါသည်။ သူများထက် SP နည်းသွားလျင် သို့မဟုတ် reputation နည်းသွားလျင် လိုက်မှီအောင်လုပ်ဆောင်ရန် အလွန် ခက်ခဲပါသည်။

ကျွန်တော် ပြောနေကြ သတိပေးစကားသာ ထပ်မံ ပြောလိုပါသည်။ Steem နှင့် SBD ဈေးများ မတက်မှာ မပူပါနှင့် အချိန်တန်၍ မတက်ပါနဲ့အုံး ဆွဲထားလျင်ပင် သူ့အလို လို တက်သွားပါလိမ့်မည်။ ဤကဲ့သို့ Steem ဈေးတက်သွားသော အချိန်တွင် သာမိမိတွင် လုံလောက်သော Steem Power ရှိမနေမည် ကိုသာ စိုးရိမ်ကြစေလိုပါသည်။ မိမိတို့ နားလည် ရမည်ကာ Steem ဈေး တက်လာလေလေ SP စုရခက်လေလေ ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

it's true.. we see so many people start to post several posts a day when the steem or SBd price are high and not the same effort when the price is low.. but consistency and quality will pay off in the end. Happy weekend!

Absolutely right, especially for those newbies. For the experience user in steemit , they don't much care about what is the price of steem or SBD.

Steem က ပြန်​တတ်​မှာပါ အားမ​လျှော့ကြပါနဲ့

ဟုတ်ကဲ့... မလျှော့ပါဘူး ကိုရင်

ဈေးတက်လေ စုရပိုခက်တယ် အကိုရေ ။ $0.05 လောက်ပဲ ရဘူးတဲ့ post တွေ ရှိခဲ့ဘူးတော့  ဒီ အခြေအနေ က ကျွန်တော် တို့ အတွက် ဘာမှ ထူးမသွားပါဘူး ရည် မှန်းချက် တခုပဲ ရှိပါတယ် တနေ steemit ကနေ အပိုဝင်ငွေ ရအောင် ဖန်တီး နိုင်အောင် နဲ့ steem power များလာအောင် လုပ်ဖို့ ပါအကို

ကြိုးစားပါ ညီလေး... ရည်မှန်းချက်ပြည့် မြောက်ပါစေ

ကျွန်တော်တို့ကတော့ ဘယ်လောက်ပဲရရ ဘယ်သူလာvote vote မvote vote တစ်ရက်တစ်ခု ပုံမှန်တင်နေပါတယ်ဗျာ pro ရက်ဆိုရင်တော့ စာရှည်ရှည် ရေးရတာပေါ့ ။

အထွေးတို့က နားလည်ပြီးသားဆိုတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။

အရနဲလဲ ကိစ္စမရှိပါဘူး ဆက်ရေးနေမှာပါ အခုလိုအားပေးတာ အရမ်းကျေးဇူးတင်ပါတယ်ဗျာ

ကျေးဇူးအများကြီးတင်ပါတယ်။

နည်းတာများတာ ဈေးကွက် အလုပ်
ရေးတင်စရာရှိတာ ရေးတင်ဖို့က မိမိအလုပ်ဟု သဘောထားပါတယ်။
ရပြီးသား SBD$လေးများ လျော့လျော့သွားသည်ကိုတော့
မိမိအနေဖြင့် မတတ်နိုင်၍ စိတ်မကောင်းရုံမှတပါး မရှိပါ။
Daily reward လေးများ ရတာကြည့်ရင်း ကြည်နူးရ၍
နေ့စဉ်တင်နေမိပါတယ်။ RP တတ်လာသည်ကိုလည်း
ကျေနပ်မိပါတယ်။ ဆက်လက်ကြိုးစားသွားပါမည်။
ကျေးဇူးတင်စွာဖြင့် @billionairehein

Steemit ရဲ့ကြည်နူးစရာက အဲဒါလေးတွေပါ။ တရက်နှစ်ရက် တပါတ် နှစ်ပါတ် သိပ်မသိသာပေမယ့် တလ နှစ်လ ဆိုရင် သိသာလာပါတယ်။

အားလျှော့ဘူး အမြဲကြိုးစားသွားမယ်

Good job.... Keep it up

ယခင်​ကဆိုလျှင်​ bitcoin ​​ဈေးအတက်​အကျ​ပေါ်မူတည်​၍ steem​ဈေးအတက်​အကျရှိပါတယ်​။ ယခု ဒီ​လောက်​ထိ Bitcoin ​ဈေးထိုးကျတာ​တောင်​ steem ​ဈေးက 4 $ ၀န်းကျင်​မှာရှိ​နေတယ်​ဆိုတာ steem ရဲ့အနာဂတ်​ခိုင်​မာ​ကြောင်းကို ပြသလိုက်​တာလို့ပဲ မြင်​မိပါတယ်​ ☺

SMTs project တွေ ဝင်ရောက်လာတဲ့အခါ ဒီထက်ပို တက်သွားပါလိမ့်မယ်။ အတိကျတော့ မသေချာသေးပေမယ် 25$ လောက်ထိ တက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

  ·  7 years ago (edited)

sbd ဈေးတွေ ကျနေလို့လည်း စိတ်ဓာတ်မကျပါဘူးအစ်ကို အစ်ကိုရေးထားတဲ့ pdfဖိုင်လေးကို ဖက်ပြီးကတည်းက ခွန်အားအပြည့်နဲ့ ပါ steem & sbdရဲ့ သဘောတရားကိုလည်း သိသင့်သလောက်တော့ နားလည်ထားပါတယ် လက်ရှိအနေထားမှာ လူသစ်တစ်ယောက်အနေနဲ့ sp500 စုဖို့ကိုသာ စိတ်အားထက်သန်ပါတယ် sp500ပြည့်ဖို့အတွက်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ် ဥပမာ boost လုပ်တာတို့ ဘာတို့ပေါ့ အစ်ကို့စေတနာကိုလည်း နားလည်ပါတယ် နေ့တိုင်းလည်း postတွေ တင်ဖြစ်အောင် ကြိုးစားသွားပါ့မယ်ခင်ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်

ဆက်လက်ချီတက်နေဆဲပါ

ပုံမှန်​အတိုင်း​ရေး​နေပါသည်​။

ကျေးဇူးပါ bro
Steemit ရဲ့အဓိက မင်းသားက steem ပါ
Sp SBD တွေထက်အရေးကြီးဒါ steem ပါ တချိန်ကြ အဓိက က steem အတွက်သာ အရေးထားမည်ဖြစ်သောကြောင့် ဈေးကစားခြင်းလည်း သူပဲဖြစ်မှာပါ
ကျွန်တော် အရင်အပတ်က 2SBD blocktrade ကနေ Litecoin ချိန်းပြီး ပြန်ပြီး steem ချိန်းတော့ 1 steem ကျော်ကျော်လေးသာရှိခဲ့ပါတယ် blocktrade ကပါ Bittrex က sing up ကိုပေးမလုပ်လို့ပါ။

Bittrex တို့ poloniex တို့က လက်ရှိမှာ account verification အရမ်းမြှင့်ထားပါတယ်။ မြန်မာပြည်က တချို့ကတော့ sing up လုပ်လို့ ရကြပါတယ်။

တစ်ရက်တစ်ပုဒ်နှုန်းပုံမှန်ချီတက်လျှက်ရှိပါသည်ခင်ဗျာ.း.........

ဒါအမှန်ပဲဗျ

ဟုတ်​ကဲ့ခင်​ဗျ၊​တွေးရင်း​ရေးရင်းနဲ့steemitမှာ​ပျော်​​မွှေ့​နေရလွန်းလို့...မ​ရေးမှာမတင်​မှာ..မပူပါနဲ့ခင်​ဗျာ

That's right

Thank for your post!I try always.

ဘယ်လောက်ရ ရပါ အကျိုးအမြတ်ရ နေရင် ကောင်းနေပါသေးတယ် :-)

လုံဝအားမ​လျော့ပါဘူး အစ်​ကို​ရေ
စိတ်​ချပါဗျ

တစ်နေ့ တစ်ပုဒ်တင်နိုင်အောင်ကြိုးစားနေပါတယ်ကိုဟင်

ကြိုးစားပါ ညီမလေး ရေရှည်မှာ အောင်မြင်ပါလိမ့်မယ်။

Great news, hopefully steem to the moon.
Wish you all the best friend.

thanks you

Ur welcome my friend

excellent working! tag use myanmar

တစ်ရက်ကို post တစ်ခုတင်နိုင်အောင်အားထုတ်နေပါတယ်

Thanks you my friend

ပြန်​တတ်​မှာပါ အားမ​လျော့ကြပါနဲ့ msc ပြန်​တတ်​မှာပါ အားမ​လျော့ကြပါနဲ့
100% like and resteem

sbd မရလဲ post တင်မှာဘဲကွယ်
မတင်ရ မနေနိုင်အကျင့် ဖြစ်သွားလို့ပါကွယ်

အကောင်းဆုံးပါကွယ်

very good. I like you post

Good post friends will me upvote and resteem ..

posts that attract friends, and good luck always, and hopefully steemit in Myanmar will be known to all corners

အရာရာအတွက် ကျေးဇူးပါဗျ

Easy going like a rolling stone.
Never stop writing and posting.

ဈေးတတ်သည်ဖြစ်စေ ကျသည်ဖြစ်စေ နာမည်လေးနောက်က နံပါတ်လေးတွေ( repution) တတ်ရင် ငါလည်းတစ်ဆင့်တော့ အောင်မြင်သွားပြီဆိုပြီး ကြည်နူးနေတာ ကိုဟင်ရေ

အရမ်းကောင်းတဲ့အကြံပြူချက်ဆောင်းပါတစ်ခုပါ ကျနော်ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရပီးဖြစ်ပါတယ် အကို
အကို့စေတနာ မေတ္တာတရားတို့အား အစဉ်လေးစားလျှက်

ဆက်သွားနေဆဲပါ အကို